Sunday, 28 May 2017 06:39

16196076 1163189903801081 2502288211531642830 n

ဒီတစ်ပတ်တော့ မိုးလည်းကျလာပြီ ဆိုတော့ကာ မေထုန်ရာသီဖွားတွေနဲ့ အကိုက် ဖက်ရှင်ရွေးချယ်မှုလေးအကြောင်း ပြောပြပေးပါ့မယ်။
မေထုန်ရာသီဖွားတွေကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပုံစံတစ်ခုတည်းကို စွဲစွဲမြဲမြဲ ဝတ်ရတာမျိုး သိပ်သဘောမကျ ကြပါဘူး။ သူတို့ တွေဟာ သူတို့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး ဝတ်တတ်ကြပါတယ်။ မေထုန်ရာသီဖွားတွေရဲ့ အဝတ်ဗီရိုထဲမှာ သူတို့ဝယ်ပြီး တစ်ခါမှ မဝတ်ရသေးတဲ့ အင်္ကျီ အဝတ်အစားတွေ အမြဲတမ်း ရှိနေတတ်ပါတယ်။

16142494 1163189617134443 1499366540855476720 n

ဒီရာသီဖွားတွေနဲ့ မိဿ ရာသီဖွားတွေနဲ့ ခြားနားချက်က မေထုန် ရာသီဖွားတွေဟာ ခုဘာခေတ်စားနေသလဲဆိုတာကို စိတ်ဝင်စားတတ်ပေမယ့် တစ်ခုခုဆို ရိုးသွားသလို ခံစားရတာမျိုး သိပ်မရှိတာပါပဲ။ တစ်ခုရှိတာက ကိုယ်ဝယ်တဲ့ အင်္ကျီ အဝတ်အစားတွေဟာ တံဆိပ်နဲ့ ငွေကြေးကို ကြည့်ပြီး ဝယ်တာမျိုးထက် ကိုယ့်စိတ်ခံစားချက်ပေါ် မူတည်ပြီး ဝယ်တာမျိုးသာ ပိုများပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အသွင်နဲ့ အမြဲတမ်း မြင်ရလေ့ရှိတဲ့ မေထုန်ရာသီဖွားတွေဟာ စိတ်ပါလာတဲ့ အခါ ဂျင်းဘောင်းဘီနဲ့ ဒေါက်မြင့် တွဲစီးဖို့လည်း ခြေတုံ ချတုံ ဖြစ်နေတာမျိုး ခပ်ရှားရှား ဖြစ်ပေမယ့် စိတ်မပါတဲ့ အခါတွေမှာလည်း တွေ့ရာကိုပဲ အဆင်ပြေအောင်ဝတ်သွားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့တွဲစပ်တဲ့ အတွဲ အစပ်တွေကတော့ သူများတွေနဲ့ သိပ်မတူတတ်ပါဘူး။ ဥပမာ သူများတွေက စတိုင်ဘောင်းဘီနဲ့မှ လိုက်မယ် ထင်တဲ့ ရှပ်လေးတွေကို ဂျင်းနဲ့တွဲဝတ်ရင် ဝတ်လိုက် တာပါပဲ။ ဒီလိုပဲ Pencil စကတ်လိုမျိုး Tight စကတ်လေး တွေကိုလည်း အပေါ်က Tee တွေနဲ့ တွဲဝတ်ရင် ဝတ်လိုက်တာပါပဲ။ သူ့စိတ်အခြေအနေပေါ်မှာပဲ သူ့ဖက်ရှင်က မူတည် နေပါတယ်။ 16196058 1163189833801088 3637734294447724057 n

မေထုန် ရာသီဖွားတွေ သဘောကျတဲ့ အရောင်က အများအားဖြင့် အပြာနဲ့ အပြာဘက်ရောက်တဲ့ အရောင်မျိုး တွေပါ။ ဂျင်းကတော့ သူတို့အတွက် ဘယ်တော့မှ မရိုးတဲ့ ရွေးချယ်မှုပါ။ ဒီရာသီဖွားတွေ သတိထားရမှာက ကိုယ်က ပရိုတစ်ယောက်လို ဘယ်လို စတိုင်ကျအောင် ဝတ်ရမလဲ ဆိုတာ သိထားတဲ့အတွက် နေ့တိုင်းဒီလို တွဲစပ်နိုင်အောင် ကြိုး စားပါ။ စိတ်ပါရင် တစ်မျိုး၊ စိတ်မပါရင် တစ်မျိုး မလုပ်ပါနဲ့။

ကိုယ်က မိန်းမဆန်ဆန်လေးပဲ ဝတ်ချင်ဝတ်ချင်၊ ဒါမှမဟုတ် Black Jacket တွေ Boot တွေပဲ စီးချင်စီးချင် တစ်မျိုးများ ဖြစ်နေမလားဆိုပြီး မစဉ်းစားဘဲ စိတ်ထဲရှိသလိုသာဝတ်ပါ။ တစ်ခုရှိတာက ချစ်စရာကောင်းတဲ့ အိတ်လေးတွေ၊ ဖိနပ်လေးတွေ တွေ့ရင်တော့ လိုက်မယ်ထင်ရင် လိုရမယ်ရ ဝယ်ထားပါ။ ဘာလို့လဲ ဆိုတော့ မေထုန် ရာသီဖွားတွေအတွက် ဖိနပ်တွေ၊ အိတ်တွေက ကိုယ့်ဖက်ရှင် ပိုကျသွားအောင် အထောက်အကူ ပြုနိုင်တဲ့ အရာတွေ မို့လို့ပါ။
ဒီလို ဝတ်စုံတွေ အတွက်ဆိုရင်  တော်ဝင်စင်တာ၊ ဂျန်ရှင်း စကွဲ၊ ဂျန်းရှင်း စီးတီး၊ ဂျန်းရှင်း မော်တင်နဲ့ ဒဂုံစင်တာ2 က ဖက်ရှင်ဆိုင်လေးတွေမှာ စိတ်ကြိုက် ရှာဖွေ ဝယ်ယူလို့ ရပါတယ် နော်။

အချစ်တွေနဲ့မေ

မေသော်
(I am Fashion Blogger)

Read More Fashion Articles Here


Read times Last modified on Monday, 21 August 2017 04:53
Rate :
(0 votes)

2 comments

  • Burt Spirko
    Comment Link

    At the center of who you are you have all the answers; you know who you are and you understand what you must do.

    Saturday, 14 September 2019 08:45 posted by Burt Spirko
    Report
  • idle planet miner cheat codes
    Comment Link

    It’s in point of fact a nice and useful piece of information. I’m happy that you shared this helpful information with us. Please keep us informed like this. Thank you for sharing.

    Sunday, 18 August 2019 13:54 posted by idle planet miner cheat codes
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.