Published in Best of Yangon...

မိုးလေးလည်း ကျလာပြီဆိုတော့ သူသူကိုယ်ကိုယ် အေးအေးချမ်းချမ်းဖြစ်လာတာ မှန်ပေမယ့်  တစ်နေ့တာ တစ်ပတ်တာ လုပ်ငန်းခွင်အသီးသီးမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ  ပြာလွင်နေတဲ့ ရေကန်ထဲ ကိုယ့်ကိုယ်ကို စိမ်ချလိုက်ရင်း  ကိုယ် နှစ်သက်ရာ ကော့တေးလ်၊ ဝီစကီ၊ ဘီယာ၊  ဝိုင် စသဖြင့် အပန်းဖြေယစ်မူးပစ်လိုက်လို့ ရစေဖို့  အခန်းမယူဘဲ ရေကူးကန်အသုံးပြုလို့ ရမယ့် နေရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။ Novotel Yangon Max Pool Novotel Yangon Max Pool ကတော့ ဘားနဲ့ စပ်လျက် တကယ့် ကမ်းခြေတစ်ခုလို လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုနဲ့ လွင့်ပါစီးမြောနိုင်မယ့် ရေကူးကန်ပဲပေါ့။  á€žá€°á€€ လူကြီးတစ်ယောက်ကို USD 15 နဲ့ ကလေးတစ်ယောက်အတွက်…

Published in Best of Yangon...

          ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် အများပြည်သူ အသိပညာပေး လှုပ်ရှားမှုအစီအစဉ်မှာ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်တဲ့ အကယ်ဒမီများဆုရှင် ဆွေဇင်ထိုက် (အန်တီဂရေ့စ်)၊ တေးသံရှင် ဇွဲပြည့်၊ ဖက်ရှင်ဒီဇိုင်နာ မပုံ့၊ အလှအပရေးရာ ဖန်တီးရှင် ခင်စန်းဝင်းနဲ့ မော်ဒယ်လ် နှင်းရည်လွင်တို့ကပူးပေါင်းပါဝင် သွားမှာ ဖြစ်ပါတယ်။      အဆိုပါ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဗီဒီယို ၅ ကားဟာ ပလတ်စတစ် ညစ်ညမ်းမှုနဲ့ ဆိုးကျိုးတွေ အကြောင်းကို အများပြည်သူတွေ အကျယ်တဝင့် သိရှိစေဖို့ မီးမောင်းထိုး တင်ဆက်ပြသထားခြင်းဖြစ်ပြီး ထိုဗီဒီယို ဇာတ်လမ်းတိုတွေဟာ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ သန့်မြန်မာမှ ဖန်တီးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။   …

Published in Restaurants

ကိုယ်အလေးချိန်လျှော့ချတာက ကောင်းကျိုးတော့ များပါတယ်။ ဒါပေမဲ့ အလုံးစုံ ကောင်းတာတော့ မဟုတ်ဘူးနော်။ သူ့မှာလည်း ဒီလိုဆိုးကျိုးလေးတွေ ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်နဲ့ ပတ်သက်ပါသတဲ့။စိတ်လက် မရွှင်ပျခြင်းဝိတ်ချတဲ့အခါ စားချင်တာတွေကို မစားဖြစ်အောင် ထိန်းချုပ်ရတာကြောင့် စိတ်လက်မရွှင်ပျ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ဖြေရှင်းနိုင်မှ သင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ ဒီလိုဖြစ်လာရင် ဆာလောင်မှုကို ခံစားရတာနဲ့ အဆီမတက်စေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာတွေကို စားပြီး များများအိပ်ပေးပါ။အသားအရေ လျော့တွဲကျလာတာကိုယ်အလေးချိန် လျော့ကျလာတာနဲ့အမျှ အသားအရေ လျော့တွဲလာတတ်ပါတယ်။ အရမ်းဝရာကနေ ကိုယ်အလေးချိန် ကျသွားတာနဲ့ ပိုနေတဲ့ အရေပြားခေါက်ကြီးတွေကြောင့် မလှမပဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်မလာစေဖို့ ကိုယ်အလေးချိန် ချနေတဲ့အချိန်မှာ ကိုယ်ကာယ ကျစ်လျစ်စေတဲ့ လေ့ကျင့်ခန်းလေးတွေ မှန်မှန်…

Published in Health & Beauty

တချို့ တလေက ကြုံဖူးကြားဖူး လက္ခဏာ အပေါ် မူတည်ပြီး အအေးမိတာပါလို့  တန်းခနဲ ကောက်ချက်ချတတ်ကြပေမဲ့ တချို့ကျတော့လည်း နည်းနည်း ဗဟုသုတ ပိုရင် ဒါဓာတ်မတည့်တာလည်းဖြစ်နိုင် တယ်လို့  တွေးမိကြပါတယ်။ ဓာတ်မတည့် တာရော၊ အအေးမိတာရောမှာ တွေ့ ရတတ်တဲ့ လက္ခဏာတွေက ချောင်းဆိုး၊ နှာချေ၊ နှာရည်ယိုတာတွေကျတော့ တူညီ နေလို့ပါ။ တစ်ခု ယေဘုယျ ပြောနိုင် တာကတော့ နှပ်ချေးက အဝါရောင်တွေ ဖြစ်နေရင် အအေးမိတယ်လို့ဆိုနိုင်ပြီး နှာရည်ကြည်ကြည်တွေသာ ကျနေရင် တော့ အလားဂျစ် လို့ခေါ်တဲ့ ဓာတ်မတည့် တာမျိုးပေါ့။ မျက်စိယား မျက်ရည်ယို  á‚á€˝á€Źá€ąá€á€şáŠ ချောင်းဆိုးနဲ့ အတူ မျက်စိကယားပြီး…

Published in Health & Beauty

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များအစိမ်းရောင်မုန်ညင်းရွက်၊ ဒေါက်ခွရွက်၊ ဆလတ်ရွက်၊ ချီကိုရီရွက် နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဖိုလစ် နဲ့ ကယ်ရိုတယ်နွိုက် ဓါတ်တွေများစွာ ပါဝင်ပါတယ်။  ဒီအစာအဟာရဓါတ်တွေက ပါးစပ်ကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိကင်ဆာ၊ အဆုပ်ကင်ဆာ၊ အရေပြားနဲ့ အစာအိမ်ကင်ဆာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင် နနွင်းမှုန့်အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းထဲမှာ Curcumin ဓါတ်အဓိကပါဝင်ပြီး အလားအလာရှိတဲ့ ကင်ဆာတိုက်ဖျက်ရေးပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ ဒီဓါတ်က ကင်ဆာကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားစေနိုင်တဲ့ ကင်ဆာဆဲလ်တွေရဲ့ အသွင်ကူးပြောင်းမှု၊ တိုးပွားမှုနဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။ ဘလူးဘယ်ရီသီးဘလူးဘယ်ရီသီးထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်ဖယ်ရှားပေးနိုင်တဲ့ ဓါတ်တွေက ကင်ဆာကနေစပြီး အခြားခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အဆိပ်အတောက်တွေက ဆဲလ်တွေကို…

Published in Health & Beauty

ကျွန်မတို့ ဘဝရှင်သန်မှုမှာ အရေးပါတဲ့  အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးဖြာအတွက် နေ့စဉ်ဂရုစိုက်မှုလိုအပ်ပါတယ်။ အဲဒီ အာရုံ ငါးဖြာထဲကမှ အကြားအာရုံအတွက် အဓိကဇာတ်ဆောင်ဖြစ်တဲ့ နားရွက်လေးတွေ ကျန်းမာစေဖို့နဲ့ လှပရှင်းသန့်စေဖို့ ထိန်းသိမ်းစောင့်ရှောက်မှုလေးတွေကို  ဒီတစ်ပတ် ဝေမျှပေးပါရစေ။ နားရွက်လေးတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပါ။ နားရွက်လေးတွေ မရှိရင် အသံတွေကို ကြားသိခံစားနိုင်မှာ မဟုတ်ပါဘူး။ အကြားအာရုံချို့တဲ့နေရင် စကားလည်း မပြောနိုင်ဘူးပေါ့။ ဒါဆိုရင် လူမှုဆက်ဆံရေးမှာ တစ်ခြားသူတွေနဲ့ ဆက်သွယ်ပေါင်းသင်းဖို့ ခက်ခဲလာပြီလေ။ ဒါကြောင့် ပုံမှန်ပြည့်စုံတဲ့ဘဝမှာ လူတိုင်းဟာ ကိုယ့်တာဝန်နဲ့လုပ်ဆောင်ချက်တွေအတွက် အာရုံငါးပါးဟာ ညီညွတ်နေဖို့ လိုကို လိုတာပါ။ ဒီအတွက် အကြားအာရုံကို ဖြည့်ဆည်းပေးမယ့် နားရွက်လေးတွေရဲ့…

Published in Business

ဒီတစ်ပတ်မှာတော့ လူငယ်တွေ GYM ဆော့ကစားတာတွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ နည်းလမ်းတွေအကြောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် မူတည်ပြီး GYM ကို စနစ်တကျ ကစားသင့်တယ်လို့ Training Ground Myanmar ရဲ့ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာအောင်ထက်သူက ပြောပြထားပါတယ်။ Training Ground Myanmar အကြောင်းလေးကို အရင်ဆုံးမိတ်ဆက်ပေးပါဦး။ Training Ground Myanmar  ကတော့ Fitness လောကမှာ အသစ်ပေါ့။ သူများတွေ မလုပ်သေးတဲ့ International မှာ Training ဖြစ်နေတဲ့ဟာကို ကျွန်တော်တို့က ဒီမှာ အချိန်နဲ့ တပြေးညီ တိကျတဲ့ နည်းစနစ်တွေနဲ့ မှန်မှန်ကန်ကန် လေ့ကျင့်လို့ရအောင်  ဆောင်ရွက် ပေးနေတာပါ။ ပြီးတော့…

Published in Health & Beauty

ခေတ်သစ်ပျိုမဒီတွေကတော့ အလှအပနဲ့ ပတ်သက်လာရင် အမြဲတမ်းကို နည်းလမ်း ရှာဖွေနေကြပါပြီ။ အရေပြားအလှအပတွေသာမက ကိုယ်ခန္ဓာအလှအပ အစိတ်အပိုင်းတွေကိုလည်း လှပဖို့ အထူးဂရုပြုလာကြတာလည်း တွေ့ရပါတယ်။ တချို့ကတော့ လှချင်ရုံသက်သက်၊ တချို့ကတော့ လှပတာအပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုလာစေဖို့အတွက် တချို့ကတော့ ကျန်းမာရေးအထောက်အကူဖြစ်စေဖို့အတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အားကစားကို ပြုလုပ်လာကြပါတယ်။ လက်ရှိရန်ကုန်မှာ ခေတ်စားနေတဲ့ အားကစားနည်းတစ်ခုကတော့ Bahosi Fitness Center ကပြုလုပ်တဲ့ 7 days Workout  Challenge ဆိုပြီး  အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက် ကခုန်ပြီး အဆီချတဲ့နည်းလေးပဲဖြစ်ပါတယ်။ ဒီအားကစားနည်းက အာရှနိုင်ငံတွေမှာတော့ ခေတ်စားနေတာကြာပြီဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ခေတ်စားလာတာ မကြာသေးပါဘူး။ ဒီအားကစားနည်းကို သယ်ဆောင်လာသူ ထိုင်းထရိန်နာတစ်ဦးဖြစ်တဲ့ Mr.Kero က…

Published in Health & Beauty

သစ်သီးအချို့က ကိုယ်အလေးချိန် လျော့ကျစေ တယ်ဆိုတာကို သိပါသလား။  အချို့ သစ်သီး တွေကတော့ အမျှင်ဓာတ်နဲ့ ပက်တင်တို့ြွကယ်ဝစွာ ပါဝင် တာကြောင့် သဘာဝ အဆီကျဆေးလို့ တင်စား နိုင်သလို ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါသ တဲ့။ အချို့သစ်သီးတွေကတော့ အချိုဓာတ် လျော့နည်း ပြီး အာဟာရတန်ဖိုး မြင့်မားကြပါတယ်။ ဒီတော့ ကျန်းမာရေးအတွက်လည်း ပိုကောင်းစေပြီး ဝိတ်ကျ ပိန်သွယ်စေမယ့် သစ်သီးလေးတွေကို မျှဝေပါရစေ။ ပန်းသီးပန်းသီးဟာ သစ်သီးတွေထဲမှာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အကောင်းဆုံး သစ်သီးတစ်မျိုး ပါ။ အမျှင်ဓာတ်ြွကယ်ဝစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုက နည်းစေသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ပိန်သွယ်လိုသူတွေအနေနဲ့…

Published in Health & Beauty

သံပယိုသီးဟာ ဝိတ်ချဖို့ အကူအညီပေးတဲ့ အသီးဖြစ်ပြီး  နေ့တစ်နေ့ကို သံပုယိုသီးဖျော်ရည်နဲ့ အစပြုတာဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို မြှင့်တက် စေတယ်။ စားတဲ့အစားအစာတွေကို သန့်စင်ပေးသလို  နှစ်ပတ်ပြည့်တိုင်း တစ်ပေါင် လောက် ပုံမှန်ကျသွားစေဖို့ အထောက်အကူပေးတယ်လေ။ ဒါတင်မကသေးဘူး စိတ်ပိုင်းဆိုင်ရာကိုလည်း ရွှင်လန်းတက်ြွကစေတယ်။  ကိုယ့်မုဒ်က မကောင်း၊ မရွှင်မပျ ဖြစ်နေရင် သံပုယိုသီးကိုသာ ဖျော်ရည်လုပ်သောက်လိုက်ပါ။ ချက်ချင်းအပြောင်းအလဲ ဖြစ်သွားမှာ။ ကဲ သံပုယိုသီးစားလို့  မကောင်းတဲ့အရာ ဘာရှိသေးလဲ။ Read More About Health Articles Here

Published in Health & Beauty

အရေပြားအလှအပအတွက် လိုအပ်တဲ့ အာဟာရကို ပြန်လည်ဖြည့်ဆည်းပေးတဲ့  ဒြပ်သတ္တိတွေရှိတဲ့ Bio-Oil က အရေပြားပေါ်မှာ ထင်ကျန်ရစ်တတ်တဲ့ အမာရွတ်တွေ၊ အသားရောင် မညီတာတွေ၊ အရေပြား အိုမင်းရင့်ရော်တာတွေနဲ့ အစိုဓာတ်ခမ်းခြောက်တဲ့ ပြဿနာတွေနဲ့ အကြောပြတ်ရာတွေကို သက်သာ ပျောက်ကင်းစေပါသေးတယ်။ဟော်မုန်းဓာတ် ထုတ်လုပ်မှု မညီညာတာ၊ အသားဖြူဆေးတွေ သုံးစွဲလို့ ဖြစ်လာတဲ့ ပြဿနာတွေ၊ နေလောင်ဒဏ်တွေကိုလည်း ပြန်လည် ကုစားပေးနိုင်ပါသတဲ့။ ရာသီဥတုဒါဏ်နဲ့ ဓာတုဗေဒဆေးဝါးတွေ သုံးစွဲထားမိရင်လည်း ဖြစ်တတ်တဲ့ အရေပြား ခြောက်သွေ့တာတွေအတွက် အာဟာရပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။သာမန်အချိန်တွေ အတွက်တင်မကပါဘူး။ Bio-Oil ရဲ့ အားသာချက်က ကိုယ်ဝန်ဆောင်ချိန်တွေ၊ ဆယ်ကျော်သက်တွေ ကြီးထွားဖွံ့ဖြိုးချိန်နဲ့ ကိုယ်အလေးချိန် အလျင်အမြန် တိုးလာချိန်တို့မှာ ဖြစ်တတ်တဲ့ အရေပြားပေါ်က အကြောပြတ်ရာတွေနဲ့ အကြောပြတ်ရာ…

Published in Health & Beauty

ယနေ့ခေတ်မှာ ကော်ဖီယဉ်ကျေးမှု ထွန်းကားသလို ကော်ဖီချစ်သူတွေကလည်း များသားလားရှင်။ တစ်နေ့တာကို ကော်ဖီလေးနဲ့မှ အစမပြုရရင် အဆင်မပြေဘူး ဆိုတဲ့သူတွေအပြင် တစ်နေ့ကို ကော်ဖီ ၅ခွက်နဲ့ အထက် သောက်တတ်သူတွေလည်း ရှိနေလေတော့ ကော်ဖီအသောက်များရင် ဖြစ်တတ်တဲ့ ပြဿနာလေးတွေထဲကမှ စိတ်ပူပန်မှုများစေတဲ့ အကြောင်းလေး ပြောပါရစေ။ ကော်ဖီမှာပါတဲ့ Caffine ဓာတ်က စိတ်ပူပန်သောက (Anxiety)ကို ပိုဖြစ်စေပါတယ်။ အကျိုးဆက်အနေနဲ့ သာမန်အခြေအနေမှာတောင် အာရုံထွေပြားတာ၊ ကနာမငြိမ်ဖြစ်တာတွေကို ခံစားရတတ်ပြီး စိတ်တို ဒေါသထွက်လွယ်တတ်ပါတယ်။ ဒါကြောင့် Anxiety လွန်ကဲခြင်း မဖြစ်အောင် တစ်နေ့တာကို ကော်ဖီနှစ်ခွက်ထက် ပိုမသောက်ပါနဲ့လို့ အကြံပြုပါရစေ။ AzureRead More About Health Articles Here     …

Published in Health & Beauty

အဲဒါဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်တဲ့အန္တရာယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ သူက ခန္ဓာကိုယ်အောက်ပိုင်း သွေးကြောတွေ ပိတ်ဆို့လာပြီး ခြေထောက်က သွေးကြောတွေ ကျဉ်းမြောင်းသွားတာမျိုး ဖြစ်စေပါတယ်။ အဲဒီအခါ ကြွက်သားဆီကို သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်ပြီး လမ်းလျှောက်ရခက်တာ၊ နာကျင်တာနဲ့ မတ်တပ်ရပ်ရခက်လာတွေ ကြုံလာရစေပါတယ်။ ဒါကြောင့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပုံမှန်စားသုံးပါ။ ဒါကအပေါ်မှာ ပေးရတဲ့ ပြဿနာတွေ ကြုံဆုံရနိုင်မှု ၁၈ ရာခိုင်နှုန်း ပိုနည်းပါးစေပါသတဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သရွေ့ များများစားသုံးတာက သွေးကြောဆိုင်ရာ ဖြစ်တတ်တဲ့ ပြဿနာတွေကို အကူအညီပေးနိုင်ပါတယ်။ ဆေးလိပ်၊ အရက်သောက်သုံးနေလည်း တစ်ဖက်က သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုစားသုံးပေးနေတဲ့အတွက် ဖြစ်နိုင်တဲ့ ရောဂါအန္တရာယ်က ဖြစ်နိုင်ချေ လျော့ပါးသွားနိုင်တဲ့…

Published in Health & Beauty

ဆံပင်နည်းလို့ ပါးလို့ စိတ်ညစ်နေလား၊ ဆံပင်ကျွတ်ပြီး ပြန်ပေါက်ချင်လား၊ ဒီနေ့ပဲခေါင်းလျှော် ဒီနေ့ပဲအဆီပြန်ထွက်လို့ စိတ်ညစ်နေလား။ ဘယ်လောက်တော်တဲ့ ဆံပင်ညှပ်ဆရာနဲ့ ညှပ်ညှပ်၊ ဘာကြောင့် ဆံပင်ပုံမလှတာလဲသိရဲ့လား။ ဗောက်ပျောက် Shampoo နဲ့လျှော်လည်း ဗောက်က ချက်ချင်း ပြန်ထွက်လာတာ ဘာကြောင့်လဲ။ " အဲဒါအားလုံးက ဦးရေပြားရဲ့ပြဿနာ" ပါတဲ့။ မြေဩဇာကောင်းရင် အပင်က စိမ်းစိမ်းစိုစိုနဲ့ အများကြီး ပေါက်တယ်ဆိုတဲ့ သဘောပါ။ အခုခေတ်လူငယ်တွေ အများဆုံးဖြစ် နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နေရာရှိပါတယ်။စုံစမ်းပြီး ကုသနိုင်တဲ့ နေရာတွေက -(1) Fancy House hair beauty nail spa 01-650759, 09-263200033(2) Agnes Lim by…

Published in Health & Beauty

ဗီတာမင်စီဟာ ခန္ဓာကိုယ်ရဲ့ ကော်လာဂျင်တွေ ထုတ်လုပ်ရေးမှာ အရေးပါပါတယ်။ အဲဒီကော်လာဂျင်တွေဟာ သွားဖုံးသွေးကြောတွေနဲ့ အရိုးအဆစ်တွေအတွက် အရေးကြီးသလို သံဓာတ်ကို စုပ်ယူဖို့ရာမှာလည်း အထောက်အကူပေးပါတယ်။  သွေးပေါင်ကိုလည်း ကျစေပါတယ် (သွေးကြောတွေကို သေချာစီးဆင်းနိုင်ဖို့ အထောက်အကူ ပေးပါတယ်)။ ဗီတာမင်စီဓာတ် ချို့တဲ့ရင် ကြွက်သားတွေ အားနည်းမယ်၊ သွားဖုံးသွေးယိုမယ်၊ သွားတွေ မကောင်းဘူး၊ အရေပြားအောက်မှာ သွေးယိုစီးမယ်၊ မောပန်းမယ် စိတ်ဓာတ်ကျမယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲမှာ လူဟာ ချုံးချုံးကျသွားမှာပဲပေါ့။ ဒါကြောင့် ပေါ့ပေါ့မနေကြဖို့၊ သေးငယ်တဲ့ အရာလေးတစ်ခုလို့ ထင်မြင်ယူဆလိုက်ရုံလေးနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက အကြီးကြီးတွေပါပဲနော့်လို့။                         á€ąá€”လငယးRead More About Health Articles Here

Published in Health & Beauty

ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းမှုအတွက် ရေဓာတ်က အရေးတကြီး လိုအပ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာရောလေ။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေပြီ ရေဓာတ်ဖြည့်ဖို့ လိုလာပြီဆိုရင် ဒီလို အမှတ်လက္ခဏာတွေ ပြလာပါလိမ့်မယ်။မောပန်းလာမယ်အိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် ပင်ပန်းနေပေမဲ့ ညဘက် ကောင်းကောင်းအိပ်စက်နားနေပြီးသော်ငြား အားမရှိသလို ပင်ပန်းနွမ်းနယ်နေသေးတယ်ဆိုရင် သင့်ကိုယ်မှာ ရေဓာတ်ခန်းခြောက်နေလို့ပါပဲ။ ကာလကြာရှည်ဝမ်းချုပ်လာမယ်ဗိုက်တင်းဖောင်းပြီး အသက်ရှူရတာ မကောင်းဖြစ်လာမယ်။ ဒီလိုဖြစ်လာရင် အစားအစာကို ဆန်းစစ်ဖို့ လိုသလို ရေသောက်တာ လုံလောက်ရဲ့လားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါပြီ။ ခေါင်းကိုက်လာမယ်ဦးနှောက်ရဲ့ ၈၅ % ကို ရေနဲ့ ဖွဲ့စည်းထားလို့ ရေဓာတ်မလုံလောက်ရင် ခေါင်းကိုက်လာတတ်ပါတယ်။ ဒါကြောင့် ဒီလို…

Published in Health & Beauty

နိုင်ငံတကာအလှကုန်ပြပွဲတစ်ခုဖြစ်တဲ့ COSMOBEAUTE  Myanmar 2017 ကို Novotel Yangon Max ဟိုတယ်မှာ ဇွန် ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီပေါင်း ၄၈ ခု ပါဝင်ပြီး နိုင်ငံတကာအလှကုန် Brand အရေအတွက် ၁၀ဝ ကျော် ပြသရောင်းချတဲ့ အဲဒီပြပွဲကို Red Event Co.Ltd က ကြီးမှူး ကျင်းပခဲ့တာပါ။ Red Event Co.Ltd မှ အလှအပရေးရာ ကျွမ်းကျင်သူဖြစ်ပြီး Executive Director လည်း ဖြစ်တဲ့ Johnathan Lim နဲ့ MY YANGON တွေ့ဆုံမေးမြန်းထားပါတယ်။COSMOBEAUTE  Myanmar 2017…

Published in Health & Beauty

ပျားလေးတွေ ပန်းဝတ်ရည်တွေ စုပ်ယူ စုဆောင်းရာကနေ ရလာတဲ့ သဘာဝပျားရည်မှာ ကျန်းမာရေး ကောင်းကျိုး အများကြီးရှိတာ သင်သိပါသလား။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် အစွမ်းတွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး ရောင်ရမ်းမှုလျော့ကျစေတယ်၊ ကိုယ်ခံအား တက်စေတယ်၊ သွေးအချိုဓာတ်ကို ထိန်းညှိပေးတယ်၊ အဆီကျစေတယ်၊ အစာအိမ် အူလမ်းကြောင်းကို ထောက်ပံ့ပေးလို့ အစာခြေဖျက်အား ကောင်းစေတယ်၊ ရင်ပူတာ သက်သာစေတယ် စတဲ့ ဂုဏ်အင်တွေကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ခံစားရတဲ့ ရောဂါဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်တယ်လေ။ ဒါပေမယ့် ပျားရည်နဲ့အတူ တွဲစပ်ပေးလေးတဲ့ အရာလေးတွေတော့ ရှိတာပေါ့။ ကဲ လေ့လာကြည့်ကြမယ်။ပျားရည်နဲ့ သံပရာဒီနှစ်မျိုးကို ရောပြီး စားသုံးပေးရင် အစာခြေအားကောင်းစေပြီး ဝိတ်ကျစေပါတယ်။ အဆိပ်အတောက်တွေကိုလည်း ပြေစေပါသတဲ့။…

Published in Health & Beauty

တကယ်လို့ နို့နဲ့ နို့ထွက်ပစ္စည်းကြောင့် ဝက်ခြံတွေ ပိုဆိုးလာတယ်လို့ ထင်ရင်တော့ အရေပြားအထူးကုနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို နို့ကရနေပြီးတော့ Diet လုပ်တဲ့သူတွေကလည်း နွားနို့သောက်သုံးမှုရှိနေတဲ့ အတွက်ကြောင့် ဒီဝက်ခြံကိစ္စနဲ့ ပတ်သက်လာရင်တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး သင့်တော်ရာကို အဆင်ပြေအောင် ဖြေရှင်းတာ အကောင်းဆုံးပါပဲတဲ့။                                                     နေလင်းRead More About Health & Beauty Articles Here

Published in Health & Beauty

ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်တတ်ဖို့တော့ လိုပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အကူအညီဖြစ်အောင် ကော်ဖီကို ဘယ်လိုသောက်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ သဘာဝအော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ ကော်ဖီကို ရွေးချယ်ပါ။ကော်ဖီအနံ့နဲ့ အရသာမှုန့်တွေ ထည့်ထားတဲ့ ကော်ဖီမစ်ထုပ်တွေထက် သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ်က ကျန်းမာရေးအတွက် ပိုကောင်းစေတယ်နော်။ ဒေသထွက် ကော်ဖီမှုန့်စစ်စစ်ကို ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။သကြားမထည့်ဘဲ ဖျော်သောက်ပါ။သကြားမပါတဲ့ ကော်ဖီပူပူခါးခါးလေး တစ်ခွက်က ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။ ကော်ဖီအရမ်းခါးလို့ မသောက်နိုင်သူတွေအနေနဲ့ Creamer လိုမျိုး အဆီထုတ်ထားတဲ့ နို့နဲ့ ရောစပ်သောက်လို့ ရတယ်လေ။ သကြားထည့်သောက်တာထက် ပိုအန္တရာယ်ကင်းသလို ခါးဆိမ့်ဆိမ့်နဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် ကော်ဖီအရသာကို တကယ်ပေးနိုင်ပါတယ်နော်။ကော်ဖီစေ့ဝယ်ပြီး အိမ်မှာ ကြိတ်စက်နဲ့…

Published in Health & Beauty

ဒီအချိန်က ဒူးရင်းသီးလှိုင်လှိုင်ပေါတဲ့ ရာသီဖြစ်ပြီး မိုးလေးတစ်ပြိုက်နှစ်ပြိုက်နဲ့ ဒူးရင်းသီးစားလို့ အဆင်ပြေမယ့် ကာလဆိုတော့ ဒူးရင်းသီးချစ်သူတို့ အကြိုက်ပေါ့။ ဒူးရင်းသီးဟာ ကြိုက်နှစ်သက်သူတို့အဖို့ အနံ့အရသာပြည့်စုံတဲ့ နတ်သုဒ္ဓါပါပဲ။ တချို့အနည်းငယ်သောသူတွေသာ ဒူးရင်းသီးအနံ့ မခံနိုင်လို့ မစားကြပေမယ့် မြန်မာပြည်မှာတော့ ဒူးရင်းသီးကြိုက်သူက ပိုများပါလိမ့်မယ်။ ကဲ ဒူးရင်းသီးကိုတော့ ကြိုက်လို့စားနေပါရဲ့။ ဒူးရင်းသီးဆီက ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကိုရော သိကြရဲ့လား။ လေ့လာကြည့်ကြရအောင်။ဒူးရင်းသီးရဲ့အာဟာရတန်ဖိုးဒူးရင်းသီးမှာ ဗီတာမင်အေ၊ စီနဲ့ ဘီအုပ်စုဝင်တွေဖြစ်တဲ့ B6, Rivoflavin, Thiamin, Niacinc, Folic acid စတဲ့ ဗီတာမင်ဓာတ်တွေအပြင် Calcium, Potassium, Magnesium, Zinc, Iron, Sodium, Phosphorus စတဲ့ သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။…

Published in Health & Beauty

ကျောပြင်နဲ့ခါးမှာ ရှိနေတဲ့အဆီတွေကြောင့် သင့်ကိုယ့်သင် မလုံမလဲဖြစ်နေသလား။ ဒါက သင့်တစ်ယောက်တည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အမြဲတမ်း မှန်ရှေ့မှာပဲ မြင်နေရတဲ့  ကြွက်သားတွေကိုပဲ အာရုံထားမိပြီး ကျောပြင်ကအဆီတွေကို လုံးဝကို မေ့နေတတ်ကြတာ ဓမ္မတာပဲမို့ပါ။ ဘာပဲပြောပြော ဗိုက်သားလေးတွေ ချပ်ရပ်နေသလို ကျောပြင်လေးတွေကိုလည်း gym မှာ နည်းနည်းတော့ အလုပ်ပေးရပါလိမ့်မယ်။ ဒီတော့ ကျောပြင်ကလေး ကျစ်လျစ်နေဖို့အတွက် စိတ်လှုပ်ရှားစရာ ကြွက်သားတွေရဖို့ အမိုက်စား လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးထားပါတယ်။ ကျောပြင်နဲ့ခါး အဆီကျဖို့ ဆော့တဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးတင်မကပါဘူး၊ သင့်ရဲ့ ခန္ဓာကိုယ် ကိုယ်နေကိုယ်ဟန် အနေအထားနဲ့ ခွန်အားကိုပါ သိသိသာသာ တိုးတက်စေလာနိုင်ပါတယ်။ မှန်ကန်တဲ့ အစားချင့်ချိန်စားသုံးမှုနဲ့ ကျောပြင် အဆီကျနိုင်တဲ့ လေ့ကျင့်ခန်းမျိုးတွေဟာ…

Published in Health & Beauty

Infused Water ဟာ ဝိတ်ကျခြင်း၊ အသားအရေ ထိန်းသိမ်းခြင်း၊ အစာချေဖျက်အား ကောင်းမွန်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရှိတဲ့အပြင် သောက်သုံးလိုက်တာနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ခြေဖျက်ပေးနိုင်ပါတယ်။ Infused သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို ပါဝင်ပစ္စည်း ကောင်းရင်ကောင်းသလောက် အခြားအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။သခွားသီးနှင့် ချင်းရေသခွားသီးနဲ့ ချင်းကတော့ လက်ရှိ infused water လုပ်နည်းတွေထဲမှာ အကောင်းဆုံးပါပဲ။ ဒီနည်းနဲ့ ခန္ဓာကိုယ် ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို အစာချေဖျက်အား ကောင်းခြင်း၊ ခေါင်းကိုက်ပျောက်ခြင်း၊ လေထိုး လေအောင့်ပျောက်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ပြုလုပ်နည်း - အလယ်အလတ်စားအရွယ် သခွားသီးနဲ့ ချင်းတစ်တက် လိုအပ်ပါတယ်။ အသီးတွေကို ပါးပါးလှီးပြီး ရေတစ်လီတာခန့်ထဲကို…

Published in Health & Beauty

ဆေးနဲ့မှည့်တဲ့ သရက်သီးတွေဟာ အဝါတစ်ရောင်တည်းရှိပြီး အရောင်ကလည်း ညီပြီး ဝင်းနေပါတယ်။ အသားမှာပါ အဝါရောင်သမ်းနေတတ်ပြီး နည်းနည်းလည်း ပိုမာနေတတ်ပါတယ်။ ခါးသက်သက် အရသာလည်းရှိတဲ့အပြင် အနံ့ကလည်း သိပ်မမွှေးပါဘူး။ သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် အစရှိတဲ့ အရောင်စုံသမ်းပါတယ်။ အသားကလည်း အဝါရောင်ရင့်ပြီး အနီရောင်လည်း ရှိတတ်ပါတယ်။ အသီးက နူးညံ့ပြီး သဘာဝအတိုင်း အရမ်းချိုပါတယ်။ အနံ့ကလည်း အရမ်းကိုမွှေးပါတယ်။ ဆေးနဲ့ပြုပြင်ထားတဲ့ အသီးတွေကို စားမိရင် ကင်ဆာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ၊ အရေပြားယားယံတာတို့အပြင် မှတ်ဥာဏ် ပျောက်ဆုံး မေ့လျော့တာတွေကိုပါ ခံစားရတတ်ပါ တယ်။ ဒါကြောင့် သဘာဝအတိုင်း ရင့်မှည့်တဲ့ သရက်သီးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။ ဝယ်လာပြီးရင်လည်း ဆားရေထဲမှာ…

Published in Health & Beauty

နေ့စဉ်စားသုံးနေတဲ့ အစာတွေထဲမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်တယ်ဆိုပေမယ့် ကိုယ့်အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင် အနေအထားကို လိုက်ပြီး ရွေးချယ်စားသုံးသင့်ပါတယ် ။ တချို့အစားအစာတွေက ရောဂါပိုတိုးစေပေမယ့် တချို့ကတော့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ အခွံမာသီးတွေနဲ့ အစေ့အဆံ အစရှိတဲ့ အစားအစာတွေကတော့ ကိုယ်တွင်းအဆိပ်တွေကို ချေဖျက်ပေးပြီး ပြင်ပရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။အာလူးချောင်းကြော်၊ ရေခဲမုန့်၊ ဟမ်ဘာဂါ အစရှိတဲ့ အစားအစာတွေဟာ အာဟာရဓာတ် များစွာပါပေမယ့် ကျန်းမာရေးနဲ့တော့ မညီညွတ်ပါဘူး။ ပြန်လည် ပြုပြင်ထုပ်ပိုးထားတဲ့ အစားအသောက်တွေ၊ အသင့်စား အစားအသောက်တွေကတော့ အကျိုးပြု အာဟာရဓာတ် အလွန်နည်းပါးပြီး ရေရှည် စားသုံးရင် သွေးတိုး၊ ဆီးချို…

Published in Health & Beauty

ဟော့ပေါ့ဟာ အခုလို မိုးအေးအေးနဲ့  အေးတဲ့ ကာလတွေမှာ သူငယ်ချင်းတွေ၊ မိသားစုတွေ ဝိုင်းဖွဲ့ပြီး စားသောက်လို့ ကောင်းတဲ့ အစားအစာပါ။ ဒီလို ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဟောပေါ့ကို ကျန်းမာရေး နဲ့ ညီညွတ်ပြီး အာဟာရရှိတာတွေနဲ့ စားဖြစ်အောင် ဒီအချက်လေးတွေ ပြောပြလိုက်မယ်နော်။ကျန်းမာရေးနဲ့ ညီညွတ်မယ့် ဟင်းရည်ရွေးချယ်ခြင်းချမ်းအေးတဲ့ ရာသီဥတုမှာဆိုရင် ဟင်းရည်ကို ပူပူစပ်စပ်ပဲ ရွေးချယ်ဖြစ်တာ များတယ်လေ။ တကယ်တမ်း ကယ်လိုရီတွက်ကြည့်လိုက်ရင် ချဉ်စပ်ဟင်းရည်မှာ သာမန်ဟင်းရည်ထက် ပိုလို့တောင် ကယ်လိုရီများနေတာ တွေ့ရမှာပါ။ အဲဒီတော့ ဟင်းရည်အချိုချည်းပဲ သောက်ရတာ အဆင်မပြေဘူးဆိုရင် ဂေါ်ဖီချဉ်တို့၊ ကင်ချီတို့လိုမျိုးနဲ့ တွဲစားတာကမှ ကယ်လိုရီ အများကြီး သက်သာပါမယ်။အသားနည်းနည်း အရွက်များများ စားပါဟော့ပေါ့ စားကြပြီဆိုရင် အသားငါးလွှာတွေ၊…

Published in Health & Beauty

ဖျော်ရည်သောက်တာထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ဒီအတိုင်း စားပေးမယ်ဆိုရင် အမျှင်ဓာတ် ပိုရပါတယ်။ တကယ်လို့ ဖျော်ရည်သောက်ရင်တောင် သစ်သီးစစ်စစ်ကို ကျိတ်ညှစ်ပြီး ဘာမှမရောဘဲ သဘာဝ အတိုင်း သောက်ပေးတာ ပိုကောင်းပါတယ်။ သစ်သီး အနံ့၊ အရသာအတု ထည့်ထားတဲ့ ဖျော်ရည်တွေက ကျန်းမာရေးအတွက် အကျိုးမပေးပါဘူး။နောက်ပြီး ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည် လုပ်သောက်တဲ့အခါ ဆားများများ မထည့်မိစေနဲ့နော်။ တတ်နိုင်ရင်တော့ သကြားနဲ့ ဆား လုံးဝမထည့်လေ ကောင်းလေပါပဲ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကြော်စား တာထက် ပြုတ်၊ ကင်၊ သုပ် လုပ်စားတာက ပိုကောင်းပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက ဟင်းသီး ဟင်းရွက်တွေကို ဘေးကင်းအောင် ဘယ်လိုစားမလဲ။ လတ်ဆတ်နေအောင်…

Published in Health & Beauty

ပန်းသီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ ဖလေဗနွိုက်လို အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ဖော့စဖရပ်စ်၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ အနည်းငယ်စီ ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက် အဓိကကျတဲ့ ပိုတက်ဆီယမ် အရင်းအမြစ်ဖြစ်တဲ့ သစ်သီးပါ။ အရွယ်တင်နုပျိုပြီး ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နှုန်း လျော့နည်းစေပြီး ကာကွယ်ပေးမယ့် antioxidants နဲ့ phyto-nutrients တွေလည်း ပေါများစွာ ပါဝင်ပါသေးတယ်။ အစာအိမ်အူလမ်းကြောင်းအတွက် ကောင်းမွန်ပြီး အဆာခံစေတဲ့ သစ်သီးမို့ ဝိတ်ချလိုသူတွေ မဖြစ်မနေ ဆောင်ထားရမှာနော်။Read More About Health & Beauty Articles Here

Published in Health & Beauty

မိုးတွင်းကာလ ရာသီအကူးအပြောင်း မှာ ကလေးလူကြီးမကျန် ဖျားနာလေ့ရှိပါတယ်။ ရိုးရိုးအအေးမိတာ(Cold) ကနေ တုပ်ကွေး (Flu)နဲ့ သွေးလွန်တုပ်ကွေး (Dengue Haemorrhagic Fever) အထိ ဖြစ်တတ်ကြပါတယ်။ မိုးရာသီမှာ ဒီဖျားနာခြင်း ၃ မျိုးက အဖြစ်များပေမယ့် ဒီနှစ် မိုးဦးကျမှာတော့ သွေးလွန်တုပ်ကွေးဖျားနာခြင်းက အဖြစ်များနေသလို အစိုးရိမ်ရဆုံးလည်း ဖြစ်နေပါတယ်။ ဒါကြောင့် မိုးရာသီကာလ ဖျားနာတဲ့အခါ သတိပြုရမယ့် လိုက်နာသင့်တဲ့ အချက်လေးတွေကို စာဖတ်ပရိသတ် တွေအတွက် ဝေမျှချင်ပါတယ်။သွေးလွန်တုပ်ကွေး ဖြစ်တည်ရာ  သွေးလွန်တုပ်ကွေးပိုးကို အဓိက သယ်ဆောင်တာကတော့ အေဒီးစ်(Ades aegypti) ခေါ် ခြင်ပုန်း(သို့) ခြင်ကျား ဖြစ်ပြီး လူတစ်ဦးကနေ နောက်တစ်ဦးစီ ကူးစက်အောင် သယ်ဆောင်တတ်ပါတယ်။ မိုးရာသီမှာ…

Published in Health & Beauty

အချိန်နဲ့ စားပါ ဘယ်အချိန် ဘာစားမယ်ဆိုပြီး သတ်မှတ်ထားတော့ အဆင်ပြေတာ ပေါ့။ အပြောသာ လွယ်တာပါ၊ အချိန်အတိုင်း အတိအကျ မလုပ်ဖြစ်သ၍ တော့ အလုပ်မဖြစ်နိုင်ပါဘူး။ အချိန်အတိုင်း အတိအကျ လုပ်နိုင်ရင်တော့ ဆာလာရင် စားဖို့အတွက် ကြိုပြင်ဆင်ထားလို့ရမယ်လေ။ ပေါ့ပေါ့ပါးပါးကပဲ စတင်ပါ တချို့က ကိုယ်အလေးချိန် မြန်မြန်ချချင်တော့ ပြင်းထန်တဲ့ Diet Plan တွေနဲ့ အသည်းအသန်လုပ်ကြတယ်။ တကယ်တမ်းမှာ ပေါ့ပေါ့ ပါးပါး Diet Plan လေးတွေနဲ့ ဖြည်းဖြည်းချင်း စတင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာတဲ့ အချိန်ကျမှ တဆင့်ချင်းတက်တာ အကောင်းဆုံးပါပဲ။ စိတ်အလိုလိုက်ပြီး မစားပါနဲ့ အရမ်းမှန်တယ်နော်။ ကိုယ် အရမ်းကြိုက်တာတွေ့ရင် တဝကြီး…

Published in Health & Beauty

မြန်မာနိုင်ငံက လူငယ်တွေဟာ K-Pop နဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေကြောင့် ကိုရီးယားရဲ့ အနုပညာရှင်တွေကို အထူးစိတ်ဝင်စားလာကြပါတယ်။ ကိုရီးယားက နာမည်ကျော် အနုပညာရှင်တွေလို လှပဖို့အတွက် Plastic Surgery တွေကို ပြုလုပ်လာကြတာလည်း ရှိပါတယ်။ Plastic Surgery ပြုလုပ်တာနဲ့ ပတ်သက်ပြီး အထူးစိတ်ချရတဲ့ Mi Seoul (Medical Institute of Seoul) အကြောင်းလေး ပြောပြချင်ပါတယ်။Mi Seoul ကို ဆေးပညာအရည်အချင်းပြည့်ဝတဲ့ လိုင်စင်ရပညာရှင်တွေနဲ့ ဖွဲ့စည်းတည်ထောင်တာပဲ ဖြစ်ပါတယ်။ Mi Seoul ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး JW ခွဲစိတ်ဆေးရုံရဲ့ တရားဝင် စီးပွားဖက်နဲ့ ဆေးဘက်ဆိုင်ရာ အတိုင်ပင်ခံလည်း ဖြစ်ပါတယ်။ Mi Seoul…

Published in Health & Beauty

လက်သည်းလေးတွေကို ရောင်စုံခြယ် ဆေးဆိုးပြီးတဲ့နောက် ဆေးပြန်ဖျက်တဲ့အခါ လက်သည်းတွေ ဝါညစ်နေခဲ့ရင် အလှအပ မြတ်နိုးသူ မိန်းကလေးတိုင်း စိတ်ညစ်ကြမယ် ထင်တယ်နော်။ ဒီလို ဝါညစ်နေတဲ့ လက်သည်းလေးတွေကို အမြန်ဖြူသွားစေမယ့် သဘာဝနည်းလေးတွေ ရှိပါတယ်။ လက်သည်းတွေ ဖြူစေဖို့၊ ကျိုးပဲ့လွယ်တဲ့ လက်သည်းလေးတွေကို ကာကွယ်ဖို့နဲ့ လက်သည်းတွေ ရောဂါကင်းစင်လှပဖို့ ပြုလုပ်ရမယ့် နည်းလမ်းလေးတွေကို MY YANGON က ပြောပြပေးလိုက်ပါတယ်။လက်သည်းလေးတွေ ဖြူစေဖို့လက်သည်းတွေကို ဖြူစေတဲ့ ပထမနည်းကတော့ ဟိုက်ဒရိုဂျင်ပါရ်အောက်ဆိုဒ် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရောင်ချွတ်နိုင်စွမ်းရှိတဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ရလာတဲ့အထိ မွှေပါ။ ပြီးရင် ၀ါဂွမ်းဖတ်လေးကို သုံးပြီး လက်သည်းလေးတွေရဲ့ အပေါ်ဘက်ရော အောက်ဘက်ကိုပါ သုတ်လိမ်းပေးပါ။…

Published in Health & Beauty

ကိုယ်အလေးချိန်များပြီး အ၀လွန်နေသူတွေအတွက် ၀ိတ်ချတဲ့ နည်းမျိုးစုံ ရှိပါတယ်။ တချို့က အစားအသောက်နဲ့ ၀ိတ်ချတတ်ကြသလို တချို့က အားကစားလုပ်ပြီး ၀ိတ်ချတတ်ကြပါတယ်။ တချို့က ပိန်ဆေးတွေ သောက်ကြတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ မထင်မှတ်ဘဲ ၀ိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ အရမ်းကြီးလည်း မပင်ပန်းစေဘဲ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေထဲကနေပဲ ရှာဖွေတွေ့ရှိနိုင်တဲ့ နည်းလမ်းလေးတွေပါ။၁-အိမ်သန့်ရှင်းရေး လုပ်ပါ အိမ်သန့်ရှင်းရေး လုပ်ခြင်းက ခန္ဓာကိုယ်ကို လှုပ်ရှားမှုရစေပြီးတော့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေး လုပ်ပေးတာက အားလပ်ချိန်ကို ကောင်းကောင်းအသုံးချနိုင်သလို သွားရည်စာ ခဏခဏ စားဖြစ်တာကိုလည်း ရှောင်လွှဲပြီးသား ဖြစ်စေပါတယ်။၂-အပူအစပ်တွေကို စားပါ အပူအစပ်ကြိုက်တဲ့ မိန်းကလေးတွေအတွက်တော့ ဒီနည်းလမ်းက နှစ်သက်စရာ ကောင်းနေမှာပါ။ ချဉ်ချဉ်နဲ့ ပူပူစပ်စပ်…

Published in Health & Beauty

အခုဆိုရင် ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးသူဟာ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၉ ဦးထိ ရှိလာခဲ့ပါပြီ။ ပြည်သူတွေအနေနဲ့ အစောပိုင်းအချိန်တွေက အထိတ်အလန့်နဲ့ Mask အုပ်တာမျိုးနဲ့ သွားလာလှုပ်ရှားတာ မြင်ခဲ့ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပြန်ပေါ့ လျော့လာတာ တွေ့ရသလို တချို့ကလည်း သတိရှိရှိနဲ့ ကိုယ်တိုင်ရော ကိုယ့်သားသမီးတွေအတွက်ပါ ကိုယ်ခံအားတက်စေဖို့နဲ့ လိုအပ်တဲ့ စောင့်ရှောက်ကာကွယ်မှုတွေကို လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီထဲမှာ အထူးသဖြင့် ကလေး၊ ကျောင်းသား မိဘ တချို့ဆီကလည်း ကျောင်းပိတ်ပေးသင့်တယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ ကလေးအချင်းချင်းကြား သတိမထားမိလိုက်ဘဲ ကူးစက်လာမှာ စိုးရိမ်တာရယ်၊ ကလေးတွေကို ကိုယ့်မျက်ကွယ်မှာ ထားနေရတဲ့အတွက်ကို စိတ်ပူနေကြတာပါ။ ကျောင်းပိတ်ပေးဖို့ ဆိုရာမှာလည်း အခုလို…

Published in Health & Beauty

နို့ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ရဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ  နေ့စဉ် နို့တစ်ခွက်ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါမှ ၁၂ ရာခိုင်နှုန်း၊ သွေးတိုးရောဂါမှ ၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ  မြန်မာနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ လူဦးရေရဲ့ ၁၀.၅ ရာခိုင်နှုန်း (လူဦးရေ ၂.၅ သန်း)၊ ဆီးချိုရောဂါအကြိုအဆင့်  ဖြစ်ပွားမှုနှုန်းဟာ ၁၉.၅ ရာခိုင်နှုန်းရှိရာ ဆီးချိုဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများထဲက တစ်ခုအပါအ၀င်ဖြစ်လာခဲ့ပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇ၊ မျိုးရိုးလိုက်ခြင်းနဲ့ အနေအထိုင် ဘ၀ ပတ်ဝန်းကျင်…

Published in Health & Beauty

ဒီခေါင်းစဉ်ကို ဖတ်လိုက်ရတော့ တစ်မျိုးဖြစ်သွားကြမှာပါပဲ။ ၃ ရက်အတွင်းနဲ့ ၁၀ ပေါင်ဆိုတော့ တော်တော်လေးကို မလွယ်တာပါ။ ဒါပေမယ့် တကယ် စိတ်ပါလက်ပါနဲ့ သေချာလုပ်မယ်ဆိုရင်တော့ အရမ်းကြီး မခက်လှပါဘူး။ နည်းနည်းစားမယ် များများ ကစားကြမယ်ဆိုရင်တော့ ၁၀ ပေါင် ဆိုတာ အသာလေးပါပဲ။ ဒီတော့ နည်းလမ်းလေး တစ်ချက်လောက် ကြည့်လိုက်ကြရအောင်လေ။ပထမနေ့နံနက်စာ - Grapefruit တစ်ခြမ်း၊ ပေါင်မုန့်ကြမ်း တစ်ခြမ်း ၊ စားပွဲတင်ဇွန်းနဲ့ ထောပတ် ၂ ဇွန်း၊ ဘလက်ကော်ဖီ တစ်ခွက် သို့ လဖက်ရည်ကြမ်း တစ်ခွက် ( သကြား ၊ နို့ ၊ နို့မှုန့် လုံးဝ မထည့်ရ)နေ့လယ်စာ - …

Published in Health & Beauty

မနက်ခင်း နိုးထလာတာနဲ့ သင့်အတွက် လှပတဲ့ တစ်နေ့တာကို အစပြုနိုင်တယ်လေ။ မနက်ခင်းမှာ လှပကြည့်ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် တစ်နေ့တာလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကျော်ဖြတ်နိုင်တာမို့ မနက်ခင်းမှာ လှလှပပလေး နိုးထဖို့ လုပ်သင့်တာလေးတွေကတော့... ရေတစ်ဖန်ခွက်အပြည့်  သောက်ပါ တစ်ညလုံး အိပ်စက်အနားယူပြီးတဲ့အခါ သင့်ခန္ဓာကိုယ်က ရေဓာတ်ပြန်ဖြည့်ဖို့ လိုနေပြီလေ။ အကောင်းဆုံးနည်းကတော့ သင့်ရဲ့တစ်နေ့တာကို မနက်နိုးတာနဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ရေတစ်ဖန်ခွက်သောက်ပြီး စတင်လိုက်ပါ။ အာဟာရပြည့်ဝတဲ့ မနက်စာ မစားခင်အထိ အဆာခံပြီး လန်းဆန်းပေါ့ပါးမှုကို တစ်နေ့လုံး ခံစားရမှာပါ။ အသားဓာတ်နဲ့ ကစီဓာတ် မျှတစွာ ပါဝင်တဲ့ နံနက်စာကို စားသုံးပါ အများအားဖြင့် ရုံး၊ ကျောင်းနောက်ကျမှာ စိုးစိတ်နဲ့ မနက်စာကို အလွယ်မြန်မြန်…

Published in Health & Beauty

မိုးအေးအေးမှာ ညောင်းညာကိုက်ခဲတတ်သူတွေအတွက် အနှိပ်သီးသန့် ၀န်ဆောင်မှု ပေးနေတဲ့ မျက်မမြင် အနှိပ်ခန်းမ တချို့ကို MY YANGON က စုစည်းဖော်ပြလိုက်ပါတယ်။ SUMO Blind Massage SUMO မျက်မမြင် အကြောပြင်ခန်းမမှာ သာမန် ညောင်းညာခြင်း၊ ဇက်ကြောတက်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ ခါးနာခြင်း စတဲ့ အကြောနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ကျွမ်းကျင်တဲ့ မျက်မမြင်ပညာရှင်တွေက အထူးအကြောပြင် ကုသပေးလျက် ရှိပါတယ်။ ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖြစ်ပြီး ဆိုင်မှာ အကြောပြင် ကုသမှုခံယူရင်၁ နာရီ ၅၀၀၀ ကျပ်၊ နိုင်ငံခြားသားတွေအတွက် တစ်နာရီ ၁၀၀၀၀ ကျပ်…

Published in Health & Beauty

MAYKHALAR SkinCare သုံးပြီး မေခလာရဲ့ ရှိုးပွဲကို ကြည့်ခွင့်ရမယ့် အစီအစဉ်ဒီအစီအစဉ်လေးကတော့ MAYKHALAR SkinCare တွေကို ၀ယ်ယူတာနဲ့ တေးသံရှင် မေခလာရဲ့ စက်တင်ဘာ ၃၀ ရက်၊ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ့် SOLO SHOW လေးကို အခမဲ့ ကြည့်ရှု့ခွင့်ရရှိမှာပါ။ MAYKHALAR SkinCare ရဲ့ CLEANSING FOAM၊ SKIN TONER၊ SUN BLOCK CREAM စတာတွေကို တစ်ဘူးဝယ်ယူရုံနဲ့ ရှိုးပွဲလက်မှတ် တစ်စောင် ရရှိမှာဖြစ်ပြီး SET လိုက် ၀ယ်သူတွေကတော့ ရှိုးပွဲလက်မှတ် ၃ စောင် ရရှိမှာပဲ ဖြစ်ပါတယ်။ ရှိုးပွဲလက်မှတ်ရရှိမယ့် ပရိုမိုးရှင်းကာလကတော့ သြဂုတ်လ ၂၅…

Published in Health & Beauty

ဒါက ကိုယ့်အခန်းနဲ့ ကိုယ် အိပ်တဲ့သူတွေအတွက် ပိုအဆင်ပြေမယ့်နည်းပေါ့။ ညအချိန် အိပ်စက်ခြင်းက ကျွန်မတို့လူသားတွေအတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ရပ်ပါ။ ကျန်းမာနေဖို့အတွက် အိပ်စက်ချိန်အပြည့်အဝရဖို့ လိုသလို အိပ်စက်နည်းမှန်ဖို့လည်း လိုတယ်နော်။ အိပ်စက်ချိန်မှာ အဝတ်ဗလာ ခန္ဓာကိုယ်နဲ့ အိပ်တာက ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာ သင်သိပါသလား။ အဝတ်ဗလာနဲ့ အိပ်စက်တဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ များမလဲ လေ့လာကြည့်ရအောင်။ သင့်အတွက်လွယ်ကူသက်သာတယ် ညအိပ်အင်္ကျီရှာဝယ်ရတဲ့ ဒုက္ခကင်းသွားပါမယ်။ ငွေကုန်လည်း သက်သာတာပေါ့။ အဝတ်လျှော်ဖွပ်ရတာလည်း လျော့သွားပြီး အလုပ်မရှုပ်တော့ဘူးလေ။ အောက်စီတိုစင် ပမာဏ တိုးစေတယ် အောက်စီတိုစင်ဆိုတာ ခန္ဓာကိုယ်တွင်းကထုတ်ပေးတဲ့ အကျိုးပြုဟော်မုန်းပါ။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ စိတ်ကျဝေဒနာနဲ့ သွေးတိုးရောဂါကို သက်သာစေတယ်။ အိမ်ထောင်ရှင်တွေအတွက်ကတော့ အောက်စီတိုစင်က…

Published in Health & Beauty

မနက်မိုးလင်းကတည်းက ကော်ဖီတစ်ခွက်နဲ့ တစ်နေ့တာကို အစပြုလိုက်တာ၊ ရာသီဥတု၊ စိတ်အခြေအနေစတဲ့ အကြောင်းအမျိုးမျိုးနဲ့ တစ်နေကုန် ကော်ဖီကို သောက်မိနေတဲ့ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်းရှိပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုပေမယ့် တစ်နေ့ကို ကော်ဖီ တစ်ခွက်ကနေ သုံးခွက်လောက်အထိက အိုကေတဲ့အပြင် ကော်ဖီ ပုံမှန်သောက်သုံးတဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေတောင် ရှိနေပါသေးတယ်။ ချာလီ - မော်ဒယ်“ကော်ဖီနဲ့ပတ်သက်ပြီး ကျွန်တော် သိတာတော့ ကော်ဖီ သောက်ရင် မှတ်ညဏ်ပိုကောင်းတယ်။ ကျွန်တော်ကတော့ သီချင်းနားထောင်တာမျိုး၊ စာဖတ်တဲ့အခါမျိုးတွေမှာ ကော်ဖီ အမြဲတမ်း သောက်လေ့ရှိတယ်။ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းတာမျိုးမဟုတ်ဘဲ ရှင်းရှင်းလေးနဲ့ ကြည်ကြည်လေးဖြစ်နေစေတယ်။ အဓိက စိတ်ကြည်လင်စေဖို့အတွက် ကျွန်တော် သောက်ပါတယ်။ အဲဒီလိုဖီလင်မျိုးကိုလည်း ကျွန်တော်ကြိုက်တယ်။ တစ်နေ့ကို…

Published in Health & Beauty

ဝိတ်ချချင်ပေမဲ့ လေ့ကျင့်ခန်း လုပ်ဖို့ စိတ်မပါသူတွေ၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရသူတွေ၊ အကြောင်း အမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်လို့ မရသူတွေအတွက် လေ့ကျင့်ခန်းမလုပ်ရဘဲ ဝိတ်ကျစေမယ့်နည်းလေးကို ဝေမျှပါရစေ။- တစ်နေ့ကို အစာ ၂ကြိမ် သို့ ၃ကြိမ် စားနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံမစားပါနဲ့။ သရေစာကိုတော့ ရှောင်ပါ။- တစ်နေ့တာမှာ မနက်စောစော အိပ်ရာထတာနဲ့ ရေလီတာဝက် (တစ်လီတာဘူးတစ်ဝက်) ကို သောက်ပြီး နေ့လယ်စာ မစားမီ အချိန်ထိ ရေတစ်လီတာခွဲကို သောက်ပေးပါ။- ထမင်း၊ ကောက်ညှင်းပမာဏကို လျှော့စားပြီး အသီးအနှံနဲ့ အသီးအရွက်များများ စားပေးပါ။- သကြား၊ အချို၊ အဆီ၊ အငန် လျှော့နိုင်သမျှ အနည်းဆုံးလျှော့ပါ။ - အိပ်ရေးဝအောင် အိပ်ပါ။…

Published in Health & Beauty

ဒီတစ်ခါမှာတော့ အွန်လိုင်းကနေ တစ်ဆင့် မိမိတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချဖို့ နည်းလမ်းတွေကို ပေါ့ပေါ့ပါးပါး လေ့လာလို့ရမယ့် နေရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေရော လူကြီးတွေပါ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အရင်ကထက် ပိုမို စိတ်ဝင်စားလာကြပေမယ့် နေ့စဉ် Gym သွားဖို့ အားလပ်ချိန် ရှိချင်မှ ရှိမှာပါ။ နေ့စဉ် Gym သွားပြီး လေ့ကျင့်ခန်း မလုပ်နိုင်တဲ့လူတွေအတွက် အွန်လိုင်းပေါ်က တစ်ဆင့် အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် နေရာတွေကို လေ့လာကြစို့။fitfatherproject.com နေ့စဉ် အားကစားခန်းမတွေ သွားဖို့ အချိန်မရသူတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်မချချင်သူတွေအတွက် https://www.fitfatherproject.com က ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံးအထောက်အကူ ပြုပေးပါလိ့မ်မယ်။ ဒီ ဝက်ဘ်ဆိုက်ထဲမှာ…

Published in Health & Beauty

ညအချိန် သန်းခေါင်ကျော်တဲ့အထိ အိပ်ရာထဲ လူးလှိမ့်ပြီး အိပ်ပျော်ဖို့ကြိုးစားရင်း မိုးစင်စင်လင်းခဲ့ရတာမျိုးဖြစ်နေရင် သင် ည အိပ်မပျော်တဲ့ဝေဒနာ ခံစားနေရပါပြီ။ ညအိပ်မပျော်တဲ့အခါ နေ့ရက်တွေမှာ ကိုယ်စိတ်နှလုံး နွမ်းနယ်ပြီး ရက်ကြာလာရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ညအိပ်မပျော်ရတဲ့ အကြောင်းအရင်းတွေက ဖိစီးမှုတွေ၊ ပူပန်သောကတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ဆေးဝါးတွေကြောင့် အမျိုးမျိုးဖြစ်နိုင်ပေမဲ့ ညအိပ်မပျော်တာကို သေချာကုသဖို့ လိုအပ်ပါတယ်။ အိပ်ပျော်စေတဲ့ ဆေးဝါးတွေက သောက်သုံးတာများလာရင် ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တာကြောင့် သဘာဝအိပ်ပျော်စေတဲ့ နည်းလေးတွေကို အားကိုးကြရအောင်။ALMOND MILKဆီရိုတိုနင်ဟော်မုန်းက အိပ်ပျော်စေဖို့ အရေးပါတဲ့ဟော်မုန်းပါ။ ဦးနှောက်အာရုံကြော အဖွဲ့အစည်းကနေ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်ပေးဖို့အတွက်က ထရိုင်တိုဖန်ဆိုတဲ့ ဓာတ်တစ်မျိုးပေါ် မူတည်နေတာပါ။ အယ်မွန်စေ့ကနေ ထုတ်ထားတဲ့နို့က ထရိုင်တိုဖန်ကို မြင့်တက်စေလို့…

Published in Health & Beauty

မိန်းကလေးတွေအတွက် ကိုယ်နဲ့အဆင်အပြေဆုံး အလှပြင်ပစ္စည်းတွေ ရှာဖွေစုဆောင်းရတဲ့ အလုပ်က သိပ်တော့ မလွယ်ကူလှပါဘူး။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေတဲ့ပစ္စည်း၊ သဘောကျတဲ့ ပစ္စည်းဆိုရင် နေ့တိုင်းကို သုံးချင်မိတော့တာပေါ့။ ဒါပေမယ့် နေ့တိုင်းသုံးဖို့ မသင့်တော်တဲ့ ပစ္စည်းတွေလည်း ရှိနေပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံးနဲ့ အလွယ်တကူသုံးနိုင်တဲ့ အလှပြင်ပစ္စည်းတွေကို မရွေးချယ်ခင် ခဏခဏမသုံးသင့်တဲ့ ပစ္စည်းတွေ၊ အကြိမ်ရေ ကန့်သတ်ပြီးပဲ သုံးသင့်တဲ့ ပစ္စည်းတွေကို သိရှိနိုင်ဖို့ စုစည်းဖော်ပြပေးထားပါတယ်။ Dry Shampooရေချိုးဖို့အချိန်လည်းမရှိဘူး၊ ဆံပင်ကိုလည်း တစ်နေ့လုံး အဆင်ပြေပြေလေး ဖြစ်စေချင်တယ်ဆိုရင်တော့ Dry Shampoo က အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် ခေါင်းလျှော်စရာမလိုဘဲ ဆံပင်အလှအပကို ခဏတာထိန်းသိမ်းပေးတဲ့ ဒီ အံ့သြစရာ ဖြန်းဆေးဘူးလေးက သုံးတာများလာရင်…

Published in Health & Beauty

"သကြားဟာ ကယ်လိုရီသာ များစေပြီး အာဟာရမဖြစ်ဘူး" ဆိုတာ သိပါသလား။ အချိုစားတာများရင် အဖြစ်အများဆုံးက သွားပိုးစားတာ၊ အဝလွန်တာ၊ ဆီးချို၊ သွေးချိုဖြစ်တာတွေ ဖြစ်တတ်တာတော့ ယေဘုယျ အားလုံး သိကြမှာပေါ့။  အချိုမကြိုက်လှသူတွေအတွက် ရှောင်လိုက်ရတာ ဘာမှ မထောင်းတာပေမယ့် အချိုကြိုက်သူ၊ စွဲလမ်းသူတွေ အတွက်တော့ ခက်ခဲတဲ့ကိစ္စပါပဲ။ဒါပေမယ့် ကျန်းမာရေး အတွက်ရော အလှအပအတွက်ပါ အချိုကတော့ ရှောင်ကို ရှောင်ရမှာဆိုတော့ လွယ်လွယ်ကူကူ အလုပ်ဖြစ်မယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။ ဖြည်းဖြည်းချင်းစပါ စစချင်းတော့ ရုတ်တရက်ကြီး အချိုရှောင်လိုက်နိုင်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါကြောင့် ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲ ဘယ်လို ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာပဲ စဉ်းစားကြည့်ပါ။ စိတ်တော့ ခိုင်ခိုင်ထားရမှာနော်။ ဘယ်လို ဖြည်းဖြည်းချင်း…

Published in Health & Beauty

နဂါးမောက်သီးဆိုတာနဲ့ အရသာ ဖန်ဖန်၊ သိပ်လည်း မချိုဘူး၊ ဝါးလိုက်ရင် ပါလာတဲ့ အစေ့လေးတွေကို သတိထားမိမှာပါ။ အခုလိုရာသီမျိုးမှာ နဂါးမောက်သီးကို နေရာတော်တော်များများမှာ တွေ့နေရပါတယ်။ ရန်ကုန်မှာတော့ အတွင်းသား အဖြူရောင်နဲ့ ပန်းခရမ်းရောင် ရှိတဲ့ နဂါးမောက်သီးတွေကို အများဆုံး တွေ့နိုင်ပါတယ်။ အရသာမှာ သိပ်ပြီးထူးခြားမှုမရှိတဲ့ နဂါးမောက်သီးရဲ့ အာနိသင်ကတော့ အံ့မခန်းနိုင်အောင် ထူးခြားမှုရှိနေတယ်ဆိုရင် ဘာပြောမလဲ။ ကဲ လေ့လာကြည့်လိုက်ပါဦး။ - နဂါးမောက်သီး မှာ Vitamin-C  ဟာ အမြင့်ဆုံး Level အနေနဲ့ ပါဝင်တာကြောင့် ကိုယ်ခံအား စနစ်ကို စွမ်းဆောင်အား ကောင်းစေပါတယ်တဲ့။  ခဏခဏဖျားနာခြင်းမှ ကာကွယ်ပေးနိုင်တာမို့လို့ အခုလိုရာသီမျိုးမှာ များများ စားသုံးပေးသင့်ပါတယ်။ - Vitamin-C…

Published in Health & Beauty

ဗီတာမင် D က လူကြီးနဲ့ ကလေးတွေအတွက် တုပ်ကွေးနဲ့ ဖျားနာခြင်းကို  ကာကွယ်ပေးနိုင်တယ်လို့  နိုင်ငံပေါင်း ၁၄ နိုင်ငံက လူနာ ၁၁၀၀၀ ကို Queen Mary University of London မှ သုတေသန ပညာရှင်တွေက လေ့လာ စမ်းသပ်ထားတဲ့ စစ်တမ်းအရ သိရပါတယ်။ ဗီတာမင် D ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ တုပ်ကွေး၊ အအေးမိ ဖျားနာခြင်း၊ ရင်ကြပ်ရောဂါနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ၇၀ ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ သံဓာတ်၊ ကယ်လ်စီယမ်၊…

Published in Health & Beauty

Essence ရဲ့ စက်တင်ဘာလအတွက် အထူးပရိုမိုးရှင်း Essence Myanmar ကနေ စက်တင်ဘာလအတွက်ကို အထူးပရိုမိုးရှင်း အနေနဲ့ Essence Myanmar’s Beauty Advisor (Sale Promoter) ရှိတဲ့ ဆိုင်တွေမှာ ငွေကျပ် ၂၀၀၀၀ ဖိုးနဲ့ အထက် ဝယ်သူတိုင်းကို Matt ဆိုးလိုက်တိုင်း နှုတ်ခမ်းဖူးဖူးလေး ဖြစ်စေမဲ့အပြင် ညအိပ်ယာ ဝင်ခါနီးတိုင်း နှုတ်ခမ်းသားလေးရဲ့ အစိုဓာတ်ကို ထိန်ပေးနိုင်မဲ့ Balmy Kiss Lip Blam လေး လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ပရိုမိုးရှင်း ကာလကလည်း ကုန်ခါနီးပြီဆိုတော့  ဈေးဝယ်ရင်း Promotion လက်ဆောင်လေး အရယူလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ယောဂကို စတင်​ထိ​တွေ့ စမ်းသပ်​နိုင်ဖို့…

Published in Health & Beauty

မနက်မိုးလင်းလို့ ရုံးသွား၊ ကျောင်းသွားရဖို့အတွက်ကို အိပ်ရာထဲကနေ ငေါက်ကနဲ ထပြီး ပြင်ဆင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းတဲ့ ကိစ္စပါ။ အဲဒီအပြင် မနက်အိပ်ရာထဖို့ Alarm လေးပေးဖို့ မေ့သွားတာ (သို့) အိပ်ရာထ နောက်ကျသွားပြီဆိုတာနဲ့ သင့်ရဲ့ မနက်ခင်း Schedule ဟာ ရုန်းရင်းဆန်ခတ် ဖြစ်တော့တာပါဘဲ။ ဒီလိုဖြစ်နေရခြင်းတွေဟာ သင့်ရဲ့တစ်နေ့တာကို စတင်ဖို့ အဆိုးရွားဆုံးပါဘဲ။ သင်ဒီလို ကြုံတွေ့နေရပြီဆိုရင်တော့ အောက်က နည်းလမ်းလေးတွေနဲ့ သင့်ရဲ့ မနက်ခင်းကို တက်တက်ကြွကြွ၊ အကျိုးရှိရှိ စတင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။အချိန်မှန်မှန်ထပါ အချိန်မှန်မှန် အိပ်ရာထတာ ဒါမှမဟုတ် စောစော နိုးထခြင်းဟာ သင့်ရဲ့တစ်နေ့တာကို ကောင်းမွန်ခြင်းများနဲ့ စတင်ရာ ရောက်ပါတယ်။ သင့်အတွက် ပြင်ဆင်စရာ အချိန်…

Published in Health & Beauty

ဒီဘက်ခေတ်မှာ အရေပြားကင်ဆာ အဖြစ်များလာတာ တွေ့ရမှာပါ။ အများအားဖြင့် အရေပြားပေါ်က ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်တဲ့ မှဲ့တွေကြောင့်၊ နီရဲလာတဲ့ အရေပြား အနာတွေကြောင့်၊ အဖုအပိမ့်၊ အလုံးအကျိတ်တွေကြောင့် အရေပြားကင်ဆာလေလားလို့ သံသယ၀င် ဂရုစိုက်နိုင်ပေမဲ့ ဒီလိုလက္ခဏာတွေ မပြဘဲ နေရင်တော့ အရေပြားကင်ဆာ ဖြစ်နေလို့ ဖြစ်နေမှန်းမသိ ရောဂါကျွမ်းတဲ့ အဆင့်ရောက်မှ သိရရင် ကုသမရတော့ဘဲ အခြေအနေ လွန်မသွားရလေအောင် အရေပြားကင်ဆာမှာ ပြတတ်တဲ့ အရေပြားပေါ်က မဟုတ်တဲ့ အခြားသော လက္ခဏာလေးတွေကို စာဖတ်ပရိသတ်အတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ဝေမျှပါရစေ။အရေပြားအောက်က အလုံးအကျိတ်လေးတွေအရေပြားအောက်က အရာတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေပါ။ အထူးသဖြင့် ပေါင်ခြံ၊ ဂျိုင်း(ချိုင်း) နဲ့ လည်ပင်းတစ်ဝိုက်မှာ ပြန်ရည်ကြောတွေ…

Published in Health & Beauty

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်  မျက်နှာလေးတစ်ကွက် ကြည့်ကောင်း အဆင်ပြေနေရုံနဲ့ မလုံလောက်ပါဘူး။ အရှေ့ကကြည့်ကြည့် အနောက်ကကြည့်ကြည့် ကျန်းမာသန်စွမ်းမှုကို ပုံဖော်ပေးနိုင်တာက ခန္ဓာကိုယ်အလှပါ။ အခုဆိုရင် ပိန်ပိန်ပါးပါး ကိုယ်အလှထက် ကျန်းမာသန်စွမ်းပြီး ကျစ်လျစ်တဲ့ တောင့်တောင့်တင်းတင်း ဘော်ဒီမျိုးက ပိုခေတ်စားလို့ လာပါပြီ။ ဒီတော့ ကျန်းမာရေးအတွက်သာမက ဘော်ဒီဗြူတီ အတွက်ပါ အမြန်ထိရောက် အကျိုးရှိစေတဲ့ ကျွမ်းကျင်ပညာရှင်တွေဆီက အကြံဥာဏ်ကောင်း နည်းကောင်းလေးတွေကို စုစည်းဝေမျှလိုက်တယ်နော်။ ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းနဲ့ Cardio လေ့ကျင့်ခန်းတွေကို ပေါင်းလုပ်ပါ ဒီနှစ်ခုကို ခွဲလုပ်နေမိတယ်ဆိုရင် အခုပဲ ပေါင်းလုပ်ပါ။ ဒီနှစ်ခုကို ပေါင်းလုပ်တဲ့အခါ အချိန်နည်းနည်းပေးရုံနဲ့ ပိုထိရောက် အကျိုးများစေပါတယ်။ အဆီပိုတွေလည်းကျ ကြွက်သားတွေလည်း ကျစ်လျစ်လှပလာတဲ့အတွက် အမိုက်စား ဘော်ဒီအလှကို ရစေနိုင်တယ်နော်။ ကစားနည်း…

Published in Health & Beauty

အစာခြေဖျက်မှု စနစ်ထဲမှာ သွားလေးတွေလည်း ပါဝင်တာမို့ သွားလေးတွေရဲ့ ကျန်းမာကြံ့ခိုင်မှုကလည်း အရေးပါပါတယ်။ နေ့စဉ်စားနေတဲ့ အစားအစာတွေကို ကိုက်ဖြတ်ဝါးရင်း သွားတွေနဲ့ သွားဖုံးကြားမှာ ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့အခါ နည်းနည်းစီ ကပ်ငြိစုပုံလာရင်း သွားချေး (ဂျီး) ဖြစ်လာပါတယ်။ သွားချေးတွေကြောင့် သွားတွေ ဝါညစ်လာသလို ပိုးမွှားတွေ ခိုတွယ်မှုကြောင့် ခံတွင်းအနံ့ ဆိုးလာတတ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေနဲ့ ဝါညစ်နေတဲ့ သွားတွေကြောင့် စိတ်ညစ်နေရသူတွေအတွက် ဘေးဖြစ်စေမယ့် ဓာတုဆိုးဆေး၊ အချိုတွေ၊ အနံ့အရသာ အတုတွေ မပါဝင်ဘဲ ၂ မိနစ်အတွင်း သွားတွေကို ဖြူစင်တောက်ပပြီး ခံတွင်းနံ့လေးတွေ သင်းစေမယ့် သဘာဝ Mouthwash လေး လက်တို့လိုက်ပါရစေ။ လိုအပ်တာတွေက - မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း…

Published in Health & Beauty

ပေါက်ပေါက်ဆုပ် ပေါက်ပေါက်ဆုပ်လို့ နာမည်တပ်လိုက်ရင် အံ့သြသွားမလားပဲ။ လေထိုးလေအောင့်စာတွေကို ပြောမယ်ဆိုရင် တချို့စားစရာတွေက မထင်ရဘူးလေ။ ဥပမာပြောရမယ်ဆိုရင် ခေါက်ဆွဲပြုတ်လိုဟာမျိုးပေါ့။ စားလိုက်တုန်းက ဘာမှမဖြစ်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဒုက္ခပေးနိုင်တဲ့ အစားအသောက်မျိုးပေါ့။ ကံမကောင်းစွာဘဲ လေထိုးလေအောင့်တယ်ဆိုတာ အကြောင်းရင်း တိုက်ဆိုင်မှ ဖြစ်တတ်တာမျိုးပါ။ ပေါက်ပေါက်ဆုပ် စားပြီဆိုရင် လက်တစ်ဆုပ်လောက်နဲ့ ပြီးသွားတာ မဟုတ်တော့ စားတဲ့ပမာဏများလေ အစာအိမ်ထဲမှာ ပြဿနာဖြစ်နိုင်လေပါပဲ။  á€Ąá€á€şá€­á€łá€•á€Ťá€á€˛á€ˇá€•á€Žá€ąá€€ အချိုဓာတ်ပါတဲ့ ပီကေတွေကို ၀ါးပြီးရင်း  ၀ါးနေရင်းက လေတွေကို ပါးစပ်ထဲ သွင်းမိပြီး လေထိုးလေအောင့် ဖြစ်စေနိုင်ပါတယ်။ အချိုဓာတ်ဆိုတာကလည်း လေထိုးလေအောင့်ကို ပိုအားပေးတာမျိုးပါ။ ဒါကြောင့် ပါးရိုးလှချင်လို့ဆိုတာနဲ့ အလကားနေ ပီကေ၀ါးနေတဲ့ အကျင့်ကို လျှော့ချပစ်ရမှာနော်။ကော်ဖီ ကော်ဖီဟာ အက်ဆစ်ဓာတ် ပါတဲ့အတွက်…

Published in Health & Beauty

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ ဝေဒနာကို လူတိုင်းနီးပါး ခံစားဖူးမှာပါ။ အစားစားတာ များသွားတဲ့အခါ ဗိုက်အင့်ပြီး နေရထိုင်ရခက်တဲ့ ဝေဒနာက ချွေးသီးချွေးပေါက် ကျသည်အထိ ခံရခက်လှပါတယ်။ အစာကို ကျေညက်အောင် ခြေဖျက်ပေးနိုင်စွမ်း မရှိတဲ့အခါ ဒီဝေဒနာကို ခံစားကြရတာပါ။ ဘာကြောင့် အစာမကြေဖြစ်တာလဲ? ကျွန်မတို့စားလိုက်တဲ့ အစားအစာတွေကို အစာအိမ်စနစ်ကနေ ချေဖျက်တဲ့အခါ အစာကျေညက်အောင် ချေဖျက်ပေးတဲ့ အစာခြေ အင်ဇိုင်းရယ်၊ အစာခြေ အက်ဆစ်ရည်ရယ်နဲ့ အူတွေရဲ့လှုပ်ရှားမှုတွေ လိုပါတယ်။ ဒီအရာသုံးမျိုး ဟန်ချက်ညီမျှပါမှ ကျွန်မတို့ ပါးစပ်က ဝါးစားမျိုချလိုက်တဲ့ အစာတွေက ကောင်းစွာ ကြေညက်မှာဖြစ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်မှာဖြစ်သလို အစာဟောင်းအိမ်ကနေလည်း ကောင်းစွာ စွန့်ပစ်နိုင်မှာပါ။ အစာမကြေရတဲ့…

Published in Health & Beauty

ရင်သားကင်ဆာရောဂါဟာ ဒုတိယ အဖြစ်အများဆုံးသော ကင်ဆာရောဂါ ဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Breast Cancer Campaign ၂၅ နှစ်ပြည့် ပွဲအခမ်းအနားက သိရပါတယ်။ ကင်ဆာရောဂါဟာ ကျား/မ အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ တိုးတက်ပြီးသော နိုင်ငံတွေဖြစ်စေ၊ တိုးဆဲဖြစ်တဲ့ နိုင်ငံတွေမှာဖြစ်စေ ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးထုရဲ့ အသက်အန္တရာယ်ကို အကြီးအကျယ် ခြိမ်းခြောက်လျက် ရှိနေပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိတဲ့ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ပွားတဲ့ ရာဇ၀င်မရှိဘဲ ရောဂါဖြစ်ပေါ်ခံရခြင်း ဖြစ်တယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ ကြောက်မက်ဖွယ် ရင်သားကင်ဆာရောဂါဟာ နေထိုင်မှု ဘ၀ပုံစံနဲ့ အသက်အရွယ်ရဲ့…

Published in Health & Beauty

POND’S မှ အမျိုးသမီးတိုင်း နေ့စဉ် မျက်နှာအသားအရေ ထိန်းသိမ်းရာမှာ လိုအပ်တဲ့ ထုတ်ကုန် ပစ္စည်းအသစ် သုံးမျိုး POND’S White Beauty Micellar Water (မိတ်ကပ်ဖျက်ဆေးရည်)၊ POND’S White Beauty SPF 50 Day Cream နဲ့ POND’S Age Miracle Wrinkle Correcting Cream တို့ကို စတင်မိတ်ဆက် လိုက်ပြီပဲ ဖြစ်ပါတယ်။POND’S က အမျိုးသမီးတွေ အသက်အရွယ် အလိုက် နေ့စဉ် မျက်နှာအသားအရေ ထိန်းသိမ်းရာမှာ လိုအပ်ချက် အချို့ ဖြစ်တဲ့  မျက်နှာသန့်စင်ခြင်း၊ နေရောင်ခြည်ဒဏ်မှ မျက်နှာ အသားအရေ ထိန်းသိမ်း ကာကွယ်ခြင်းနဲ့…

Published in Health & Beauty

 á€†á€…ယဂနယယက 3D ဆစ်ဂနယ်နည်းပညာ သွားတိုက်ဆေးအသစ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် စတင်မိတ်ဆက်လိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်က “ဖြူဖွေးတဲ့ သွားလေးတွေနဲ့ လန်းဆန်းတဲ့ ခံတွင်းရနံ့က မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ အတွက် မခိုင်လေးလို မင်းသမီးတစ်ယောက်အနေနဲ့ရော လူတိုင်းအတွက်ပါ အရမ်းအရေးကြီးပါတယ်။ ယခုဆိုရင် မခိုင်လေးတို့မိသားစုလည်း ပူစီနံရွက် ပါဝင်လို့ခံတွင်းရနံ့ကိုလန်းဆန်းစေပြီး ကယ်လဆီယမ်နဲ့ ဖလိုရိုက်ဒ် ပါဝင်လို့ သွားလေးတွေကို ဖြူဖွေးစေတဲ့ ဒီ 3Dဆစ်ဂနယ် နည်းပညာ သွားတိုက်ဆေးအသစ်ကို ပဲသုံးစွဲနေပါပြီ”လို့  ဗီဒီယိုဖိုင်က တစ်ဆင့်ပြောကြားခဲ့ပါတယ်။ Unilever EAC ရဲ့  Senior Brand Manager for Oral Care ဖြစ်တဲ့ မဇင်မျိုးထက်ကလည်း “ဖြူစင်တဲ့အပြုံးလန်းဆန်းတဲ့ခံတွင်းရနံ့ကလူတိုင်းအတွက် အရေးကြီးပါတယ်။ 3D ဆစ်ဂနယ်…

Published in Health & Beauty

Family Doctor အထူးကုဆေးခန်းမှာ မတ်လ ၁၆ရက်နေ့ကနေ ၁၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် ပရဟိတ ဆေးကုသ ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် သောကြာ (16.3.2018) ၊စနေနေ့ (17.3.2018) နဲ့ တနင်္ဂနွေနေ့ (18.3.2018) မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်ကုတင် ၅၀၀ အထူးကုဆေးရုံကြီးက အထူးကုသမားတော် တွေနဲ့ ဆွေးနွေးပြသကုသခြင်း၊ ဆေးခန်းဝန်ဆောင်ခ အပါအဝင် အပြီးအစီး ငွေကျပ် ၂၀၀၀ ကျပ်နဲ့ ပရဟိတ အထူးကုအစီအစဉ်မှာ ပြသနိုင်ပြီ ဖြစ်ပါတယ်။ ၂၀၀၀ ကျပ်မှာတော့ ဆေးဖိုးနဲ့ သွေးစစ်ဆေးခြင်းတွေ ပါဝင်မှာ မဟုတ်ဘဲ ဆေးဝယ်တာနဲ့ သွေးစစ်တာကိုတော့ လူနာရဲ့ ဆန္ဒအလျောက် ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။Family…

Published in Health & Beauty

FDIရဲ့ တစ်ခုတည်းသော အသိအမှတ်ပြုသွားတိုက်ဆေးဖြစ်တဲ့ ဆစ်ဂနယ်က နှစ်စဉ်ကျင်းပလေ့ရှိသော ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းနဲ့ အတူ ရန်ကုန်မြို့ရှိ Novotel Hotel တွင် ကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန် အသင်းနဲ့ ဆစ်ဂနယ်သွားတိုက်ဆေးတို့ ထပ်မံပူးပေါင်း၍ သွားနဲ့ ခံတွင်းကျန်းမာရေးရဲ့ အရေးကြီးပုံနဲ့ မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် ကောင်းမွန်တဲ့ သွားကျန်းမာရေးစောင့်ရှောက်မှုနဲ့ သွားပိုးပေါက်ကင်းစင်သော အနာဂတ် ဖန်တီးနိုင်ရန်အတွက် ထပ်မံတိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။မြန်မာနိုင်ငံ သွားနဲ့ခံတွင်း ဆရာဝန်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာသိန်းကြူ နဲ့ဥက္ကဌ ဖြစ်သူ ဒေါက်တာ မြင့်ထိန် တို့က “သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်းက သွားတွေကို ကြာရှည်ခိုင်ခံ့အောင်နဲ့ သွားတွေရဲ့ လုပ်ဆောင်ချက်ကို ထိန်သိမ်းပေးထားနိုင်ပါတယ်။ လေ့လာမှုများအရ ကျေးလက်ဒေသရှိ…

Published in Health & Beauty

သင်္ကြန်အတွင်းမှာ ရေကစားလို့ အသားအရေ ပျက်စီးသွားတဲ့ ပျိုမေတွေအတွက် မိမိရဲ့အသားရေကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီလို ပြုပြင်တဲ့ နေရာမှာ Beauty Salon တွေမှာ သွားရောက် ပြုလုပ်နိုင်သလို သဘာဝ နည်းလမ်းတွေနဲ့လည်း ပြုပြင်ထိန်းသိမ်းလို့ ရပါတယ်။ သဘာဝနည်းလမ်းနဲ့ ပြုပြင်ထိန်းသိမ်းမယ် ဆိုရင်တော့ အာလူးကို အခွံနွာပြီး ကြိတ်ချေကာ နှင်းဆီပွင့်ဖတ်ရည်နဲ့ ရောပြီး၊ အသားခြောက်သွေ့သူဖြစ်ရင် ပျားရည်အနည်းငယ် ရောထည့်ကာ မျက်နှာအနှံ့လိမ်းပြီး မျက်နှာသစ်ခြင်းနဲ့လည်း နေဒဏ်ခံရတဲ့ အသားရေကို ထိန်းသိမ်းနိုင်ပါတယ်။ နေဒဏ်ခံရတဲ့ အသားရည်ကို ကုစားဖို့အတွက် အားလူးတင် မကသေးပါဘူး။ သခွားသီးနဲ့လည်း ဆောင်ရွက်လို့ ရပါသေးတယ်။ သခွားသီးအရည်ကို နှင်းဆီပွင့်ဖတ်ရည်၊ သံပရိုသီး အရည်တွေနဲ့…

Published in Health & Beauty

ထိန်ပင်အမှိုက်ပုံ မီးလောင်ရာမှ မီးခိုးမွှန်ခြင်းနဲ့ ဆက်စပ်ရောဂါတွေကြောင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူသူ (၃၈)ဦးနဲ့ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူသူ(၃၃)ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေရဲ့ သွေးတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးလျက်ရှိရာ (၂၅-၄-၂၀၁၈)ရက်နေ့ နောက်ပိုင်း ကုသမှုခံယူခဲ့တဲ့ လူနာတွေမှာ ပုံမှန်ပမာဏ အတွင်းသာ ရှိတယ်လို့ သိရပါတယ်။ ဆေးရုံတက်ရောက် ကုသမှုခံယူသူ အများစုမှာ ရောဂါသက်သာ ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိသော အတွင်းလူနာ (၈)ဦးရဲ့ ကျန်းမာရေး အခြေအနေမှာလည်း သက်သာကောင်းမွန် လျက်ရှိတယ်လို့…

Published in Health & Beauty

အာရှ၊ ပစိဖိတ်ဒေသတွင်းရှိနိုင်ငံတွေမှာ သက္ကရာဇ် ၂၀၃၀ တွင် ငှက်ဖျားရောဂါ ပပျောက်ရေးအတွက် အဆိုပါ နိုင်ငံများသို့ ငွေကြေးထောက်ပံ့ခြင်းနဲ့ အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သစ်ကို ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့မှာ စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း အဲဒီအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ငှက်ဖျားရောဂါ တိုက်ဖျက်မှုတိုးတက်ရေးကို အရှိန်မြှင့်တင်ရန်နဲ့၂၀၃၀ခုနှစ်မှာ ဒေသအတွင်း ငှက်ဖျားရောဂါ အမြစ်ဖြတ်ရန် ရည်ရွယ်ပြီး အမ် ၂၀၃၀ (M2030)ပဏာမအစီအစဉ်ကို အာရှနဲ့ ပစိဖိတ်ဒေသရှိ အစိုးရများ ပူပေါင်းထားတဲ့ APLMA အဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများ၊ The Global Fund အဖွဲ့၊ စီးပွားရေးလုပ်ငန်းစုကော်ပိုရေးရှင်းကြီးများနဲ့ စားသုံးသူတွေကို အတူတကွ ပေါင်းစည်းလုပ်ဆောင် လိုက်ခြင်းဖြစ်ပါတယ်။အမ် ၂၀၃၀ (M2030)ပဏာမအစီအစဉ်မှာ လာရောက်ပူပေါင်းတဲ့ စီးပွားရေးလုပ်ငန်းစု ကော်ပိုရေးရှင်းကြီး…

Published in Health & Beauty

NestlĂŠ BEAR BRAND မှ ပထမဆုံးအကြိမ် အနေနဲ့ သံဓာတ်အသိ ပညာပေးမှု ရက်သတ္တပတ် (Iron Awareness Week) ကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ NestlĂŠ BEAR BRAND အနေနဲ့ မြန်မာမိသားစုတွေကို သံဓာတ်ရဲ့ အရေးပါပုံနဲ့ သံဓာတ် ချို့တဲ့မှုအကြောင်းကို ပိုမိုသိရှိလာပြီး၊ သံဓာတ်ချို့တဲ့မှုကို တိုက်ဖျက်ရင်း ကြံ့ခိုင်ထက်မြက် သာလွန်တဲ့ မိသားစုတွေ တည်ဆောက်နိုင် စေဖို့ကို ရည်ရွယ်ပြီး သံဓာတ်အသိ ပညာပေးမှု ရက်သတ္တပတ်ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။သံဓာတ် အသိပညာပေးမှု ရက်သတ္တပတ် (Iron Awareness Week) ကို မေလ ၁၁ရက်နေ့ကနေ ၁၃ရက်နေ့အထိ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို…

Published in Health & Beauty

NestlĂŠ BEAR BRAND Enriched Malted Milk ကို ဈေးကွက်အတွင်း စတင် မိတ် ဆက်ခြင်း အခမ်း အနားနဲ့ အတူ (ကြံ့ခိုင်မြက်သော မိသားစုအတွက် ရပ်တည်လျက်) ပရဟိတလှုပ်ရှားမှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ဒီပရဟိတ လှုပ်ရှားမှုအစီအစဉ်ကို လွယ်ကူရိုးရှင်းတဲ့ အဆင့်များဖြင့် Online နဲ့ Offline လှုပ်ရှားမှုအ စီအ စဉ် တွေမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။အဲဒီနောက်မှာNestlĂŠ BEAR BRAND ရဲ့ ပရဟိတလှုပ်ရှားမှုမှာ လူ တစ်သန်းကျော် ပါဝင်ခဲ့ပြီး ထို ပရဟိတ လှုပ်ရှားမှုတွင် ပါဝင်မှုအရေအတွက်အတိုင်း NestlĂŠ BEAR BRAND Enriched Malted Milk ခွက်ရေ…

Published in Health & Beauty

  နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အပူရှပ်ခြင်း ဟာလည်းတခုအပါအဝင်ပဲဖြစ်ပြီး á€Ąá€•á€°á€’á€á€šá€€á€­á€Ż အချိန်ကြာမြင့်စွာ ထိတွေ့ရတဲ့အခါမျိုးနဲ့ ရာသီဥတုအပူရှိန်မြင့်မားနေတဲ့ အခြေအနေမှာ ကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန် ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ဟာ အလွန်အမင်းမြင့်တက်လာပြီး အပူရှပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

Published in Health & Beauty

  တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် တီဘီရောဂါဖြစ်ပွားမှုကျဆင်းလာသော်လည်း လူဦးရေသိပ်သည်းမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှုနှုန်း သိသိသာသာကျဆင်းခြင်းမရှိကြောင်း နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈)အရ သိရပါတယ်။

Published in Health & Beauty

  ကလေးကင်ဆာရောဂါများ ကာကွယ်ရေး လမ်းပြမြေပုံများ ရေးဆွဲအကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရပါတယ်။

Published in Health & Beauty

  အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာဖြင့် သေဆုံးနိုင်သည့် အန္တရာယ်လျှော့ချရေးနိုင်ရေးအတွက် အဆီလျှော့စားပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုစားသင့်ကြောင်း သုတေသီများက အကြံပြုပါတယ်။

Published in Health & Beauty

  သဘာဝမှာ အလေ့ကျပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ အဲ့ဒီထဲမှာ သင်္ဘောရွက်လဲ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

Published in Features

မိုးမကျခင် အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်တစ်ခုသွားဖို့အတွက် ပြင်ဆင်တဲ့အခါမှာ ဒါတွေပါပြီလား...? ခရီးသွားအေဂျင်စီလား၊ မိမိဘာသာ သွားမှာလား တစ်ခါတစ်လေ ခရီးသွားချင်ပေမဲ့ ကားလက်မှတ်တွေ ဖြတ်ရတာတစ်မျိုး၊ ဟိုတယ်ဘွတ်ကင် လုပ်ရတာတစ်မျိုးနဲ့ အလုပ်မရှုပ်ချင်ရင်တော့ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်တ်ဆက်ပြီးသွားတာ ကောင်းပါတယ်။

Published in Daily Life

ဒီနေ့ခေတ်မှာတော့ အမျိုးသမီးတွေအတွက် အလှပြင် ပစ္စည်းတွေ အများအပြားပေါ်ထွက်လာကြသလို အရည်အသွေးကလည်း အမျိုးမျိုး ဖြစ်လာခဲ့ကြပါတယ်။ အရင်က မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက တင်သွင်းတဲ့ အလှကုန်ပစ္စည်းတွေလောက်သာ ရှိခဲ့ပေမယ့် အခုဆိုရင် အလှကုန်ပစ္စည်းတွေကို နိုင်ငံတကာကပါ တင်သွင်းလာကြပါပြီ။ ဒီလိုမျိုး မြန်မာပြည်ဈေးကွက်ထဲမှာ အလှကုန်ပစ္စည်းတွေ များပြားလာတာနဲ့အမျှ အရည်အသွေးပြည့်ဝတဲ့၊ ယုံကြည်စိတ်ချရတဲ့ အလှကုန်တွေလည်း ဖြစ်ဖို့ လိုအပ်လာတာ အမှန်ပါပဲ။ ဒီလိုအလှကုန်ပစ္စည်းတွေနဲ့ပါတ်သက်ပြီး အရည်အသွေးမြင့်မားဖို့ ယုံကြည်စိတ်ချရတဲ့ အလှကုန်တွေကို ပြည်သူတွေသုံးစွဲနိုင်ဖို့အတွက် မြန်မာနိုင်ငံ အလှကုန်သည်များ အသင်းကို ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ “အဓိက အလှကုန်လောကသားတွေ အကုန်လုံး ထုတ်လုပ်သူရှိမယ်၊ ဖြန့်ချိသူ၊ တင်သွင်းသူရှိတယ်။ အလှကုန်နယ်ပယ်က လုပ်ငန်းရှင်အားလုံးရဲ့ အကျိုးစီးပွားကို အဓိကထားပြီးတော့…

ဖန်တီးမှုအားကောင်းပြီး  အီလက်ထရိုမြူးဇစ်တွေနဲ့ လူသိများတဲ့ အဆိုတော် Ar-T ကို Power House မှာ ဂျင်မ်ကစားနေတာ တွေ့နေရတာ လနဲ့ချီနေပါပြီ။ အားနဲ့မာန်နဲ့  သေချာလုပ်နေတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က ပုံတွေက အမြဲ သက်သေခံနေပါတယ်။ ရလဒ်ကလည်း အားကောင်းကောင်းနဲ့  တကယ် ပုံပြောင်းလာတာကိုလည်း တွေ့နေရပါတယ်။  ဘော်ဒီ အတော် ကျစ်သွားပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတာလည်း မြင်နေရတာပဲပေါ့။  ဒီလို ရလဒ်ကောင်း ထွက်လာဖို့ Gym တစ်ခုတည်းရဲ့ အားနဲ့ မရဘဲ စားတဲ့ Diet Plan ကလည်း အရေးကြီးတယ်ဆိုတဲ့အကြောင်း Ar-T က ဒီလို ဆိုပါတယ်။ “အရင်က ဝက်သားအရမ်းကြိုက်တယ်။ ခု မစားဖြစ်တာ…

Page 1 of 8