Thursday, 13 February 2020 08:40

 

 

 

83482422_271303243855851_4244919304820097024_n.jpg

ျပည္တြင္း၊ ျပည္ပခရီးစဥ္မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ေလယာဥ္ေမာင္၊ ေလယာဥ္မယ္မ်ား ေခၚယူေနပါသည္။

ေအာက္ေဖာ္ျပပါအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံသူမ်ား ေလွ်ာက္ထားႏိုင္သည္ဟု ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ ေၾကျငာခ်က္တြင္ပါရွိသည္။

၁။ (၂၈.၂.၂၀၂၀) ရက္ေန႔တြင္ အသက္(၁၈)ႏွစ္ျပည့္ၿပီး (၂၄) ႏွစ္ထက္မေက်ာ္သူ ျဖစ္ရမည္။
၂။ အိမ္ေထာင္မျပဳရေသးသူ လူပ်ိဳ၊ အပ်ိဳ ျဖစ္ရမည္။ (သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံစာ ပူးတြဲတင္ျပရမည္။)
၃။ အနည္းဆုံး တကၠသိုလ္ တတိယနွစ္ တက္ေရာက္ေသာသူျဖစ္ရမည္။ သက္ဆိုင္ရာတကၠသိုလ္၏ ဒုတိယႏွစ္ေအာင္ျမင္ၿပီးေၾကာင္း ေထာက္ခံစာ (သို႔မဟုတ္) တတိယႏွစ္ တက္ေရာက္ေနေသာေထာက္ခံစာ ပူးတြဲတင္ျပရမည္။
၄။ အမ်ိဳးသားမ်ားအတြက္ အရပ္အေမာင္း ၅ေပ၆လက္မ အနည္းဆုံးရွိၿပီး အရပ္ႏွင့္ လိုက္ဖက္ေသာကိုယ္အေလးခ်ိန္ ရွိရမည္။
၅။ အမ်ိဳးသမီးမ်ားအတြက္ အရပ္အေမာင္း ၅ေပ၄လက္မအနည္းဆုံးရွိၿပီး အရပ္ႏွင့္ လိုက္ဖက္ေသာကိုယ္အေလးခ်ိန္ ရွိရမည္။
၆။ က်န္းမာေရးေကာင္းမြန္သူ ျဖစ္ရမည္။ (က်န္းမာေရး စစ္ေဆးမႈခံယူရမည္။)
၇။ ေရကူးတတ္ရမည္။ (လက္ေတြ႕စစ္ေဆးမႈရွိမည္။)
၈။ အဂၤလိပ္စာ ( ေရး၊ ဖတ္၊ ေျပာဆိုႏိုင္ရမည္။) စစ္ေဆးမႈရွိမည္။ (အျခား ႏိုင္ငံျခားဘာသာစကားမ်ားပါ ကြၽမ္းက်င္သူကို ဦးစားေပးမည္။ )
၉။ ေပါင္းသင္းဆက္ဆံေရး ေျပျပစ္သူျဖစ္ရမည္။
၁၀။ ေ႐ြးခ်ယ္ျခင္းခံရပါက ျမန္မာအမ်ိဳးသားေလေၾကာင္း၏ ေဆးစစ္ေဆးမႈ ေအာင္ျမင္မွသာ ခန႔္အပ္ျခင္းခံရမည္ျဖစ္ၿပီး အနည္းဆုံး (၅) ႏွစ္ တာဝန္ထမ္းေဆာင္ႏိုင္သူ ျဖစ္ရမည္။

၂၀၂၀ ျပည့္ႏွစ္မွစ၍ YUFL တကၠသိုလ္၏ ဘြဲ႕လက္မွတ္မ်ားအား အတုမျပဳလုပ္ႏုိင္ရန္ QR Code ထည့္သြင္းမည္

ထို႔ျပင္ စိတ္ပါဝင္စားလို႔ ေလ်ွာက္ခ်င္သူမ်ားအေနျဖင့္ ကိုယ္တိုင္ေရးေလွ်ာက္လႊာ၊ ႏိုင္ငံသားစိစစ္ေရးကဒ္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ၊ ရဲစခန္း၊ ရပ္ကြက္ ေထာက္ခံစာမ်ားႏွင့္ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား ပူးတြဲလ်က္ ေရွ႕ႏွင့္ ညာဘက္မွ ႐ိုက္ကူးထားေသာ ( ၄"x၆") အ႐ြယ္ ကိုယ္လုံးျပည့္ အလွဓါတ္ပုံ (၁) ပုံစီ ၊ Passport Size ဓါတ္ပုံ (၃)ပုံႏွင့္ အတူ ေဖေဖာ္ဝါရီ ၂၈ ရက္ ေနာက္ဆုံးထားၿပီး ျမန္မာအမ်ိဳးသားေလေၾကာင္း (႐ုံးခ်ဳပ္) ၊ အမွတ္(၁၀၄)၊ ကမ္းနားလမ္း၊
ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ႏွင့္ ျပည္နယ္၊ တိုင္းေဒသႀကီးမ်ားရွိ ျမန္မာအမ်ိဳးသားေလေၾကာင္း႐ုံးမ်ားတြင္ လူကိုယ္တိုင္ လာေရာက္ေလွ်ာက္ထားနိုင္သည္ဟုလည္း သိရသည္။

ထပ္မံျပီး အေသးစိတ္သိရွိလိုပါက ဖုန္း- ၀၁-၃၇၉၄၇၁ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းစံုစမ္းနိုင္ပါသည္။

May Thu Thu ( Yangon Directory )
Source; ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း

Airport Services in Yangon

Zawgyi

(ဖေဖော်ဝါရီ ၂၈) နောက်ဆုံးထား၍ မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် လေယာဉ်မောင်/မယ်များ လျှောက်ထားနိုင်

ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မောင်၊ လေယာဉ်မယ်များ ခေါ်ယူနေပါသည်။

အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ကြေငြာချက်တွင်ပါရှိသည်။

၁။ (၂၈.၂.၂၀၂၀) ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၂၄) နှစ်ထက်မကျော်သူ ဖြစ်ရမည်။
၂။ အိမ်ထောင်မပြုရသေးသူ လူပျို၊ အပျို ဖြစ်ရမည်။ (သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ပူးတွဲတင်ပြရမည်။)
၃။ အနည်းဆုံး တက္ကသိုလ် တတိယနှစ် တက်ရောက်သောသူဖြစ်ရမည်။ သက်ဆိုင်ရာတက္ကသိုလ်၏ ဒုတိယနှစ်အောင်မြင်ပြီးကြောင်း ထောက်ခံစာ (သို့မဟုတ်) တတိယနှစ် တက်ရောက်နေသောထောက်ခံစာ ပူးတွဲတင်ပြရမည်။
၄။ အမျိုးသားများအတွက် အရပ်အမောင်း ၅ပေ၆လက်မ အနည်းဆုံးရှိပြီး အရပ်နှင့် လိုက်ဖက်သောကိုယ်အလေးချိန် ရှိရမည်။
၅။ အမျိုးသမီးများအတွက် အရပ်အမောင်း ၅ပေ၄လက်မအနည်းဆုံးရှိပြီး အရပ်နှင့် လိုက်ဖက်သောကိုယ်အလေးချိန် ရှိရမည်။
၆။ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ (ကျန်းမာရေး စစ်ဆေးမှုခံယူရမည်။)
၇။ ရေကူးတတ်ရမည်။ (လက်တွေ့စစ်ဆေးမှုရှိမည်။)
၈။ အင်္ဂလိပ်စာ ( ရေး၊ ဖတ်၊ ပြောဆိုနိုင်ရမည်။) စစ်ဆေးမှုရှိမည်။ (အခြား နိုင်ငံခြားဘာသာစကားများပါ ကျွမ်းကျင်သူကို ဦးစားပေးမည်။ )
၉။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူဖြစ်ရမည်။
၁၀။ ရွေးချယ်ခြင်းခံရပါက မြန်မာအမျိုးသားလေကြောင်း၏ ဆေးစစ်ဆေးမှု အောင်မြင်မှသာ ခန့်အပ်ခြင်းခံရမည်ဖြစ်ပြီး အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

ထို့ပြင် စိတ်ပါဝင်စားလို့ လျှောက်ချင်သူများအနေဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း၊ ရပ်ကွက် ထောက်ခံစာများနှင့် လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲလျက် ရှေ့နှင့် ညာဘက်မှ ရိုက်ကူးထားသော ( ၄"x၆") အရွယ် ကိုယ်လုံးပြည့် အလှဓါတ်ပုံ (၁) ပုံစီ ၊ Passport Size ဓါတ်ပုံ (၃)ပုံနှင့် အတူ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး မြန်မာအမျိုးသားလေကြောင်း (ရုံးချုပ်) ၊ အမှတ်(၁၀၄)၊ ကမ်းနားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့နှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ မြန်မာအမျိုးသားလေကြောင်းရုံးများတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။

ထပ်မံပြီး အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၁-၃၇၉၄၇၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.