Friday, 02 June 2017 10:43

wonder web
Gal Gadot လို့ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ကိုယ်လုံးလှလှနဲ့ အနောက်တိုင်းသိပ်မဆန်ဘဲ ဆွဲဆောင်မှုကောင်းတဲ့သူလေးကို ပြေးမြင်မိမှာပါ။ အနောက်တိုင်း သိပ်မဆန်လည်း တကယ်တော့ သူက အစ္စရေး နိုင်ငံသူလေးပါ။ ၁၉၈၅ မှာ မွေးခဲ့တဲ့ Gal Gadot ဟာ ၂၀ဝ၄ ခုနှစ် သူ့အသက် ၁၈ နှစ်မှာ Miss Israel အဖြစ်နဲ့ မယ်စကြဝဠာ ပြိုင်ပွဲဝင်ခဲ့သူ ဖြစ်ပြီး အဲဒီနောက်မှာ နိုင်ငံဥပဒေအရ ၂ နှစ် စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီလို စစ်တပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကြောင့်ပဲ သူ့ကို Fast & Furious ပထမဆုံးဇာတ်ကားမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် အရွေးခံခဲ့ရတာ ထင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာကျော် Maxim မဂ္ဂဇင်းမှာ Women of the Israeli Army ခေါင်းစဉ်နဲ့ ပါဝင်ခဲ့ပြီး New York Post မှာ မျက်နှာဖုံးရှင် ဖြစ်လာပါတယ်။ ၂၀၁၁ မှာ ထွက်ရှိတဲ့ Fast Five ရုပ်ရှင်ဇာတ်ကားမှာတော့ အဓိကနေရာက ပါဝင်လာခဲ့ပြီး ဆက်လက်ထွက်ရှိခဲ့တဲ့ Fast & Furious 6 မှာပါ ပါဝင်ခဲ့ပြီး ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သူ့အောင်မြင်မှုကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးလိုက်တာကတော့ DC Comic ရဲ့ အအောင် မြင်ဆုံးဇာတ်ကောင်ဖြစ်တဲ့ Wonder Womanရဲ့ Princess Diana နေရာ မှာ ပါဝင်သရုပ်ဆောင် ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါဟာ Wonder Woman ဇာတ်ကောင် နေရာမှာ ပထမဆုံးသော အမေရိကန်သူမဟုတ်တဲ့ သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခွင့်ရခြင်းပါ။ သူဟာ Princess Dian အဖြစ်နဲ့ပဲ Batman Vs Superman : Dawn of Justice (2016) ၊ Wonder Woman (2017) နဲ့ Justice League (2017) တို့မှာ ဆက်တိုက် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။ မထင်မရှား ကိုယ်တိုင်စွန့်စားသရုပ်ဆောင်ခဲ့တဲ့ ပထမဆုံး Fast & Furious က မင်းသမီးလေးတစ်ယောက် ဘဝကစပြီး သူ့ကို နာမည် ကျော်တစ်ယောက် ဖြစ်စေခဲ့တဲ့ Fast Five မှာလည်း တင်ပါးအကိုင်ခံလိုက်ရတဲ့ အဖြစ်ကနေ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ အိမ်ခြံမြေသူဌေးကြီးနဲ့ သမီးလေး ၂ ယောက် ရရှိထားပြီး ကမ္ဘာမှာ အအောင်မြင်ဆုံး ထိပ်တန်းမင်းသမီးတစ်လက် အနေနဲ့ရပ်တည်နေပြီ ဖြစ်ပါတယ်။

wonder web1

Read More About Entertinments  Here


Read 256 times Last modified on Friday, 02 June 2017 11:11
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.