Monday, 01 May 2017 07:18

aHR0cDovL3d3dy5saXZlc2NpZW5jZS5jb20vaW1hZ2VzL2kvMDAwLzA5MC8zMDQvb3JpZ2luYWwvZ29vZ2xlLWxldmktc21hcnQtamFja2V0LmpwZw
၂၁ ရာစု နည်းပညာခေတ်ရဲ့ လူနေမှုဘဝအဆင့်မြင့်တင်မှုတစ်ခုအနေနဲ့  နာမည်ကြီးဖက်ရှင်တံဆိပ် Levi’s နဲ့ နည်းပညာကုမ္ပဏီ Google တို့ပူးပေါင်းပြီး  စမတ်ဂျက်ကက်အင်္ကျီတစ်မျိုးကို ဒီနှစ်ထဲမှာ ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိပ္ပံနည်းပညာသတင်းတွေအရ သိရပါတယ်။ ဝတ်ဆင်သူရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပေးမယ့် အင်္ကျီထုတ်လုပ်မှုကို Project Jacquard လို့အမည်ပေးထားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဒီပရောဂျက်ကို ကနဦးမိတ်ဆက်ပေးခဲ့တာဖြစ်တယ်လို့ Tech Time သတင်းက ဆိုထားပါတယ်။ ဆက်လက်ပြီး အသစ်ထုတ်လုပ်မယ့် ဂျက်ကက်ဟာဆိုရင် ဒေါ်လာ ၃၅၀ တန်ဖိုးရှိမှာဖြစ်ပြီး ဒီနှစ်ဆောင်းတွင်းမှာ ရရှိနိုင်မှာပါ။

Levis

Commuter Jacket (ခရီးသည်ဂျက်ကက်) လို့အမည်ပေးထားတဲ့ ဒီအင်္ကျီကို ၂၀၁၆ ခုနှစ်မေလမှာ ပြန်လည်တင်ပြခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ The South by Southwest ပွဲတော်အခမ်းအနားမှာ Levi’s နဲ့ Google အဖွဲ့အစည်းတွေက ဒီစမတ်အင်္ကျီထုတ်လုပ်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အသေးစိတ်ဖွင့်ဟခဲ့ကြတယ်လို့ဆိုပါတယ်။ ဂျက်ကက်အနေနဲ့ ဝတ်ဆင်သူရဲ့ စမတ်ဖုန်းကို Bluetooth နည်းပညာနဲ့ ချိတ်ဆက်ပေးမှာပါ။ ဂျက်ကက်ရဲ့ ပိုးသားလက်ကောက်ဝတ်ကတော့ ဒီစနစ်တွေအားလုံးကို ထိန်းချုပ်ပေးမယ့် ပင်မကိရိယာတစ်ခုအနေနဲ့ အသုံးပြုရမှာပါ။ အင်္ကျီလက်ကောက်ဝတ်နေရာကို နည်းပညာနဲ့ပြုလုပ်ထားတဲ့ ချည်ထည်တွေနဲ့ဖန်တီးထားပြီး စမတ်ဖုန်းတွေရဲ့ Touch Screen တွေလိုပဲ လက်နဲ့တို့ထိအသုံးပြုနိုင်မှာပါ။ အင်္ကျီဝတ်ဆင်သူအနေနဲ့ အဝင်၊ အထွက်ဖုန်းခေါ်ဆိုမှုတွေကို စက်ဘီးစီးနေချိန်၊  ကားမောင်းနေချိန်၊ လမ်းသွားနေချိန်တွေမှာ တကူးတကဖုန်းကို ထုတ်စရာမလိုပဲ လက်ကောက်ဝတ်ကနေ လုပ်ဆောင်နိုင်မှာပါ။ ဒါ့အပြင် ဖုန်းထဲက တေးသီချင်းတွေကိုလည်း လက်ကောက်ဝတ်ကနေ လိုသလိုပြောင်းလဲနားဆင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘက္ထရီအနေနဲ့ကတော့ ၂ ရက်တာမျှ ခံနိုင်မှာပါ။ ဒါ့အပြင် အင်္ကျီလျှော်ဖွတ်ဖို့ဆိုရင် အင်္ကျီလက်ကြယ်သီးအဖြစ်လည်း အသုံးပြုထားတဲ့ Bluetooth ကို ချိတ်ဆက်မှုဖြုတ်ထားရုံနဲ့ ပုံမှန်အဝတ်အထည်တွေအတိုင်း ကောင်းမွန်စွာလျှော်ဖွတ်နိုင်မှာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Read More Articles Here


Read 292 times Last modified on Tuesday, 02 May 2017 07:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.