Thursday, 07 March 2019 09:15

အူရီဒူးမြန်မာမှ ရေဒီယိုကြိုက်နှစ်သက်သူများအတွက် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိနှစ်သက်သည့် ရေဒီယိုအစီအစဉ်များအား နားဆင်နိုင်အောင် ယနေ့စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

53365781_1982006035182164_5242929310519525376_n.jpg
မတ်လ (၁) ရက်မှ စတင်၍ အူရီဒူးမြန်မာမှ ပတ္တမြား FM ရေဒီယိုကို ၄၅၆၇ သို့ ဖုန်းခေါ်ဆိုပြီး အခမဲ့ နားဆင်နိုင်အောင် ဆောင်ရွက်ပေးလိုက်သည့်အတွက် သုံးစွဲသူမိဘပြည်သူများအနေဖြင့် ရေဒီယို တိုက်ရိုက်ထုတ်လွှင့်သည့်အစီအစဉ်ကို အူရီဒူးကွန်ရက်ဖြင့် သီးသန့်ရရှိခံစားနိုင်ပြီဖြစ်သည်။
မြန်မာရေဒီယို နှစ်ခြိုက်သူများအတွက် ပတ္တမြား FM မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များ ဖြစ်သည့် ဂီတအမျိုးအစားစုံစုံလင်လင်၊ ဖျော်ဖြေရေးအစီအစဉ်ကဏ္ဍနှင့် လူနေမှုဘ၀အားလုံးအတွက် အသိပညာဗဟုသုတပေးအစီအစဉ်များအား သုံးစွဲသူများ၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် နားဆင်နိုင်မည့် အခွင့်အလမ်းအကိုရရှိမည်ဖြစ်သည်။ အူရီဒူးသုံးစွဲသူများအားလုံးအနေဖြင့် ဤ၀န်ဆောင်မှုကို 2G, 3G နှင့် 4G ကွန်ရက်အားလုံးတွင် ရေဒီယိုထုတ်လွှင့်ချိန်အတိုင်း နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ နေ့စဉ် အချိန်တိုင်း နားဆင်နိုင်မည်ဖြစ်သည်ကို သိရှိရသည်။

 

Source Transcom

 

 


Read times Last modified on Thursday, 07 March 2019 09:39
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.