Thursday, 20 April 2017 08:15

17796040 1241229455997125 8885883935786443451 n

နွေရာသီရောက်ပြီဟေ့ဆိုရင် ပျိုမေတော်တော်များများက ကာလာ အဖျော့လေးတွေ၊ အဖြူရောင်တွေကို အပူသက်သာစေဖို့ ရွေးချယ်ဝတ်ဆင်တတ်ကြတာ သဘာဝပါ။ ဘောင်းဘီဆိုရင်လည်း ဂျင်းကိုမှ အပြာတွေ၊ အနက်တွေချည်း များနေတဲ့အခါ ထူးထူး ခြားခြားလေးဖြစ်အောင် အဖြူရောင်ဝတ်မယ်ကွာ ဆိုပြီး ဝယ်တတ် ကြတယ်။ ဒါပေမယ့် အဲ့ဒီလို ဝယ်ပြီးကတည်းက ဘာမှဆက်ဖြစ် မလာတော့ဘူး။  ဒီလိုလူမျိုး ချစ်တို့အထဲမှာ ရှိလားရှင်။ ခုလိုသာ မေးရတယ် ရှိလားဆို မေသော်ကိုယ်တိုင်လည်း ရှိတယ် ဖြေရမှာပဲ။ မေသော်လည်း Ripped Jeans အဖြူလေး တစ်ထည်ဝယ်ပြီးမှ ဝတ် တော့မယ်ဆိုရင် အသားပဲမည်းသွားသလို၊ ဟိုအင်္ကျီနဲ့မလိုက်၊ ဒီတီရှပ်နဲ့ ဆို တစ်မျိုးဖြစ်သလို ခံစားနေရတာမို့ ပြန်ပြန်သိမ်းထားမိနေတယ် လေ။ ခုတော့ မဖြစ်တော့ဘူး ဝယ်ထားပြီး ဝတ်ဖြစ်အောင်တော့ ဝတ်မယ်လို့ဆုံးဖြတ်လိုက်တာကြောင့် ဂျင်းအဖြူရောင်ဝယ်ထားတဲ့ ချစ်တို့ရော၊ ဝယ်ဖို့စဉ်စားနေတဲ့ ချစ်တို့အတွက်ပါ Tips လေးတွေ ရေးပေးလိုက်ရပါတယ်နော်။

ကြိုက်တာနဲ့တွဲဖက်ဝတ်လို့ရတဲ့ ဂျင်း

သူတို့ကို ဝတ်နေကျ ဂျင်းဘောင်းဘီတွေလိုပဲ ဝတ်ဖို့အရေးကြီး ပါတယ်။ အပေါ်မှာပြောသလို စိတ်ထဲ အဖြူရောင်ဂျင်းဘောင်းဘီမို့ အူကြောင်ကြောင်လို့ ခံစားနေရရင် ရိုးရိုးသာ တွဲဖက်လိုက်ပါ။ ကိုယ်ကရှပ်လေးတွေ ကြိုက်ရင် ရှပ်အကျီလေးတွေနဲ့၊ ဆွယ်တာ အပါးလေး တွေ သဘောကျရင် ဆွယ်တာ အပါးလေးတွေနဲ့၊ ဒါမှမဟုတ် ဘလောက်အကျီလေးတွေနဲ့ အဆင်ပြေသလို တွဲဖက်ဝတ်ဆင်ပါ။ စိတ်ထဲ အဖြူ ရောင်ကြီး၊ ထူးခြားနေတယ်ဆိုတာကြီး မေ့ထားပြီး ဝတ်နေကျ ဂျင်း ဘောင်းဘီတစ်ထည်လိုပဲ စိတ်ထဲထည့်ထားဖို့ အရေးကြီးတယ်နော်။

f40f907d19ce985035a1a22c25d5c77b

နေရာစုံအသုံးဝင်တဲ့ဂျင်း

ဂျင်းအဖြူဟာ တွဲဝတ်တတ်ရင် ဝတ်တတ်သလို ထသွားထလာ ကနေ ပွဲတက်အထိ အဆင်ပြေပါတယ်။ အဖြူရောင်မို့ ကြောင်တယ် ထင်ကြတယ်ဟုတ်။ တကယ်တော့ အဖြူရောင်မို့ ထူးခြားနေတာ မျိုးပါ။ သူ့ကို ကိုယ့်စိတ်ကြိုက် မိန်းကလေးဆန်ဆန်လေး တွဲဝတ်မလား၊ ယောင်္ကျားလေးလို ခပ်မိုက်မိုက် ဝတ်ဦးမလား၊ ဒေါက်နဲ့ စီးမလား၊ Sneaker နဲ့သွားမလား၊ ထူးခြားတာကလေ သူက ထသွား ထလာကနေ ပွဲတက်အထိ ရွေးချယ်နိုင်တဲ့အရာဆိုတာပါပဲ။

ဖက်ရှင်ကျကျဖြစ်ဖို့

တစ်ကိုယ်လုံး တစ်ရောင်တည်း ဝတ်မယ်ဆိုရင်လည်း အိုကေ ပါပဲ။ ဟိုးအရင်ကတော့ အပေါ်အဖြူ၊ အောက်အဖြူဆို အစခံလိုက် ရမယ့်ဖြစ်ခြင်း။ ခုလိုခေတ်ကြီးထဲမှာ အောက်က ဂျင်းအဖြူနဲ့ အပေါ် ကလည်း အသစ်အဖြူလေး ဝတ်ထားမယ်။ ဒါကိုမှ ဖိနပ်က အဖြူ ဆိုရင်တောင် အားလုံးက သင့်ကို ငေးကြည့်ရုံကလွဲပြီး ဘာမှပြော မှာ မဟုတ်တော့ပါဘူးနော်။ Monochromatic သဘောကျတဲ့ သူတွေဆိုရင် အပေါ်အဖြူ အောက်အဖြူ ၊ ဖိနပ်အဖြူ ၊ ကြိုက်သလို သာ ဝတ်ပစ်လိုက်စမ်းပါ။ အားလုံး အေးဆေး။

တွဲဖက်ရမယ့်ကာလာတွေ
 အဖြူချည်းပဲ တစ်ကိုယ်လုံးမဆင်ချင်ရင် ကာလာဖျော့တွေနဲ့ တွဲပါ။ အဖြူနဲ့အနက်ကြီး တွဲဝတ်သွားရင် စပ်ဖြဲဖြဲကြီး ဖြစ်နေ တယ်လို့ ခံစားရတဲ့ ပျိုမေတွေအတွက် ဂျင်းအဖြူနဲ့ အထူးလိုက်ဖက် တဲ့ ပန်းနုရောင်၊ အဝါနု၊ အသားရောင်၊ အညိုနု စတဲ့ ကာလာလေး တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သေးတယ်နော်။

17796684 1241229655997105 5328061692870519258 n

လိုက်ဖက်ညီအောင်

စူပါမော်ဒယ်တွေကတော့ ဂျင်းအဖြူနဲ့ဆို Nude ဘက်ရောက်တဲ့ ဖိနပ်လေးတွေ ကို ရွေးချယ်ကြပါတယ်တဲ့။ ဒါကတော့ နိုင်ငံတကာက စူပါမော်ဒယ်တွေရဲ့ အကြိုက်ပေါ့။ သူတို့က များသော အားဖြင့် ဘောင်းဘီ အဖြူ ဝတ်တဲ့အခါ ခြေထောက်ကိုမည်းသွားတယ် ထင်ရမှာစိုးပါတယ်တဲ့။ ဒါ့ကြောင့် များသောအားဖြင့် ဖိနပ်ဆိုရင် ကြိန ကာလာလေးတွေကိုသာ ရွေးချယ်တတ်တယ်လို့ ဆိုထားကြပါတယ်။

လိုက်ဖက်တဲ့ဒီဇိုင်းရွေးမယ်

ဂျင်းဘောင်းဘီအဖြူတွေမှာမှ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ် ဖို့ကတော့ အရေးအကြီးဆုံးပါ။ ကိုယ်က Boyfriend ဂျင်းတွေ ဝတ် နေကျဆိုရင် ဂျင်းအဖြူကိုလည်း Boyfriend ဂျင်းရွေးတာ ကောင်းပါ တယ်။ ထူးခြားအောင်ဆိုပြီး ခေါင်းလောင်းဘောင်းဘီမျိုး ဂျင်းအဖြူ ဝယ်ပြီးမှ တွဲစပ်ရတာ ခက်နေတာမျိုး ဖြစ်မှာစိုးလို့ပါ။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ်က ခေါင်းလောင်းဘောင်းဘီလေးတွေလည်း ဝတ်ဖူးတယ်။ အဆင်ပြေတယ် ဆိုရင်တော့ ဂျင်းအဖြူကိုလည်း ခေါင်းလောင်းဘောင်းဘီ အောက်အကား ဒီဇိုင်းရွေးချယ်နိုင်ပါတယ်။
         

မေသော် ( I am Fashion blogger)

Facebook Page - I am Fashion

Read More Fashion Articles Here


Read 301 times Last modified on Monday, 24 April 2017 07:47
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.