Tuesday, 02 May 2017 08:01

17553782 1147110358731985 6833450871402363401 n

'ရေခဲရိုက်အပြုံး' သီချင်းနဲ့ ပရိသတ်ကြားမှာ နာမည်ရလာတဲ့ အဆိုတော် မိစန္ဒီက အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေပါပြီ။ သူ့အခွေ တွေကို နာမည်ဆန်းဆန်းလေးတွေပေးတတ်တဲ့ မိစန္ဒီနဲ့ သူ့ရဲ့ဂီတအပေါ်စိတ်ခံစားမှု တွေအကြောင်းကို မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။

တတိယတေးစီးရီးအသစ် ပြင်ဆင်နေတယ်လို့သိထားတယ် ပြောပြ ပေးပါဦး။
စီးရီးနာမည်ကိုတော့ အသဲလေးလို့ ပေးထားတယ်။ ညီမက ရှေ့က အခွေတွေမှာ မိုနိုပိုလီ ကစားစရာ၊ ပစ်တိုင်းထောင်ကတော့ အရုပ်၊ အသဲလေးကျတော့ အရုပ်လို လူတွေက ကစားကြတယ်။ ဒါပေမယ့် ကစားစရာလည်းမဟုတ် အရုပ်လည်းမဟုတ်ဘဲ သူ့မှာလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိတယ်။ ညီမက တစ်ခွေနဲ့တစ်ခွေ ဆက်စပ်မှုလေးရှိ အောင် နာမည်ပေးချင်တာလည်းပါတယ်။ နောက်တစ်ခုက ညီမသီချင်းမှာ အသဲလေးဆိုတာလည်း ပါတယ်။ အခုနောက်ပိုင်းမှာလည်း အသဲ တစ်ခြမ်း ဆိုတာက အရမ်းကို ခေတ်စားတယ်။ ညီမက အသဲတစ်ခြမ်း လို့ခေါ်လိုက်ရင် စိတ်ထဲမှာ တစ်မျိုးပဲ။ အသဲတစ်ခုလုံးမဟုတ်သလိုပဲ။ အဲဒါကြောင့် ညီမက သီချင်းထဲမှာ အသဲတစ်ခြမ်းတွေရော၊ အသဲလေး တွေ ပါပါတယ်။ ချစ်စရာလည်း ကောင်းပြီး မိန်းကလေးနဲ့ လိုက်ဖက် တယ်ဆိုပြီး အသဲလေးလို့ပေးလိုက်တာပါ။

သီချင်းတွေကရော ကိုယ်တိုင်ရေးတာတွေလား  ခံစားချက်တွေ ပါသေးလား။
သီချင်းတွေက ကိုယ်တိုင်ရေး ကိုယ်တိုင်ခံစားချက်တွေလို့ ပြောလို့ရ ပါတယ်။

အသဲနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ကစားဖူးပြီလား။
ကိုယ်ကတော့ တစ်ခါမှ မကစားဖူးပါဘူး။ ကိုယ့်ကိုပဲ ကစားသွားကြတယ်။

ဒါဆိုရင် အချစ်သီချင်းတွေ အသည်းကွဲသီချင်းတွေ ပိုများလား။
အမှန်အတိုင်းပြောရရင် ညီမအခွေထဲက သီချင်းတွေက အရမ်းရယ်ရတယ်။ အရင်ခွေထက်ပိုပြီးတော့ ပျော်စရာကောင်းတယ်။ နောက်ပြီး တော့ ပုံစံလေးတွေလည်း ပြောင်းတယ်။ အရမ်းအသည်းကွဲတာထက်စာရင် ပျော်စရာကောင်းပြီး ရယ်ရတယ်လို့ထင်တယ်။ အသဲလေးက တော့ အချစ်သီချင်းပါ။ ကောင်လေးက သူ့ကောင်မလေးကို အသဲလေး လို့ခေါ်တာကို ကောင်မလေးက အဲဒီလိုခေါ်ရင် အသဲယားတယ်တို့ဆို ပြီးပြောတဲ့ ချစ်စရာကောင်းတဲ့သီချင်းလေးပါ။ အသည်းကွဲသီချင်းတွေ အချစ် သီချင်းတွေလည်း ပါပါတယ်။ ဒီအခွေက မိန္ဒီရဲ့ပုံစံ ပိုပေါက်တယ်။ ညီမက အပြင်မှာလည်း ပွင့်ပွင့်လင်းလင်း နေတတ်တယ်။ ကလေးဆန်တယ်။ အသဲလေးပေးဖြစ်တာ အဲဒါကြောင့်လည်းပါတယ်။ ချစ်စရာကောင်းတယ်။ ပြီး တော့ ဒီခွေက လူငယ်တော်တော်ဆန်တယ်။ ညီမ ဒီအခွေလေးကို အချိန် တော်တော်များများယူခဲ့ရပါတယ်။ သီချင်းတွေကိုလည်း သေချာလုပ်ထားတယ်။ အရမ်းကိုလည်း ကြိုးစားထားပါတယ်။ အသဲလေးကတော့ ရှေ့က နှစ်ခွေနဲ့မတူဘဲပုံစံလေး တစ်မျိုးနဲ့ထွက်လာမှာပါ။ မေလ ကုန်ပိုင်းလောက်တော့ ထွက်နိုင်ဖို့ မှန်းထားတယ်။

One Lady Show လုပ်ဖို့ရော စိတ်ကူးရှိပြီလား။
စိတ်ကူးမရှိသေးပါဘူး။ ယုံကြည်မှုလည်း အခု ချိန်ထိကို မရှိသေးဘူး။ အဲဒါလုပ်ဖို့က စိတ်အင်အားတွေ လည်းအများကြီးလိုတယ်။ အချိန်တွေ ငွေတွေ အများ ကြီးကို လိုသေးတယ်။ သီချင်းတွေလည်း အများကြီးလို သေးတယ်။ ညီမက အဲဒီလောက်ကြီးလည်း မတော်ပါဘူး။ ကိုယ့်ဟာကိုတောင် အခွေထွက်လို့ ပရိုမိုးရှင်းလုပ်ရရင် တော့ အရမ်းကြောက်တတ်တာ။ ရန်ကုန် မန္တလေးလောက်ပဲ တခြားနယ်တွေ သွားရင်လေ ပွဲကို လူလာပါ့မလား။ အရမ်းကို စိတ်ဖိစီးမှုများတယ်။  One Lady Show  က တော့ အခု လောလောဆယ်မှာတော့ အစီအစဉ်မရှိပါဘူး။ နောင်နှစ်တွေမှာလည်း ဖြစ်လာချင်မှဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသေးလို့ပါ။ ညီမက ငယ်ငယ်ကတည်းက သီချင်းတွေကိုပဲဆိုချင် တာ။ ရှိုးလုပ်ဖို့ တစ်ခါမှ စိတ်မကူးမိခဲ့ဘူး။ ဘယ်သူမှ လာမကြည့်မှာကိုလည်း ကြောက်တယ်။ အခွေ ထွက်ခါနီး ဆိုရင်တောင် ရူးကြောင်မူးကြောင်ဖြစ်ချင်တာ။ အဲဒီလိုများ ဆိုရင် ရူးတောင်ရူးမလားမသိဘူး။

ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

ခိုင်ဇာသွင်

Read More Articles Here


Read times Last modified on Tuesday, 09 May 2017 02:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.