Sunday, 04 June 2017 05:46

13903179 991111567654733 3228591864034712757 n

သရုပ်ဆောင် အလုပ်တွေကို အနည်းငယ် လျှော့ချထားပြီး 'မိုး'ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံခိုက် ဇာတ်ကား ထုတ်လုပ်ရေးအကြောင်းနဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းတွေကို အခုလို မေးမြန်းထားပါတယ်။
'လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မိုးထုတ် လုပ်ရေးကနေ ရိုက်ကူးဖြစ်တာလေး ပြောပါဦး။
မိုးက ကိုညို( ညိုမင်းလွင်) ရဲ့ ပရိသတ်ပေါ့နော်။ အဲဒီလိုသရဲကားတွေ ကြိုက် တယ်။ မိုးကတော့ ထုတ်လုပ်ရေးမှာ တစ်ကားနဲ့တစ်ကား မတူအောင်ပေါ့။  ပထမက ဟာသဇာတ်ကား  ရုံးပတီသီး လေးများ၊ ဒုတိယကားကျတော့ 'ခိုးဆိုးလုနှိုက် 'ဇာတ်ကားပေါ့။ နောက်တစ်ကားလည်း ရိုက်မယ် စဉ်းစားမိတော့ သရဲကားလေး ရိုက်ချင်တာနဲ့ ကိုဆာမိနဲ့လည်း တိုင်ပင်တယ်။ ကိုညိုကိုလည်း ဇာတ်လမ်းလေးရွေးပေးဖို့ အကူ အညီတောင်းဖြစ်ရာကရိုက်ဖြစ်သွားကြတာပါ။

မိုးရဲ့ ထုတ်လုပ်ရေးအတွက် ဇာတ်လမ်းကိုရော ဘယ်လို ရွေးချယ်လဲ။
မိုးတို့ ဇာတ်လမ်းကို တည်ပြီးတော့ ဒါရိုက်တာကို ရွေးတယ်။ ဇာတ်လမ်းအရ လိုက်ဖက်မယ့် သရုပ်ဆောင်တွေ ကိုရွေးတယ်။ မိုးကလည်းပြောပြီးသား ဇာတ်လမ်းတစ်ခုကို ရိုက်လို့ရှိရင် မင်းသမီးကိုယ့်ကိုဆိုတာထက် ပရိသတ်တစ် ယောက်အနေနဲ့ ခံစားတယ်။ ကိုယ်ကြည့်ချင်တဲ့ သရုပ်ဆောင် တွေကိုစုစည်းပြီးတော့ ဇာတ်အိမ်လေးကို တည်တာပေါ့နော်။ ပရိ သတ်တွေကိုလည်း ဆန်းပြားတာလေးတွေကို ပေးချင်တဲ့အတွက် ရွေးချယ် ရိုက်ကူးဖြစ်တာပါ။

mhk

မိုးကိုယ်တိုင်ရော နောက်ပိုင်းမှာ ဒီအလုပ်ကို စီးပွားဖြစ် လုပ်သွားမှာလား။
အစကတည်းကဒီအလုပ်ကို ဝါသနာကြောင့်လည်း ပါတယ်။ နောက်ပြီးတော့ အလုပ် တစ်ခုအနေနဲ့လည်း ပြောင်းပြီးတော့ လုပ်ချင်တယ်ပေါ့နော်။ အများကြီးလည်း မမျှော်လင့်ထားဘူး။ ကိုယ် က  အများကြီးမျှော်လင့်ထားပြီး  အများကြီးဖြစ်မလာရင်လည်း ခံစားရတယ်။ ဘာမှ မမျှော်လင့် ထားဘဲနဲ့  အကောင်းဆုံး အတတ်နိုင်ဆုံး လိုအပ်ချက်နည်းအောင် အကောင်းဆုံးဖြစ်အောင် စေတနာ ထားပြီးလုပ်တယ်။ အသံပိုင်းဆိုင်ရာ စက်မှုဆိုင်ရာ လိုအပ်တာ ဖြည့်ဆည်းစရာရှိတာကို အကောင်း ဆုံးဖြည့်ဆည်းတာပေါ့နော်။ ကိုယ်ကလည်း သရုပ်ဆောင်တစ်ယောက်က လာတာဖြစ်တဲ့အတွက် အားနည်းတဲ့အပိုင်းကို ဖြည့်စရာရှိတာ ဖြည့်ပါတယ်။

ဇာတ်လမ်းတွေကိုရော ကိုယ်တိုင်ရှာဖြစ်လား။
ကိုယ်ရိုက်ချင်တဲ့ဇာတ်ကားတွေကို မန်နေဂျာကိုပြောတယ်။ သူက ရှာပေးတယ်။ ကိုယ်ဖတ် ကြည့်တယ်။ ပရိသတ်တစ်ယောက်အနေနဲ့ဖတ်တယ်။ ကြိုက်လား၊ ဆွဲဆောင်မှုရှိလား ဘယ်လိုမျိုးလဲပေါ့နော်။ တသမတ်တည်းမသွားဘူး။ အားလုံးမျှအောင် အကုန်လုံးကိုစုံအောင် လုပ်ဖြစ်တယ်။ ကိုယ်စလုပ်လုပ်ချင်း ဘယ်နှစ်ကားရိုက်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာကို Plan ချထားတယ်။ ဒါမိုးရဲ့ Plan ထဲက တတိယ Plan ပေါ့။

မိုးရဲ့ သရုပ်ဆောင်အနေနဲ့ လှုပ်ရှားမှုတွေကိုရော ဒီနှစ်မှာ မြင်ရဦးမှာလား။
မိုးအရင်ကတည်းက ပြောပါတယ်။ မိုးကားရိုက်တွေ လျှော့တယ်။ ဒါက မိုးရဲ့တတိယမြောက်ကားပါ။ မိုး အပြောဆိုတာထက် အလုပ်နဲ့ သက်သေပြလိုက်တာပေါ့။ မိုးကို ပြောထားတာ တွေတော့ရှိတယ်။ ဒါပေမယ့်  ငြင်းထားတာပေါ့။ ပရိသတ်တွေက ကိုယ့်ကို အားပေးနေတာဖြစ် လို့ သူတို့နဲ့လည်း အဆက်မပြတ်အောင် ရံဖန်ရံခါတော့ ရိုက်ဖြစ်မှာပါ။ အခုလို ထုတ်လုပ်သူဖြစ်သွား တော့လည်း ဇာတ်လမ်း အရမ်းရွေးမိတယ်။ နားလည်ပေးနိုင်ကြမယ်လို့ ထင်တယ်။ အမှန်တိုင်းပြော ရရင် မလုပ်ဖူးတဲ့ ကာရိုက်တာမျိုး အထူးအဆန်းတွေကို လုပ်ပြချင်တယ်။ ဒါပေမယ့် အခုချိန်ထိ တော့ မကြုံဖူးသေးဘူး။ အံဝင်ဂွင်ကျ မဖြစ်သေးဘူး။ ကိုယ့်ကို မဆွဲဆောင်နိုင်တော့ မရိုက်ဖြစ်သေးဘူး။

မိုးရဲ့ထူးထူးခြားခြားအနေနဲ့ သရုပ်ဆောင်ရမယ့် ဇာတ်ကားတွေရော ရိုက်ဖို့ရှိသေးလား။
မိုးကို ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ သေချာမှပဲ ပြောချင်တယ်။ ဖတ်နေတယ်။ စဉ်းစား နေတယ်။ အဓိကကိုယ်တိုင်ထက် တစ်ကားလုံးကို ပရိသတ်ကြိုက်မှပေါ့။ တစ်ကားလုံးကို ပရိသတ် စိတ်ဝင် စားမှု ရှိနိုင်လားပေါ့။ မိုးတစ်ယောက်တည်းဆိုတာမျိုး မဖြစ်စေချင်ဘူး။ ပရိသတ်က တစ်ကားလုံး ကြိုက်တဲ့ ကားမျိုးဖြစ်စေချင်တယ်။

ခိုင်ဇာသွင်

Read More Articles Here


Read times Last modified on Monday, 05 June 2017 08:03
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.