Published in Best of Yangon...

1st Celebrity Product % Fair ကိုတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့်၊ အိမ့်ချစ်၊ မေခလာ၊ မေမြတ်နိုး၊ ကိုပေါက်၊ ခင်ရူပ၊ acid၊ ထိန်ဝင်း၊ နိုင်းဝမ်း အစရှိတဲ့ အနုပညာရှင်တွေရဲ့ ထုတ်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ ကလေးအသုံးဆောင်ပစ္စည်းတွေ၊ အီလတ်ထရောနစ်ပစ္စည်းတွေ၊ ကားနဲ့ ကားအပိုပစ္စည်းတွေကိုလည်း လျှော့ဈေးတွေနဲ့ ခင်းကျင်းရောင်းချထားပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ Dancer တွေရဲ့ ကပြဖျော်ဖြေမှုတွေ၊ မျက်လှည့်တွေကိုလည်း အချိန်အပိုင်းအခြားအလိုက် ဖျော်ဖြေမှုတွေကိုပါ…

Published in Best of Yangon...

Samsung Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုးထားသော Galaxy Star သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁၀ ဦးဟာ ကိုရီးယားနိုင်ငံမှာ တတ်ကျွမ်းတဲ့ နာမည်ကျော်ပညာရှင်တွေရဲ့ သုံးပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ခံယူပြီး မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် 6 ရက်နေ့ကလည်း Junction City ဈေးဝယ်စင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေကိုလည်း အတူတကွ ကစားခဲ့ကြပါတယ်။ “ဒီလို တမူထူးခြားတဲ့ World Star Searching တီဗီအစီအစဉ်ကို title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung…

Published in Best of Yangon...

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax…

Published in Art

အနုပညာပျိုးခင်းကနေ အောင်မြင်လာတဲ့ ရွှေမှုံရတီကို သူမရဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး MY Yangon က တွေ့ဆုံမေးမြန်းထားပါတယ်။ ကြီးကြီးကျယ်ကျယ်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အကြောင်းလေးအရင်ဆုံးပြောပြပါဦး။သဲက အဲဒီကားမှာတော့ယောကျာ်းလျာ ပုံစံသရုပ်ဆောင်ရတယ်။ ကာရိုက်တာတော့ နည်းနည်းကွဲတယ်။ အရင်တုန်းကလည်း အဲလိုမျိုးလုပ်ဖူးပါတယ်။ ဒါပေမယ့် တောယောကျာ်းလျာတော့မလုပ်ဖူးသေးဘူး။ သဲက ဇာတ်ကို ရက် ၂၀ လောက်ကြို ပြီး ရထားတာဆိုတော့ အဲဒီကတည်းက ပြင်ဆင် ထားလိုက်တယ်။ ဆံပင်ပုံစံလေးကလည်း ကွဲထွက်သွားတယ်နော်။ဟုတ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ယောကျာ်းလေး ဆံပင်ကေကို ညှပ်ဖြစ်ချင်တာ။ သဲအမေကတော့ရော ဒါရိုက်တာကပါ မညှပ်ပါနဲ့ ဆိုတော့လေ။ လိုတော့မလိုဘူးပေါ့လေ။ မိန်းကလေး ပြောင်းရင် ဒုက္ခရောက်မယ်ဆိုလို့ ဆံပင်လေးတွေ ကိုပြန်ပြောင်းဖြစ်တယ်။ ပုဆိုးလေးဝတ်ချင်တယ်လို့…

Published in Art

ဒီတစ်ပတ်မှာတော့ အဆိုတော်ဇွဲပြည့်ရဲ့ သူကြိုက်နှစ်သက်တဲ့ ဂိမ်းတွေနဲ့ ပတ်သက်ပြီး My Yangon မှ မေးမြန်းဖော်ပြပေးထားပါတယ်။ ဇွဲပြည့်အနေနဲ့ ဖုန်းထဲမှာ ဂိမ်းတွေကို ထည့်ထားလေ့ရှိလား၊ ဘယ်လိုဂိမ်းတွေကို ကြိုက်နှစ်သက်လေ့ ရှိလဲ။ရှိပါတယ်။ ကျွန်တော် နှစ်နှစ်ခြုက်ခြိုက်နဲ့ ဒီနေ့အထိ စွဲပြီး ဆော့တဲ့ဂိမ်းက ကျူထိုးတာနဲ့ Candy Crush ပေါ့။။ Candy Crush က အခု အခန်းတစ်ထောင်ကျော်ပြီ။ ကစားနေတာ ကြာပြီ။ ဘယ်လိုအချိန်တွေမှာ ကစားဖြစ်လဲ။ á€á€›á€Žá€¸á€žá€źá€Źá€¸á€œá€Żá€­á‚” လေယာဉ်ပေါ် ရောက်တဲ့အချိန်မျိုးတွေ၊ ပွဲဆိုကာနီး အချိန်မျိုးတွေ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးတွေ ကစားဖြစ်တယ်။ နောက် အလုပ်တစ်ခုနဲ့တစ်ခု အချိန်ဟနေတဲ့ အခါမျိုးတွေ ကစားဖြစ်တယ်။ ကစားတဲ့အချိန်မှာလည်း နားကြပ်နဲ့ သီချင်းကတော့ မပြတ်…

Published in Art

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေ သရုပ်ဆောင်တဲ့အခါမှာလည်း  နာမည်ရ ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက လတ်တလော ရုံတင်ဇာတ်ကားဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ပရိသတ် အားပေးမှုကို ရရှိနေပါ တယ်။ အေးမြတ်သူကို လက်ရှိ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူမရဲ့ ပရဟိတ သဘောထားတွေကို MY Yangon ဂျာနယ်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ ခံစားချက်လေး ပြောပါဦး။အရမ်းကို ပျော်ပါတယ်။ အရမ်းကို အခွင့်အရေးပေးတယ် လို့ ခံစားရတယ်။ ပထမဦးဆုံး သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဦးပွားကို ကျေးဇူးတင်တယ်။ အဲဒီ…

Published in Restaurants

ဒီတစ်ပတ်ရဲ့ Celebrity Choice ကဏ္ဍမှာတော့ သရုပ်ဆောင်မော်ဒယ် နွယ်ဒါလီထွန်းရဲ့ လတ်တလော အကြိုက်တွေ့နေတဲ့ ဆိုင်လေးတွေ အကြောင်းကို ဖော်ပြပေးထားပါတယ်။တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်လေးက ဆိုင်နာမည်လေးအတိုင်းပဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက အစားအစာမျိုးစုံကို ရနိုင်ပါတယ်။ နွယ်ဒါလီထွန်းက " တိုင်းရင်းသား ရိုးရာဆိုင်လေးကိုက ရိုးရာအစားအသောက်တွေနဲ့ ဆန်ကောထမင်းကို ကြိုက်လို့ သွားစားဖြစ်တာပါ " လို့ ဆိုပါတယ်။ ဒီဆိုင်လေးက သန့်ရှင်းသပ်ရပ်ပြီး ဆိုင်ရဲ့ အပြင်အဆင်ကိုလည်း ခြင်းလုံးလေးတွေနဲ့ အလှဆင်ထားတာမျိုးတွေကြောင့် အပြင်အဆင်လေးကလည်း ထူးခြားပါတယ်။ ဒီဆိုင်မှာ ရိုးရာအစားအစာမျိုးစုံကို စုံလင်စွာ ရရှိနိုင်ပြီး ဟင်းပွဲတွေ ချက်ပြုတ်တဲ့အခါမှာလည်း အချိုမှုန့်နဲ့ အရောင်တင်မှုန့်တွေ မသုံးစွဲတဲ့အပြင် ဆီနည်းနည်းနဲ့ အရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ထားတာမို့လို့ ကျန်းမာရေးနဲ့လည်း…

Published in Restaurants

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာ မော်ဒယ် ခိုင်သဇင်ငုဝါက သူ့အကြိုက် လတ်တလောသွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။Eclipse BarEclipse bar က မြန်မာပလာဇာ ၄လွှာမှာ ရှိတာဖြစ်ပြီး အခုတလော လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ bar လေးတစ်ခုပါ။ ခိုင်သဇင်ငုဝါကတော့ "ဒီ bar မှာတော့ beef salad ကို အရမ်းကြိုက်တယ်။ night out မယ်ဆိုလည်း fuse က တစ်နေရာတည်းမှာ ရှိတာဆိုတော့ အဆင်ပြေတယ်လေ။ နောက်ပိုင်းတော့ Eclipse bar ကို သွားဖြစ်ပါတယ်" လို့ ပြောပါတယ်။ Eclipse bar က လူငယ်တွေအကြိုက် လွတ်လွတ်လပ်လပ်…

Published in Restaurants

ဒီတစ်ပတ်ရဲ့ CELEBRITY'S CHOICE ကဏ္ဍမှာတော့ မော်ဒယ် ခင်ရူပက သူလတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ပြောပြထားလိုက်ပါတယ်။ Harry's Bar" Harry's Bar ကတော့ သူငယ်ချင်းတွေစုံရင် သွားဖြစ်တယ်။ Nightout အတွက် Fuse ဆက်သွားချင်တဲ့ အခါမျိုးမှာ Harry's Bar ကို ရွေးချယ်ဖြစ်တယ်" လို့ မော်ဒယ်လ် ခင်ရူပက ပြောပါတယ်။ Harry's Bar က စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး Bar တစ်ခုဖြစ်ပြီး ရန်ကုန်မှာတော့ မြန်မာပလာဇာမှာ ပထမဆုံး ဖွင့်လှစ်ထားတာပါ။ Harry's Bar ရဲ့ အဓိက နာမည်ကြီး တာကတော့ HPL (Harry's…

Published in Health & Beauty

သရုပ်ဆောင်ဆုပန်ထွာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခွဲစိတ်ပြုပြင်ခဲ့တဲ့ နှာတံကို ယခုအခါမှာ နောက်ထပ် တစ်ကြိမ် ခွဲစိတ်ပြုပြင်ဖို့အတွက် Korea နိုင်ငံ၊ Seoul မြို့မှာရှိတဲ့ JW Plastic Surgery Medical Center ကို မေ ၁၆ ရက်နေ့က သွားရောက်ခဲ့ပြီး နှာတံအပြင် လည်ပင်းအောက်က အဆီပိုတွေကိုပါ ခွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။ "အဓိကက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပန်ပန် ပြင်ထားပြီးတဲ့ နှာခေါင်းလေးကို follow up လုပ်ဖို့အတွက်ပါ။ ပန်ပန်တို့ အလှအပရေးရာအတွက် ပြင်ချင်တာမှန်သမျှ အဓိက ပံ့ပိုးပေးတဲ့ Grand Esta Myanmar Beauty Center ကို အထူးကျေးဇူးတင်ပါတယ်"…

Published in Health & Beauty

ကျွန်တော်တို့ဘဝကို ခန္ဓာကိုယ်လို့ သဘောထားကြပါစို့။ နေ့စဉ်ရက်ဆက် ဒီခန္ဓာကိုယ်ကို အနာခံ၊ အပင်ပန်းခံပြီး လိုချင်တဲ့ အနေအထားတစ်ခုရောက်အောင် တည်ဆောက်ရတယ်။ ဒီကြားထဲမှာ မကစားချင်လောက်အောင် နာကျင်ခံစားမှုတွေလည်း ရှိတယ်။ တော်ပါပြီကွာ ဆိုပြီး စိတ်လျှော့ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်။ သို့ပေမယ့် ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ နေ့စဉ်ရက်ဆက် ကစားလာတာ ၁ လ ပြည့်ပြီ။ အများကြီးမဟုတ်ရင်တောင် ကိုယ့်ကိုယ်တိုင်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ချမ်းသာတယ်။ ဘဝဆိုတာလည်း ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ်ရက်ဆက် လုပ်နေရင် တစ် နေ့ဆိုတဲ့ နေ့ကလည်းဖြစ်ကို ဖြစ်လာမှာပါ။ ဘဝဆိုတာ အားကစား လုပ်တာထက် ပိုနက်နဲပါတယ်။ အတိုက်အခိုက်တွေရှိမယ်၊ အမုန်းတရားနဲ့ လူတွေရှိမယ်၊ အဆင်မပြေမှုတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေရှိမယ်။…

Published in Health & Beauty

မနက်မိုးလင်းကတည်းက ကော်ဖီတစ်ခွက်နဲ့ တစ်နေ့တာကို အစပြုလိုက်တာ၊ ရာသီဥတု၊ စိတ်အခြေအနေစတဲ့ အကြောင်းအမျိုးမျိုးနဲ့ တစ်နေကုန် ကော်ဖီကို သောက်မိနေတဲ့ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်းရှိပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုပေမယ့် တစ်နေ့ကို ကော်ဖီ တစ်ခွက်ကနေ သုံးခွက်လောက်အထိက အိုကေတဲ့အပြင် ကော်ဖီ ပုံမှန်သောက်သုံးတဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေတောင် ရှိနေပါသေးတယ်။ ချာလီ - မော်ဒယ်“ကော်ဖီနဲ့ပတ်သက်ပြီး ကျွန်တော် သိတာတော့ ကော်ဖီ သောက်ရင် မှတ်ညဏ်ပိုကောင်းတယ်။ ကျွန်တော်ကတော့ သီချင်းနားထောင်တာမျိုး၊ စာဖတ်တဲ့အခါမျိုးတွေမှာ ကော်ဖီ အမြဲတမ်း သောက်လေ့ရှိတယ်။ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းတာမျိုးမဟုတ်ဘဲ ရှင်းရှင်းလေးနဲ့ ကြည်ကြည်လေးဖြစ်နေစေတယ်။ အဓိက စိတ်ကြည်လင်စေဖို့အတွက် ကျွန်တော် သောက်ပါတယ်။ အဲဒီလိုဖီလင်မျိုးကိုလည်း ကျွန်တော်ကြိုက်တယ်။ တစ်နေ့ကို…

Published in Features

ဆရာမမေသင်္ကြန်ဟိန်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသာထားတဲ့ ‘ကျွန်မကို ချစ်တဲ့သူတွေ…’ စာအုပ်ကို ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ..’ အမည်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ ရွှေမြစ်မခ မီဒီယာဂရုနဲ့ အန်အမ်အက်ဂရု ကုမ္ပဏီတို့က ပူးပေါင်းပြီး ထုတ်လုပ် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းလေးကတော့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီအဖွဲ့စည်းတွေ ပေါ်ပေါက်လာတယ်။ အဖေဖြစ်သူက ပါတီဝင် အမေဖြစ်သူက ကျောင်းဆရာမ အဲဒီကနေမှ ဆရာမ မေသင်္ကြန်ဟိန်းကို မွေးဖွားလာတယ်။ ဆရာမက အဖေထောင်ကျသွားတော့ သူ့ဘ၀ကိုသူ ဖြတ်သန်းရတယ်။ အမေဖြစ်သူကလည်း အကူအညီ အပြည့် မပေးနိုင်ဘူး။  အဖေကလည်း ခဏခဏ ထောင်ကျတယ်။ အဲ့လိုနေလာရင်း နေလာရင်းနဲ့ သူ့ရဲ့အချစ်ကို စတွေ့တယ်။…

မင်းသားကေဆီအဲဖလက်ခ်ကို အရင်က မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ သိပ်သတိထားမိလိမ့်မယ်လို့ မထင်ပါဘူး။ သူ့ထက် သူ့ရဲ့အစ်ကို နာမည်ကြီး မင်းသား ဘင်အဲဖလက်ခ်ကိုသာ နာမည်ကြီးစူပါလူစွမ်းကောင်းဇာတ်ကားဖြစ်တဲ့ Batman and Superman ဇာတ်ကားထဲက လင်းနို့လူသားဇာတ်ရုပ်နဲ့အတူ မျက်မှန်းတန်းမိနေခဲ့ကြမှာပါ။ စာရေးသူအနေနဲ့လည်း ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်ဆုစာရင်းတွေထွက်ပေါ်လာချိန်မှပဲ ဒီမင်းသားကို စပြီးသတိထားမိခဲ့တာဆိုရင် မှားမယ်မထင်ပါဘူး။ ဆက်လက်ပြီး သူ့ကြောင်းလေးကို စူးစမ်းကြည့်တဲ့အခါ ခေါင်းဆောင်မင်းသားနေရာကနေ ထင်ထင်ပေါ်ပေါ် သရုပ်ဆောင်ခဲ့တာမျိုး သိပ်မရှိပဲ နာမည်ကြီး ဇာတ်ကားအချို့မှာ ဇာတ်ပို့နေရာကနေ တစိုက်မတ်မတ် သရုပ်ဆောင်လာခဲ့သူဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးခဲ့တဲ့ ဇာတ်ကာအနည်းစုထဲကနေ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးမင်းသားဆုရရှိခဲ့သူ မင်းသား ကေဆီအဲဖလက်ခ်အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပြိုကွဲတဲ့မိသားစုထဲက ငယ်ဘဝ အသက် ၄၁…

'ရေခဲရိုက်အပြုံး' သီချင်းနဲ့ ပရိသတ်ကြားမှာ နာမည်ရလာတဲ့ အဆိုတော် မိစန္ဒီက အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေပါပြီ။ သူ့အခွေ တွေကို နာမည်ဆန်းဆန်းလေးတွေပေးတတ်တဲ့ မိစန္ဒီနဲ့ သူ့ရဲ့ဂီတအပေါ်စိတ်ခံစားမှု တွေအကြောင်းကို မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ တတိယတေးစီးရီးအသစ် ပြင်ဆင်နေတယ်လို့သိထားတယ် ပြောပြ ပေးပါဦး။စီးရီးနာမည်ကိုတော့ အသဲလေးလို့ ပေးထားတယ်။ ညီမက ရှေ့က အခွေတွေမှာ မိုနိုပိုလီ ကစားစရာ၊ ပစ်တိုင်းထောင်ကတော့ အရုပ်၊ အသဲလေးကျတော့ အရုပ်လို လူတွေက ကစားကြတယ်။ ဒါပေမယ့် ကစားစရာလည်းမဟုတ် အရုပ်လည်းမဟုတ်ဘဲ သူ့မှာလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိတယ်။ ညီမက တစ်ခွေနဲ့တစ်ခွေ ဆက်စပ်မှုလေးရှိ အောင် နာမည်ပေးချင်တာလည်းပါတယ်။ နောက်တစ်ခုက ညီမသီချင်းမှာ အသဲလေးဆိုတာလည်း ပါတယ်။…

Published in Daily Life

ဒီပန်းချီပြပွဲကိုတော့ ဇူလိုင် ၁၇ ရက်ကနေ ၁၈ ရက်အထိ Chatrium Hotel Grand Ballroom မှာ နံနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးမာလာရဲ့ လက်ရာမြောက် ဆီဆေး၊ ရေဆေး ပန်းချီကားတွေ၊ ရှုခင်းပုံတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ လူနေမှုဘဝကို ဖော်ကျူးထားတဲ့ပုံတွေ၊ ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးတွေရဲ့ အလှပုံတွေကို အရောင်အသွေးစုံလင်စွာ ရွေးချယ်ပြသထားတာ တွေ့ရပါတယ်။ ဒီပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ပန်းချီဆရာကြီး ဦးမာလာက “virgin country လို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်နေတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို တစ်ကမ္ဘာလုံးကို…

Gal Gadot လို့ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ကိုယ်လုံးလှလှနဲ့ အနောက်တိုင်းသိပ်မဆန်ဘဲ ဆွဲဆောင်မှုကောင်းတဲ့သူလေးကို ပြေးမြင်မိမှာပါ။ အနောက်တိုင်း သိပ်မဆန်လည်း တကယ်တော့ သူက အစ္စရေး နိုင်ငံသူလေးပါ။ ၁၉၈၅ မှာ မွေးခဲ့တဲ့ Gal Gadot ဟာ ၂၀ဝ၄ ခုနှစ် သူ့အသက် ၁၈ နှစ်မှာ Miss Israel အဖြစ်နဲ့ မယ်စကြဝဠာ ပြိုင်ပွဲဝင်ခဲ့သူ ဖြစ်ပြီး အဲဒီနောက်မှာ နိုင်ငံဥပဒေအရ ၂ နှစ် စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီလို စစ်တပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကြောင့်ပဲ သူ့ကို Fast & Furious ပထမဆုံးဇာတ်ကားမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် အရွေးခံခဲ့ရတာ ထင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။…

သရုပ်ဆောင် အလုပ်တွေကို အနည်းငယ် လျှော့ချထားပြီး 'မိုး'ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံခိုက် ဇာတ်ကား ထုတ်လုပ်ရေးအကြောင်းနဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းတွေကို အခုလို မေးမြန်းထားပါတယ်။'လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မိုးထုတ် လုပ်ရေးကနေ ရိုက်ကူးဖြစ်တာလေး ပြောပါဦး။မိုးက ကိုညို( ညိုမင်းလွင်) ရဲ့ ပရိသတ်ပေါ့နော်။ အဲဒီလိုသရဲကားတွေ ကြိုက် တယ်။ မိုးကတော့ ထုတ်လုပ်ရေးမှာ တစ်ကားနဲ့တစ်ကား မတူအောင်ပေါ့။  ပထမက ဟာသဇာတ်ကား  ရုံးပတီသီး လေးများ၊ ဒုတိယကားကျတော့ 'ခိုးဆိုးလုနှိုက် 'ဇာတ်ကားပေါ့။ နောက်တစ်ကားလည်း ရိုက်မယ် စဉ်းစားမိတော့ သရဲကားလေး ရိုက်ချင်တာနဲ့ ကိုဆာမိနဲ့လည်း တိုင်ပင်တယ်။ ကိုညိုကိုလည်း ဇာတ်လမ်းလေးရွေးပေးဖို့ အကူ…

CL ၊ NELLY & SOULJA BOY တို့ ပါဝင်ဖျော်ဖြေမယ့် UnDerDawg Festival ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ Thuwannabhumi Event Park မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ သူတို့ထဲကမှ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Hip Hop အဆိုတော် Nelly ကတော့ အမည်ရင်း Cornell Iral Haynesc Jr.  ဖြစ်ပြီး သူ့ကို ၁၉၇၄ ခုနှစ် November လ ၂ ရက်နေ့ Texas ပြည်နယ် Austin မြို့မှာ မွေးခဲ့တာပါ။ ငယ်စဉ်က Baseball…

မကြာမီ ထွက်ရှိမယ့် "မယ်သီတာ" Mini Album မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။မယ်သီတာ Mini Album ကို ထုတ်ဖြစ်တာလေး အရင်ပြောပြပါဦး။အဓိကကတော့ Mini Album လုပ်ချင်တာလည်း ကြာပြီပေါ့နော်။ သီချင်းပုံစံ အသစ်လေးတွေကို ပရိသတ်ကို ချပြချင်တာလည်းပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ့် One Lady Show ကျရင် အရင်ဆိုခဲ့တဲ့ သီချင်းဟောင်းတွေထက် သီချင်းအသစ်တွေနဲ့ Performance လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့်မို့ တစ်ကိုယ်တော်ခွေမတိုင်ခင် ကြားထဲမှာ Mini Album ထွက်လိုက်တာပါ။ သီချင်းခြောက်ပုဒ်တည်း ပါပါတယ်။ ဇွန်လအကုန် ဇူလိုင်လဆန်းလောက် ထွက်ပါမယ်။အခွေနာမည်ကို "မယ်သီတာ"လို့…

Published in Daily Life

SG9 Production က သရုပ်ဆောင်သင်တန်းကို ဇူလိုင် ၂၆ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသရုပ်ဆောင်သင်တန်းမှာ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူ ပညာရှင်တွေဖြစ်တဲ့ ငြိမ်းမင်း၊ ဇင်ဝိုင်း၊ ဆွေဇင်ထိုက်၊ မထက်(Pop Soul) ၊ Judson Fish နဲ့ ဇင်အောင်တို့က တာဝန်ယူ သင်ကြားပေးနေပါတယ်။ သင်တန်းမှာတော့ သိထိုက်သိသင့်တဲ့ သရုပ်ဆောင်ပညာရပ်တွေ၊ လူမှုဆက်ဆံရေး၊ အနေအထိုင် ၀တ်စားဆင်ယင်မှုတွေ၊ ကိုယ်ရည်ကိုယ်သွေး မြင့်တက်စေဖို့ Presonal grooming ပညာရပ်တွေ၊ မိတ်ကပ်ရွေးချယ်မှုတွေကို ၂လပြတ် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ကတော့ တစ်ယောက်ကို ၉သိန်းကျပ် ဖြစ်ပါတယ်။ SG9 Productionအမှတ် ၂၅၁/၂၅၃၊ ၁၂လွှာ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ဖုန်း…

တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ တေးသီချင်း အသစ်ဖန်တီးမှုတွေ အကြောင်းကို မေးမြန်းထားပါတယ်။ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေ ရှိရင် ပြောပြပါဦး။နီနီ ဇွန်လကုန်ရင် သီချင်းအသစ်တစ်ပုဒ် ထွက်ပါမယ်။ အဆွေးသီချင်းလေးပါ။ ဇူလိုင်လထဲမှာလည်း နောက်ထပ် တစ်ပုဒ်ထပ်ထွက်ပါမယ်။ နှစ်ပုဒ်ပေါ့နော်။ နှစ်ပုဒ်လုံးကတော့ နီနီပဲ ရေးထားတယ်။ ဇူလိုင်မှာထွက်မယ့် သီချင်းကတော့ မိုးနဲ့ပတ်သက်တဲ့ သီချင်းပါ။မိုး သီချင်းဆိုတာ ဘယ်လိုပုံစံမျိုးကို ရေးထားတာလဲ။မိုးသီချင်းရေးတုန်းက နီနီ စဉ်းစားနေတုန်း မိုးရွာလိုက်တယ်ပေါ့နော်။ အဲဒီမှာ နီနီ အတွေးတစ်ခု ရလာတယ်။ နီနီရေးချင်တဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ ချရေးလိုက်တော့လည်း စာသားက အရမ်းအဆင်ပြေတယ်။ ပရိသတ်လည်း ကြိုက်ပါလိမ့်မယ်။ အဆွေးဘက် သွားတယ်။ မိုးသီချင်းက ရက်ရက်စက်စက်…

ဧပြီလအတွင်းက “Fat House”ဆိုတဲ့ မီနီအယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် Ar-Tက အခု တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ရှိထားတဲ့ “ချိုချဉ်” စီးရီးထဲက သီချင်းတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အကြိုက်တွေ့နေတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Ar-T ကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။Q - Ar-T ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။A - အခုက ကျွန်တော် တစ်ကိုယ်တော် အခွေအသစ် လုပ်နေတယ်။ လာမယ့် ၁၄ရက်နေ့မှာ MTV တစ်ပုဒ် ရိုက်ဖို့ ရှိတယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ အသစ်တစ်ပုဒ် ထွက်ဖို့ ရှိမယ်။Q…

Myanmar Idol ရဲ့ Winner ဆုရှင် သားငယ်ကို Capital Automative Co.,Ltd (FORD Myanmar) က FORD Brand New Ecosport ကားသစ်ကို ဇွန် ၂၁ ရက်မှာ ပေးအပ်ခဲ့ပါတယ်။ သားငယ်ဟာ Myanmar Idol Season 2 ပြိုင်ပွဲမှာ Winner ရရှိခဲ့တဲ့အတွက် FORD Myanmar က ချီးမြှင့်ခဲ့တဲ့ Ecosport ကားသစ်ကို ရရှိခဲ့တာပါ။ Ecosport ကားသစ် ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး အဆိုတော်သားငယ်က သူရဲ့ ရင်တွင်းစကားကို အခုလို ပြောပြခဲ့ပါတယ်။"အရမ်းကို ပျော်ပါတယ်။ Ford ကားကို တစ်ခါမှ မစီးဖူးဘူး။…

မြန်မာဝတ်စုံလေးတွေ ၀တ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Facebook မှာ တင်လေ့ရှိသူ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို အနုပညာချစ် ပရိသတ်တွေနဲ့ Facebook သုံးစွဲသူတွေက တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ Facebook သုံးစွဲတဲ့ အမည်ကို အစွဲပြုပြီး မအေးသောင်းလို့လည်း ပရိသတ်က ချစ်စနိုး ခေါ်ဝေါ်ကြပါသေးတယ်။ ငယ်နာမည် ပေါက်စီလို့လည်း ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းနဲ့ အခုတစ်ပတ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။Q - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။A - အခု လတ်တလောတော့ Photo Shootတွေ ရှိတယ် ။ Remax ရဲ့ Brand Ambassador အနေနဲ့လည်း သူတို့နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ ရှိပါတယ် ။ ပြီးတော့…

Snare အဖွဲ့က အဆိုတော် ဖြိုးလေးရဲ့ Genius ဖက်ရှင်ဆိုင်ကို ဇူလိုင် ၁၆ ရက်က ကျောက်မြောင်းမှာ အသစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဖက်ရှင်ဆိုင်ကို မူလဆိုင်နေရာနဲ့ ဘေးချင်းကပ်ရက်မှာပဲ ပြန်လည် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ဆိုင်သစ်ပြန်လည်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ဖြိုးလေးက အခုလို ပြောပါတယ်။ “ကျောက်မြောင်းက ပထမဆုံး စဖွင့်ခဲ့တဲ့ဆိုင်ပါ။ အမှတ်တရတွေလည်း အများကြီး ရှိခဲ့တယ်။ ဒီဆိုင်နဲ့ပဲ အောင်မြင်လာတဲ့အတွက် ဒီဆိုင်လေးကို ကြီးကြီးကျယ်ကျယ် လုပ်ချင်ခဲ့တာ ကြာပါပြီ။ ပြင်ရင်း၊ပြင်ရင်းနဲ့ ၃လလောက် ကြာသွားတယ်။ အခု decoration တွေ အမိုက်စား ပြောင်းပြီးတော့ အကြီးကြီး ပြန်ဖွင့်ထားပါတယ်”လို့ ဖြိုးလေးက ပြောပါတယ်။ဆိုင်ဖွင့်ပွဲအမှတ်တရအနေနဲ့ ပစ္စည်းအားလုံးကို 20 %…

အဆိုတော် ပိုပိုနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဂီတဖန်တီးမှုအသစ်တွေနဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းထားပါတယ်။ အရင်ဆုံး ကဗျာစာအုပ်မှာ ပိုပိုရေးထားတဲ့  ကဗျာအကြောင်းလေး ပြောပြပါဦး။ " ကောင်းကင်များ " ဆိုတဲ့ ကဗျာစာအုပ်လေးကို ထုတ်ထားပါတယ်။ ကဗျာဆရာတွေ အများကြီး ပါဝင်ပါတယ်။ အနုပညာရှင်တွေလည်း အများကြီးပါတယ်။ ပိုပိုကတော့ အသည်းကွဲတဲ့အကြောင်းကို ရေးထားတာပါ။ နောက်တစ်ခုကတော့ သတ်မှတ်ခြင်းဆိုတဲ့ ကဗျာတစ်ပုဒ် ပါပါတယ်။ သတ်မှတ်ခြင်းက ဘာလဲဆိုတော့ လူတွေပဲဖြစ်ဖြစ်၊ ဘယ်အရာဝတ္ထုပဲ ဖြစ်ဖြစ် သူတို့က စက္ကူလေးတစ်ရွက်ဆိုပြီး အထင်သေးလို့ မရပါဘူး။ သူ့ရဲ့တန်ဖိုးက သူ့နေရာနဲ့သူ တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ရတယ်။ ငါက ကမ္ဘာကြီးကိုတောင် ပြောင်းလဲနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်ဆိုရင်…

သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ရုပ်ကနေ ပီပြင်အောင် သရုပ်ဆောင်ရတယ်ဆိုပေမယ့် အရူးတစ်ယောက်လို၊ တိရစ္ဆာန်တစ်ကောင်လိုမျိုး၊ မှင်စာတစ်ကောင်လိုမျိုး ဇာတ်ရုပ်တွေကို တကယ့်ပြင်ပလောက အတိုင်း သရုပ်ဆောင်ဖို့ဆိုတာကတော့ အတော်ရူးသွပ်မှ ဖြစ်မှာပါ။ ဒီနေ့ခေတ် နည်းပညာတိုးတက်နေတဲ့ ရုပ်ရှင်လောကမှာ Visual Effects နဲ့ ပတ်သက်ပြီး အကောင်းဆုံးလို့ ပြောစမှတ်ပြုခဲ့ရတဲ့ The Lord of the Rings (Trilogy) မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲထွက်ခဲ့တဲ့ The Hobbit: An Unexpected Journey မှာပါ မှင်စာဖြစ်တဲ့ Gollum ကို သိကြမှာပါ။ အဲဒီနေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး Andy Serkis ပဲ ဖြစ်ပါတယ်။ အခုလည်း…

ပြည်သူချစ် အနုပညာရှင်တွေဟာ အနုပညာလုပ်ငန်းတွေအပြင် အခုဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် Brand နဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချလာကြပါတယ်။ တချို့ကလည်း ပြည်ပက နာမည်ကြီး ထုတ်ကုန်တွေကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ်နဲ့ မှာယူတင်သွင်းကာ ကိုယ်ပိုင်ဆိုင်လေးတွေ ဖွင့်လှစ်ပြီး ရောင်းချကြတာပါ။ ပြည်သူချစ် အနုပညာရှင်တွေက ဘယ်လို ထုတ်ကုန်တွေကို ထုတ်လုပ်နေကြတယ်၊ တင်သွင်းရောင်းချနေကြတယ်ဆိုတာကို သိရှိနိုင်စေဖို့အတွက် My Yangon က စုစည်းဖော်ပြပေးလိုက်ပါတယ်။စိုင်းစိုင်းခမ်းလှိုင်အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ SAI (Sexy and Intelligent) ဆိုတဲ့ အမှတ်တံဆိပ်နဲ့ Cosmetic ပစ္စည်းတွေကို ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုအနေနဲ့ ထုတ်လုပ်ရောင်းချနေပါတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စိုင်းစိုင်းက ပျိုမေတို့အတွက် နှုတ်ခမ်းနီ ၇…

ဒီတစ်ပတ်ရဲ့ Celebrity Choice ကဏ္ဍမှာတော့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် သွားလေ့ရှိတဲ့ Terminal 5 Bar & Grill အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။" Terminal 5 ဆိုတဲ့ Bar လေးကိုတော့ ကျွန်တော် နှစ်ပတ်တစ်ခါလောက် သွားစားဖြစ်တယ်။ အလုပ်တွေများပြီး Stress တွေ အရမ်းများတဲ့အခါမျိုးမှာ ရောက်ဖြစ်ပါတယ် " လို့  ပိုင်တံခွန်က ပြောပါတယ်။ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ Terminal 5 Bar က ဈေးနှုန်းသင့်၊ အစားအသောက်တွေ ကောင်းပြီး ဝန်ထမ်းတွေရဲ့ Customer Service ကောင်းလို့ လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ Bar လေး တစ်ခုပါ။…

ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ကိုယ်တိုင် ဖန်တီး ထုတ်လုပ်ထားတဲ့ FGM အမှတ်တံဆိပ် ချိတ်လုံချည်တွေကို ဇူလိုင် ၁၅ရက်က စတင်ဖြန့်ဖြူးရောင်းချလိုက်ပြီပဲ ဖြစ်ပါတယ်။ FGM အမှတ်တံဆိပ် ချိတ်လုံချည်တွေကို မိတ်ဆက်ပြသတဲ့ ဖက်ရှင်ရှိုးကိုတော့ ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ FGM ချိတ်နဲ့ ပတ်သက်ပြီး ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က အခုလို ပြောကြားခဲ့ပါတယ်။ " အန်တီပေါက်အနေနဲ့  FGM ဆိုတဲ့ Brand လေးကို မြန်မာအမျိုးသမီးတွေအားလုံး ဈေးနှုန်း သက်သက်သာသာနဲ့ တင့်တင့်တယ်တယ် ဝတ်နိုင်အောင်လို့ ထုတ်ချင်ခဲ့တာကြာပါပြီ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုက အန်တီပေါက်တို့လို Artist တွေအတွက်ဆိုရင် များတယ်လို့ ပြောလို့ရပါတယ်။…

Charlize Theron ဆိုတာ Hollywood မှာ အလှတစ်ပါး စာရင်းဝင်တဲ့ မင်းသမီးပါ။ အရပ်မြင့်မြင့်နဲ့ မော်ဒယ်တစ်ယောက်လို ကိုယ်ခန္ဓာပိုင်ဆိုင်ထားပြီး အချောအလှတစ်ယောက် ဖြစ်ပါတယ်။ သူများမထင်ထားတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တိုင် တစ်ခုဖြစ်ပြီး အော်စကာရော၊ ရွှေကမ္ဘာလုံး ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ Monster ဇာတ်ကားမှာဆိုရင်လည်း အသက်ကြီးကြီး ပုံပျက်ပန်းပျက် မိန်းမကြမ်းကြီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mad Max: Fury Road မှာဆိုရင်လည်း လက်တစ်ဖက်ပြတ် ကတုံးနဲ့ မိန်းမကြမ်းတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ Snow White…

သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းက လတ်တလောမှာ "မယ်သီတာ" ဆိုတဲ့ မီနီအယ်လ်ဘမ်လေး ထွက်ရှိထားပြီး လာမယ့်  ဒီဇင်ဘာလအတွင်း One Lady Show ပြုလုပ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး  ဝိုင်းစုခိုင်သိန်းကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။ One Lady Show အကြောင်းလေး ပြောပြပေးပါဦး။One Lady Show က ၁၂လပိုင်း ၂၄ရက်နေ့မှာ လုပ်မှာပါ။ ပထမကတော့ ၁၀လပိုင်း လုပ်မလို့ပဲ။ One Lady Show ကို မွေးနေ့မှာလုပ်ရင် အဆင်ပြေမလားဆိုပြီး ပရိသတ်ကို မေးကြည့်တော့ ပိုပြီး အဆင်ပြေတယ် ပြောတယ်၊ သူတို့လည်း လက်ဆောင်တွေ…

“​ကျေးဇူးပြုပြီး အသားမစားပါနဲ့” လို့ တိုက်​တွန်းခဲ့တဲ့ အ​မေရိကန်​ ​ပေါ့ပ်​စတားမင်းသမီး​လေး Miley Cyrus ဟာ သူမရဲ့ ဘယ်​ဘက် ​လက်​​မောင်း​အောက်​နားက ​နေကြာပန်းပုံ တက်​တူးသစ်​​လေးနဲ့ ပုံကို သူမ အင်​စတာဂရမ်​မှာ Vegan for life ဆိုပြီး ​ရေးတင်​ခဲ့ပါတယ်​။ ဒီပို့စ်​တင်​ပြီး​နောက်​ like ​ပေါင်း ၄သိန်း​ကျော်​ ရရှိခဲ့ပြီး သူမရဲ့တက်​တူး​သစ် ​​နေကြာပန်းဒီဇိုင်းက Vegan စား​သောက်​ကုန်​လုပ်​ငန်းရဲ့ လိုဂိုဒီဇိုင်းပုံပါ။Vegan Diet မှာ ဆိုရင်​ အသားငါး၊ နို့ထွက်​ပစ္စည်းထွက်​ကုန်​​တွေနဲ့ ကြက်​ဥစတာ​တွေ ပါဝင်​ခြင်းမရှိဘဲ အသီးအရွက်​​တွေနဲ့ချည်း ပြုလုပ်​ထားတာပါ။ အ​နောက်​နိုင်​ငံ​မှာ တိရစ္ဆာန်​​လေး​တွေကို ချစ်​ခင်​ကြင်​နာတဲ့အနေနဲ့ သိုး​မွေးထည်​၊ သား​ရေထည်​​တွေကို ဝတ်​ဆင်​ခြင်း မပြုတဲ့သူ​၊ သက်​ရှိကုန်​ကြမ်း​တွေပါတဲ့ အလှကုန်​​တွေကို…

၁၉၉၅ ဝန်းကျင်က Hollywood မှာ မင်းသားချော Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ Desperado ရုပ်ရှင်ကားက တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီကားက ကြည့်နေကျ သေနတ်ပစ်ကားတွေနဲ့ မတူဘဲ ဂီတာတီးပြီး သေနတ်ပစ်ခန်းတွေနဲ့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသမီးချော Salma Hayek ဟာ သူ့အတွက် ပထမဆုံး Hollywood ရုပ်ရှင်ဖြစ်ပေမယ့် ချက်ချင်းကို ပရိသတ်သတိထားမိပြီး အောင်မြင်လာခဲ့သူပါ။ တွေ့နေကျ Hollywood မင်းသမီးတွေနဲ့ မတူဘဲ ဆံပင်အနက် အသားညိုညိုနဲ့ အရပ်ပုပု ဒီမင်းသမီးဟာ Mexico နွယ်ဖွားဖြစ်ပြီး သူကိုယ်တိုင်က လက်ဘနွန်သွေးတဝက် စပိန်သွေးတဝက်ပါ ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ ဒါကြောင့်လည်း အာရပ်သွေးနဲ့…

အရုပ်သရဲကား Annabelle : Creation က အောင်မြင်နေတဲ့ အချိန်မှာ အရုပ်နဲ့ ပတ်သက်လို့ ထူးခြားတဲ့ မင်းသမီးကြီးတစ်ယောက်ကို သွားသတိရလိုက်မိပါတယ်။ သူကတော့ ညို့အားလည်း ကောင်းသလို ဆွဲဆောင်နိုင်စွမ်းလည်း ပြင်းသလောက် တည်ငြိမ်တဲ့အလှကိုလည်း လှစ်ဟပြနိုင်တယ်လို့ ပြောနိုင်တဲ့ စွယ်စုံအလှဘုရင်မ မင်းသမီးကြီး Demi Moore ပါပဲ။ အရုပ်နဲ့ ပတ်သက်ပြီး သူ့ကို သတိရတာကလည်း သူ့ကို The New York Times သတင်းစာကြီးက “The World's Most High-Profile Doll Collector” လို့ ပြောရတဲ့အထိကို သီးသန့်အိမ်မှာ အရုပ်ပေါင်း ၂၀၀၀ ကျော်ကို သိမ်းထားတဲ့ အထိပါပဲ။ 1962…

ဒီတစ်ပတ်မှာတော့ ချစ်စဖွယ် သမီးအမြွှာလေးနှစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ထရီဇာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။ အခုလောလောဆယ် သမီးလေးတွေက ငယ်သေးတော့ ကားတွေ မရိုက်ဖြစ်သေးဘူး။ ကြော်ငြာတွေပဲ ရိုက်ဖြစ်တယ်။ စတိတ်ရှိုးတွေ ဆိုဖြစ်တယ်။ ကိုယ့်ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ် လေး စီစဉ်ဖြစ်နေတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့က အဲဒါတွေပဲ လုပ်ဖြစ်နေတယ်။ အဲဒါတွေ လုပ်ရတာနဲ့ သမီး၂ယောက် ထိန်းရတာနဲ့ကို ချာလပတ်ကို ရမ်းနေတာပါပဲ။ တေးစီးရီးကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။ အောက်တိုဘာလလောက် ထွက်မယ်။ ‘တိမ်တွေနေတဲ့အရပ်’ သွားထားတဲ့ Theme လေးလိုပဲ ဖြစ်မှာပါ။ Pop Country လေးတွေ…

Tennis လောကမှာ အချောအလှအမျိုးသမီး ကစားသမားတွေ ပေါ်ထွက်လာခဲ့ဖူးတဲ့ အထဲကမှ ချောလှသလောက် အောင်မြင်မှုပါ ကြီးခဲ့တဲ့သူကတော့ လက်ရှိ US မှာလည်း လက်စွမ်းပြနေတဲ့ Russia Tennis မယ် Maria Sharapova ပဲ ဖြစ်ပါတယ်။ တချို့ အမျိုးသမီးကစားသမားတွေဟာ ကွင်းထဲက လက်စွမ်းထက် ကွင်းပြင်က အလှအပတွေကြောင့် ၀င်ငွေကောင်း နာမည်ကြီးခဲ့ပေမယ့် Sharapova ကတော့ ၆ ပေ ၂ လက်မရှိတဲ့ အရပ်အမောင်းနဲ့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ စိုးမိုးနိုင်ခဲ့သူပါ။ ကမ္ဘာ့နံပတ် ၁ နေရာကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၀ ဦးတည်းသာရှိခဲ့တဲ့ Grand Slam ဆုကြီး ၄…

ဒီနေ့အချိန်မှာ ၀ိတ်ချဖို့ ၀ိတ်လျော့ဖို့ဆိုပြီး အပင်ပန်းခံ၊ အားကစားလုပ်၊ အစားအသောက်ဆင်းရဲခံပြီး ၄၊ ၅ ပေါင်လောက်ကျဖို့ အသည်းအသန် ကြိုးစားနေသူတွေ မင်းသားကြီး Matthew McConaughey ဆီမှာ ၀ိတ်ချနည်းလေးများ မေးကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အော်စကာဆု ဆွတ်ခူးခဲ့တဲ့ Dallas Buyer Club (2013) ရုပ်ရှင်မှာ AIDS ဝေဒနာရှင်အဖြစ် သဏ္ဍန်လုပ် သရုပ်တူအောင်လို့ ၄၇ ပေါင်အထိ ၀ိတ်ချပြီး သရုပ်ဆောင်ခဲ့တာဖြစ်လို့ပါ။ ဒါကြောင့်လည်း အဲဒီကားနဲ့တင် Oscar Award ရော Golden Globe Award အပြင် အခြားထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ ဒီနေ့…

ဆရာမ မေသင်္ကြန်ဟိန်းရဲ့ အတ္ထုပတ္တိကို ရိုက်ကူးမယ့် “မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်ဖို့ ကြေညာထားတဲ့အတိုင်း ခင်ဝင့်ဝါဟာ ပါဝင်သရုပ်ဆောင်ဖြစ်တော့မှာ မဟုတ်ဘူးလို့ အဲဒီဇာတ်လမ်းတွဲကို ရိုက်ကူးမယ့် ဒါရိုက်တာ နေသူရိန်က ပြောပြပါတယ်။ သိပ်မကြာခင်ကပဲ မင်းသမီး ခင်ဝင့်ဝါက MY YANGON နဲ့ အင်တာဗျူးမှာ ဒီဇာတ်ကား ရိုက်ဖို့ ရှိတယ်လို့ ဖွင့်ပြောခဲ့ပြီး အ၀တ်အစားတွေတောင် ဒီဇိုင်နာနဲ့ တိုင်ပင်နေပြီ ဆိုပေမယ့် ခုနောက်ပိုင်းမှာ သူ့ မန်နေဂျာက  ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါဟာ ဘာမှ ဖြေကြားမှာ မဟုတ်ကြောင်း၊ လတ်တလော ညှိနှိုင်းနေရတာလေးတွေ ရှိနေသေးကြောင်း  ဆိုလာတာပါ။ “ကျွန်တော် မင်းသမီး စရွေးကတည်းက…

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ မော်ဒယ် အမရာငြိမ်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ “ညီမ အခုတလော သွားဖြစ်နေတာကတော့ Harry's Bar နဲ့ Sport Bar ပါ။ နှစ်ဆိုင်စလုံးက အစားအသောက်တွေကို ကြိုက်လို့ပါ။ Bar တချို့က အစားအသောက်ကို သိပ် Focus မထားဘူး လားလို့။ နောက်ပြီး သူတို့က နည်းနည်းလည်း Freedom Taste ရသလိုပဲလေ”  လို့ အမရာငြိမ်းက ပြောပါတယ်။ အမရာငြိမ်း နောက်ထပ်ရွေးချယ်ထားတဲ့ Bar တစ်ခုကတော့ Escape Bar ပါပဲ။ “Escape Bar ကိုလည်း…

အကယ်ဒမီ မယ်လိုဒီရဲ့ ၃၅ နှစ်မြောက် မွေးနေ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်နေ့က တိုင်းရင်းသား စားသောက်ဆိုင်မှာ သူချစ်တဲ့သူတွေ သူ့ကိုချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပသွားခဲ့ပါတယ်။ မွေးနေ့အတွက် Dress Theme ကို Sportswear လို့ သတ်မှတ်ထားပြီး လူတိုင်း ကိုယ့်ဘဝအနာဂါတ်အတွက် ကြိုးစားတက်လှမ်းနေချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကို ဂရုတစိုက် အလေးထားဖို့လိုကြောင်း ကျန်းမာရေးလိုက်စားဖို့ လှုံ့ဆော်တဲ့ ရည်ရွယ်ချက်နဲ့ Sportswear Theme နဲ့ သတ်မှတ်ကျင်းပတာ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒီမွေးနေ့မှသည် နောင် ဒီထက်မက ပျော်ရွှင်တဲ့ မွေးနေ့ပေါင်းများစွာ မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ပါစေလို့ MY YANGON က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

1) Meryl Streep နဲ့ Don Gummerရည်းစားသေပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေတဲ့ မင်းသမီးကြီး Meryl Streep ကို အနီးကပ် ဖေးမအားပေး ခဲ့သူကတော့ ပန်းပုဆရာလေး Don Gummer ပါ။ အဲ့ဒီနောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သက်ဝင်ပြီး လက်ထပ်ခဲ့လိုက်တာ ဒီနေ့ အချိန်မှာတော့ အိမ်ထောင်သက် ၃၉ နှစ်ရှိနေပါပြီ။ အကွဲအပြဲများလှတဲ့ သူတို့လောကရဲ့ အိမ်ထောင်ရေးနယ်ပယ်မှာ ဒီလိုအောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်က တစ်ဦးကို တစ်ဦး နားထောင်ပေးပြီး ပြသနာတိုင်းကို တူတူတိုင်ပင်ဆွေးနွေးဖို့ပါပဲလို့ မင်းသမီးကြီးက ဆိုပါတယ်။2) Barack နဲ့ Michelle Obamaအောင်မြင်တဲ့ ယောကျာ်းတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတဲ့ စကားအတွက်…

အဆိုတော် တင်ဇာမော်ရဲ့ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲကို International Stage ပုံစံအတိုင်း ပြုလုပ်သွားမယ်လို့ စက်တင်ဘာလ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ "International Artist တွေက ကျွန်တော်တို့ မြန်မာပြည်ကို လာတယ်။ ကျွန်တော်တို့ဆီက အကောင်းဆုံးဆိုတဲ့ ကွင်းတွေမှာ International Stage စင်တွေဆောက်ပြီး ဖျော်ဖြေပွဲတွေ လုပ်ကြတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီလို International Stage တွေမှာ ကျွန်တော်တို့ဆီက Artist တွေက ဖျော်ဖြေခွင့်မရဘူး။ ဒါကြောင့် ကျွန်တော်က မတင်ဇာမော်ပွဲကို သုဝဏ္ဏဘူမိမှာ International Artist တွေ ဖျော်ဖြေတဲ့ Stage ပုံစံအတိုင်း မတင်ဇာမော် ဖျော်ဖြေလို့ရအောင်…

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ဒေါင်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ “ကျွန်တော် အခုတလော သွားဖြစ်နေတာကတော့ District Cafe ရယ် The Gallery Cafe' ရယ်ပါ။ သွားဖြစ်တဲ့ ဆိုင်တွေကတော့ အများကြီးပဲ။ အဲ့ဒီဆိုင်တွေကို သဘောကျတာက အေးအေးဆေးဆေးရှိလို့ပါ။ ပြီးတော့ ခံစားချက်လေးတွေ တစ်ခုခု အမြဲရတတ်လို့ပါ။ အဓိကက ကော်ဖီသောက်ရင် အလုပ်ကြောင့် သောက်တာရယ်၊ ခံစားချက်တစ်ခုခုရဖို့၊ အတွေးတစ်ခုခု ခံစားရဖို့ သောက်တာရယ် ကိုယ်တိုင်ရွေးချယ်ပြီး သောက်တာပေါ့။ အဲ့ဒီကမှ ခံစားချက်အသစ် အတွေးသစ်လေးတွေ ရချင်တဲ့ အခိုက်အတံ့မှာ ဒီလို အေးအေးဆေးဆေးရှိမယ့် အနုပညာ အသွင်အပြင်ဆန်မယ့် ကော်ဖီဆိုင်လေးတွေရွေးပြီး ထိုင်ဖြစ်တယ်”…

ဒီတစ်ပတ်မှာတော့ 'သိုက်ကလာတယ် စကားမပြောဘူး' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ ရှေ့ကို တကျော့ပြန်လည် ရောက်ရှိလာတဲ့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အခုဆိုရင် အစ်ကို ရိုက်ထားတဲ့ ‘သိုက်ကလာတယ် စကားမပြောဘူး’ ဆိုတဲ့ ရုပ်ရှင်ကားကြီးက ဖေ့စ်ဘွတ်ခ်မှာ တော်တော်လေးကို ခေတ်စားနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါဦး။အဲဒါက ကျွန်တော့်အတွက် တော်တော်လေးကို အမေးဇင်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ပြည်ထောင်စုသစ္စာနဲ့ လူတွေ သိလာတယ်။ အဲဒီကနေတစ်ဆင့် ပိုပြီးစိတ်ဝင်စားလာတယ်။ နောက် ‘သိုက်က လာတယ်’ ဆိုတဲ့ ကားက ရုံတင်တဲ့အခါ အဲဒီကားသည် ကျွန်တော့်အတွက် လိပ်ပြာမလုံသော ကားပါ။ လိပ်ပြာမလုံဘူးဆိုတာ ဘာကို မလုံတာလဲ။ဒီလိုပါ။ ကျွန်တော်ကလေ ကျွန်တော်လုပ်တဲ့ အိုက်တင်ကို…

Hollywood မှာ ကြေးအကြီးဆုံးရခဲ့တဲ့ထဲ အထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ နည်းပါးပါတယ်။ အဲ့ဒီထဲမှာမှ လူမည်းအမျိုးသမီးဆိုတာ လက်တစ်ဆုပ်စာတောင် မရှိကြပါဘူး။ အဲ့ဒီထဲမှာ အော်စကာဆုရှင် မော်ဒယ်လည်းဖြစ်ခဲ့သလို ကမ္ဘာကျော် အလှကုန် Revlon ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ မင်းသမီးချော Halle Berry ကတော့ ထူးထူးခြားခြားတစ်ယောက်ပါ။ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ၀င်ရောက်လာခဲ့ပြီး Miss USA (1986) မှာ First Runner-up ရခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် လောကထဲ ၀င်ရောက်လာခဲ့ပြီး Boomerang (1992) ရုပ်ရှင်မှာ Eddie Murphy နဲ့ တွဲဖက် သရုပ်ဆောင်ပြီး အောင်မြင်မှု…

ဒီဇိုင်နာဌေးဌေးတင်ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖက်ရှင်ရှိုးကိုတော့ လာမယ့် ဒီညနေ ၂၆ ရက်နေ့ ညနေ ၆ နာရီကနေ ည ၉ နာရီ အချိန်အထိ ရန်ကုန်မြို့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပ ပြုလုပ်သွားမှာပါ။ ရှိုးပွဲနဲ့အတူ မနက်ပိုင်းမှာလည်း ဒီဇိုင်နာဌေးဌေးတင်ရဲ့ သင်တန်းသားတွေကိုလည်း သင်တန်းဆင်း လက်မှတ်ပါ ပေးအပ်သွားမယ်လို့ သိရပါတယ်။ "ဒီပွဲမှာ ရသအစုံထည့်ထားပါတယ်။ မင်္ဂလာဆောင် အခမ်းအနားအတွက် ပါမယ်။ မြန်မာ ၀တ်စုံလေးတွေပါမယ်။ ပွဲတက်ဝတ်စုံလေးတွေ ပါမယ်။ ပြီးတော့ အစ်မရဲ့သင်တန်းက သင်တန်သားတွေရဲ့ လက်ရာဝတ်စုံလေးတွေ ပါပါမယ်။ ဒီပွဲကြီးမှာ အမရဲ့ သင်တန်းသားတွေက သူတွေရဲ့ Creation လေးတွေ လုပ်ထားပါတယ်။ အမှားပါခဲ့ရင်…

‘၀ဲ’ ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းမှာ လူသိများလာပြီး ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော် Mary နဲ့  တွေ့ဆုံမေးမြန်းပေးထားပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။အခုကတော့ Moonsoon Madness Festival  ရှိုးပွဲမှာ ဆိုဖို့ ရှိပါတယ်။ Accident ဆိုတဲ့ Big Bag နဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။ ကိုဟန်ထွန်းလွင်နဲ့ သီချင်းလေးလုပ်ထားတယ်ဆိုတော့ ဘယ်လို သူနဲ့အတူ ချိတ်ဆက်လုပ်ဖြစ်ခဲ့တာလဲ။သီချင်းလေးကတော့ တစ်ပုဒ်တည်းပါပဲ Accident ဆိုတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သူကလည်း အခု သီချင်းသစ်ပုံစံလေးဆိုတော့ Mary ကို Featuring ခေါ်ဆိုတယ်။ Mary လည်း ကိုယ်တကယ်…

ဖန်တီးမှုအားကောင်းပြီး  အီလက်ထရိုမြူးဇစ်တွေနဲ့ လူသိများတဲ့ အဆိုတော် Ar-T ကို Power House မှာ ဂျင်မ်ကစားနေတာ တွေ့နေရတာ လနဲ့ချီနေပါပြီ။ အားနဲ့မာန်နဲ့  သေချာလုပ်နေတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က ပုံတွေက အမြဲ သက်သေခံနေပါတယ်။ ရလဒ်ကလည်း အားကောင်းကောင်းနဲ့  တကယ် ပုံပြောင်းလာတာကိုလည်း တွေ့နေရပါတယ်။  ဘော်ဒီ အတော် ကျစ်သွားပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတာလည်း မြင်နေရတာပဲပေါ့။  ဒီလို ရလဒ်ကောင်း ထွက်လာဖို့ Gym တစ်ခုတည်းရဲ့ အားနဲ့ မရဘဲ စားတဲ့ Diet Plan ကလည်း အရေးကြီးတယ်ဆိုတဲ့အကြောင်း Ar-T က ဒီလို ဆိုပါတယ်။ “အရင်က ဝက်သားအရမ်းကြိုက်တယ်။ ခု မစားဖြစ်တာ…

ဒီဇိုင်နာလောကမှာ ၉ နှစ်တာ သက်တမ်းတစ်ခု ရလာပြီဖြစ်ပြီး လူသိများတဲ့ ဒီဇိုင်နာတစ်ယောက် အဖြစ် ရပ်တည်နိုင်လာပြီဖြစ်တဲ့  ဒီဇိုင်နာ ဌေးဌေးတင် (SHI MI ZU) နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဖြစ်လာဖို့ အစ်မကို ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အစ်မ ကလေးဘ၀ကတည်းက  အရမ်းကို ဖြစ်ချင်ခဲ့တဲ့ အလုပ်ပဲလေ။ အစ်မအလုပ်ချင်ဆုံး အရာ အစ်မရဲ့စိတ်ကူးပေါ့။ အစ်မရဲ့ပန်းတိုင်လို့လည်း ပြောလို့ရတယ်။ SHI MI ZU ဆိုတဲ့ ဖက်ရှင်ဆိုင်ကိုရော ဘယ်နှခုနှစ်လောက်မှာ ဖွင့်လှစ်ခဲ့တာလဲ။ ဆိုင်ကတော့ အစ်မ ဒီဇိုင်နာလောကထဲ ရောက်ပြီး တစ်နှစ်လောက်မှာ ဖွင့်ခဲ့တာဆိုတော့  ၈ နှစ် လောက်တော့ ရှိပါပြီ။ ဒီဇိုင်နာလောကထဲကို…

အောက်တိုဘာလ ၁ ရက်နေ့က Miss Grand Myanmar အဖြစ် သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် ရွှေအိမ်စည်ကို Miss Universe Myanmar Organization ကနေ အချက် ၅ ချက်ပါတဲ့ ကြေညာချက် တစ်စောင်နဲ့အတူ Miss Grand Myanmar အဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် အစီအစဉ်ကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်နဲ့ပတ်သက်ပြီး ရွှေအိမ်စည်က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ Miss Universe Myanmar Organization ကို အခုလိုပဲ ပြန်လည်တုံ့ပြန်ထားတာကို တွေ့ရပါတယ်။ ရွှေအိမ်စည်၏ တုံ့ပြန်ချက်.........................၁။ တိုက် [A-3-1]၊ အခန်း (၆၀၄)၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ၊…

မျက်နှာနဲ့ ပတ်သက်ပြီးတော့ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ထားတယ်လို့ အပြင်မှာ သတင်းပြန့်နေတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇေရဲထက်က ငြင်းဆိုလိုက်ပါတယ်။ “ကျွန်တော့်ကို မျက်နှာခွဲစိတ်ထားတယ် ပြောကြတယ်။ ကျွန်တော်သည် လုံးဝကို မခွဲစိတ်ထားပါဘူး။ ဒါ မှန်တဲ့သစ္စာစကားပါ။ ကျွန်တော် အရင်တုန်းက ပါးဖောင်းတယ်။ Botox ထိုးတယ်။ မျက်နှာ Meso Fat ထိုးတယ်။ အဲဒါတော့ ကျွန်တော် လုပ်တယ်။ မျက်နှာပိန်အောင် Meso Fat ထိုးလိုက်တဲ့အတွက် ကျွန်တော့် မေးထွက်လာတယ်။ အဲဒါကို ကောလဟလတွေ လွှင့်ပြီး မျက်နှာချွန်အောင် ခွဲစိတ်ထားတယ်ဆိုပြီး ပြောနေကြတာပါ။ တကယ်တော့ မချွန်ပါဘူး။ ကင်မရာ ကြောင့်ပါ။ မေးရိုးချပြီး ရိုက်ရတာမျိုးတွေရှိတယ်။ မင်းသား စလုပ်ကာစတုန်းကတော့…

အိမ်မက်ဆုံရာ Season 4 ရဲ့ 2nd Runner Up ဆုရှင်ဖြစ်ပြီး  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်း ဖြစ်တဲ့ အဆိုတော် ၀ိုင်းလေးက ဒီလထဲမှာပဲ “လမ်းခွဲရင် ကောင်းမယ်” ဆိုတဲ့ သီချင်းလေးရဲ့ Music ဗီဒီယို ထွက်ဖို့ရှိပြီး သီတင်းကျွတ်ကာလမှာလည်း နယ်တွေမှာ သွားရောက်သီဆိုဖြစ်မှာပါ။  ဂီတအနုပညာ လမ်းကြောင်းပေါ် နေရာတစ်ခု ရလာတဲ့ ၀ိုင်းလေးဟာ သူ့ကို လမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့ အိမ်မက်ဆုံရာ အစီအစဉ်ကြီး ရပ်တန့်လိုက်တဲ့အပေါ် ဆုံးရှုံးမှု တစ်ခုလို ခံစားရတယ်လို့ ဆိုပါတယ်။ “ရင်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ်တွေက ဒီအစီအစဉ်ကနေပဲ တက်လာခဲ့တယ်။…

မြန်မာနိုင်ငံရဲ့ အနုပညာလောက တိုးတက်ဖွံဖြိုးလာဖို့အတွက်က အနုပညာရှင်တွေနဲ့သာ ဆိုင်တယ်လို့ သရုပ်ဆောင် အကယ်ဒမီ နေတိုးက ပြောပါတယ်။ “အနုပညာလောက တိုးတက်ဖို့အတွက် အနုပညာရှင်တွေ အကုန်လုံးနဲ့ ဆိုင်တယ်။ ဥက္ကဋ္ဌ တစ်ယောက်တည်း လုပ်ပေးလို့မရဘူး။ ဥက္ကဋ္ဌကတော့ သူ Control လုပ်လို့ပဲ ရမယ်” လို့ နေတိုးက ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးအတွက် အကယ်ဒမီ ဦးဇင်ဝိုင်းကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ သဘောထားကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျွန်တော့်အနေနဲ့ အားရကျေနပ်မှု ရှိပါတယ်။ ၀မ်းလည်း သာပါတယ်။ ဒီလိုမျိုး…

နိုဝင်ဘာလ ၃ ရက်နေ့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် အိမ့်ချစ်ရဲ့ Beyond The Success (Solo Concert) အတွက် လက်မှတ်အမျိုးအစားများကို လွယ်ကူချောမောစွာ ရွေးချယ်ဝယ်ယူနိုင်စေဖို့ Floor Plan နဲ့တကွ လက်မှတ်ဝယ်ယူနိုင်မယ့် နေရာတွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ လက်မှတ်အမျိုးအစားတွေကတော့ VVIP - 50000 (Seats), VIP - 30000 (Seats), PREMIUM- 20000 (Seats) နဲ့ GENERAL- 5000 (Stand) ဆိုပြီး သတ်မှတ်ထားပါတယ်။လက်မှတ်တွေ ၀ယ်ယူရရှိနိုင်တဲ့ နေရာတွေကတော့- MH mobile & Emily Fashion Shopအမှတ်(၁၅၃) ဦးချစ်မောင်လမ်းမပေါ်…

ဂီတသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ တေးသံရှင် မာရဇ္ဇဟာ သူရဲ့ နှစ် (၅၀) ပြည့် Birthday Show  ကိုတော့ အရိုးရှင်းဆုံး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ "ကျွန်တော်က တစ်နှစ်ကို တစ်ပွဲတော့ One Man Show လုပ်မယ့်လို့ ဆုံးဖြတ်ထားတယ်။ ရှေ့ကပွဲတွေမှာတော့ အဆင်ပြေတဲ့ လတွေမှာပဲ လုပ်ဖြစ်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်ရဲ့ မွေးနေ့မှာ မွေးနေ့ မွေးရက်လည်း သွားတိုက်နေတယ်။ နောက်တခုက ဂီတသက်တမ်း ၂၅ နှစ်ပြည့်လည်း ဖြစ်တယ်။ အဲ့လိုမျိုး တိုက်ဆိုင်နေတဲ့အတွက် လုပ်ဖြစ်တာပါ" လို့ မာရဇ္ဇက ပြောပါတယ်။ တေးသံရှင် မာရဇ္ဇရဲ့ တစ်ကိုယ်တော် Birthday Show ကိုတော့…

ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဖာနွယ်ရဲ့ မောင်ဖြစ်တဲ့ စိုးသီဟက ဇာတ်လမ်းအဆုံးကို ကြိုမသိနိုင်တဲ့ ဗီဒီယိုဇာတ်ကားတစ်ခုကို ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ “အခုပြောနေကြတယ် မြန်မာကားတွေက ကြည့်လိုက်တာနဲ့ ဇာတ်လမ်းအဆုံးကို ကြိုသိနေပြီတို့ဘာတို့ အပြောခံနေရတယ်။ ဒါပေမယ့် ကျွန်တော် အခုရိုက်နေတဲ့ကားက ကျွန်တော်ကိုယ်တိုင် သေချာရွေးချယ်ပြီး ရိုက်ကူးထားတာပါ။ ပရိသတ်မသိအောင်ကို လှည့်ကွက်တွေနဲ့ လှို့ဝှက်ချက်လေးတွေနဲ့ ကျွန်တော်ရိုက်ကူးထားပါတယ်” လို့ သရုပ်ဆောင် စိုးသီဟက ပြောပါတယ်။ဗီဒီယိုကားနာမည်က ‘အိပ်မက်လွမ်းဝေ’ ဖြစ်ပြီး ဒါရိုက်တာဇေပါ ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ စိုးသီဟ၊ ယုသန္တာတင်၊ ရဲအောင်နဲ့ ၀ါဝါအောင်တို့က ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။ “ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က တက္ကစီသမားပေါ့။ အမေက ရောဂါသည် အမေ့ကို တက္ကစီမောင်းပြီး ရှာကျွေးတဲ့ ကာရိုက်တာလေးပါ။ ဒီကာရိုက်တာကို…

SAI Cosmetix ၁နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စိုင်းစိုင်းခမ်းလှိုင် နှုတ်ခမ်းနီ အသစ်တမျိုးကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထပ်မံထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ ၂၀၁၆ မှာ Frenzo Myanmar Ltd  လုပ်ငန်းခွဲတစ်ခုအနေနဲ့ Sai Cosmetic တစ်ခုကို လုပ်ခဲ့ပါတယ်။ ကျွန်တော် နှုတ်ခမ်းနီကို စထုတ်ခဲ့တယ်။ အရောင်သုံးရောင်ကို စတင်ပြီး ထုတ်ခဲ့တာဖြစ်ပါတယ်။  အခုဆိုရင် တစ်နှစ်ပြည့် အခါသမယလေးလည်းဖြစ်တယ်။ တစ်နှစ်ပြည့်အနေနဲ့ကို နှုတ်ခမ်းနီ အသစ်တမျိုးကို ဖြန့်ချိမှာပါ။ အခုထုတ်လုပ်လိုက်တဲ့ နှုတ်ခမ်းနီအရောင်ကိုလည်း မိန်းကလေးတွေအကြိုက်ဖြစ်အောင် ခေတ်စားနေတဲ့ အရောင်လေးတွေဖြစ်အောင် သေချာလေ့လာပြီးမှ ထုတ်ထားတာလည်းဖြစ်ပါတယ်။ နောက်ထပ်လည်း ထုတ်ကုန်အသစ်တွေကို ထုတ်နိုင်အောင်လည်း ကြိုးစားနေပါတယ်" လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။…

တေးသံရှင်ဝတီ "အတ္တမြို့တော်" ဆိုတဲ့ တေးစီးရီးခွေဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ တေးစီးရီးခွေကို The Sun Music က ဖြန့်ချီမှာ ဖြစ်ပါတယ်။  တေးသီချင်း ၁၄ ပုဒ် ပါဝင်ပြီး MTV သုံးပုဒ်ကို မေတ္တာလက်ဆောင် ထည့်ပေးထားပါတယ်။ "အတ္တမြို့တော်" တေးစီးရီးခွေထဲက တေးသီချင်းတွေကိုတော့ တေးရေးဆရာ မောင်သစ်မင်း၊ လေးနက်၊ စစ်ဟိန်း၊ နောနော်၊ ညီမင်းခိုင်၊ စိုးမိုး၊ ကောင်းဆက်နဲ့ အာကာတို့က ရေးစပ်ထားကြပြီး Duet Song  မှာတော့ တေးသံရှင် အာကာက ပါဝင်သီဆိုထားပါတယ်။ ဖူးပွင့်သူRead More About Entertainment Here

မိုးစက်ဝိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် တင်ဆက်သွားမယ့် Kira Kira Japan II  အစီအစဉ်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ကစပြီး MWD Documentary Channel မှာ အပတ်စဉ် စနေနေ့တိုင်း ညနေ ၆ နာရီခွဲကနေ ၇ နာရီအထိ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း (၇)ပိုင်း ပါဝင်မှာဖြစ်ပြီး ခရီးသွားလာခြင်းအတွက် H.I.S Myanmar က ပါတနာအနေနဲ့ ပူးပေါင်းပေးထားတာဖြစ်ပါတယ်။ Kira Kira Japan II အစီအစဉ်ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ သမိုင်းကြောင်း၊ သဘာဝတရားနဲ့ ကမ္ဘာပေါ်မှာ ဦးဆောင်ရပ်တည်နေတဲ့ ကုမ္ပဏီတွေအကြောင်းကို မိတ်ဆက်ပေးသွားမှာပါ။ မိုးစက်ဝိုင်ကိုယ်တိုင်…

အဆိုတော်ရဲလေးရဲ့ My World My Fans My Show ဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကိုတော့ YLJK Entertainment က ပထမဦးဆုံး ဦးဆောင်ကျင်းပတာဖြစ်ပြီး Hi-Bird Music Band နဲ့အတူ DJ Rush(Zay Htoo Aung)၊ Life & Dance Group နဲ့ ဧည့်သည်အဆိုတော် များစွာကလည်း ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ “အဓိကတော့ ပရိသတ်တွေနဲ့ ပျော်ရတာကို ကြိုက်တယ်။ ကိုယ့်သီချင်းတွေကို ပရိသတ်တွေ တစ်ဝန်းလုံးက လိုက်ဆိုနေတာကို လွတ်လွတ်လပ်လပ် ကြားချင်တယ်။ အဲ့ဒီခံစားချက်ကို ကြိုက်တဲ့အတွက် တစ်နှစ်တစ်ခါ လုပ်မယ်ဆိုတဲ့…

မိန်းကလေးတွေရဲ့ အသည်းစွဲ အဆိုတော်ရဲလေးဟာ အခုလက်ရှိမှာ သူ့အချစ်ရေးနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။ “လောလောဆယ်တော့ တယောက်ထဲပါပဲ အရင်လို မချစ်တတ်သေးတဲ့အတွက် အရင်လို ဂရုစိုက်ဖို့ အချိန်မပေးနိုင်သေးတဲ့အတွက် အချစ်သစ်ကို မရှာဖြစ်သေးတာပါ။ သူငယ်ချင်းတွေနဲ့ နေနေရတာကိုလည်း ပျော်တယ်။ ချစ်သူမရှိတဲ့အတွက် ဘယ်နေရမှာ ပိုကောင်းလာလည်းဆိုတော့ အနုပညာအလုပ်တွေ လုပ်ရတာမှာ ပိုပြီးတော့ လွတ်လပ်တယ်။ သ၀န်တိုစရာ နှောက်ဆံတင်းစရာလည်း မလိုတော့ဘူး။ အဲ့ဒီဖီလင်လေးကိုလည်း အရမ်းကြိုက်တယ်။ အဓိကတော့ ရုပ်ရှင်ရိုက်ရတဲ့ အချိန်မှာ ပိုလွတ်လပ်တယ်။ သရုပ်ဆောင်ရတာလည်း ပိုပြီးတော့ကောင်းလာတယ်။ ကိုယ့်မှာ ရည်းစားရှိရင် သူ့ကိုငဲ့ညာနေရတော့ နားလည်မှုတွေ အရမ်းယူရတယ်။ ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်သမားတိုင်းက ချစ်သူထားရတာ တော်တော်ဒုက္ခ ရောက်ပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ အဲ့အတွက်…

Published in Business

OMG ရဲ့ တံဆိပ်အသစ်ဖြစ်တဲ့ ALIEN ကို အဆိုတော် နေဝင်း (Snare) က စတင်မိတ်ဆက်ရောင်းချနေပြီ ဖြစ်ပါတယ်။ALIEN PSYCHE ရဲ့ အဓိပ္ပာယ်ကတော့ လူယောင်ဖန်ဆင်းထားတဲ့ ဂြိုဟ်သားတွေလို့ သိရပါတယ်။ Brand အသစ်ကို ထပ်ထုတ်ဖို့ကိုတော့ ချစ်သူကောင်မလေးရဲ့ အိုင်ဒီယာဖြစ်ပြီးတော့ အဲဒီအိုင်ဒီယာကို ကြိုက်ပြီး နေဝင်းရဲ့ အတွေးနဲ့ အကောင်အထည်ဖော်လိုက်တာလို့ သိရပါတယ်။ လောလောဆယ်တော့ ALIEN က တီရှပ်တစ်မျိုးတည်းပဲ ထုတ်ထားပြီး မိန်းကလေးတွေအတွက် Cross Top လေးတွေ ရှိပါတယ်။ ဒီဇိုင်းကတော့ ငါးမျိုးထွက်ပါတယ်။ နောက်ကျရင်တော့ OMG လိုပဲ ခေါင်းအစ ခြေအဆုံး ထွက်ဖို့ရှိပြီး လာမယ့်ယခုလအတွင်း ဦးထုပ်လေးတွေ ထပ်ထွက်လာဦးမှာပါ။ မိန်းကလေးဝတ်ဘောင်းဘီ၊…

Published in Business

Hand and Body Care Lotion အမှတ်တံဆိပ်ဖြစ်တဲ့ Vaseline ရဲ့ Brand Ambassador အဖြစ် သရုပ်ဆောင် အေးမြတ်သူကို ခန့်အပ်လိုက်ပါတယ်။ ဒါကို စက်တင်ဘာ ၂၂ ရက်၊ Sule Shangri-La မှာ ကျင်းပပြုလုပ်တဲ့ Vaseline ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်တဲ့ အခမ်းအနားမှာ တစ်ခါတည်း ကြေညာခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူဟာ သူ့ရဲ့ ကျန်းမာဖြူဝင်းတဲ့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့အတွက် Vaseline Lotion ကို ကိုယ်တိုင် သုံးစွဲသူ ဖြစ်တာကြောင့် Vaseline ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခဲ့တာလို့လည်း သိရပါတယ်။ “Vaseline ရဲ့ Brand…

Published in Business

အူရီဒူးမြန်မာက Galaxy Star 2017 ဆုရှင် နေမင်းအိမ်နဲ့အတူ အောက်တိုဘာလ ၁၂ ရက်နေ့က အိုင်ဝိုင်းကျေးရွာ၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မေတ္တာရှင် အမျိုးသမီး မိဘမဲ့ပရဟိတ ဂေဟာကို သွားရောက်ပြီး လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အူရီဒူးမြန်မာနဲ့ နေမင်းအိမ်တို့ဟာ မေတ္တာရှင် အမျိုးသမီး မိဘမဲ့ ပရဟိတ ဂေဟာအတွက် လိုအပ်လျက်ရှိတဲ့ ကလေးကစားကွင်း ဆောက်လုပ်ဖို့ ကျပ်သိန်း ၅၀ကို လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါ မိဘမဲ့ ပရဟိတ ဂေဟာမှာရှိတဲ့ ကျောင်းသားတွေရဲ့ ပညာရေးကို အထောက်အကူဖြစ်စေဖို့ စာရေးကိရိယာတွေကိုလည်း လှူဒါန်းခဲ့ကြပါတယ်။ မေတ္တာရှင် အမျိုးသမီးပရဟိတ ဂေဟာကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ တည်ထောင်ခဲ့ပြီး…

Page 1 of 7