Monday, 15 May 2017 10:24

13680834 1384000378280974 8881644259693491703 n

Snare အဖွဲ့က ဟစ်ပ်ဟော့အဆိုတော် နေဝင်းက ဟစ်ပ်ဟော့ကာချာကို ကိုယ် စားပြုတဲ့ ဖက်ရှင်တွေ ဖန်တီးပြီး OMG (Oh My God) ဆိုတဲ့ဖက်ရှင်ဆိုင်ကိုဖွင့်လှစ်ထားပါတယ်။ အစပိုင်းမှာတော့ လူငယ် ကြိုက် ဟစ်ပ်ဟော့ဖက်ရှင်တွေကို အသား ပေးထုတ်လုပ်ခဲ့ပေမယ့် အခုခေတ်မှာ တော့ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနဲ့အတူ သူရဲ့ ဟစ်ပ်ဟော့ ကာချာတွေ လည်း အလိုက်အထိုက်တော့ ပြောင်းလဲရ တော့မှာပါ။

17546866 1680284865319189 1705019288934390089 o
 မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ ဒီဇိုင်းတွေနဲ့ စတင်ခဲ့ပေမယ့် အခုအချိန် မှာ ဒီဇိုင်းအသစ်တွေကို  သူ့ရဲ့ ဒီဇိုင်းချစ် မြတ်နိုးသူတွေကို ချပြဖို့ ရှိနေပါတယ်။
"ဒီဇိုင်းအသစ်တွေတော့ ထုတ်ထားတယ်။  တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် လည်း လေ့လာရပါတယ်။ မျိုးစုံပေါ့ဗျာ။ အရင်လို တစ်နေရာ တစ်ပုံတည်းထုတ်လို့မရတော့ဘူး။ ပုံစံလေးတွေကိုအစုံဖြစ် အောင်ထုတ်လာရတယ်။ ဆိုင်ခွဲလည်း များလာတော့ ပစ္စည်းများအောင် လုပ်ထား ရတယ်။ ဒီလိုပဲ ကြိုးစားပြီး လုပ်နေရတယ်" လို့ နေဝင်းက ပြောပါတယ်။

17632382 1676483482365994 1455612562437162166 o

OMG ဆိုင်ဖွင့်ခဲ့တာ သုံးနှစ်ကျော် လောက်ရှိနေပြီမို့ ဒီဇိုင်းတွေကလည်း ရာနဲ့ချီပြီး ရှိနေပါပြီ။ OMG မှာက အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်၊ ဖိနပ်၊ ဆွဲကြိုး၊ နာရီ၊ ဂျာကင်၊ ဂျင်းဂျက်ကတ် စတာတွေနဲ့ ခြေအစ ခေါင်းအဆုံး ဝတ်ဆင်နိုင်အောင် ထုတ်ထား တာလည်း ဖြစ်ပါတယ်။
" အဆိုတော် မဖြစ်ခင် ကတည်းက အဝတ်အစားဝတ်ရင် သူများနဲ့မတူအောင် ဝတ်ချင်တဲ့စိတ် အမြဲရှိပါတယ်။ ဝတ်လည်း ဝတ်ခဲ့ပါတယ်။ နာမည်ကြီးတဲ့အထိ ဖက်ရှင်ဆိုင် ဖွင့်နိုင်တဲ့အထိ ကိုယ့်စတိုင်နဲ့ပဲ ကိုယ် နေတယ်။ ဘယ်သူ့စတိုင်နဲ့မှ မနေပါဘူး။ ဖက်ရှင်ကလည်း ဝါသနာပါတဲ့အတွက် သူလည်း အသွေးအသားတွေထဲက လာ တာပါပဲ " လို့ နေဝင်းက ဆိုပါတယ်။

17632435 1677629472251395 9110522680540854209 o

OMGရဲ့ ဒီဇိုင်းတွေက ကိုယ်ပိုင်ဒီဇိုင်း ဖက်ရှင်တွေ ဖြစ်ပြီးတော့ အပ်ထည်အဖြစ် ကိုတော့ ထိုင်း၊ တရုတ်နဲ့ ပြည်တွင်းက စက်ရုံတွေကို တိုက်ရိုက် အပ်နှံတယ်လို့ လည်း သိရပါတယ်။

OMGဆိုင်မှာ ဈေးနှုန်းတွေကတော့ အမျိုးအစားပေါ် မူတည်ပြီးတော့ ကွဲပြား ပါတယ်။ အနည်းဆုံး ကျပ်  ၇၀ဝ၀  ကနေ စတင်ပြီးတော့ အစားစား ရှိပါတယ်။ OMG ဒီဇိုင်းလေးတွေနဲ့ လန်းချင်တယ် ဆိုရင် တော့ အမှတ် ၁၄၄၊ မြေညီထပ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ၄၇ လမ်းထိပ်၊ ဖုန်း -  ဝ၉၂၅ ၂၂၇၇၇၈၁ မှာ ဝယ်ယူနိုင်ပါတယ်။

ခိုင်ဇာသွင်

Read More Articles Here


Read times Last modified on Tuesday, 16 May 2017 11:17
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.