Shwe Yee

Shwe Yee

Chief Minister of Yangon Region

    မြန်မာလုပ်ငန်းရှင် ဆုပေးပွဲ ကော်မတီနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးသိန်းတို့ ဇွန်လ(၁၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ တွေ့ဆုံကြပြီး မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်နဲ့ ရှေ့ဆက်လုပ်ကိုင် ရမည်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
    á€šá€„ယးကဲအသို့ တွေ့ဆုံစဉ်မှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးရေးအတွက် အထောက်အကူ များစွာပေးနိုင်တဲ့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲကဲ့သို့ အစီအစဉ်များစွာ ပေါ်ပေါက်လာခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
    "ကျနော်တို့ နိုင်ငံအတွင်းမှာ ဒီလိုအစီအစဉ်မျိုး ရှိတာ ကောင်းပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိတာနဲ့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုက ပိုမိုအရှိန်ရလာမယ်။ မြန်မာနိုင်ငံရဲ့ အလုပ်ရှင်ကဏ္ဍ ဖွံဖြိုးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အများကြီး အထောက်အကူပြုပါတယ်။" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

2017 MEA 2
    á€œá€°á‚”စဟမယးဥဏးဥရငယးဥဝမစယ စီမံခန့်ခွဲမှု ဆိုင်ရာ အလေ့အထကောင်းတွေ ဖြစ်ထွန်း ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြီး မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲ Myanmar Employer Awardsကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ မှာလည်း ဆက်လက်ကျင်းပမှာ ဖြစ်တယ်လို့ မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကို အဓိကပံ့ပိုးလျက်ရှိတဲ့ Jobnet.com.mm ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Matt De Luca က ပြောပါတယ်။
    â€œá€ťá€™á€”á€šá€™á€Źá€ˇá€œá€Żá€•á€šá€„á€”á€šá€¸á€›á€˝á€„á€š ဆုပေးပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ဝန်းကျင်၊ လုပ်ငန်းခွင် ယဉ်ကျေးမှု စတာတွေ အပါအဝင် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ထွက်ပေါ်လာအောင် အားစိုက်ဆောင်ရွက်နေမှုနဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ပံ့ပိုးပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြု လုပ်တာ ဖြစ်ပါတယ်။” လို့ အုပ်ချုပ်မှု ဒါရိုက်တာ Matt က ပြောပါတယ်။
    á‚၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲမှာ ကုမ္ပဏီပေါင်း ၁၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှာလည်း ကုမ္ပဏီပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Read more about business article here

travel

     (၃၃) ကြိမ်မြောက် ကိုရီးယား ကမ္ဘာ့ခရီးသွားပြပွဲ -၂၀၁၈ မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းမှ The Best Booth Operation Award ဆုရရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ပြပွဲကို ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနရဲ့ ဦးဆောင်မှု Korea Tourism Organization (KTO) ၊ KOTFA Co., Ltd ရဲ့ စီစဉ်ဆောင်ရွက်မှု နိုင်ငံတကာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်အဖွဲ့ အစည်းတွေဖြစ်တဲ့ UNWTO ၊ PATA ၊ JATA တို့ရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ COEX Convention & Exhibition Center မှာ ဇွန်လ ၁၄ရက်နေ့ကနေ ဇွန်လ ၁၇ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
      33rd Korea World Travel Fair-2018 ဟာ (၃၃) ကြိမ်မြောက် ကျင်းပခဲ့တဲ့ နိုင်ငံပေါင်း (၇၀)နိုင်ငံမှ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းနဲ့ ကုမ္ပဏီပေါင်း (၅၀၀)ကျော်မှ နိုင်ငံရဲ့ခရီးစဉ် ဒေသတွေနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ကြော်ငြာဖို့ ပါဝင်ပြသ ခဲ့ကြပါတယ်။ အဆိုပါပြပွဲဟာ ကိုရီးယား ခရီးသွားလုပ်ငန်း ကဏ္ဍရဲ့ ပြည်တွင်းခရီးသွား (Inbound)၊ ပြည်ပခရီးသွား (Outbound) နဲ့ ဒေသတွင်းခရီးသွား (Intrabound Tourism) တို့ကို မြှင့်တင်ဖို့နဲ့ နိုင်ငံတွင်းနဲ့ ပြည်ပနိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်ကို အပြန်အလှန် ဆက်သွယ်ပြီး ရှာဖွေနိုင်ဖို့ကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

travel 1
      အဆိုပါ ခရီးသွားပြပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်း၊ Lotte Hotel နဲ့ Wyndham Grand Yangon Royal Lake Hotel တို့ ပါဝင်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်း ပါဝင်ပြသခဲ့ရာ အကောင်းဆုံးပြခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်မှုဆု (The Best Booth Operation Award) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုဟာ နိုင်ငံပေါင်း (၃၄)နိုင်ငံက အဖွဲ့အစည်းပေါင်း (၅၄)ခုတို့က ခရီးသွားပြခန်းတွေ ပါဝင်ပြသခဲ့ရာ ပြခန်းမှာ ခင်းကျင်းပြသမှုနဲ့ ပြခန်း လာရောက်သူတွေကို နိုင်ငံအကြောင်း ရှင်းလင်းပြသ နိုင်မှုတို့အတွက် ပေးအပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

travel 2
      မြန်မာနိုင်ငံရဲ့ ပြခန်းမှာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေ၊ မြန်မာ့ရှုခင်း အလှတွေ၊ ယဉ်ကျေးမှုပုံစံတွေ၊ ပင်လယ် ကမ်းခြေတွေနဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ အသီးအနှံပုံတွေကို နောက်ခံဒီဇိုင်းတွေ ပြုလုပ်ပြီး ခင်းကျင်း ပြသခဲ့တယ်လို့ သိရပါတယ်။

Read  more about article here

Image 1

       ကမ္ဘောဇဘဏ်အနေနဲ့ ဘဏ်ခွဲကောင်တာတွေမှာ ငွေလွှဲပို့မှု အနည်းဆုံး ကောက်ခံတဲ့ ဝန်ဆောင်ခကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁ရက်နေ့က စတင်ပြီး မြန်မာကျပ်ငွေ (၅၀၀) သို့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။ အခြားသော ငွေလွှဲခ နှုန်းထားတွေကတော့ ယခင်အတိုင်းသာ ရှိမှာဖြစ်ပြီး အနိမ့်ဆုံး ကောက်ခံမယ့် ဝန်ဆောင်ခသာ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
       ကမ္ဘောဇဘဏ် လီမိတက်အနေနဲ့ ၎င်းရဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုအတွက် လက်ရှိ သုံးစွဲလျက်ရှိတဲ့ ဒစ်ဂျစ်တယ် နည်းစနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ယင်းကြေညာချက်နဲ့ အညီ ကမ္ဘောဇဘဏ်အနေနဲ့ သုံးစွဲသူတွေအတွက် ပိုမို အဆင့်မြင့်မားတဲ့ ဒစ်ဂျစ်တယ် နည်းစနစ်ကို ပြောင်းလဲခြင်း အပါအဝင် ပိုမိုလွယ်ကူ လျင်မြန်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ပြည်တွင်းငွေလွှဲခြင်းတွေကို တိုးမြှင့် အလေးထား ဝန်ဆောင်မှုပေးလိုက်တာပဲ ဖြစ်ပါတယ်။
      “ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု နှုန်းထားတွေက လွန်ခဲ့တဲ့ (၇) နှစ် အတွင်းမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ လက်ရှိ နှုန်းထားတွေကလည်း ခေတ်နဲ့လျော်ညီခြင်း မရှိတော့တဲ့အတွက် ဘဏ်အနေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေနိုင်ဖို့ အခုလိုပြင်ဆင်ရတာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။” လို့ ကမ္ဘောဇဘဏ်ရဲ့ Head of Domestic Remittance ဖြစ်သူ ဦးပိုင်မင်းက ပြောပါတယ်။
      အဆင့်မြင့် KBZ iBanking ကို အသုံးပြုပြီး အခြားသူတွေရဲ့ ကမ္ဘောဇဘဏ် အကောင့်သို့ ငွေလွှဲပေးပို့တဲ့ ဝန်ဆောင်ခတွေ (Internal Transfer Fees) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်ပြီး မိမိရဲ့ ကိုယ်ပိုင်ဘဏ်ကောင့် တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း (Own Account Transfer) အတွက် ငွေလွှဲခ ကောက်ခံခြင်း လုံဝမရှိကြောင်း သိရပါတယ်။

Read more about business article here

Happy Weekly Friday Game 15.6.18

      ပြီးခဲ့တဲ့သောကြာနေ့က ရန်ကုန်လမ်းညွှန်မှ ကျင်းပပြုလုပ်ခဲ့တဲ့ Happy Weekly Friday Game အစီအစဉ်မှာ အဖြေမှန်သူ (၁၂) ဦးအထိရှိနေခဲ့ပါတယ်။ အဆိုပါအဖြေမှန်သူ (၁၂) ဦးထဲကမှ ၃ ဦးကိုမဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဖြေမှန်ပေမယ့် မဲနှိုက်ရွေးချယ်ခဲ့တဲ့ ကံထူးရှင် ၃ ဦးထဲမပါဝင်ခဲ့တဲ့သူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ အဖြေမှန်သူ (၁၂) ဦးကိုဖော်ပြပေးလိုက်ပါတယ်။

1. Aye Aye Nyein
2. TunWin Tunwin
3. Thet Swe Oo
4. Khin Thu Zar
5. နှင်းဆီဖြူ နှင်းဆီဖြူ
6. Ko Myo
7. မိုးကာရံ
8. Kaung Sett Thaw
9. Htun Thu Zar
10. Maung Kyawing
11. Myo Ko Ko Htike
12. Thant Zin Phyu

 

BreadTalk Myanmar Plaza Outlet Opening 1 Credit to BreadTalk     

       အာရှရဲ့ ထိပ်တန်း မုန့်ဖုတ်လုပ်ငန်း တစ်ခုဖြစ်တဲ့ BreadTalk ရဲ့ တတိယမြောက် ဆိုင်ခွဲကို Myanmar Plaza မြေညီထပ်မှာ ထပ်မံဖွင့်လှစ် လိုက်ပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်းကJunction City နဲ့ Junction Square ဘေးက Crystal Tower မှာ ပထမဆုံး ဆိုင်ခွဲနှစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး BreadTalk ရဲ့ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အစာသွပ်မုန့်တွေကို နှစ်ခြိုက်စွာ စားသုံးသူ များပြားလာတာကြောင့် ဆိုင်ခွဲအသစ်ကို ထပ်မံ ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

       Myanmar Plaza က BreakTalk ဆိုင်ခွဲမှာတော့ လူဦးရေ ၅၆ ဦးစာ (အတွင်း ၂၈ ဦးစာ၊ အပြင် ၂၈ ဦးစာ) အတွက် ထိုင်ခုံနေရာတွေ ပြင်ဆင်ပေးထားပြီး ရန်ကုန်မြို့မှာ စတင် ဖွင့်လှစ်စဉ်ကတည်းက နှစ်သက်စွာ ဝယ်ယူအားပေး ခဲ့ကြတဲ့အတိုင်း သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ၈၀၀ ကျပ်က စတင်ကာ အမျိုးအစား စုံလင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ပေါင်မုန့်နဲ့ကိတ်မုန့် အမျိုးပေါင်း ၁၀၀ ကျော်ကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

BreadTalk Myanmar Plaza Outlet Opening 4 Credit to BreadTalk

      “အခုလို BreadTalk ဆိုင်ခွဲ အမြောက်အမြားကို ရန်ကုန်မြို့မှာ ထပ်မံ ဖွင့်လှစ်နိုင်ခဲ့တာဟာ ကျွန်မတို့ရဲ့ စားသုံးသူတွေကြောင့်ပါပဲ။ ကျွန်မတို့ BreadTalk ဆိုင်ခွဲတိုင်းကို နိုင်ငံတကာ အဆင့်မီ “Chef’s Table” ပုံစံအတိုင်း ပြင်ဆင်ထားတဲ့အတွက် စားသုံးသူတွေကို အနံ၊ အရသာတင်မက အပြင်အဆင်အထိ အပြည့်အဝ ခံစားမှုပေးချင်တဲ့ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုကို တွေ့ရမှာပါ။ Myanmar Plaza မြေညီထပ်ကို ဝင်လာတဲ့အချိန်မှာပဲ ကျွန်မတို့ရဲ့ ပေါင်မုန့် အနံ့နဲ့တင် စားချင်လာအောင် ဆွဲဆောင်နေမှာပါ။ မြန်မာနိုင်ငံမှာ BreadTalk စတင် ဖွင့်လှစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ နောက်ထပ်လည်း ကျွန်မတို့ရဲ့ ဆန်းသစ်မှုရှိပြီး ဆုတံဆိပ်တွေ ရရှိထားရုံသာမက အရေးအကြီးဆုံးဖြစ်တဲ့ အရသာရှိလှတဲ့ ပေါင်မုန့်၊ ကိတ်မုန့် နဲ့ အချိုရည်၊ ကော်ဖီတွေကို စားသုံးသူ အများကြီးဆီ ရောက်ရှိနိုင်အောင် ဆက်ပြီး ကြိုးစားသွားပါမယ်” လို့ BreadTalk Myanmar ရဲ့ Marketing Manager ဖြစ်သူ ဒေါ်ဆုမြတ်နိုးက ပြောပါတယ်။

      BreadTalk ရဲ့ Myanmar Plaza ဆိုင်ခွဲ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့Messy Buns လို့ အမည်ပေးထားတဲ့ ပေါင်မုန့် အမျိုးအစား အသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Messy Buns အမျိုးအစား ပေါင်မုန့်တွေကို လာမယ့် ရက်သတ္တပတ်အတွင်း Myanmar Plaza ဆိုင်ခွဲ တစ်ခုတည်းမှာသာ ရောင်းချပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ BreadTalk ဆိုင်ခွဲတွေမှာ မကြာမီ ဝယ်ယူရရှိနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

BreadTalk Myanmar Plaza Outlet Opening 7 Credit to BreadTalk

      BreadTalk ရဲ့ Myanmar Plaza ဆိုင်ခွဲသစ်မှာ အရသာရှိတဲ့ hot sandwich (ချက်ချင်းပြုလုပ်ထားသော ပူပူနွေးနွေး sandwich) တွေကို မနက်စာ သုံးဆောင်ချိန် (နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်း) ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချပေးသွားမယ့် hot sandwich တွေကတော့ ၀က်သားပြားနဲ့ကြက်ဥ hot sandwich, ၀က်ပေါင်ခြောက်နဲ့ကြက်ဥ hot sandwich နဲ့ စည်သွတ်အသားပြား hot sandwich တို့ဖြစ်ပြီး တစ်ခုချင်းဝယ်ယူပါက ၂၅၀၀ ကျပ်၊ အမေရိကာနို ကော်ဖီအပူ ဒါမှမဟုတ် လက်ဖက်ရည်အပူ ပါဝင်တဲ့ set လိုက်ဝယ်ယူပါက ၃၈၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Hot sandwich တွေကို နေ့စဉ် လက်ကျန်ရှိသရွေ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read More About Restaurants here

 

Service Apartment

       အဆင့်မြင့် ဈေးဝယ်စင်တာ၊ ၀န်ဆောင်မှု အပြည့်ပေးတဲ့ လူနေအိမ်ခန်း (service apartment)နဲ့ ခမ်းနားတဲ့ Wyndham ကြယ်(၅)ပွင့် ဟိုတယ်တို့ ပါရှိတဲ့ ကန်သာယာ အဆောက်အဦးကြီးကို လာမယ့် ဇွန်လ (၂၀)ရက်နေ့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ၄င်း အဆောက်အဦးဟာ ရန်ကုန်မြို့လယ်ခေါင်ကနေ ၃.၅ ကီလိုမီတာ အကွာရှိတဲ့ ကန်တော်ကြီး အနီးမှာ တည်ရှိပြီး စုစုပေါင်း ၁၉၆,၀၀၀ စတုရန်းပေ အကျယ်အ၀န်းနဲ့ အဆင့် (၅) အေရှိတဲ့ လုပ်ငန်း အဆောက်အအုံ ဖြစ်ပါတယ်။
       ယခုလက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီပေါင်း (၅၀၀) အတွင်း အပါအ၀င်ဖြစ်တဲ့ Sinohydro ၊ Well Transportation နဲ့ အတူတကွ လုပ်ငန်းခေါင်းဆောင်တွေ ဖြစ်တဲ့ ICT Star နဲ့ M9 Group တို့ဟာလည်း ကန်သာယာစင်တာမှာ ရုံးခန်းဖွင့်လှစ်လျက် ရှိပါတယ်။

Kantharyar Centre
      "ကန်သာယာစင်တာဟာ တစ်နေရာတည်းမှာ စီးပွားရေး လုပ်ငန်းလုပ်ရုံ သာမက အပန်းလည်းဖြေနိုင်ပါတယ်။ နေထိုင်ဖို့လည်း သင့်လျော်ပါတယ်။ ဈေးဝယ်လည်းထွက် နိုင်ပါတယ်။ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အဓိကနေရာ ဖြစ်တဲ့အပြင် ယာဉ်ကြောပိတ်ဆို့မှုလည်း နည်းပါးတဲ့ အားသာချက် ရှိပါတယ်။ ယခုလို အားသာချက်တွေနဲ့ နိုင်ငံတကာက ရင်းနှီးမြှပ်နှံသူတွေကို မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်ဖို့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။” လို့ Asia Myanmar Shining Star မှ အမှုဆောင်အရာရှိချုပ် Mr. Li Ji Feng က ပြောပါတယ်။
      ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးစနစ်၊ ခန်းလုံးပြည့် ကျောက်တွေနဲ့ မွမ်းမံထားတဲ့ အလှအပတွေ၊ အဆင့်မြင့်မားတဲ့ ၀န်ဆောင်မှုတွေ၊ China Unicom မှ မြင့်မားတဲ့ အင်တာနက်နှုန်း၊ ဒီဂျစ်တယ် လက်ဗွေစနစ်၊ မျက်ကြည်လွှာ အသုံးပြု လုံခြုံရေးစနစ်၊ VAC ဆာဗာ Firewall ကာကွယ်ရေးတွေကို မြန်မာနိုင်ငံ အတွင်းမှာ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံ ဈေးကွက်တွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေက ငှားရမ်းဖို့ ကြိုတင် စာရင်းပေးသွင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Shopping Centre
      မြန်မာနိုင်ငံရဲ့ ပထမဆုံး 5A တန်းဝင် လုပ်ငန်းအဆောက်အအုံ ဖြစ်တဲ့ ကန်သာယာစင်တာဟာ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မှာ ၂၀၁၇ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ကျင်းပခဲ့တဲ့ Guru Asia Property Award မှာ အကောင်းဆုံး ရုံးခန်းအဆောက်အဦးဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Read more about business article here

Telenor MBA Scholarships 5

       တယ်လီနောမြန်မာမှ မြန်မာလူငယ်တွေအတွက် ဆက်သွယ်ရေးနဲ့ အိုင်စီတီ အထူးပြု စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) ပညာသင်ဆုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကိုတော့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းကူညီမှုတွေကို အရှိန်မြှင့်တင်တဲ့အနေနဲ့ တယ်လီနောမြန်မာနဲ့ Myanmar Metropolitan College တို့ ပူးပေါင်း ပြုလုပ်တာပဲ ဖြစ်ပါတယ်။
       ဆွစ်ဇာလန်နိုင်ငံက University Business and International Studies နဲ့ ချိတ်ဆက်ထားတဲ့ Myanmar Metropolitan College ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်တာဖြစ်ပြီး ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍနဲ့ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ ဆက်စပ်တဲ့ လက်တွေ့နဲ့ နောက်ဆုံးပေါ် အသိပညာ အတတ်ပညာတွေကို မြန်မာကျောင်းသားတွေ သင်ယူနိုင်စေရေး ရည်မှန်းထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ တယ်လီနောမှ အကြီးတန်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြန်လည်သင်ကြား ပြသမှုတွေကိုပါ တက်ရောက်နိုင်မှာ ဖြစ်တဲ့အပြင် မဟာဗျူဟာကျ အိုင်စီတီစီမံခန့်ခွဲမှုဆိုင်ရာ အမ်ဘီအေဘွဲ့အပြင် နိုင်ငံခြားတက္ကသိုလ် အသိအမှတ်ပြု အမ်ဘီအေဘွဲ့ လက်မှတ်ကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်၊

Telenor MBA Scholarships 3
       “ ပြည်တွင်းပြည်ပ ရင်နှီးမြှပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက မောင်းနှင်မယ့် ဒစ်ဂျစ်တယ်ပညာ တတ်ကျွမ်းပြီး အရည်အသွေးပြည့်ဝတဲ့ လုပ်သားအင်အား တစ်ရပ်ကို ဒီနေ့လို အစီအစဉ်မျိုး တွေကနေ မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နယ်လ်ဆင်မန်ဒဲလား ပြောခဲ့သလိုပဲ ပညာရေးဆိုတာ ကမ္ဘာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားအကြီးမားဆုံးသော လက်နက်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ ခိုင်မာတဲ့ အထောက်အပံ့တွေ ရလေလေ ကျွန်မတို့ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်တဲ့ နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို လက်လှမ်းမီနိုင်ဖို့ ဒီပညာသင်ဆုက အထောက် အကူဖြစ်စေမယ်လို့ ယုံကြည်တဲ့အတွက် ဒီပညာသင်ဆု အစီအစဉ်ကို လျှောက်ထားကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။” လို့ တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ကယ်ရိုလိုင်း ယဉ်ယဉ်ဋ္ဌေးက ပြောပါတယ်။
       တက္ကသိုလ်မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ တည်ထောင်ရာမှာ ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာအထောက်အပံ့ လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်မယ့် ယင်းသင်တန်းအတွက် ပညာသင်ဆု အစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင်လ ၇ရက်နေ့ အတွင်း အွန်လိုင်းကနေ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Telenor MBA Scholarships 4
       တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို လင့်ကနေ https://goo.gl/AQGLCS ၀င်ရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး Myanmar Metropolitan College ကို ဆက်သွယ် စုံစမ်းနိုင်တဲ့အပြင် တယ်လီနောမြန်မာနဲ့ Myanmar Metropolitan College တို့ရဲ့ Facebook စာမျက်နှာတွေမှာလည်း အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more about business article here

Mobile Legends Southeast Asia Cup 2018

        အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mobile Legends Southeast Asia Cup 2018 Myanmar Open Qualifiers အတွက် Register စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းကို ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားပြုအသင်းတစ်သင်းက ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
       ဒီလို ၀င်ရောက်ယှဉ်ပြိုင် နိုင်ဖို့အတွက် အရင်ဆုံး မြန်မာနိုင်ငံအတွင်းမှာ Online Qualifiers ပွဲစဉ်တွေကို June 25 ရက်နေ့ကနေ July 1 ရက်နေ့ အထိ ကစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး Final Qualifiers အဆင့်ကိုတော့ Junction Square မှာ July 7 ရက်နေ့နဲ့ 8 ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် ဆော့ကစားစေမှာ ဖြစ်ပါတယ်။
       အခုဆိုရင် MSC 2018 Myanmar Qualifier ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပထမဆုံး အဆင့်ဖြစ်တဲ့ Open Qualifier အတွက် Register စတင် ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။ June 13 ရက်နေ့ကနေ June 21ရက်နေ့ အတွင်း အောက်မှာ ဖော်ပြထားတဲ့ Link ထဲကို ဝင်ရောက်ပြီး Registration ပြုလုပ်နိုင်မှာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ မည်သူမဆို ဝင်ရောက် စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ၁၈ နှစ်မပြည့်သေးပါက မိဘ အုပ်ထိန်းသူ လက်မှတ်လိုမှာ ဖြစ်ပါတယ်။

Register Link: https://goo.gl/forms/iUuvPH4AaeTywOH73

Source - Mobile Legends: Bang Bang - MM

 

Read more about update articles here

       3

       MPT မှ ဘောလုံး ချစ်သူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဘောလုံးစတား အက်ပလီကေးရှင်းရဲ့ အထူးအစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အထူးအစီအစဉ် အနေနဲ့ KIA Picanto 2018 မော်ဒယ် ကားအသစ် တစ်စီးကို ကံစမ်းနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ပရိုမိုးရှင်းကာလဖြစ်တဲ့၂၀၁၈ ခုနှစ် ဇွန်လ ၁၂ရက်နေ့ကနေ သြဂုတ် ၁၂ရက်နေ့ အတွင်း MPT ဖုန်းနံပါတ်နဲ့ ဘောလုံးစတား အက်ပလီကေးရှင်း ဝန်ဆောင်မှုကို ရယူထားရမှာ ဖြစ်ပါတယ်၊
       ယင်းဝန်ဆောင်မှုကို စတင် ရယူသူတွေအတွက် တစ်ပတ်တာ အခမဲ့သုံးစွဲခွင့်ကို ပေးအပ်သွားမှာ ဖြစ်ပြီး ရက်သတ္တပတ် ကျော်လွန်ပါက တစ်ရက်လျှင် ၁၀၅ကျပ်နှုန်းနဲ့ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်း အစီအစဉ်အတွင်း ပါဝင်လိုတဲ့ သုံးစွဲသူတွေ အနေနဲ့ ပရိုမိုးရှင်းကာလမှာ တစ်ရက်တာ ဝန်ဆောင်မှုကို အနည်းဆုံး ၂၁ ကြိမ် (သို့မဟုတ်) တစ်ပတ်တာ ဝန်ဆောင်မှုကို အနည်းဆုံး ၃ကြိမ် (သို့မဟုတ်) စုစုပေါင်း ၂၁ရက်စာ ဝန်ဆောင်မှုကို ရယူပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ကံထူးရှင်ကို ပြင်ပက လွတ်လပ်တဲ့ ပုဂ္ဂလိက စာရင်းစစ်အဖွဲ့က တစ်ဆင့် MPT ရုံးချုပ်မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လကုန်မှာ သတင်းထုတ်ပြန် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊

41
       “MPT နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ ဘောလုံးစတား အက်ပလီကေးရှင်းမှာ မြန်မာဘာသာစကားနဲ့ နောက်ဆုံး ရသတင်းတွေကို အွန်လိုင်းပေါ်ကနေ သက်တောင့်သက်သာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးစတားကို သုံးစွဲသူတွေအတွက် လွယ်လွယ်ကူကူ သုံးနိုင်တဲ့ ပလက်ဖောင်း တစ်ခုအဖြစ် ဖန်တီးထားပါတယ်။ ပရိုမိုရှင်း အစီအစဉ်ကနေ တစ်ဆင့် မိုဘိုင်းလ်ဖုန်းပေါ်မှာတင် ကမ္ဘာ့ဘောလုံး သတင်းတွေကို ထူးထူးခြားခြား ဘယ်လို ဖော်ပြထားလဲဆိုတာကို သုံးစွဲသူတွေ လေ့လာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။" လို့ ဘောလုံးစတား အက်ပလီကေးရှင်း ဖန်တီးထားတဲ့ ထွဋ်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုးထွဋ်က   ပြောပါတယ်။
       MPT သုံးစွဲသူတွေသာ သီးသန့်ရယူနိုင်မယ့် ဘောလုံးစတား အက်ပလီကေးရှင်းမှာ ဘောလုံးအားကစားကို နှစ်သက်ကြသူတွေ တစ်ထိုင်တည်းရယူ အသုံးပြုနိုင်မယ့် အွန်လိုင်းဝန်ဆောင်မှု ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအသင်းတွေ၊ ကစားသမားတွေနဲ့ နောက်ဆုံးရ သတင်းတွေကို အဆင်သင့် ဖတ်ရှုနိုင်ဖို့ ဆောင်ရွက်ထားပြီး လွယ်ကူရိုးရှင်းတဲ့ ပုံစံကြောင့် ဗီဒီယိုတွေ၊ ပွဲချိန်စာရင်း၊ ဒဏ်ရာရ ကစားသမား ဂိုးရလဒ်တွေနဲ့ ပွဲကြို ခန့်မှန်းချက်တွေလို သီးသန့် အကြောင်းအရာတွေကို မိုဘိုင်းလ်ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်၊

1
       Android သုံးစွဲသူတွေအနေနဲ့ ဘောလုံးစတား အက်ပလီကေးရှင်းကို ဒေတာ သုံးစွဲရန်မလိုအပ်ဘဲ လိုတရ (http://bs.lotayamm.com/) မှာ ဒေါင်းလုတ် ရယူနိုင်မှာဖြစ်ပြီး 8118 သို့ “DL”ဟု SMS ပေးပို့ခြင်းဖြင့်လည်း ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးစတား အက်ပလီကေးရှင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ 106 သို့မဟုတ် Customer Service Team ဖုန်းနံပါတ် ၀၉၄၅၅၅၀၀၄၄၀ သို့မဟုတ် ၀၉၄၅၅၅၀၀၈၈၀ ကို ဆက်သွယ် ခေါ်ဆိုမေးမြန်းရမှာ ဖြစ်ပါတယ်။

Read more about business article here

      Tom n Toms 4

တောင်ကိုရီးယား နိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီ အမှတ်တံဆိပ် ဖြစ်တဲ့ TOM N TOMS Coffee ကို မြန်မာနိုင်ငံမှာ Myanmar International Business Alliance Co.,Ltd (MIBA) မှ တစ်ဦးတည်း ကိုယ်စားလှယ်ယူပြီး ပထမဆုံးဆိုင်ခွဲကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 3 မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
      ‘The Coffee Master from Korea’ လို့ ဆိုတဲ့အတိုင်း ကိုရီးယားနိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီအမှတ်တံဆိပ် TOM N TOMS Coffee ကို ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာကို ဈေးကွက်ချဲ့ထွင် နိုင်ခဲ့ပါတယ်။ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ မကာအို၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း (၇၀၀) ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်၊

Tom n Toms 3
      "အခုဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ၊ ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာကြတယ်။ TOM N TOMS Coffee ဟာ ကိုရီးယားနိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ မြန်မာ လူမျိုးတွေရဲ့ စားသောက်နေထိုင်မှုပုံစံ လူနေမှု အဆင့်အတန်းတွေ အဆင့်မြင့်လာပြီး နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ အစားအသောက်တွေကို ထိတွေ့ မြည်းစမ်းချင်လာကြတာကြောင့် ကျွန်တော်တို့ MIBA Co.,Ltd အနေနဲ့ TOM N TOMS Coffee ကို franchise ယူပြီး မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ’’ လို့ TOM N TOMS Coffee  မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ် MIBA Co.,Ltd, Director ဦးအောင်စည်သူခန့်က ပြောပါတယ်။
       TOM N TOMS Coffee ရဲ့ ထူးခြားတဲ့ ကော်ဖီအရသာအတွက် အရည်အသွေးမြင့် ထိပ်တန်းကော်ဖီစေ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်၊ ထုတ်ပိုးမှုပုံစံတွေနဲ့ စားသုံးသူတွေကို စိတ်ရောကိုယ်ပါ လန်းဆန်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်စေမှာ ဖြစ်ပါတယ်။ TOM N TOMS မှာ ကိုယ်ပိုင် ကော်ဖီစိုက်ခင်းတွေ ရှိပြီး ရွေးချယ်မှု တစ်ခုစီတိုင်းအတွက် ကောင်းမွန်တဲ့ အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက စားသုံးသူတွေဟာ ကမ္ဘာ့အဆင့်မီ ကော်ဖီအရသာကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်၊

Tom n Toms 2
       နိုင်ငံတကာ TOM N TOMS Coffee ဆိုင်တွေနည်းတူ ကောင်းမွန်တဲ့ အရည်အသွေး၊ နွေးထွေးတဲ့ ၀န်ဆောင်မှု၊ ခေတ်မှီနွေးထွေးတဲ့ ဖွဲ့စည်းမှုပုံစံ အခင်းအကျင်းတွေနဲ့ မြန်မာနိုင်ငံမှာ TOM N TOMS Coffee ရဲ့ ပထမဆုံးဆိုင်ခွဲကို ယခု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သလို ဒုတိယမြောက် ဆိုင်ခွဲကိုလည်း ကန်သာယာစင်တာမှာ မကြာမီအချိန်အတွင်း ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more about article here

Page 1 of 112