Tuesday, 18 April 2017 05:18

17917926 1422509454459677 8607432288749096996 o

ဒီတစ်ပတ်ရုပ်ရှင်အညွှန်းကတော့ ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ ကျေးလက်မှာဖြစ်လေ့ရှိတဲ့သဘာဝကိုအခြေခံထားတဲ့ဇာတ်ကားဖြစ်ခါ လောဘအမှောင်ဖုံးနေသူတွေရဲ့စရိုက်ကိုဇာတ်လမ်းဖွဲ့ထားပြီး ဒါရိုက်တာသားကြီးက ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဗာရာဏသီအစချီတဲ့ ပါးစပ်ရာဇ၀င်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ရွာတစ်ရွာမှာဘသာ(ဗေလုဝ) ဆိုသူ ဘာ ကြောင့် မှန်းမသိသေဆုံး သွားပါတယ်။ မကျင်(ခိုင်နှင်းဝေ)က ဘသာရဲ့မိန်းမဖြစ်ပါတယ်။ရွာမှာအကြားအမြင် ယောင် ယောင်၊ နတ်ကတော်ယောင်ယောင်လုပ်စားနေတဲ့ဘွားတော်သုန်(ခိုင်သင်းကြည်)ဆိုတာလည်းရှိပါတယ်။ စပ်စပ်စုစုအရက်ပုန်းရောင်းတဲ့မိလုံး(တက္ကသိုလ်ဂွမ်းပုံ) ဥာဏ်ရည်အားနည်းသူ ၊ လေကမိုးပေါ်ကမဆင်းတဲ့ အောင် သော်(ဟန်ဇာမိုးဝင်း)တို့က ဝေဖန်လေကန်ကြကာ နာရေးကိုဝိုင်းကူကြပါတယ်။ တစ်ဖက်မှာ ဆိုရင်လည်းဘသာကို အကြွေးဆပ်စရာရှိသူ ရွာအုပ်ချုပ်ရေးမှူးပြုတ် ကိုမြသန်း(ဒိန်းဒေါင်)က သေသူကိုအကြွေးမဆပ်ဘဲ မနေရဲတာ နဲ့ နာရေးကူငွေအဖြစ်ငွေ ခုနှစ်သောင်းလှူလိုက်ပါတယ်။ ကိုမြသန်းသမီးပွားစိန်(စံရတီမိုးမြင့်) နဲ့ရွာအုပ်ချုပ် ရေး မှူး အုပ်ကြီး(ခင်လှိုင်)သမီးမခြူး(ထားထက်ထက်)တို့က မတည့်ကြပါဘူး။ နှစ်ဖက်သားအပြိုင်အဆိုင်နာရေး ကူရာက မကျင်တစ်ယောက်မကိုင်ဖူးတဲ့ငွေပမာဏကိုကိုင်ရပြီး စိတ်ကြီးဝင်ရာက ဗရမ်းဗတာ တွေဖြစ်ပါတော့ တယ်။မကျင်နာရေးကူငွေတွေနဲ့ကောင်းစားနေပြီဆိုတဲ့သတင်း ကြောင့်ကြက်တူရွေးရွာက ဘသာအစ်မ မစန်းတင်(မြင့်မြင့်ခိုင်)နဲ့အစ်ကိုဝမ်းကွဲက ရွာကိုရင်ဘတ်စည်တီးပြီး ရောက်လာပါတယ်။ မကျင်ရဲ့အချစ်ဟောင်း အေးငွေ(နေဒွေး) ကလည်းမကျင်ကိုယောင်လည်လည်ပြန်လုပ်နေပါတယ်။တစ်နေ့မှာတော့ မကျင်ရွာပြင်က ဘသာအလောင်းကိုထမင်းသွားအကျွေးမှာဘသာအလောင်းကမရှိတော့ ဘဲပျောက်နေပါတယ်။ အရက် ပုန်းရောင်းတဲ့ မိလုံး(လုံးတင်)ကဘသာကိုနတ်ဝတ်နတ်စားနဲ့မြင်းကြီးစီးပြီးတွေ့လိုက်ရာက အရှင်ကြီးဘသာ နတ်ကွန်းဆောက်ပြီးကိုးကွယ်တဲ့အထိဖြစ်ကုန်ပါတော့တယ်။အကြံအဖန်ဘွားတော်သုန်ကဘသာအရင်က ရည်းစားဖြစ်ခဲ့ဖူးတာကြောင့်အရှင်ကြီးဘသာနတ်ဖြစ်တဲ့အခါသူ့ကိုတစ်ဦးတည်းအကြားအမြင်ပေးထားကြောင်းတစ်ရွာလုံးကိုဖွလိုက်တော့လောဘတက်တဲ့ရွာသူရွာသားများကောင်းမှုနဲ့ဘွားတော်သုန်စိုပြေသွားပါတော့တယ်။မကျေနပ်နိုင်သူဘသာမိန်းမ မကျင်ကလည်းသူ့ကိုပဲဘသာကအကြားအမြင်ပေးထားတာပါဆိုပြီး အရှင်ကြီး ဘသာကိုအပြိုင်ပင့်ကြပါတယ်။အရှင်ကြီးဘသာလက်ထဲမှာဓားကြီးဆွဲပြီး တကယ်ရောက် လာတော့ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကတော့……

ကြိုးဖြင့်ချည်ထားသောဗာရာဏသီရုပ်ရှင်ဇာတ်ကားကိုဒါရိုက်တာသားကြီးကရိုက်ကူးထားပြီးသရုပ်ဆောင်အကယ်ဒမီဗေလုဝ၊နေမျိုးအောင်၊နေဒွေး၊ထပ်ဆင့်အကယ်ဒမီမြင့်မြင့်ခိုင်၊အကယ်ဒမီခိုင်သင်းကြည်၊ခိုင်နှင်းဝေ၊စံရတီမိုးမြင့်၊တက္ကသိုလ်ဂွမ်းပုံနဲ့အခြားသောအနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဧပြီလ ၂၈ ရက်နေ့မှာ သမ္မတ၊သွင် စတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာပါ ။

စုစုခိုင်မျိုး

Check More Movies, Cinemas & Schedules Here


Read 278 times Last modified on Tuesday, 18 April 2017 05:24
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.