ďťż
Tuesday, 04 April 2017 07:56

Fashion2

မင်္ဂလာပါ ချစ်တို့ရေ။ ဒီနေ့အတွက်တော့ ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် fashion tips လေး ရေးပေးချင်ပါတယ်။ နောက် ကမ်းခြေသွားတဲ့အခါ မရှိမဖြစ်သယ်ယူသွားရမယ့် အရာလေးတွေလည်း ရေးပေးသွားပါ့မယ်။

ကမ်းခြေဆိုတာကတော့ အားလုံးသိတဲ့အတိုင်း တခြားအပန်းဖြေနေရာတွေနဲ့မတူ စိတ်လက်ပိုမို ပေါ့ပါးလန်းဆန်းစေတဲ့အပြင် အမြဲတမ်းကြားနေရတဲ့ လှိုင်းပုတ်သံ၊ အထူးသဖြင့် ရေလှိုင်းသံတွေက အချစ်စိတ်တွေ တိုးပွားစေတယ်လို့ ဖတ်ဖူးပါတယ်။

ဒါကြောင့်လည်း ပျားရည်ဆမ်းခရီးတွေမှာဆို စုံတွဲတွေကို ကမ်းခြေသွားဖို့ကိုပဲ recommend ပေးတတ်ကြတာပါ။ နောက် စိတ်ဖိစီးမှုများနေတဲ့သူတွေလည်း ကမ်းခြေကိုပဲ အပန်းဖြေဖို့သွားသင့်တယ်လို့ ဆိုကြတယ် မဟုတ်လား။

ကမ်းခြေဆိုတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားရမယ့် နေရာလေးပါ။ ပဲများမယ်ဆိုရင်တောင် အတင်းကြီး အားမထုတ်ဘဲ သူ့ဘာသာသူပဲ စတိုင်ကျနေသလိုလို ပဲများရတဲ့ နေရာလေးပေါ့။ ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ အ၀တ်အစားလေးတွေ၊ အရောင်တောက်တဲ့ ဒီဇိုင်းလေးတွေ၊ နောက် အလွင့်ပုံစံလေးတွေက ကမ်းခြေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ဒါက ခြုံငုံပြီး ပြောပြထားတာပါ။

Fashion3

ပထမဆုံးအနေနဲ့ ချစ်တို့က swimsuit ၀တ်တတ်တဲ့သူဆိုရင်တော့ ကမ်းခြေသွားတော့မယ်ဆိုတာနဲ့ အမိုက်စား swimsuit လေးတွေ စုထားဖို့လိုပြီပေါ့။ ဘယ်နှစ်စုံဆိုတာကတော့ ရေထဲ တစ်ခါဆင်းရင် တစ်ခါ အသစ်လဲချင်သလားဆိုတဲ့အပေါ် မူတည်ပြီး ကိုယ် နေမယ့်ရက်လေးနဲ့တွက်ချက် သယ်သွားရုံပေါ့။ swimsuit တွေထဲမှာလည်း ခုနောက်ပိုင်း ချစ်စရာလည်း ကောင်း၊ တချို့ကျတော့လည်း ဆက်စီကျကျလေးတွေပေါ့။ အမျိုးစုံပဲ ဈေးကွက်ထဲ ရောက်လာပါပြီ။

Swimsuit မှာ two piece ပဲဖြစ်ဖြစ် one piece ပဲ ဖြစ်ဖြစ် ရေထဲ မဆင်းခင် ဂျင်းဘောင်းဘီတိုလေး အပေါ်က ထပ်ဝတ်ပြီး ကမ်းခြေမှာ နေနိုင်သလို ပြန်တက်လာပြီး ဟိုတယ်ထဲ တန်းမသွားချင်သေးရင်လည်း ဂျင်းဘောင်းဘီတစ်ထပ် ထပ်ဝတ်ပြီး အေးအေးဆေးဆေး နားနားနေနေ နေနိုင်ပါသေးတယ်။ Swimsuit ရွေးချယ်မှုအပိုင်းကတော့ တစ်ယောက်တစ်မျိုး ဖြစ်နေနိုင်တာမို့ မေသော် ဒီလောက်ပဲ ရေးပေးချင်ပါတယ်။

ကမ်းခြေမှာပဲ ရေထဲ မဆင်းဘူး၊ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်မယ်ဆိုရင် Boho ဖက်ရှင်လေးတွေက ကမ်းခြေနဲ့ အလိုက်ဖက်ဆုံးပေါ့။ နောက် ကိုယ့် ဖက်ရှင်ကို ပေါ့ပါးပြီး လွင့်ဝဲနေစေမယ့် ဂါဝန်ရှည် Maxi Dress တွေကလည်း ကမ်းခြေနဲ့ လိုက်ဖက်ပါတယ်။ နောက် dress တစ်ခုခု အပေါ်ကဖြစ်စေ၊ အကျီနဲ့ဘောင်းဘီအတွဲအစပ်ပေါ်က ဖြစ်စေ ထပ်ဝတ်နိုင်တဲ့ maxi cardigan dressတွေကလည်း ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် အထူးသင့်လျော်ပါတယ်။ ဒါကတော့ ကမ်းခြေမှာ sunset တို့ sunrise တို့မှာ အလှဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတွေအတွက်ပါ။
နောက် ကမ်းခြေသွားမယ့်သူတွေအတွက် သယ်သွားဖို့ အကြံထပ်ပေးချင်တာကတော့ tank topလေးတွေ၊ ပေါင်တစ်ဝက် dress အပါးလေးတွေ၊ ခုနောက်ပိုင်း စပန့်သားလို အသားပျော့ပျော့လေးတွေကို ဒီဇိုင်းဆင်ထားတဲ့ အကျီဘောင်းဘီ ၀မ်းဆက်လေးတွေ၊ overall လေးတွေ ၊ Off Shoulderလေးတွေ၊ တက်တင်းထိုးထားတဲ့ အသားမျိုးနဲ့ ကြိုးတစ်ချောင်းလေးတွေ၊ Floral playsuit လေးတွေ၊ ဖြူဖွေးနေတဲ့ dress အကားလေးတွေ၊ ဂျင်းဘောင်းဘီအတို၊ Pom Pom ဘောင်းဘီတိုလေးတွေ ( စပန့်သားလိုအသားမျိုးကို အတို..အောက်နားမှာ သိုးမွေးလုံးလေးတွေနဲ့အလှဆင်ထားတာမျိုး) ၊ စကတ်အရှည် ရှေ့ခွဲ၊ ဘေးခွဲ စတာတွေကို ရွေးချယ်သင့်ပါတယ်နော်။

Vol1 Issue 15 16

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကမ်းခြေသွားမယ့် ချစ်တို့ ဒီကနေ ခရီးဆောင်အိတ်ထဲ မဖြစ်မနေ ပါအောင် သယ်သွားရမယ့် အရာလေးတွေ ရှိပါသေးတယ်နော်။
(၁) မျက်နှာသုတ်ပုဝါတစ်ထည်၊

(၂) Sandal ဖိနပ် (ကြိုးသိုင်းဖိနပ်အပါး) ဒါမှမဟုတ် Flip Flop (ညှပ်ဖိနပ်အပါး)၊

(၃) ဦးထုပ်၊

(၄) မျက်မှန် ၊

(၅) Headphone (ကမ်းခြေမှာ အပန်းဖြေတဲ့အခါ အေးဆေးသီချင်းလေးနားဆင်နိုင်ဖို့)၊

(၆) စာအုပ်၊

(၇) Sweatshirt (ညဘက်တွေ အေးလာတဲ့အခါ ၀တ်ဆင်ဖို့) ၊

(၈) Sunscreen ၊

(၉) Lip Balm ၊

(၁၀) ဘေးလွယ်အိတ် စတာတွေပါပဲ။

ဒါလေးတွေက ကမ်းခြေအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာလေးတွေမို့ သေချာထည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။
ညဘက်တွေ ကမ်းခြေမှာ အေးမှာစိုးရင် ခုနစာရင်းထဲက အနွေးထည်၊ sweatshirt၊ hoodie လေးတွေတော့ ပိုထည့်လာခဲ့လိုက်ပါ။ ညဘက်ဟိုတယ်ရှေ့မှာ စုထိုင်ပြီး စကားပြောမယ်၊ သောက်ကြမယ် ဆိုရင် လေတိုက်ပြီး ခပ်ကြာကြာ မထိုင်နိုင်မှာစိုးလို့ပါ။
ကဲ ဒီလောက်ဆိုရင်တော့ ကမ်းခြေသွားမယ့် ချစ်တို့ ပြင်ဆင်စရာတွေကို မှတ်သားပြီးလောက်ပြီလို့ ထင်ပါတယ်။ ပုံလေးတွေထဲက ကိုယ်နဲ့ဘယ်လိုဒီဇိုင်းမျိုးလေးတွေ အဆင်ပြေမယ်ဆိုတာ တစ်ချက်ကြည့်ပြီး အိုင်ဒီယာထုတ်လိုက်ပါဦးနော်။

အချစ်တွေနဲ့မေ
မေသော် (I am Fashion blogger)

Facebook Page - I am Fashion

Read More Fashion Articles Here


Read 310 times Last modified on Monday, 24 April 2017 07:48
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.