Tuesday, 19 February 2019 03:41

mts5.jpg

မသန်စွမ်းတွေအတွက် ရည်ရွယ်ပြီးပြေးဆွဲပေးမဲ့ YBS ယာဉ်တွေအတွက် အများပြည်သူသယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA ရဲ့ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနဲ့ Power Eleven Public Co., Ltd မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ရာ YBS ယာဉ်လိုင်းပြေးဆွဲရေး လုပ်ငန်းကိစ္စများတွင် သူတို့တွေ ကြုံတွေ့နေရသော အခက်အခဲအမျိုးမျိုးကို အသင်းအဖွဲ့တာဝန်ရှိသူများမှ တင်ပြဆွေးနွေးခဲ့ကြပြီး၊ Power Eleven Public Co., Ltd မှ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အို ၊ ကိုယ်ဝန်ဆောင်၊ ကျန်းမာရေးမကောင်းသူတွေ ကိုရည်ရွယ်ပြီး Wheelchair Accessible Bus ကားအစီးရေ ၁၂စီး နဲ့ ရွှေပြည်သာဆေးရုံကြီးကနေ ရန်ကုန်ဆေးရုံကြီးအထိ ပြေးဆွဲဖို့တင်ပြထားပြီး ခွင့်ပြုချက်ရတာနှင့် ရက်ပေါင်း ၆၀ အတွင်း နည်းပညာပိုင်းဆိုင်ရာတွေတပ်ဆင်ပြီး ပြေးဆွဲပေးသွားမယ်လိုလို့ POWER ELEVEN ကုမ္ပဏီရဲ့ ဒါရိုက်တာ ကိုတရုတ်လေး ကပြောပါတယ်။

mts3.jpg

စီးနင်းလိုတဲ့မသန်စွမ်းတွေ အနေနဲ့ လည်း viber ကနေတဆင့် မော်တော်ယာဉ်လာမည့် လမ်းကြောင်းနဲ့ အချိန်တွေကိုကြိုတင်သိရှိနိုင်မဲ့နည်းပညာထည့်သွင်းထားမှာဖြစ်ပါတယ်။

mts.jpg

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာတော့ မသန်စွမ်းလူဦးရေ နှစ်သိန်းငါးသောင်းကျော်ရှိပြီး YBS လိုအများပြည်သူသယ်ယူပို့ဆောင်ရေးတွေဟာ မသန်စွမ်းတွေအတွက် စီးနင်းလို့ အဆင်မပြေတာကြောင့် နေ့စဉ်သွားရေးလာရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ နေရတာပါ။

Source: 7DayDaily


Read 120 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.