Thursday, 17 March 2016 03:33

12525162 1149459338420841 6337958519864200040 o

တယ်လီနောမြန်မာကုမ္ပဏီလီမိတက်အနေဖြင့် ငွေကျပ်သိန်း၂၀၀ နှင့် တယ်လီနော၏ My Tune Music Portal တွင် ရောင်းချပေးမည့် တေးစီးရီးတစ်ခု ထုတ်ခွင့်ပေးမည့် နိုင်ငံတစ်ဝန်းလုံး ရှိ ကာရာအိုကေချန်ပီယံရှာဖွေသည့် သီချင်းဆိုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားမှ သိရသည်။ ချန်ပီယံရှာဖွေရာတွင် တယ်လီနောမြန်မာ ထရပ်ကားနှစ်စီးသည် တိုင်းဒေသကြီးနှင့်ပြည် နယ် ၁၃ ခုရှိ မြို့ပေါင်း ၁၈ မြို့၏ နေရာပေါင်း ၂၈ ခုသို့ လှည့်လည်သွားလာမည်ဖြစ်ပြီး တယ်လီ နောဆိုင်များတွင်လည်း အသံသွင်းနိုင်မည့် Booths များကို ထားရှိပေးသွားမည်ဖြစ်ကြောင်းသိ ရသည်။ "မြန်မာနိုင်ငံက Customer တွေက ဂီတကိုချစ်မြတ်နိုးကြတယ်။ လာမယ့်လအနည်းငယ်မှာ တယ်လီနောမြန်မာကနေ အသုံးပြုတွေသ ဘောကျတဲ့ Music Service Provider အနေနဲ့ ပါဝင်ဆောင်ရွက်သွားချင်ပါတယ်။ ဒါကြောင့်လည်း ဒီကာရာအိုကေပြိုင်ပွဲကို ကျင်းပရခြင်းဖြစ် ပါတယ်"ဟု တယ်လီနောမြန်မာမှ Chief Marketing Officer Joslin E Myrthong ကပြောသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပါဝင်ယှဉ်ပြိုင်သည့် ဗီဒီယိုဖိုင်များအားလုံးကို ဂီတမိတ်ကျောင်းသူကျောင်းသားများနှင့် တယ်လီနောမှကြည့်ရှုပြီး Top 50 ရွေးချယ်သွားမည်ဖြစ်ကာ နောက်တစ်ဆင့်တွင် တင်ဇာမော်၊ Rဇာနည်၊ ဖိုးကာတို့က Top 5 ကိုရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုချင်းစီမှ Top 5 ၏ဗီဒီယိုဖိုင်များကိုတယ်လီနောမြန်မာဖေ့စ်ဘွတ်ခ်နှင့် Channel 7 ၏ Walk With Music အစီအစဉ်တွင် ပြသွားမည်ဖြစ်ပြီး Top 1 ကို ဖေ့စ်ဘွတ်ခ် သို့မဟုတ် SMS ဖြင့် မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း၊ မဲပေးမှု ၆၀ ရာခိုင်နှုန်းသည် ဒိုင်လူကြီးများနှင့် ၄၀ ရာခိုင်နှုန်းသည်ပရိသတ်များ၏မဲပေးခြင်းမှ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Read More Events Here
Read More About Music Events Here


Read 733 times Last modified on Thursday, 17 March 2016 08:57
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.