Wednesday, 16 October 2019 07:28

0045.jpg

စာသင်ကြားပေးတဲ့ ဆရာအလုပ်ဟာ တခြားသော အလုပ်တွေထက် စိတ်ဖိစီးမှုများတဲ့ အလုပ်တခုဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ စိတ်ဖိစီးမှုအများဆုံး

အလုပ်တခုဖြစ်ကြောင်း National Foundation for Educational Research က လေ့လာသူတွေက အတည်ပြုပြောကြားလိုက်ပါတယ်။

ပညာရေးဆိုင်ရာ သုတေသန လေ့လာမှုပညာရှင်တွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သုသေသနပညာရှင်တွေ ပေါင်းစပ်ကာ ဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ကမ္ဘာပေါ်က စိတ်ဖိစီးမှုအများဆုံး အလုပ်တွေထဲကမှ တခုအပါအဝင် ဖြစ်ကြောင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

လေ့လာမှုစစ်တမ်းတွေအရဆိုရင် စာသင်ကြားပေးတဲ့ ဆရာ ၅ ဦးမှာ တစ်ဦးနှုန်းနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေကြရတာဖြစ်ပြီး တခြားသော လုပ်ငန်းခွင်တွေမှာတော့ ၈ ဦးမှာ တစ်ဦးနှုန်းခန့်နဲ့ စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်နေကြရတယ်လို့ အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။

ကျောင်းသားနဲ့ ဆရာဦးရေ မမျှတမှုဟာလည်း စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။

တခြားသော အလုပ်တွေထက် စိတ်ဖိစီးမှုများရတဲ့ အကြောင်းရင်းနောက်တခုကတော့ စာသင်ကြားပေးရတဲ့ ဆရာ၊ဆရာမ အလုပ်ဟာ အားလပ်ချိန် အနည်းငယ်သာ ရပြီး အားလပ်ချိန်တွေမှာဆိုရင်လည်း စာသင်ကြားပေးဖို့ အတွက် သုတေသနတွေ၊ လေ့လာမှုတွေ ပြုလုပ်နေရတာကြောင့်

အားလပ်ချိန်ထက် အလုပ်ချိန်ဟာ ပိုများနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် အလုပ်ဝင်ပြီး သိပ်မကြာခင် အလုပ်ထွက်ကြတဲ့ ဆရာဦးရေဟာလည်း သိသိသာသာ မြင့်တက်လာနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး National Foundation for Educational Research မှ သုတေသီတဦးက “ စာသင်ကြားပေးရတဲ့ ဆရာအလုပ်ဟာ ဂုဏ်ငယ်စရာ အလုပ်တခု မဟုတ်ကြောင်းကို ပိုပြီးသိဖို့လိုပါတယ်။ နိုင်ငံတကာမှာ စာသင်ရတဲ့ဆရာတွေရဲ့ ဝင်ငွေလစာ နည်းပါးမှုဟာလည်း ဆရာဦးရေ နည်းပါးလာတဲ့ အကြောင်းရင်းတခုပါ၊ အလုပ်ချိန်များပြီး ဝင်ငွေကျနည်းနေတဲ့ အခြေအနေတခုကို ပြောင်းလဲပစ်ဖို့ လိုပါတယ်”လို့ ဆိုပါတယ်။

Ref.irrawaddy


Read times Last modified on Wednesday, 16 October 2019 10:44
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.