ďťż
Wednesday, 07 June 2017 08:44

wonder movie web

DC Comic ပရိသတ်တွေ အရမ်း မျှော်လင့်နေတဲ့ Wonder Woman ကိုတော့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ စတင် ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒီ Wonder Woman ကို ရုပ်ရှင်ကား မထွက်ခင်ကတည်းက 2016 ထဲမှာ ထွက်ရှိခဲ့တဲ့ Batman VsှSuperman: Dawn of Justice မှာ စတင်ပါဝင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ်မှာထဲမှာတင် ဆက်လက်ထွက်ရှိလာမယ့် Justice  League အတွက် DC Comic ရဲ့ ကြိုတင် ပြင်ဆင်မှုတွေပါပဲ။ အခု ရုံတင်တော့မယ့် Wonder Woman ဟာ Batman, Superman တို့နဲ့ မတူတဲ့ အချက်ကတော့ လူတစ်ပိုင်း နတ်တစ်ပိုင်း Demigod ပဲ ဖြစ်ပါတယ် ။

wonder woman web

သူ့ကို Princess Diana of Themyscira လို့လည်းခေါ်ပြီး 1941 ခုနှစ်ကထွက်ရှိခဲ့တဲ့ DC ရဲ့ All Star Comic #8 မှာ စတင် ပါဝင်ခဲ့ပါတယ်။DC ရဲ့ အခြား Super Hero တွေလိုပဲ ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ရော Animated Series အနေနဲ့ပါ ထုတ်လုပ်ခဲ့ပြီးဖြစ်ပေမယ့် ဒီ 2017 မှာ ရုံတင်မယ့် Wonder Woman ကတော့ အလန်းဆုံးနဲ့ Costume ပိုင်းရော Special Effect ပိုင်းမှာပါ အကောင်းဆုံး တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ ဒီကားဟာ အမျိုးသမီး Super Hero ကိုဦးစားပေး ဇာတ်ကားဖြစ်သလို ဒါရိုက်တာကလည်း Monster ဇာတ်ကားနဲ Hollywood မှာပေါက်ခဲ့တဲ့ နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ Patty Jenkins ပဲ ဖြစ်ပါတယ်။ Wonder Woman အဖြစ်ကတော့ ကြမ်း ကြမ်းရမ်းရမ်း ပြိုင်ကားဇာတ်ကားတွဲ Fast & Furious နဲ့ ပေါက်လာတဲ့ မင်းသမီး Gal Gadot ကသရုပ်ဆောင် ဖမ်းစား ထားမှာဖြစ်ပြီး ရုပ်ရှင်ကားတွေရဲ့ မင်းသား Chris Pine ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ DC ပရိသတ်တွေ အနေနဲ့ကတော့ ရုံမတင်ခင် နှစ်နဲ့ချီပြီး ပရိသတ်အာရုံကို ဖမ်းစားစွဲဆောင် ထားနိုင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သွားရောက် ကြည့်ရှုပြီးရင်လည်း တသသ ဖြစ်နေစေဦးမှာပဲ ဖြစ်လို့ မလွတ်တမ်းကြည့်ရမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်လို့ ညွှန်းလိုက်ချင်ပါတယ်။

wonder woman gal gadot ultimate edition 1024x681

နေလင်း

Read More About Entertainment >> Here

Check More Films >> Here


Read 253 times Last modified on Thursday, 08 June 2017 09:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.