Published in Best of Yangon...

Samsung Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုးထားသော Galaxy Star သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁၀ ဦးဟာ ကိုရီးယားနိုင်ငံမှာ တတ်ကျွမ်းတဲ့ နာမည်ကျော်ပညာရှင်တွေရဲ့ သုံးပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ခံယူပြီး မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် 6 ရက်နေ့ကလည်း Junction City ဈေးဝယ်စင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေကိုလည်း အတူတကွ ကစားခဲ့ကြပါတယ်။ “ဒီလို တမူထူးခြားတဲ့ World Star Searching တီဗီအစီအစဉ်ကို title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung…

Published in Best of Yangon...

ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့မှာ ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ စသည်ဖြင့် ပြပွဲလေးတွေ ခင်းကျင်းပြသလေ့ရှိတဲ့ Gallery တွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။ River GalleryRiver Gallery က ၃၇လမ်းမှာ ရှိတာဖြစ်ပြီး  Awards တွေလည်း ရရှိထားတဲ့ Gallery တစ်ခု ဖြစ်ပါတယ်။ မြို့ထဲမှာပဲ ရှိတာဖြစ်လို့ သွားလာရလွယ်ကူပြီး Contemporary Artist တွေရဲ့ ပြပွဲတွေကို River Gallery မှာ ကြည့်ရှုနိုင်ပါတယ်။ River Gallery မှာ ပြသထားခဲ့ဖူးတဲ့ Artist တွေရဲ့ အနုပညာလက်ရာတွေကိုလည်း River Gallery website မှာ စုစည်းပေးထားလို့ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Artist အာကာကျော်ရဲ့…

Published in Best of Yangon...

မကြာခင်နှစ်သစ်ကို ရောက်တော့မှာဆိုတော့ နှစ်သစ်ကိုကြိုဆိုကြမယ့် လူငယ်တွေအတွက် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် New Year ပွဲအခမ်းအနားတွေကို My Yangon ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။Sule Shangri-La မှာ ကျင်းပပြုလုပ်မယ့် Dreams Come True ဒီပွဲကိုတော့ Miss Grand International Myanmar 2017 အေးချမ်းမိုးကနေ အစီအစဉ်မှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ Moulin Rogue ညလေးကို ည ၉ နာရီကနေ သန်းခေါင်ကျော် ၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ Belly Dancer ခေမီကိုနဲ့ Filipino band Silver Entertainment (PULP) ရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကိုလည်း…

Published in Best of Yangon...

၂၀၁၈ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ နှစ်သစ်ကူးပွဲ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ အမြောက်အများ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လူငယ်တွေ စိတ်ကြိုက်ဖြစ်ခဲ့တဲ့ Free Show ကိုတော့ Forever Group က နာမည်ကြီး အဆိုတော်တွေနဲ့ ကျိုက္ကဆံကွင်းမှာ ကျင်းပပြုလုပ်ခဲ့သလို လူငယ်တွေပါမက လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ IC အဖွဲ့ကလည်း မိုင်ဒါကွင်းမှာ အခမဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် Myanmar Event Park ၊ One Entertainment Park နဲ့ Yangon Waterboom တို့မှာ Show ပွဲတွေကို စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသော Bar တွေ၊ Restaurant တွေကလည်း နှစ်သစ်ကို…

Published in Best of Yangon...

        အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mobile Legends Southeast Asia Cup 2018 Myanmar Open Qualifiers အတွက် Register စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းကို ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားပြုအသင်းတစ်သင်းက ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။       ဒီလို ၀င်ရောက်ယှဉ်ပြိုင် နိုင်ဖို့အတွက် အရင်ဆုံး မြန်မာနိုင်ငံအတွင်းမှာ Online Qualifiers ပွဲစဉ်တွေကို June 25 ရက်နေ့ကနေ July 1 ရက်နေ့ အထိ ကစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး Final Qualifiers…

Published in Art

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေ သရုပ်ဆောင်တဲ့အခါမှာလည်း  နာမည်ရ ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက လတ်တလော ရုံတင်ဇာတ်ကားဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ပရိသတ် အားပေးမှုကို ရရှိနေပါ တယ်။ အေးမြတ်သူကို လက်ရှိ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူမရဲ့ ပရဟိတ သဘောထားတွေကို MY Yangon ဂျာနယ်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ ခံစားချက်လေး ပြောပါဦး။အရမ်းကို ပျော်ပါတယ်။ အရမ်းကို အခွင့်အရေးပေးတယ် လို့ ခံစားရတယ်။ ပထမဦးဆုံး သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဦးပွားကို ကျေးဇူးတင်တယ်။ အဲဒီ…

Published in Yangon 4 Kids

ဂီတဆိုတာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေတဲ့ အရာတစ်ခုပါ။ ဂီတကို စိတ်ဝင်စားသူတွေအတွက် နည်းမှန်လမ်းမှန်နဲ့ သင်ယူနိုင်မယ့် သင်တန်းကျောင်းတွေဟာ ဒီနေ့ခေတ်မှာ အများအပြားရှိလာပါပြီ။ ရန်ကုန်မှာရှိတဲ့ ဂီတသင်တန်းကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ MEBC Music Art Academy ရဲ့ CEO ဖြစ်သူ ဆရာအိမ်မင်းထက်နဲ့ MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။ ဆရာ့ရဲ့ ဂီတအပေါ်ထားတဲ့ ခံယူချက်တွေနဲ့ MEBC သင်တန်းကျောင်းအကြောင်းကို မေးမြန်းခဲ့တာပါ။MEBC သင်တန်းကျောင်းကို တည်ထောင်ဖြစ်တဲ့ အကြောင်းလေး သိချင်ပါတယ်။ဆရာက ထိုင်းနိုင်ငံ Mahidol University မှာ Music education နဲ့ ပတ်သက်ပြီး ကျောင်းတက်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ ဂီတနဲ့ဆိုင်တဲ့ သင်တန်းကျောင်းလေး…

Published in Yangon 4 Kids

ကိုယ်နှစ်သက်တဲ့ ဂီတတူရိယာတစ်ခုခုကို တီးခတ်တတ်ပြီဆိုရင် ထာဝရ သူငယ်ချင်းကောင်းတစ်ယောက် ရလိုက်သလိုပဲ ဆိုတဲ့ စကားအတိုင်း ဂီတကို မြတ်နိုးတန်ဖိုးထားပြီး ဂီတတူရိယာတွေကို တီးခတ်တတ်ချင်သူတွေ အများအပြား ရှိနေပါတယ်။ အဲဒီအတွက် ရန်ကုန်မြို့မှာ ရှိတဲ့ ဂီတသင်တန်းကျောင်းအချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ဂီတမိတ် Music Centerဂီတမိတ် မြူးဇစ်စင်တာကတော့ ၂၀ဝ၃ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး  စန္ဒရား၊ ဂစ်တာ၊ တယော၊ ဒရမ်၊ ပလွေ၊ မြန်မာ့စောင်း၊ ပတ္တလား တီးခတ်နည်း၊ Music Education, Vocal တို့ကို သင်ယူနိုင်ပါတယ်။ သင်ကြားပို့ချပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း အများအားဖြင့် နိုင်ငံခြားကနေ ပညာသင်ယူခဲ့တဲ့ ပညာရှင်တွေ ဖြစ်ပြီး ထူးခြားချက်အနေနဲ့ ဂီတမိတ်မှာ Music နဲ့…

Published in Features

ဆရာမမေသင်္ကြန်ဟိန်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသာထားတဲ့ ‘ကျွန်မကို ချစ်တဲ့သူတွေ…’ စာအုပ်ကို ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ..’ အမည်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ ရွှေမြစ်မခ မီဒီယာဂရုနဲ့ အန်အမ်အက်ဂရု ကုမ္ပဏီတို့က ပူးပေါင်းပြီး ထုတ်လုပ် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းလေးကတော့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီအဖွဲ့စည်းတွေ ပေါ်ပေါက်လာတယ်။ အဖေဖြစ်သူက ပါတီဝင် အမေဖြစ်သူက ကျောင်းဆရာမ အဲဒီကနေမှ ဆရာမ မေသင်္ကြန်ဟိန်းကို မွေးဖွားလာတယ်။ ဆရာမက အဖေထောင်ကျသွားတော့ သူ့ဘ၀ကိုသူ ဖြတ်သန်းရတယ်။ အမေဖြစ်သူကလည်း အကူအညီ အပြည့် မပေးနိုင်ဘူး။  အဖေကလည်း ခဏခဏ ထောင်ကျတယ်။ အဲ့လိုနေလာရင်း နေလာရင်းနဲ့ သူ့ရဲ့အချစ်ကို စတွေ့တယ်။…

လာမယ့် Myanmar Idol season 3 အတွက် အကဲဖြတ် ဒိုင်တွေကို အပြောင်းအလဲ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ Myanmar Idol season 2 တုန်းက အကဲဖြတ်ဒိုင်တွေအဖြစ် မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့က ပါဝင်ခဲ့ပြီး Myanmar Idol season 3 မှာတော့ မြန်မာပြည်သိန်းတန်၊  ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့က တာဝန် ယူသွားမှာ ဖြစ်ပါတယ်။Myanmar Idol season 3 ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ဆယ့်တစ်နာရီခွဲက  ရန်ကုန်မြို့၊ MELIA HOTEL မှာ ပြုလုပ်ခဲ့ပါတယ်။ Myanmar…

    HipHop အဆိုတော် ချမ်းငြိမ်းကိုရဲ့ “အမှားနဲ့ အကင်းတဲ့လူ” လို့ အမည်ပေးထားတဲ့ တေးစီးရီး (MTV) ဟာ ဇန်န၀ါရီလ ၁၄ရက်နေ့မှာ BoBo Entertainment ကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ ဒီသီချင်းခွေမှာ ဆိုရင်တော့ HipHop သီချင်း ၁၁ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။ “အမှားနဲ့ အကင်းတဲ့လူ” သီချင်းခွေ ပရိုမိုရှင်းပွဲကိုလည်း ဇန်န၀ါရီလ ၁၄ ရက်နေ့မှာပဲ ညနေ ၃ နာရီမှာ ရန်ကုန်မြို့၊ Junction Square Outdoor Area မှာ တစ်ခြား HipHop တေးသံရှင်တွေနဲ့အတူ တီးခတ်သီဆို ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချမ်းငြိမ်းကို ကိုယ်တိုင်…

Mummy ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်တစ်ခုပါ။ ၁၉၃၂ ကတည်းကနေစပြီး အမျိုးမျိုးသော ဇာတ်လမ်းတွေနဲ့ Mummy ဇာတ်ကားတွေ ရိုက်ကူးလာခဲ့တာ ဒီနှစ်ဆိုရင် Mummy ဆိုတဲ့ Character ဟာ သက်တမ်း ၈၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ အခုလာမယ့် ဇွန် ၉ ရက် နေ့မှာ US နဲ့ ကနေဒါမှာ စတင်ရုံတင် ပြသတော့မယ့် The Mummy ရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ မေ၂၂ က Australia မှာ အထူးပွဲ ပြသခဲ့ပြီး ဖြစ်ပါတယ်။ လန်ဒန်မှာ မေလ ၂၂ ရက်နေ့က မန်ချက်စတာ ဗုံးပေါက်ကွဲမှုကြောင့် မူလပြသဖို့ စီစဉ်ထားတဲ့…

မင်းသားကေဆီအဲဖလက်ခ်ကို အရင်က မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ သိပ်သတိထားမိလိမ့်မယ်လို့ မထင်ပါဘူး။ သူ့ထက် သူ့ရဲ့အစ်ကို နာမည်ကြီး မင်းသား ဘင်အဲဖလက်ခ်ကိုသာ နာမည်ကြီးစူပါလူစွမ်းကောင်းဇာတ်ကားဖြစ်တဲ့ Batman and Superman ဇာတ်ကားထဲက လင်းနို့လူသားဇာတ်ရုပ်နဲ့အတူ မျက်မှန်းတန်းမိနေခဲ့ကြမှာပါ။ စာရေးသူအနေနဲ့လည်း ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်ဆုစာရင်းတွေထွက်ပေါ်လာချိန်မှပဲ ဒီမင်းသားကို စပြီးသတိထားမိခဲ့တာဆိုရင် မှားမယ်မထင်ပါဘူး။ ဆက်လက်ပြီး သူ့ကြောင်းလေးကို စူးစမ်းကြည့်တဲ့အခါ ခေါင်းဆောင်မင်းသားနေရာကနေ ထင်ထင်ပေါ်ပေါ် သရုပ်ဆောင်ခဲ့တာမျိုး သိပ်မရှိပဲ နာမည်ကြီး ဇာတ်ကားအချို့မှာ ဇာတ်ပို့နေရာကနေ တစိုက်မတ်မတ် သရုပ်ဆောင်လာခဲ့သူဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးခဲ့တဲ့ ဇာတ်ကာအနည်းစုထဲကနေ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးမင်းသားဆုရရှိခဲ့သူ မင်းသား ကေဆီအဲဖလက်ခ်အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပြိုကွဲတဲ့မိသားစုထဲက ငယ်ဘဝ အသက် ၄၁…

ကားမောင်းပြိုင်ဆိုင်မှုတွေ၊ ဒုစရိုက်လောကသားတွေနဲ့ တရားမျှတမှုဘက်တော်သားတွေ အသေအကြေတိုက်ခိုက်ကြတဲ့ အရမ်းလန်းတဲ့ ဇာတ်ဝင်အက်ရှင်ခန်းတွေနဲ့ Fast and Furious ဇာတ်လမ်းတွေရဲ့အဆက် ၈ ကားမြောက် ဇာတ်ကားလို့ဆိုရင် မမှားပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Fast and Furious 7 ကို ကြည့်ရှုလိုက်ရသူတွေအနေနဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေကို မျှော်လင့်နေကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ထူးခြားပြောင်မြောက်လှတဲ့ အက်ရှင်အကြမ်းအရမ်းတွေကို မင်းသားကြီး ဒွိုက်ဂျွန်ဆန်နဲ့ ဗန်ဒိုင်ဇယ် ၊ ဂျတ်ဆင် စတေတမ်တို့က ထပ်မံ လုပ်ပြသွားအုံးမှာပါ။ ပြီးခဲ့တဲ့ Fast and Furious 7 မှာ ထောင်နန်းစံခဲ့တဲ့ ဒုစရိုက်လက်မရွံ့လူသတ်သမား ဒရက်ရှော (ဂျတ်ဆင်စတေတမ်) က…

ဒီတစ်ပတ်ရုပ်ရှင်အညွှန်းကတော့ ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ ကျေးလက်မှာဖြစ်လေ့ရှိတဲ့သဘာဝကိုအခြေခံထားတဲ့ဇာတ်ကားဖြစ်ခါ လောဘအမှောင်ဖုံးနေသူတွေရဲ့စရိုက်ကိုဇာတ်လမ်းဖွဲ့ထားပြီး ဒါရိုက်တာသားကြီးက ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဗာရာဏသီအစချီတဲ့ ပါးစပ်ရာဇ၀င်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ရွာတစ်ရွာမှာဘသာ(ဗေလုဝ) ဆိုသူ ဘာ ကြောင့် မှန်းမသိသေဆုံး သွားပါတယ်။ မကျင်(ခိုင်နှင်းဝေ)က ဘသာရဲ့မိန်းမဖြစ်ပါတယ်။ရွာမှာအကြားအမြင် ယောင် ယောင်၊ နတ်ကတော်ယောင်ယောင်လုပ်စားနေတဲ့ဘွားတော်သုန်(ခိုင်သင်းကြည်)ဆိုတာလည်းရှိပါတယ်။ စပ်စပ်စုစုအရက်ပုန်းရောင်းတဲ့မိလုံး(တက္ကသိုလ်ဂွမ်းပုံ) ဥာဏ်ရည်အားနည်းသူ ၊ လေကမိုးပေါ်ကမဆင်းတဲ့ အောင် သော်(ဟန်ဇာမိုးဝင်း)တို့က ဝေဖန်လေကန်ကြကာ နာရေးကိုဝိုင်းကူကြပါတယ်။ တစ်ဖက်မှာ ဆိုရင်လည်းဘသာကို အကြွေးဆပ်စရာရှိသူ ရွာအုပ်ချုပ်ရေးမှူးပြုတ် ကိုမြသန်း(ဒိန်းဒေါင်)က သေသူကိုအကြွေးမဆပ်ဘဲ မနေရဲတာ နဲ့ နာရေးကူငွေအဖြစ်ငွေ ခုနှစ်သောင်းလှူလိုက်ပါတယ်။ ကိုမြသန်းသမီးပွားစိန်(စံရတီမိုးမြင့်) နဲ့ရွာအုပ်ချုပ် ရေး မှူး အုပ်ကြီး(ခင်လှိုင်)သမီးမခြူး(ထားထက်ထက်)တို့က မတည့်ကြပါဘူး။ နှစ်ဖက်သားအပြိုင်အဆိုင်နာရေး ကူရာက မကျင်တစ်ယောက်မကိုင်ဖူးတဲ့ငွေပမာဏကိုကိုင်ရပြီး စိတ်ကြီးဝင်ရာက ဗရမ်းဗတာ တွေဖြစ်ပါတော့ တယ်။မကျင်နာရေးကူငွေတွေနဲ့ကောင်းစားနေပြီဆိုတဲ့သတင်း…

'ရေခဲရိုက်အပြုံး' သီချင်းနဲ့ ပရိသတ်ကြားမှာ နာမည်ရလာတဲ့ အဆိုတော် မိစန္ဒီက အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေပါပြီ။ သူ့အခွေ တွေကို နာမည်ဆန်းဆန်းလေးတွေပေးတတ်တဲ့ မိစန္ဒီနဲ့ သူ့ရဲ့ဂီတအပေါ်စိတ်ခံစားမှု တွေအကြောင်းကို မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ တတိယတေးစီးရီးအသစ် ပြင်ဆင်နေတယ်လို့သိထားတယ် ပြောပြ ပေးပါဦး။စီးရီးနာမည်ကိုတော့ အသဲလေးလို့ ပေးထားတယ်။ ညီမက ရှေ့က အခွေတွေမှာ မိုနိုပိုလီ ကစားစရာ၊ ပစ်တိုင်းထောင်ကတော့ အရုပ်၊ အသဲလေးကျတော့ အရုပ်လို လူတွေက ကစားကြတယ်။ ဒါပေမယ့် ကစားစရာလည်းမဟုတ် အရုပ်လည်းမဟုတ်ဘဲ သူ့မှာလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိတယ်။ ညီမက တစ်ခွေနဲ့တစ်ခွေ ဆက်စပ်မှုလေးရှိ အောင် နာမည်ပေးချင်တာလည်းပါတယ်။ နောက်တစ်ခုက ညီမသီချင်းမှာ အသဲလေးဆိုတာလည်း ပါတယ်။…

CL ၊ NELLY & SOULJA BOY တို့ ပါဝင်ဖျော်ဖြေမယ့် UnDerDawg Festival ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ Thuwannabhumi Event Park မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ သူတို့ထဲကမှ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Hip Hop အဆိုတော် Nelly ကတော့ အမည်ရင်း Cornell Iral Haynesc Jr.  ဖြစ်ပြီး သူ့ကို ၁၉၇၄ ခုနှစ် November လ ၂ ရက်နေ့ Texas ပြည်နယ် Austin မြို့မှာ မွေးခဲ့တာပါ။ ငယ်စဉ်က Baseball…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ လူငယ်ကြိုက် ကားကောင်းလေးတစ်ကားဖြစ်တဲ့ "ဝိညာဉ်ကကြိုး"အမည်ရှိ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဖြူစင်တဲ့ချစ်ခြင်းတရားကို အခြေခံထားပြီး ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ချစ်မေတ္တာသံဃောဇဉ်ဖွဲ့ အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းရွှေပျိုဖြူ (ရွှေမှုံရတီ)နဲ့ ခေတ်သမီး (သင်ဇာဝင့်ကျော်) တို့က တစ်ဦးနဲ့တစ်ဦး အလွန်သံဃောဇဉ်ကြီးတဲ့ သူငယ်ချင်းတွေပါ။  တစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘဝပေးအခြေအနေ ကွာခြားကြပါတယ်။ ရွှေပျိုဖြူရဲ့ဖခင်ကတော့ အဝေးကနေ ငွေကြေး ထောက်ပံ့ထားတာကလွဲလို့ မေတ္တာတရားကို မပေးနိုင်ပေမယ့်၊ ငွေကြေးမပြည့်စုံတဲ့ ခေတ်သမီးကတော့ မိဘမေတ္တာတရားကို ပြည့်ဝစွာရရှိထားသူပါ။ ခေတ်သမီးက စိတ်ထားနူးညံ့သလောက် ရွှေဖြူကတော့ စိတ်ခက်ထန်တယ်။ လိုချင်တာကိုလည်း ရအောင်ယူတတ်တယ်။ သူမစရိုက်ကို နားလည်ပေးနိုင်သူကလည်း ခေတ်သမီးတစ်ယောက်ပါပဲ။ ခေတ်သမီးဟာ ရွှေဖြူ့ရဲ့…

မကြာမီ ထွက်ရှိမယ့် "မယ်သီတာ" Mini Album မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။မယ်သီတာ Mini Album ကို ထုတ်ဖြစ်တာလေး အရင်ပြောပြပါဦး။အဓိကကတော့ Mini Album လုပ်ချင်တာလည်း ကြာပြီပေါ့နော်။ သီချင်းပုံစံ အသစ်လေးတွေကို ပရိသတ်ကို ချပြချင်တာလည်းပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ့် One Lady Show ကျရင် အရင်ဆိုခဲ့တဲ့ သီချင်းဟောင်းတွေထက် သီချင်းအသစ်တွေနဲ့ Performance လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့်မို့ တစ်ကိုယ်တော်ခွေမတိုင်ခင် ကြားထဲမှာ Mini Album ထွက်လိုက်တာပါ။ သီချင်းခြောက်ပုဒ်တည်း ပါပါတယ်။ ဇွန်လအကုန် ဇူလိုင်လဆန်းလောက် ထွက်ပါမယ်။အခွေနာမည်ကို "မယ်သီတာ"လို့…

Animation ဇာတ်ကားကောင်းတွေ ထုတ်လုပ်နေကျဖြစ်တဲ့ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး ၂၀ဝ၆ ခုနှစ်မှာ Cars ဆိုတဲ့ ပြိုင်ကားလေး Lightning McQueen အကြောင်းကို ဇာတ်လမ်းလုပ် ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ မှာ ဒုတိယရုပ်ရှင် အခု ၂၀၁၇ မှာ တတိယမြောက်ရုပ်ရှင်ကို ဆက်လက်ထုတ်လုပ်တာ ဖြစ်ပါတယ်။ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး အခြားကမ္ဘာကျော် Animation ဇာတ်ကားကောင်းတွေလည်း များစွာထုတ်လုပ်ခဲ့တာကြောင့် လာမယ့် ဇွန် ၁၆ ရက်…

Ride On Europe ခရီးသွားအစီအစဉ်မိတ်ဆက်ပွဲကို ဇွန် ၁၉ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Ride On Europe အစီအစဉ်အတိုင်း ဥရောပနိုင်ငံတွေဆီကို သွားရောက်မှာဖြစ်ပြီး သွားရောက်လည်ပတ်မယ့် နိုင်ငံတွေ ကတော့ -Germany, Czech, Poland, Hangary, Slovakia, Austria စတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ကို ဇွန် ၂၁ ရက်နေ့မှ စတင်ထွက်ခွာမှာဖြစ်ပြီး အဲဒီ ခရီးသွားအစီအစဉ်မှာ ပါဝင်မယ့် အနုပညာရှင်တွေကတော့ ဒါရိုက်တာ သည်ခေတ်နေ၊ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊  မာရီကိုးလ်နဲ့ အခြားသရုပ်ဆောင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို MNTV နဲ့ Channel-9 တို့မှာ ထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။Read More…

ဘိုဘိုမြူးဇစ်အင်တာတိန်းမန့်ရဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲကို ဇွန် (၁၁) ရက်မှ စတင်ကာ MNTV ရုပ်သံလိုင်းမှာ စတင်ပြသနေတယ်လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲဟာ အချစ်၊ ဟာသနဲ့ စိတ်လှုပ်ရှားချောက်ချားဖွယ် ဇာတ်လမ်း ဖြစ်ပြီး ခေတ်တခေတ်ရဲ့ စကားပြောဟန်ပန်တွေကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အပိုင်း ၁၆ ပိုင်း ပြသမှာဖြစ်ပြီး  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း MNTV Channel ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။" ဒီဇာတ်လမ်းတွဲက သရဲရှိတယ်လို့ နာမည်ကြီးနေတဲ့ နေရာတွေမှာ သရဲလိုက်ဖမ်းကြတဲ့ အကြောင်းကို ရိုက်ထားတာပါ။ သရဲကားဆိုတာကလည်း ကိုယ်တိုင်ကြောက်ရမှ ပရိသတ်လည်း ကြောက်မယ်လို့ ယူဆထားတယ်။ အဲဒါကြောင့် ဒီဇာတ်လမ်းတွဲကို သရဲခြောက်တဲ့…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ပျော်စရာလေးတွေနဲ့ အနုပညာရသမြောက်အောင် ရိုက်ကူးထားတဲ့ သူငယ်ဇာတ်ကားပဲ ဖြစ်ပါတယ်။ လူငယ်လေးတစ်ဦးနဲ့ အပျိုကြီးသုံးယောက်ရဲ့ အကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ မြန်မာ Idol ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို မင်းသားသစ် အဖြစ်တင်ပြီး အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပါတယ်။ ချစ်သူရှိတဲ့ အပျိုကြီးသုံးယောက်က သူတို့တွေထက် အသက်ငယ်တဲ့ လူငယ်တစ်ဦးနဲ့ ပတ်သက်မိတဲ့အချိန်မှာ ကြုံရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။အပျိုကြီးမမ သုံးယောက်က အဒေါ်ဖြစ်သူရဲ့ နွေမိုးဆောင်းဂေဟာမှာ နေထိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ပထမဆုံးတစ်ယောက် နွေဦးမေ (ထွန်းအိန္ဒြာဗို)က ဗြူးတီးဆလွန်း ဖွင့်ထားတာဖြစ်ပြီး မိုးခင်ခင် (စိုး မြတ်သူဇာ)ကတော့ အဒေါ်ဖြစ်သူရဲ့ ယွန်းထည်ဆိုင်ကို…

ဆူဆူညံညံ ကွိစိကွစနဲ့ စကားပြောတတ်တဲ့ အဝါရောင်ဆေးတောင့်ပုံစံ အကောင်လေးတွေကို လူတိုင်း မှတ်မိနေပြီး သူတို့ကြောင့် အဓိက ကမ္ဘာကျော်ခဲ့တဲ့ Despicable Me ကာတွန်းကားဟာ တတိယမြောက် ရုပ်ရှင် ထွက်ရှိလာပါပြီ။  အခုလာမယ့် ဇွန်လ ၃၀ရက်မှာဆိုရင် နိုင်ငံတကာမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Gru ဟာ သူနဲ့ နှစ်ပေါင်းမျာစွာ ကွဲကွာနေတဲ့ အမြွှာညီအကိုဖြစ်တဲ့ Dru နဲ့ ပြန်လည်ဆုံတွေ့ပြီး အကြီးကျယ်ဆုံး ဒုစရိုက်မှုကြီး ကျူးလွန်ဖို့ လာရောက် စည်းရုံးတာ ဖြစ်ပါတယ်။ ဒီကားမှာ အရင် Despicable Me 1 နဲ့ 2 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေထဲက Chris Renaud…

ဧပြီလအတွင်းက “Fat House”ဆိုတဲ့ မီနီအယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် Ar-Tက အခု တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ရှိထားတဲ့ “ချိုချဉ်” စီးရီးထဲက သီချင်းတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အကြိုက်တွေ့နေတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Ar-T ကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။Q - Ar-T ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။A - အခုက ကျွန်တော် တစ်ကိုယ်တော် အခွေအသစ် လုပ်နေတယ်။ လာမယ့် ၁၄ရက်နေ့မှာ MTV တစ်ပုဒ် ရိုက်ဖို့ ရှိတယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ အသစ်တစ်ပုဒ် ထွက်ဖို့ ရှိမယ်။Q…

အဆိုတော် ပိုပိုနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဂီတဖန်တီးမှုအသစ်တွေနဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းထားပါတယ်။ အရင်ဆုံး ကဗျာစာအုပ်မှာ ပိုပိုရေးထားတဲ့  ကဗျာအကြောင်းလေး ပြောပြပါဦး။ " ကောင်းကင်များ " ဆိုတဲ့ ကဗျာစာအုပ်လေးကို ထုတ်ထားပါတယ်။ ကဗျာဆရာတွေ အများကြီး ပါဝင်ပါတယ်။ အနုပညာရှင်တွေလည်း အများကြီးပါတယ်။ ပိုပိုကတော့ အသည်းကွဲတဲ့အကြောင်းကို ရေးထားတာပါ။ နောက်တစ်ခုကတော့ သတ်မှတ်ခြင်းဆိုတဲ့ ကဗျာတစ်ပုဒ် ပါပါတယ်။ သတ်မှတ်ခြင်းက ဘာလဲဆိုတော့ လူတွေပဲဖြစ်ဖြစ်၊ ဘယ်အရာဝတ္ထုပဲ ဖြစ်ဖြစ် သူတို့က စက္ကူလေးတစ်ရွက်ဆိုပြီး အထင်သေးလို့ မရပါဘူး။ သူ့ရဲ့တန်ဖိုးက သူ့နေရာနဲ့သူ တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ရတယ်။ ငါက ကမ္ဘာကြီးကိုတောင် ပြောင်းလဲနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်ဆိုရင်…

တိုက်နှစ်လုံး တူရိယာဆိုင်မှာ တယော၊ ဒရမ်၊ ကီးဘုတ်၊ ဂစ်တာ စတဲ့ တူရိယာပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ တူရိယာကြိုးမျိုးစုံတို့ကို ရရှိနိုင်ပါတယ်။ ဂစ်တာမှာဆိုရင် တိုက်နှစ်လုံးမှာပဲ ပြုလုပ်တဲ့ ပြည်တွင်းဖြစ် ဂစ်တာတွေကို ဝယ်ယူနိုင်သလို နိုင်ငံခြားဖြစ် ဂစ်တာအမျိုးအစားစုံကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ တယော၊ ဒရမ်နဲ့ ကီးဘုတ်တွေကလည်း အမျိုးအစား စုံလင်လှတာမို့ ကိုယ်သုံးမယ့် ငွေကြေးပမာဏအလိုက် ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ပင်ရင်းဆိုင်က လသာမြို့နယ် မှာရှိပြီး တော်ဝင်စင်တာမှာလည်း ဆိုင်ခွဲတစ်ဆိုင် ရှိပါသေးတယ်။ နယ်ကနေဝယ်ယူချင်တဲ့ သူတွေအနေနဲ့လည်း ကိုယ်လိုချင်တဲ့ အမျိုးအစားကိုပြပြီး Online ကနေ မှာယူလို့ရပါသေးတယ်။ ဆိုင်ကို တနင်္လာနေ့ကနေ စနေနေ့အထိ ဖွင့်လှစ်ထားပြီး တနင်္ဂနွေတစ်ရက် ပိတ်ပါတယ်။တိုက်နှစ်လုံးအမှတ်၉၅ ၊ ၂၃လမ်း ၊လသာမြို့နယ်။ဖုန်း…

သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ရုပ်ကနေ ပီပြင်အောင် သရုပ်ဆောင်ရတယ်ဆိုပေမယ့် အရူးတစ်ယောက်လို၊ တိရစ္ဆာန်တစ်ကောင်လိုမျိုး၊ မှင်စာတစ်ကောင်လိုမျိုး ဇာတ်ရုပ်တွေကို တကယ့်ပြင်ပလောက အတိုင်း သရုပ်ဆောင်ဖို့ဆိုတာကတော့ အတော်ရူးသွပ်မှ ဖြစ်မှာပါ။ ဒီနေ့ခေတ် နည်းပညာတိုးတက်နေတဲ့ ရုပ်ရှင်လောကမှာ Visual Effects နဲ့ ပတ်သက်ပြီး အကောင်းဆုံးလို့ ပြောစမှတ်ပြုခဲ့ရတဲ့ The Lord of the Rings (Trilogy) မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲထွက်ခဲ့တဲ့ The Hobbit: An Unexpected Journey မှာပါ မှင်စာဖြစ်တဲ့ Gollum ကို သိကြမှာပါ။ အဲဒီနေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး Andy Serkis ပဲ ဖြစ်ပါတယ်။ အခုလည်း…

၁၉၆၈ ခုနှစ်ကတည်းက ရုပ်ရှင်အနေနဲ့ စတင်ရိုက်ကူးခဲ့ဖူးပြီး TV Series အနေနဲ့ ၁၉၇၄ ခုနှစ်မှာ ပြသခဲ့တဲ့ Planet of the Apes ဇာတ်လမ်းတွဲတွေကို ၂၀ဝ၁ တုန်းက Planet of the Apes နာမည်နဲ့ပဲ ရုပ်ရှင်ထွက်ခဲ့ပါသေးတယ်။ အဲဒီနောက် ၁၀ နှစ် ကြာပြီး ၂၀၁၁ မှာ မျောက်တွေ စတင် တိုးတက်ထွန်းကားလာတာကို ပြတဲ့ Rise of the Planet of the Apes ကို ရုံတင်ပြီး ၂၀၁၄ မှာတော့ လူသားတွေနဲ့ အပြိုင် မျောက်မျိုးနွယ်တွေ တိုက်ပွဲဝင်နေတာကို ပြတဲ့ Dawn…

အခု လာမယ့် သြဂုတ် ၄ ရက်မှာ ရုံတင်မယ့် ရုပ်ရှင်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်တိုက်ပွဲကြီးကို အခြေခံ ရိုက်ကူးထားတဲ့ Dunkrik ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့သူကတော့ The Dark Knight (2008) ၊ Inception (2010)၊ The Dark Knight Rises (2012) အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော်ဒါရိုက်တာ Christopher Nolan ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင် မထွက်ခင်ကတည်းက Christopher Nolan ရဲ့လက်ရာဆိုတာနဲ့တင် ဒီကားကို စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ Nolan ရဲ့လက်ရာတွေအတိုင်းပဲ သရုပ်ဆောင်တွေကို စူပါစတားတွေ…

ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကို  လာမယ့် သြဂုတ်လ ၁၆ ရက်နေ့၊ ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံကနေ ဂျပန်ကို ရောက်သွားတဲ့ မိသားစုတစ်စုကို အခြေခံလို့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းကို  ဒါရိုက်တာကြည်ဖြူသျှင်က သရုပ်ဆောင် ရန်အောင်၊ အောင်ရဲလင်း၊ ဂျပန်နိုင်ငံက J-pop အဆိုတော် မိုရီဆာကီဝင်း၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးမှာပါ။“ ဒီဇာတ်လမ်းထဲမှာ ကစ်ကစ်က ဂျပန်မှာ မွေးပြီး ဂျပန်မှာ ကြီးတဲ့ မိန်းကလေးတစ်ဦးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ အခုလိုမျိုး ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းမှတ်ပြုလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးလည်း…

နိုင်ငံတကာမှာလည်း အောင်အောင်မြင်မြင်နဲ့ ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေပြီဖြစ်တဲ့ Annabelle : Creation ဟာ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle (2014) ရဲ့ prequel ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားမှာဆိုရင် Annabelle အရုပ်လေး ဘယ်က ဘယ်လို စပြီးဖြစ်လာတယ်ဆိုတာကို ပြန်ပြသွားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အင်မတန် ကြောက်စရာကောင်းနေတဲ့ အဲဒီအရုပ်ဟာ အပြင်လောကမှာလည်း တကယ်ရှိနေတာဖြစ်ပြီး အမေရိကားမှာ 1970 ၀န်းကျင်လောက်က အတော်ကို ရေပန်းစားခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားစလုံးမှာ အရမ်းကြောက်ဖို့ ကောင်းနေတယ်လို့ ခံစားရရင် တကယ့် အဖြစ်အပျက်က ဒီထက်ပိုကြောက်ဖို့ ကောင်းတယ်လို့ သတင်းစာတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့…

Hollywood ရုပ်ရှင်ကားသစ်တွေကိုပဲ ညွှန်းနေရတာများပြီဆိုတော့ အခုတစ်ခါတော့ August လဆန်းက India နိုင်ငံမှာ ရုံတင်ခဲ့ပြီး အခုလာမယ့် ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မယ့် Bollywood ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကလည်း လှတယ်။ Europe ကို ခရီးထွက်ရင်း စေ့စပ်လက်စွပ်ပျောက်သွားတဲ့ ကောင်မလေးကို ပျော်ပျော်နေတတ်ပြီး ကူညီတတ်တဲ့ Guide အမျိုးသားက ကူညီပြီး ၀ိုင်းရှာပေးတာပါ။ ဒီလက်စွပ်က Europe မှာ သွားလာရင်း ပျောက်သွားတာဆိုတော့ ကောင်မလေးနဲ့ Guide က သွားခဲ့တဲ့ Europe က နေရာတွေမှာ လိုက်ရှာရမှာဆိုတော့ Europe ရဲ့ အလှအပတွေကို Bollywood ရုပ်ရှင်တွေမှာ တွေ့နေကျ ရှုခင်းအလှပြ…

အရုပ်သရဲကား Annabelle : Creation က အောင်မြင်နေတဲ့ အချိန်မှာ အရုပ်နဲ့ ပတ်သက်လို့ ထူးခြားတဲ့ မင်းသမီးကြီးတစ်ယောက်ကို သွားသတိရလိုက်မိပါတယ်။ သူကတော့ ညို့အားလည်း ကောင်းသလို ဆွဲဆောင်နိုင်စွမ်းလည်း ပြင်းသလောက် တည်ငြိမ်တဲ့အလှကိုလည်း လှစ်ဟပြနိုင်တယ်လို့ ပြောနိုင်တဲ့ စွယ်စုံအလှဘုရင်မ မင်းသမီးကြီး Demi Moore ပါပဲ။ အရုပ်နဲ့ ပတ်သက်ပြီး သူ့ကို သတိရတာကလည်း သူ့ကို The New York Times သတင်းစာကြီးက “The World's Most High-Profile Doll Collector” လို့ ပြောရတဲ့အထိကို သီးသန့်အိမ်မှာ အရုပ်ပေါင်း ၂၀၀၀ ကျော်ကို သိမ်းထားတဲ့ အထိပါပဲ။ 1962…

Tennis လောကမှာ အချောအလှအမျိုးသမီး ကစားသမားတွေ ပေါ်ထွက်လာခဲ့ဖူးတဲ့ အထဲကမှ ချောလှသလောက် အောင်မြင်မှုပါ ကြီးခဲ့တဲ့သူကတော့ လက်ရှိ US မှာလည်း လက်စွမ်းပြနေတဲ့ Russia Tennis မယ် Maria Sharapova ပဲ ဖြစ်ပါတယ်။ တချို့ အမျိုးသမီးကစားသမားတွေဟာ ကွင်းထဲက လက်စွမ်းထက် ကွင်းပြင်က အလှအပတွေကြောင့် ၀င်ငွေကောင်း နာမည်ကြီးခဲ့ပေမယ့် Sharapova ကတော့ ၆ ပေ ၂ လက်မရှိတဲ့ အရပ်အမောင်းနဲ့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ စိုးမိုးနိုင်ခဲ့သူပါ။ ကမ္ဘာ့နံပတ် ၁ နေရာကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၀ ဦးတည်းသာရှိခဲ့တဲ့ Grand Slam ဆုကြီး ၄…

Hitman ဆိုတာ ထူးချွန်တဲ့ ကြေးစားလူသတ်သမားကို ညွှန်းဆိုတာပါ။ အဲဒီ Hitman ကို Bodyguard လုပ်ရမယ်ဆိုတော့ The Hitman’s Bodyguard (2017) ဆိုတဲ့ သြဂုတ် ၁၈ ရက်မှာ ရုံတင်မယ့် ဒီကားက ဆွဲဆောင်မှုကောင်းနေပြီပေါ့။ ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းကလည်း ကမ္ဘာ့အတော်ဆုံး Bodyguard တစ်ယောက်က Hitman တစ်ယောက်ကို နိုင်ငံတကာတရားရုံးမှာ သက်သေခံ ကျမ်းကျိန်ဖို့အတွက် စောင့်ရှောက်ပေးရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခရီးမှာ အရှေ့ဥရောပက လူဆိုးဂိုဏ်းက ဘယ်လိုနှောင့်ယှက်မလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ၂၀၁၄ ခုနှစ်က ရုံတင်ခဲ့တဲ့ The Expendables ရဲ့ဒါရိုက်တာ Patrick Hughes…

ဒီနေ့အချိန်မှာ ၀ိတ်ချဖို့ ၀ိတ်လျော့ဖို့ဆိုပြီး အပင်ပန်းခံ၊ အားကစားလုပ်၊ အစားအသောက်ဆင်းရဲခံပြီး ၄၊ ၅ ပေါင်လောက်ကျဖို့ အသည်းအသန် ကြိုးစားနေသူတွေ မင်းသားကြီး Matthew McConaughey ဆီမှာ ၀ိတ်ချနည်းလေးများ မေးကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အော်စကာဆု ဆွတ်ခူးခဲ့တဲ့ Dallas Buyer Club (2013) ရုပ်ရှင်မှာ AIDS ဝေဒနာရှင်အဖြစ် သဏ္ဍန်လုပ် သရုပ်တူအောင်လို့ ၄၇ ပေါင်အထိ ၀ိတ်ချပြီး သရုပ်ဆောင်ခဲ့တာဖြစ်လို့ပါ။ ဒါကြောင့်လည်း အဲဒီကားနဲ့တင် Oscar Award ရော Golden Globe Award အပြင် အခြားထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ ဒီနေ့…

အကယ်ဒမီ မယ်လိုဒီရဲ့ ၃၅ နှစ်မြောက် မွေးနေ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်နေ့က တိုင်းရင်းသား စားသောက်ဆိုင်မှာ သူချစ်တဲ့သူတွေ သူ့ကိုချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပသွားခဲ့ပါတယ်။ မွေးနေ့အတွက် Dress Theme ကို Sportswear လို့ သတ်မှတ်ထားပြီး လူတိုင်း ကိုယ့်ဘဝအနာဂါတ်အတွက် ကြိုးစားတက်လှမ်းနေချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကို ဂရုတစိုက် အလေးထားဖို့လိုကြောင်း ကျန်းမာရေးလိုက်စားဖို့ လှုံ့ဆော်တဲ့ ရည်ရွယ်ချက်နဲ့ Sportswear Theme နဲ့ သတ်မှတ်ကျင်းပတာ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒီမွေးနေ့မှသည် နောင် ဒီထက်မက ပျော်ရွှင်တဲ့ မွေးနေ့ပေါင်းများစွာ မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ပါစေလို့ MY YANGON က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ ‘ဖက်ရှင်’ ဆိုတဲ့ ဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဖက်ရှင်နဲ့ ပတ်သက်ပြီး ချစ်သူနှစ်ဦးကြားထဲမှာ ပဋိပက္ခတွေနဲ့ ပျော်ရွှင်ရယ်မောကြရမယ့် ရသမျိုးကို ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဦးသိန်းတန် (မြန်မာပြည်သိန်းတန်) နဲ့ ဒေါ်နန္ဒာသန်း (နုနန္ဒာသန်း) တို့မှာ မိဘစကားကို မြေ၀ယ်မကျ နားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ တစ်ဦးတည်းသော သား ဇေရတု (ဇေရဲထက်) ရှိပါတယ်။ ဖခင် ဦးသိန်းတန်က အနုပညာကို ၀ါသနာပါသူဖြစ်သလို ဇနီးဖြစ်သူ ဒေါ်နန္ဒာသန်းကလည်း အ၀တ်အစား ဖက်ရှင်တီထွင်ခြင်းကို အားစိုက်လုပ်ဆောင်သူ တစ်ယောက်ပါ။ သားဖြစ်သူ ဇေရတု…

လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ နိုင်ငံတကာမှာ စတင်ရုံတင်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း မကြာခင် ရုံတင်ပြသတော့မယ့် IT (2017) ဆိုတဲ့ Horror ရုပ်ရှင်ကားဟာလည်း စာရေးဆရာကြီး Stephen King ရဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ 2007 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ဖူးတဲ့ The Mist (2007) နဲ့ 1408 (2007) ရုပ်ရှင် နှစ်ကားကို ကြည့်မယ်ဆိုရင် Stephen King ရဲ့ Horror အရေးအသား လက်ရာတွေဟာ ဘယ်လောက် ကောင်းတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ အခု ရုပ်ရှင်အဖြစ် ထွက်ရှိတော့မယ့် IT (2017) မှာဆိုရင် Pennywise…

1) Meryl Streep နဲ့ Don Gummerရည်းစားသေပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေတဲ့ မင်းသမီးကြီး Meryl Streep ကို အနီးကပ် ဖေးမအားပေး ခဲ့သူကတော့ ပန်းပုဆရာလေး Don Gummer ပါ။ အဲ့ဒီနောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သက်ဝင်ပြီး လက်ထပ်ခဲ့လိုက်တာ ဒီနေ့ အချိန်မှာတော့ အိမ်ထောင်သက် ၃၉ နှစ်ရှိနေပါပြီ။ အကွဲအပြဲများလှတဲ့ သူတို့လောကရဲ့ အိမ်ထောင်ရေးနယ်ပယ်မှာ ဒီလိုအောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်က တစ်ဦးကို တစ်ဦး နားထောင်ပေးပြီး ပြသနာတိုင်းကို တူတူတိုင်ပင်ဆွေးနွေးဖို့ပါပဲလို့ မင်းသမီးကြီးက ဆိုပါတယ်။2) Barack နဲ့ Michelle Obamaအောင်မြင်တဲ့ ယောကျာ်းတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတဲ့ စကားအတွက်…

အဆိုတော် တင်ဇာမော်ရဲ့ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲကို International Stage ပုံစံအတိုင်း ပြုလုပ်သွားမယ်လို့ စက်တင်ဘာလ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ "International Artist တွေက ကျွန်တော်တို့ မြန်မာပြည်ကို လာတယ်။ ကျွန်တော်တို့ဆီက အကောင်းဆုံးဆိုတဲ့ ကွင်းတွေမှာ International Stage စင်တွေဆောက်ပြီး ဖျော်ဖြေပွဲတွေ လုပ်ကြတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီလို International Stage တွေမှာ ကျွန်တော်တို့ဆီက Artist တွေက ဖျော်ဖြေခွင့်မရဘူး။ ဒါကြောင့် ကျွန်တော်က မတင်ဇာမော်ပွဲကို သုဝဏ္ဏဘူမိမှာ International Artist တွေ ဖျော်ဖြေတဲ့ Stage ပုံစံအတိုင်း မတင်ဇာမော် ဖျော်ဖြေလို့ရအောင်…

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ဒေါင်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ “ကျွန်တော် အခုတလော သွားဖြစ်နေတာကတော့ District Cafe ရယ် The Gallery Cafe' ရယ်ပါ။ သွားဖြစ်တဲ့ ဆိုင်တွေကတော့ အများကြီးပဲ။ အဲ့ဒီဆိုင်တွေကို သဘောကျတာက အေးအေးဆေးဆေးရှိလို့ပါ။ ပြီးတော့ ခံစားချက်လေးတွေ တစ်ခုခု အမြဲရတတ်လို့ပါ။ အဓိကက ကော်ဖီသောက်ရင် အလုပ်ကြောင့် သောက်တာရယ်၊ ခံစားချက်တစ်ခုခုရဖို့၊ အတွေးတစ်ခုခု ခံစားရဖို့ သောက်တာရယ် ကိုယ်တိုင်ရွေးချယ်ပြီး သောက်တာပေါ့။ အဲ့ဒီကမှ ခံစားချက်အသစ် အတွေးသစ်လေးတွေ ရချင်တဲ့ အခိုက်အတံ့မှာ ဒီလို အေးအေးဆေးဆေးရှိမယ့် အနုပညာ အသွင်အပြင်ဆန်မယ့် ကော်ဖီဆိုင်လေးတွေရွေးပြီး ထိုင်ဖြစ်တယ်”…

ဒီတစ်ပတ်မှာတော့ 'သိုက်ကလာတယ် စကားမပြောဘူး' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ ရှေ့ကို တကျော့ပြန်လည် ရောက်ရှိလာတဲ့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အခုဆိုရင် အစ်ကို ရိုက်ထားတဲ့ ‘သိုက်ကလာတယ် စကားမပြောဘူး’ ဆိုတဲ့ ရုပ်ရှင်ကားကြီးက ဖေ့စ်ဘွတ်ခ်မှာ တော်တော်လေးကို ခေတ်စားနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါဦး။အဲဒါက ကျွန်တော့်အတွက် တော်တော်လေးကို အမေးဇင်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ပြည်ထောင်စုသစ္စာနဲ့ လူတွေ သိလာတယ်။ အဲဒီကနေတစ်ဆင့် ပိုပြီးစိတ်ဝင်စားလာတယ်။ နောက် ‘သိုက်က လာတယ်’ ဆိုတဲ့ ကားက ရုံတင်တဲ့အခါ အဲဒီကားသည် ကျွန်တော့်အတွက် လိပ်ပြာမလုံသော ကားပါ။ လိပ်ပြာမလုံဘူးဆိုတာ ဘာကို မလုံတာလဲ။ဒီလိုပါ။ ကျွန်တော်ကလေ ကျွန်တော်လုပ်တဲ့ အိုက်တင်ကို…

ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားတဲ့ "ထမီကျွတ်၍ လွှတ်လိုက်သည်" ဆိုတဲ့ အချစ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လောကမှာ ကိုယ်က ညံ့လို့ အရှုံးပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ မတတ်သာလို့ လက်လွှတ် အရှုံးပေးလိုက်ခြင်းမျိုးလည်း ရှိတတ်ကြောင်းကို  ပုံဖော်ထားပြီး အောင်သရဖူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်း မျိုးညွန့်(ဇေရဲထက်)ဟာ ပြင်ဦးလွင် ကွန်ပျူတာတက္ကသိုလ်မှာ အဆောင်နေ ကျောင်းသားအဖြစ် ကျောင်းတက်နေရင်း အမှတ်မထင် ဆုံခဲ့ဖူးတဲ့ အမည်မသိ မိန်းကလေးကို ကိုယ့်သဘောနဲ့ကိုယ် မသည်းအူလို့ ကင်ပွန်းတပ်င်္ပြီး နေ့စဉ်အချိန်မှန် ရင်ထဲက ခံစားချက်တွေကို ဒိုင်ယာရီ ရေးလေ့ရှိပါတယ်။ မျိုးညွန့်ရဲ့ သူငယ်ချင်းတွေက ဒိုင်ယာရီစာအုပ်ကို လုဖတ်ကြရာကနေ မသည်းအူ ဇာတ်လမ်းကို…

‘၀ဲ’ ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းမှာ လူသိများလာပြီး ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော် Mary နဲ့  တွေ့ဆုံမေးမြန်းပေးထားပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။အခုကတော့ Moonsoon Madness Festival  ရှိုးပွဲမှာ ဆိုဖို့ ရှိပါတယ်။ Accident ဆိုတဲ့ Big Bag နဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။ ကိုဟန်ထွန်းလွင်နဲ့ သီချင်းလေးလုပ်ထားတယ်ဆိုတော့ ဘယ်လို သူနဲ့အတူ ချိတ်ဆက်လုပ်ဖြစ်ခဲ့တာလဲ။သီချင်းလေးကတော့ တစ်ပုဒ်တည်းပါပဲ Accident ဆိုတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သူကလည်း အခု သီချင်းသစ်ပုံစံလေးဆိုတော့ Mary ကို Featuring ခေါ်ဆိုတယ်။ Mary လည်း ကိုယ်တကယ်…

2015 ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Kingsman: The Secret Service ရုပ်ရှင်ကားရဲ့ sequel ဖြစ်တဲ့ Kingsman: The Golden Circle (2017) ကို အခုလာမည့် စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး နိုင်ငံတကာမှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူလက စက်တင်ဘာ ၁၂ ရက်နေ့မှာ နယူးယောက်မှာ အထူးပွဲပြသမယ်လို့ ပြင်ဆင်ထားပေမယ့် ဟာရီကိန်းမုန်တိုင်းကြီး Harvey တိုက်ခိုက်တာကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ အပြင်ကို ဒီကားက ရရှိတဲ့ အမြတ်ငွေအချို့ကိုလည်း မုန်တိုင်းဒဏ်ခံရသူတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင် Kingsman: The Secrect Service ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ…

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ဇွတ်ကျား’ ဆိုတဲ့ ဟာသကားလေးကို ဒီတစ်ပတ် ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကို ဒါရိုက်တာက ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကျော်ရဲအောင်မှာ တူ ၄ ယောက်ရှိပါတယ်။ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေးနဲ့ ထက်အောင်ရှိုင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ ညီအစ်ကို ၄ယောက်စလုံးက အခြောက်တွေဖြစ်ပြီး အရမ်းကို ဖြတ်ဖောက်ချုပ် လုပ်ချင်နေကြတာပါ။ ဖြတ်ဖောက်ချုပ်လုပ်ဖို့ ဦးလေးဖြစ်သူဆီက အမွေ တောင်းပေမယ့်လည်း ဦးလေးဖြစ်သူက မပေးတာကြောင့် အခက်တွေ့နေကြပါတယ်။ စိုးမြတ်သူဇာကတော့ ယောက်ျားလျာ တစ်ယောက်ပါ။ သူ့မှာလည်း တူမ ၄ယောက် ရှိပါတယ်။ ခိုင်သင်းကြည်၊ မေ၊ သန္တာဗိုလ်…

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ကြီးမှူးကျင်းပမယ့် တရုတ်ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ နေပြည်တော် အောင်သပြေ ရုပ်ရှင်ရုံနဲ့ ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတို့မှာ ကျင်းပပြုလုပ် သွားမှာပါ။ ရုပ်ရှင်လက်မှတ်တွေကို ပွဲမစခင် ၃၀ မိနစ် အလိုကစပြီး ဦးရာလူပေးစနစ်နဲ့ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားတွေကို မြန်မာအသံထွက်နဲ့ ပြသသွားမှာ ဖြစ်ပြီး ပြသမယ့် ဇာတ်ကားတွေကတော့ Huang Xiaoming သရုပ်ဆောင်တဲ့ Xuan Zang နဲ့ ဂျက်ကီချန်း သရုပ်ဆောင်တဲ့ Kong Fu Yoga တို့ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ရန်ကုန်မြို့က နေပြည်တော် ရုပ်ရှင်ရုံမှာဆိုရင် ညနေ…

အိမ်မက်ဆုံရာ Season 4 ရဲ့ 2nd Runner Up ဆုရှင်ဖြစ်ပြီး  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်း ဖြစ်တဲ့ အဆိုတော် ၀ိုင်းလေးက ဒီလထဲမှာပဲ “လမ်းခွဲရင် ကောင်းမယ်” ဆိုတဲ့ သီချင်းလေးရဲ့ Music ဗီဒီယို ထွက်ဖို့ရှိပြီး သီတင်းကျွတ်ကာလမှာလည်း နယ်တွေမှာ သွားရောက်သီဆိုဖြစ်မှာပါ။  ဂီတအနုပညာ လမ်းကြောင်းပေါ် နေရာတစ်ခု ရလာတဲ့ ၀ိုင်းလေးဟာ သူ့ကို လမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့ အိမ်မက်ဆုံရာ အစီအစဉ်ကြီး ရပ်တန့်လိုက်တဲ့အပေါ် ဆုံးရှုံးမှု တစ်ခုလို ခံစားရတယ်လို့ ဆိုပါတယ်။ “ရင်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ်တွေက ဒီအစီအစဉ်ကနေပဲ တက်လာခဲ့တယ်။…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့ ‘အောင်စေ ပိုင်စေ’ ဆိုတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက အက်ရှင်ကို ဟာသလေးတွေနဲ့ ရယ်မောစရာဖြစ်အောင် ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအချိန်သည်ကား မြန်မာနိုင်ငံကို နယ်ချဲ့တွေ အုပ်စိုးစဉ် မြို့ရွာအသီးသီးမှာ တောင်ကြောင်တွေနဲ့ မသမာသူတွေ ကြီးစိုးချိန် ရွာလေးတစ်ရွာမှာ ကိုယ့်ရွာလုံခြုံရေးအတွက် ရွာသားတွေက သိုင်းဆရာဘငွေ (ညောင်ညောင်) ထံကနေ သိုင်းပညာရပ်တွေကို သင်ယူနေကြပါတယ်။ တစ်နေ့တော့ အဲ့ဒီရွာထဲကို လူစိမ်းတစ်ဦး ၀င်လာပါတယ်။ သူနာမည်ကတော့ အောင်စေ (လူမင်း) ပဲ ဖြစ်ပါတယ်။ အောင်စေက အဲ့ဒီရွာထဲမှာရှိတဲ့ သိုင်းဆရာဘငွေ အပါအ၀င်…

နိုဝင်ဘာလ ၃ ရက်နေ့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် အိမ့်ချစ်ရဲ့ Beyond The Success (Solo Concert) အတွက် လက်မှတ်အမျိုးအစားများကို လွယ်ကူချောမောစွာ ရွေးချယ်ဝယ်ယူနိုင်စေဖို့ Floor Plan နဲ့တကွ လက်မှတ်ဝယ်ယူနိုင်မယ့် နေရာတွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ လက်မှတ်အမျိုးအစားတွေကတော့ VVIP - 50000 (Seats), VIP - 30000 (Seats), PREMIUM- 20000 (Seats) နဲ့ GENERAL- 5000 (Stand) ဆိုပြီး သတ်မှတ်ထားပါတယ်။လက်မှတ်တွေ ၀ယ်ယူရရှိနိုင်တဲ့ နေရာတွေကတော့- MH mobile & Emily Fashion Shopအမှတ်(၁၅၃) ဦးချစ်မောင်လမ်းမပေါ်…

ဂီတသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ တေးသံရှင် မာရဇ္ဇဟာ သူရဲ့ နှစ် (၅၀) ပြည့် Birthday Show  ကိုတော့ အရိုးရှင်းဆုံး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ "ကျွန်တော်က တစ်နှစ်ကို တစ်ပွဲတော့ One Man Show လုပ်မယ့်လို့ ဆုံးဖြတ်ထားတယ်။ ရှေ့ကပွဲတွေမှာတော့ အဆင်ပြေတဲ့ လတွေမှာပဲ လုပ်ဖြစ်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်ရဲ့ မွေးနေ့မှာ မွေးနေ့ မွေးရက်လည်း သွားတိုက်နေတယ်။ နောက်တခုက ဂီတသက်တမ်း ၂၅ နှစ်ပြည့်လည်း ဖြစ်တယ်။ အဲ့လိုမျိုး တိုက်ဆိုင်နေတဲ့အတွက် လုပ်ဖြစ်တာပါ" လို့ မာရဇ္ဇက ပြောပါတယ်။ တေးသံရှင် မာရဇ္ဇရဲ့ တစ်ကိုယ်တော် Birthday Show ကိုတော့…

လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ The ONE Entertainment Park မှာ ကျင်းပပြုလုပ်မယ့် Waterzonic EDM ပွဲကိုတော့ အမိုက်စားဖျော်ဖြေမှုတွေနဲ့ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။ “ဒီပွဲကို နိုင်ငံခြားက စတိတ်စင်တွေအတိုင်း အကြီးဆုံး တည်ဆောက်မှာ ဖြစ်ပါတယ်။ စတိတ်စင်က ပေ ၂၀၀ ကျော်ရှိပြီး အမြင့်ပေ ၆၀ နဲ့ တည်ဆောက်ထားပါတယ်။ ရေဖြန်းမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အားလုံးပျော်မယ်လို့ ထင်ပါတယ်။ ရေပတ်ဖြန်းဖို့ကိုလည်း ထိုင်းက နည်းပညာတွေနဲ့ မြန်မာက နည်းပညာတွေ ပေါင်းပြီးတော့ အကောင်းဆုံး ပတ်ဖြန်းသွားမှာပါ” Waterzonic ရဲ့ Organizer ကိုစိုးလှိုင် ကပြောပါတယ်။ Waterzonic…

တေးသံရှင်ဝတီ "အတ္တမြို့တော်" ဆိုတဲ့ တေးစီးရီးခွေဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ တေးစီးရီးခွေကို The Sun Music က ဖြန့်ချီမှာ ဖြစ်ပါတယ်။  တေးသီချင်း ၁၄ ပုဒ် ပါဝင်ပြီး MTV သုံးပုဒ်ကို မေတ္တာလက်ဆောင် ထည့်ပေးထားပါတယ်။ "အတ္တမြို့တော်" တေးစီးရီးခွေထဲက တေးသီချင်းတွေကိုတော့ တေးရေးဆရာ မောင်သစ်မင်း၊ လေးနက်၊ စစ်ဟိန်း၊ နောနော်၊ ညီမင်းခိုင်၊ စိုးမိုး၊ ကောင်းဆက်နဲ့ အာကာတို့က ရေးစပ်ထားကြပြီး Duet Song  မှာတော့ တေးသံရှင် အာကာက ပါဝင်သီဆိုထားပါတယ်။ ဖူးပွင့်သူRead More About Entertainment Here

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ ‘ရင်ဘတ်ထဲက ဓား’ ဆိုတဲ့ အိမ်ထောင်ရေး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကိုတော့ ဒါရိုက်တာက အိမ်ထောင်ရေး တစ်ခုမှာဖြစ်တတ်တဲ့ သဘောတရားတွေကို ပညာပေးအနေဲ့ ဖန်တီးထားပြီး ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလရိပ်ဝေး (အိန္ဒြာကျော်ဇင်) ဟာ ဆယ်နှစ်သမီး အရွယ်ကထဲက မိခင်ဖြစ်သူ ဒေါ်မြမြ (ထွန်းအိန္ဒြာဗိုလ်) က ဖခင်ဖြစ်သူကို ဓားနဲ့ခုတ်ပိုင်းပြီး သတ်ဖြတ်လိုက်တာကို မြင်ပြီး မိခင်ကို မုန်းတီး နာကျည်းနေသူ ဖြစ်ပါတယ်။ ဒေါ်မြမြထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာလည်း ဆွေမျိုးတွေအိမ်မှာ လှည့်ပတ်နေရင်း ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာမှာ စနစ်ကျပြီး…

မိုးစက်ဝိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် တင်ဆက်သွားမယ့် Kira Kira Japan II  အစီအစဉ်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ကစပြီး MWD Documentary Channel မှာ အပတ်စဉ် စနေနေ့တိုင်း ညနေ ၆ နာရီခွဲကနေ ၇ နာရီအထိ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း (၇)ပိုင်း ပါဝင်မှာဖြစ်ပြီး ခရီးသွားလာခြင်းအတွက် H.I.S Myanmar က ပါတနာအနေနဲ့ ပူးပေါင်းပေးထားတာဖြစ်ပါတယ်။ Kira Kira Japan II အစီအစဉ်ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ သမိုင်းကြောင်း၊ သဘာဝတရားနဲ့ ကမ္ဘာပေါ်မှာ ဦးဆောင်ရပ်တည်နေတဲ့ ကုမ္ပဏီတွေအကြောင်းကို မိတ်ဆက်ပေးသွားမှာပါ။ မိုးစက်ဝိုင်ကိုယ်တိုင်…

မိန်းကလေးတွေရဲ့ အသည်းစွဲ အဆိုတော်ရဲလေးဟာ အခုလက်ရှိမှာ သူ့အချစ်ရေးနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။ “လောလောဆယ်တော့ တယောက်ထဲပါပဲ အရင်လို မချစ်တတ်သေးတဲ့အတွက် အရင်လို ဂရုစိုက်ဖို့ အချိန်မပေးနိုင်သေးတဲ့အတွက် အချစ်သစ်ကို မရှာဖြစ်သေးတာပါ။ သူငယ်ချင်းတွေနဲ့ နေနေရတာကိုလည်း ပျော်တယ်။ ချစ်သူမရှိတဲ့အတွက် ဘယ်နေရမှာ ပိုကောင်းလာလည်းဆိုတော့ အနုပညာအလုပ်တွေ လုပ်ရတာမှာ ပိုပြီးတော့ လွတ်လပ်တယ်။ သ၀န်တိုစရာ နှောက်ဆံတင်းစရာလည်း မလိုတော့ဘူး။ အဲ့ဒီဖီလင်လေးကိုလည်း အရမ်းကြိုက်တယ်။ အဓိကတော့ ရုပ်ရှင်ရိုက်ရတဲ့ အချိန်မှာ ပိုလွတ်လပ်တယ်။ သရုပ်ဆောင်ရတာလည်း ပိုပြီးတော့ကောင်းလာတယ်။ ကိုယ့်မှာ ရည်းစားရှိရင် သူ့ကိုငဲ့ညာနေရတော့ နားလည်မှုတွေ အရမ်းယူရတယ်။ ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်သမားတိုင်းက ချစ်သူထားရတာ တော်တော်ဒုက္ခ ရောက်ပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ အဲ့အတွက်…

ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ငါက ဗိုလ်အောင်ဒင်’ ဆိုတဲ့ ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဟာသအပြင် တန်ဆောင်တိုင်ကာလမှာ ဖြစ်ပျက်တတ်တဲ့ အခြေနေလေးတွေကိုပါ ပညာပေးအနေနဲ့  ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကထိန်အလှူခံမှာ ဗိုလ်အောင်ဒင်သီချင်းနဲ့ မူးရူးကခုန်နေတဲ့ သူဌေးသားဖေချစ် (မင်းမော်ကွန်း) တို့ အဖွဲ့နဲ့ ရွှေဂျိုးဖြူ (ပြေတီဦး) တို့ ပြသနာတက်ကြပါတယ်။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှုးရောက်လာပြီး အုပ်ချုပ်ရေးမှုးက ဖေချစ်ဘက်ကပါကာ ရွှေဂျိုးဖြူကို “မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား” ဘာညာပြောဆိုတာကြောင့် အဲ့ဒီစကားကို မှတ်ထားပြီး ရွှေဂျိုးဖြူတစ်ယောက် အိမ်ပြန်သွားခဲ့ပါတယ်။ ညဘက် အိပ်မောကျချိန်မှာတော့ ရွှေဂျိုးဖြူက ထော်လာဂျီပေါ်မှာ လော်စပီကာတင်ကာ ဗိုလ်အောင်ဒင်…

မြန်မာသံစဉ် ကြိုက်နှစ်သက်သူတွေအတွက် “နှလုံးသားရဲ့ ဂီတပန်း” လို့ အမည်ပေးထားတဲ့ တေးစီးရီးဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ “နှလုံးသားရဲ့ ဂီတပန်း” တေးစီးရီးကို တေးရေး နှလုံးသားရေးစပ်ထားပြီး မြန်မာသံစဉ် တေးသီချင်းကောင်းများစွာ ပါဝင်ပါတယ်။ “နှလုံးသားရဲ့ ဂီတပန်း” တေးစီးရီးကို ဂီတမှူး ဓီရာမိုရ်၊ ဇေယျာမင်း၊ သျှန်ထွဏ်း (မြန်မာစာ) တို့က တီးခတ်ပေးထားကာ မင်းဆက်ပိုင်နဲ့ Pro Music တို့က အသံဖမ်းပေးထားပြီး ဗညားဟန်၊ ဖိုးသောကြာ၊ သျှန်ထွဏ်း၊ မိုးထက်မြင့်၊ ရဲထိုက်၊ စိုးအောင် (ကောင်းကင်ပြာ)၊ စိုးစန္ဒာထွန်း၊ ပိုးအိစံ၊ စိမ့်နေခြည်၊ ပန်းအိဖြူ၊၊ အိအိချွန် တို့က ပါဝင်သီဆိုထားကြပါတယ်။…

ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များနှစ်သက်တဲ့ "The Voice Myanmar" သီချင်းဆိုပြိုင်ပွဲ ရုပ်သံအစီအစဉ်သစ်ကို လာမယ့် ၂၀၁၈ ခုနှစ် အစောပိုင်းမှာ MRTV-4 ရုပ်သံမှာ စတင်ထုတ်လွှင့် ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အောင်မြင်ကျော်ကြားတဲ့ တေးသံရှင်တွေဖြစ်တဲ့ နီနီခင်ဇော်၊ လင်းလင်း၊ ရန်ရန်ချမ်းနဲ့ ဟန်ထူးလွင်တို့က အကဲဖြတ်ဒိုင်လူကြီးတွေ အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ á€Ąá€†á€­á€Żá€•á€Ť ရုပ်သံအစီအစဉ်သစ်မှာ ပြိုင်ပွဲဝင်သူတွေ အနေနဲ့ နိုင်ငံတကာမှာ ကျင်းပလျက်ရှိတဲ့ "The voice" သီချင်းဆိုပြိုင်ပွဲတွေနည်းတူ စတူဒီယိုအတွင်း တိုက်ရိုက် ကြည့်ရှုနေတဲ့ ပရိသတ်တွေရှေ့မှောက်မှာ “The Voice” ဆုကိုရရှိဖို့ သီဆိုယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မိမိတို့ ဘဝကို ပြောင်းလဲပေးနိုင်မယ့် တေးစီးရီး ထုတ်လုပ်နိုင်မယ့် စာချုပ်တစ်ခုကိုလည်း Universal…

Published in Business

မြန်မာမှုဂိမ်းတွေကို ဖန်တီးထုတ်လုပ်လျက်ရှိတဲ့ MyPlay ကုမ္မဏီက ဖြန့်ချိလိုက်တဲ့ Tank Rival Mission မိုဘိုင်းဂိမ်းကို စတင်ဆော့ကစားနိုင်ပါပြီတဲ့။ Tank Rival Mission ဂိမ်းဟာ နှစ်ဖက် ကစားရတဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ဂိမ်းထဲကို ဝင်ရောက် ကစားတဲ့အခါမှာ မိမိကိုယ်တိုင် တင့်ကားတစ်စီးကို ထိန်းချုပ် ကစားရမှာပါ။ ကစားသူတွေက တစ်ဦးနဲ့ တစ်ဦး တစ်ဖက်စီ နေပြီး ယှဉ်ပြိုင်ကစားလို့ ရသလို အဖွဲ့လိုက် အနေနဲ့လည်း တစ်ဖက်စီနေပြီး အဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ပြီးလည်း ယှဉ်ပြိုင်ကစားလို့ရနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပါ။ ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိတဲ့ဘက်က သတ်မှတ်ထားတဲ့ ဒင်္ဂါးပြားတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဒင်္ဂါပြားတွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Tank Rival Mission…

Page 1 of 7