ďťż
Monday, 17 April 2017 05:04

qg9ccmc7

ကားမောင်းပြိုင်ဆိုင်မှုတွေ၊ ဒုစရိုက်လောကသားတွေနဲ့ တရားမျှတမှုဘက်တော်သားတွေ အသေအကြေတိုက်ခိုက်ကြတဲ့ အရမ်းလန်းတဲ့ ဇာတ်ဝင်အက်ရှင်ခန်းတွေနဲ့ Fast and Furious ဇာတ်လမ်းတွေရဲ့အဆက် ၈ ကားမြောက် ဇာတ်ကားလို့ဆိုရင် မမှားပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Fast and Furious 7 ကို ကြည့်ရှုလိုက်ရသူတွေအနေနဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေကို မျှော်လင့်နေကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ထူးခြားပြောင်မြောက်လှတဲ့ အက်ရှင်အကြမ်းအရမ်းတွေကို မင်းသားကြီး ဒွိုက်ဂျွန်ဆန်နဲ့ ဗန်ဒိုင်ဇယ် ၊ ဂျတ်ဆင် စတေတမ်တို့က ထပ်မံ လုပ်ပြသွားအုံးမှာပါ။

ပြီးခဲ့တဲ့ Fast and Furious 7 မှာ ထောင်နန်းစံခဲ့တဲ့ ဒုစရိုက်လက်မရွံ့လူသတ်သမား ဒရက်ရှော (ဂျတ်ဆင်စတေတမ်) က ဒီကားထဲမှာလည်း ပြန်လည်ပါဝင်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဗီလိန်ဇာတ်ရုပ်နေရာက မဟုတ်တော့ဘဲ တရားမျှတမှုဘက်တော်သားတွေနဲ့ အတူပူးပေါင်းပြီး ဒုစရိုက်လောကသားတွေကို ရင်ဆိုင်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ သာမန်လူနေမှုဘဝမှာ Fast and Furious အဖွဲ့သားတွေ အသီးသီးအေးချမ်းစွာနေထိုင်နေစဉ်မှာပဲ ဒွန်မ် (ဗန်ဒိုင်ဇယ်) ဟာ အမည်မသိ အမျိုးသမီးရဲ့ ဖျားယောင်းမှုနဲ့ ဒုစရိုက်လောကထဲကို ပြန်ဝင်ရောက်ပတ်သက်မိခဲ့ပါတယ်။ ဒီလိုပတ်သက်မှုက တဖြည်းဖြည်းနဲ့ သူ့ရဲ့ အနီးဆုံးကမိတ်ဆွေတွေကို သစ္စာဖောက်စေဖို့ဖြစ်လာခဲ့တယ်။ ဒါကြောင့် အရင်ကထက် ပိုပြီးကြီးမားအန္တရာယ်များတဲ့ ဒုစရိုက်လောကထဲကို ထိုးဖောက်ပြီး ခြေမှုန်းဖို့အတွက် Fast and Furious အဖွဲ့သားတွေ ပြန်လည် စုစည်းခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးသူတွေအနေနဲ့ ကုန်ကျစရိတ် ဒေါ်လာ ၃.၉ ဘီလီယံ အကုန်ခံပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးခဲ့ကြတာဖြစ်လို့ ဘယ်လိုထူးခြားတဲ့ ရိုက်ကွက်တွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားအုံးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ မထွက်ခင်ကတည်းက ရုပ်ရှင်ကြည့်ပရိသတ်တွေ အရမ်းစောင့်မျှော်ခဲ့ကြတဲ့ The Fate of the Fast and Furious ဇာတ်ကားကို လာမယ့် ဧပြီ ၁၇ ရက်နေ့ကစပြီး နေပြည်တော်၊ ရှေ့ဆောင်၊ မင်္ဂလာစံပြ၊ မင်္ဂလာဒဂုံစင်တာ နဲ့ ဂမုန်းပွင့် (လှည်းတန်း -စံရပ်ငြိမ်) ရုပ်ရှင်ရုံတွေမှာ စတင်ပြသနေတာပဲဖြစ်ပါတယ်။

Check More Movies, Cinemas & Schedules Here


Read 281 times Last modified on Tuesday, 18 April 2017 05:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.