Thursday, 07 February 2019 03:28

    mmwp2

    ခောတ်နဲ့အညီ သီချင်းများကို USB Stick နဲ့ဖွင့်လာကြချိန်မှာ အားလုံးအဆင်ပြေစွာနားဆင်နိုင်ဖို့နဲ့ ထုတ်လုပ်ရောင်းချရခြင်းတွေလုပ်နိုင်ဖို့အတွက် အဆိုတော် ဘိုဖြူ နဲ့ မီမီဝင်းဖေရဲ့ 
    ပထမဆုံး တရားဝင်ရောင်းတဲ့ USB Stick အယ်လ်ဘမ်ဖြစ်တဲ့ ‘လွန်ဆန်နိုင်မလား အချစ်’ အပါအဝင် တေးစီးရီးသုံးခု ပါဝင်မည့် မန်မိုရီစတစ်တွေကို ယနေ့ ၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့
    အဆိုတော် ဘိုဖြူ ကပြောထားပါတယ်။

    အဆိုပါ မန်မိုရီစတစ်မှာ မကြာမီကထွက်ထားသည့် ဘိုဖြူ နဲ့ မီမီဝင်းဖေတို့၏ ‘လွန်ဆန်နိုင် မလားအချစ်’ စုံတွဲအခွေအပြင် နောက်ဆုံးထွက်ရှိထားတဲ့ ‘နံနက်ခင်းသစ်’ နှင့် ‘ပန်ဆင်မယ်ဆို’ အခွေများကိုလည်း နားဆင်နိုင်မှာဖြစ်ပြီး USB မန်မိုရီစတစ်ဖြင့် သီချင်းနားထောင်သူများပြားလာသကဲ့သို့ စီဒီဝယ်ရန်အခက်အခဲရှိသူများ အဆင်ပြေစေရန်အတွက် ယင်းကဲ့သို့ စီစဉ်ခဲ့ကြောင်း ဘိုဖြူ ကပြောခဲ့ပါတယ်။

    ‘‘တရုတ်ပြည်ကိုမှာရတာဆိုတော့ မှာတဲ့အပိုင်းလုပ်ရတာက လက်ဝင်တယ်။ အခုမှစလုပ်တာဆိုတော့ နည်းနည်းအခက်အခဲရှိတာယ်။ ကိုယ်ကြိုက်တဲ့အဆိုတော်ရဲ့စတစ်လေးကို ဝယ်သုံးလို့ ရအောင်လို့ပါ ’’လို့ ဘိုဖြူ ကပြောပါတယ်။

    mimiwp1

    ထို့ပြင် မန်မိုရီစတစ်တွင် မန်မိုရီ 3.5 GB လည်း အပိုပါဝင် မည်ဖြစ်တာကြောင့် ပရိသတ်များအနေဖြင့် အခြားသိမ်းဆည်းချင်တဲ့ Data များလည်းသိမ်းဆည်းထားနိုင်ကြောင်းဆိုပါတယ်သည်။
    ဖြန့်ချိမယ့် ဈေးနှုန်းနဲ့နေရာများကို ၎င်းတို့၏တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ကြေညာမည်ဖြစ်ပြီး လောလောဆယ်အရ Stick များကို ရန်ကုန်မြို့ SNW Music ဆိုင်များမှာ ယနေ့ ၇-၂-၂၀၁၉ (ကြာသပတေးနေ့) နဲ့ မန္တလေးမှာဆိုရင်တော့ DMS ( Dr.Muzic and Store ) ဆိုင်မှာ ၈-၂-၂၀၁၉ (သောကြာနေ့ ) ကနေစပြီးဝယ်ယူနားဆင်နိုင်ပါပြီ။


    ထို့ကြောင့် မိမိတို့ချစ်တဲ့ အနုပညာရှင်တွေရဲ့  မူရင်းခွေကို အားပေးကြပါလို့ ပြောရာကနေ မူရင်းစတစ် တွေကိုလည်းအားပေးကြပါလို့ ထပ်တိုးပြီးတော့တိုက်တွန်းလိုက်ပါတယ်။

    Source and photos : Bo Phyu and Mie Mie Win Pe's facebook pages


    Read 101 times Last modified on Thursday, 07 February 2019 03:40
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.