Published in Best of Yangon...

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax…

Published in Art

အနုပညာပျိုးခင်းကနေ အောင်မြင်လာတဲ့ ရွှေမှုံရတီကို သူမရဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး MY Yangon က တွေ့ဆုံမေးမြန်းထားပါတယ်။ ကြီးကြီးကျယ်ကျယ်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အကြောင်းလေးအရင်ဆုံးပြောပြပါဦး။သဲက အဲဒီကားမှာတော့ယောကျာ်းလျာ ပုံစံသရုပ်ဆောင်ရတယ်။ ကာရိုက်တာတော့ နည်းနည်းကွဲတယ်။ အရင်တုန်းကလည်း အဲလိုမျိုးလုပ်ဖူးပါတယ်။ ဒါပေမယ့် တောယောကျာ်းလျာတော့မလုပ်ဖူးသေးဘူး။ သဲက ဇာတ်ကို ရက် ၂၀ လောက်ကြို ပြီး ရထားတာဆိုတော့ အဲဒီကတည်းက ပြင်ဆင် ထားလိုက်တယ်။ ဆံပင်ပုံစံလေးကလည်း ကွဲထွက်သွားတယ်နော်။ဟုတ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ယောကျာ်းလေး ဆံပင်ကေကို ညှပ်ဖြစ်ချင်တာ။ သဲအမေကတော့ရော ဒါရိုက်တာကပါ မညှပ်ပါနဲ့ ဆိုတော့လေ။ လိုတော့မလိုဘူးပေါ့လေ။ မိန်းကလေး ပြောင်းရင် ဒုက္ခရောက်မယ်ဆိုလို့ ဆံပင်လေးတွေ ကိုပြန်ပြောင်းဖြစ်တယ်။ ပုဆိုးလေးဝတ်ချင်တယ်လို့…

Published in Art

ဒီတစ်ပတ်မှာတော့ အဆိုတော်ဇွဲပြည့်ရဲ့ သူကြိုက်နှစ်သက်တဲ့ ဂိမ်းတွေနဲ့ ပတ်သက်ပြီး My Yangon မှ မေးမြန်းဖော်ပြပေးထားပါတယ်။ ဇွဲပြည့်အနေနဲ့ ဖုန်းထဲမှာ ဂိမ်းတွေကို ထည့်ထားလေ့ရှိလား၊ ဘယ်လိုဂိမ်းတွေကို ကြိုက်နှစ်သက်လေ့ ရှိလဲ။ရှိပါတယ်။ ကျွန်တော် နှစ်နှစ်ခြုက်ခြိုက်နဲ့ ဒီနေ့အထိ စွဲပြီး ဆော့တဲ့ဂိမ်းက ကျူထိုးတာနဲ့ Candy Crush ပေါ့။။ Candy Crush က အခု အခန်းတစ်ထောင်ကျော်ပြီ။ ကစားနေတာ ကြာပြီ။ ဘယ်လိုအချိန်တွေမှာ ကစားဖြစ်လဲ။ á€á€›á€Žá€¸á€žá€źá€Źá€¸á€œá€Żá€­á‚” လေယာဉ်ပေါ် ရောက်တဲ့အချိန်မျိုးတွေ၊ ပွဲဆိုကာနီး အချိန်မျိုးတွေ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးတွေ ကစားဖြစ်တယ်။ နောက် အလုပ်တစ်ခုနဲ့တစ်ခု အချိန်ဟနေတဲ့ အခါမျိုးတွေ ကစားဖြစ်တယ်။ ကစားတဲ့အချိန်မှာလည်း နားကြပ်နဲ့ သီချင်းကတော့ မပြတ်…

Published in Art

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေ သရုပ်ဆောင်တဲ့အခါမှာလည်း  နာမည်ရ ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက လတ်တလော ရုံတင်ဇာတ်ကားဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ပရိသတ် အားပေးမှုကို ရရှိနေပါ တယ်။ အေးမြတ်သူကို လက်ရှိ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူမရဲ့ ပရဟိတ သဘောထားတွေကို MY Yangon ဂျာနယ်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ ခံစားချက်လေး ပြောပါဦး။အရမ်းကို ပျော်ပါတယ်။ အရမ်းကို အခွင့်အရေးပေးတယ် လို့ ခံစားရတယ်။ ပထမဦးဆုံး သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဦးပွားကို ကျေးဇူးတင်တယ်။ အဲဒီ…

Published in Health & Beauty

အလှအပဆိုတာ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းနေ တာဖြစ်ပြီး ခေတ်အလိုက် ဝတ်စားဆင်ယင်ဖို့ လိုအပ် တယ်လို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပြုပြောကြား လိုက်တဲ့ Beauty Blogger မဝင်းမင်းသန်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက် ပါတယ်။အရင်ဆုံး Beauty Blogger တစ်ယောက်ဖြစ်လာပုံကို ပြောပြပါဦး။ ကျွန်တော်အရင်တုန်းက ၂၀၁၃ မြန်မာပြည်အတွက် စခဲ့တယ်။ အဲတော့ ကနေဒါမှာနေခဲ့တုန်းက မြန်မာပြည်မှာလည်း အလှအပနဲ့ ကျန်းမာရေး အမျိုးသမီး တွေအတွက်ပြောတဲ့သူသိပ်မရှိသေးဘူး။ ကိုယ်ကလည်း ထမဦးဆုံး Blogger တစ်ယောက်အနေနဲ့ မိတ်ကပ်လေးတွေလိမ်းပြတယ်ပြောပြတယ်။ အဓိကတော့ မြန်မာပြည်ပြန်ရောက်ရင် ကိုယ့်အတွက်လည်း လုပ်ငန်းတွေအဆင်ပြေအောင် ပုံစံပေါ့ ကိုယ့်ကိုလူသိအောင်ဆိုတဲ့ပုံစံနဲ့စခဲ့တာပါ။ ဘာရည်ရွယ်ချက်ကြီးမှ မရှိဘူး။ မြန်မာပြည်ပြန်ရောက်ရင်တော့ ဘာလုပ်ဆိုတာကတော့…

Published in Health & Beauty

ကျွန်တော်တို့ဘဝကို ခန္ဓာကိုယ်လို့ သဘောထားကြပါစို့။ နေ့စဉ်ရက်ဆက် ဒီခန္ဓာကိုယ်ကို အနာခံ၊ အပင်ပန်းခံပြီး လိုချင်တဲ့ အနေအထားတစ်ခုရောက်အောင် တည်ဆောက်ရတယ်။ ဒီကြားထဲမှာ မကစားချင်လောက်အောင် နာကျင်ခံစားမှုတွေလည်း ရှိတယ်။ တော်ပါပြီကွာ ဆိုပြီး စိတ်လျှော့ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်။ သို့ပေမယ့် ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ နေ့စဉ်ရက်ဆက် ကစားလာတာ ၁ လ ပြည့်ပြီ။ အများကြီးမဟုတ်ရင်တောင် ကိုယ့်ကိုယ်တိုင်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ချမ်းသာတယ်။ ဘဝဆိုတာလည်း ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ်ရက်ဆက် လုပ်နေရင် တစ် နေ့ဆိုတဲ့ နေ့ကလည်းဖြစ်ကို ဖြစ်လာမှာပါ။ ဘဝဆိုတာ အားကစား လုပ်တာထက် ပိုနက်နဲပါတယ်။ အတိုက်အခိုက်တွေရှိမယ်၊ အမုန်းတရားနဲ့ လူတွေရှိမယ်၊ အဆင်မပြေမှုတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေရှိမယ်။…

'ရေခဲရိုက်အပြုံး' သီချင်းနဲ့ ပရိသတ်ကြားမှာ နာမည်ရလာတဲ့ အဆိုတော် မိစန္ဒီက အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေပါပြီ။ သူ့အခွေ တွေကို နာမည်ဆန်းဆန်းလေးတွေပေးတတ်တဲ့ မိစန္ဒီနဲ့ သူ့ရဲ့ဂီတအပေါ်စိတ်ခံစားမှု တွေအကြောင်းကို မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ တတိယတေးစီးရီးအသစ် ပြင်ဆင်နေတယ်လို့သိထားတယ် ပြောပြ ပေးပါဦး။စီးရီးနာမည်ကိုတော့ အသဲလေးလို့ ပေးထားတယ်။ ညီမက ရှေ့က အခွေတွေမှာ မိုနိုပိုလီ ကစားစရာ၊ ပစ်တိုင်းထောင်ကတော့ အရုပ်၊ အသဲလေးကျတော့ အရုပ်လို လူတွေက ကစားကြတယ်။ ဒါပေမယ့် ကစားစရာလည်းမဟုတ် အရုပ်လည်းမဟုတ်ဘဲ သူ့မှာလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိတယ်။ ညီမက တစ်ခွေနဲ့တစ်ခွေ ဆက်စပ်မှုလေးရှိ အောင် နာမည်ပေးချင်တာလည်းပါတယ်။ နောက်တစ်ခုက ညီမသီချင်းမှာ အသဲလေးဆိုတာလည်း ပါတယ်။…

သရုပ်ဆောင် အလုပ်တွေကို အနည်းငယ် လျှော့ချထားပြီး 'မိုး'ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံခိုက် ဇာတ်ကား ထုတ်လုပ်ရေးအကြောင်းနဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းတွေကို အခုလို မေးမြန်းထားပါတယ်။'လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မိုးထုတ် လုပ်ရေးကနေ ရိုက်ကူးဖြစ်တာလေး ပြောပါဦး။မိုးက ကိုညို( ညိုမင်းလွင်) ရဲ့ ပရိသတ်ပေါ့နော်။ အဲဒီလိုသရဲကားတွေ ကြိုက် တယ်။ မိုးကတော့ ထုတ်လုပ်ရေးမှာ တစ်ကားနဲ့တစ်ကား မတူအောင်ပေါ့။  ပထမက ဟာသဇာတ်ကား  ရုံးပတီသီး လေးများ၊ ဒုတိယကားကျတော့ 'ခိုးဆိုးလုနှိုက် 'ဇာတ်ကားပေါ့။ နောက်တစ်ကားလည်း ရိုက်မယ် စဉ်းစားမိတော့ သရဲကားလေး ရိုက်ချင်တာနဲ့ ကိုဆာမိနဲ့လည်း တိုင်ပင်တယ်။ ကိုညိုကိုလည်း ဇာတ်လမ်းလေးရွေးပေးဖို့ အကူ…

မကြာမီ ထွက်ရှိမယ့် "မယ်သီတာ" Mini Album မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။မယ်သီတာ Mini Album ကို ထုတ်ဖြစ်တာလေး အရင်ပြောပြပါဦး။အဓိကကတော့ Mini Album လုပ်ချင်တာလည်း ကြာပြီပေါ့နော်။ သီချင်းပုံစံ အသစ်လေးတွေကို ပရိသတ်ကို ချပြချင်တာလည်းပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ့် One Lady Show ကျရင် အရင်ဆိုခဲ့တဲ့ သီချင်းဟောင်းတွေထက် သီချင်းအသစ်တွေနဲ့ Performance လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့်မို့ တစ်ကိုယ်တော်ခွေမတိုင်ခင် ကြားထဲမှာ Mini Album ထွက်လိုက်တာပါ။ သီချင်းခြောက်ပုဒ်တည်း ပါပါတယ်။ ဇွန်လအကုန် ဇူလိုင်လဆန်းလောက် ထွက်ပါမယ်။အခွေနာမည်ကို "မယ်သီတာ"လို့…

တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ တေးသီချင်း အသစ်ဖန်တီးမှုတွေ အကြောင်းကို မေးမြန်းထားပါတယ်။ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေ ရှိရင် ပြောပြပါဦး။နီနီ ဇွန်လကုန်ရင် သီချင်းအသစ်တစ်ပုဒ် ထွက်ပါမယ်။ အဆွေးသီချင်းလေးပါ။ ဇူလိုင်လထဲမှာလည်း နောက်ထပ် တစ်ပုဒ်ထပ်ထွက်ပါမယ်။ နှစ်ပုဒ်ပေါ့နော်။ နှစ်ပုဒ်လုံးကတော့ နီနီပဲ ရေးထားတယ်။ ဇူလိုင်မှာထွက်မယ့် သီချင်းကတော့ မိုးနဲ့ပတ်သက်တဲ့ သီချင်းပါ။မိုး သီချင်းဆိုတာ ဘယ်လိုပုံစံမျိုးကို ရေးထားတာလဲ။မိုးသီချင်းရေးတုန်းက နီနီ စဉ်းစားနေတုန်း မိုးရွာလိုက်တယ်ပေါ့နော်။ အဲဒီမှာ နီနီ အတွေးတစ်ခု ရလာတယ်။ နီနီရေးချင်တဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ ချရေးလိုက်တော့လည်း စာသားက အရမ်းအဆင်ပြေတယ်။ ပရိသတ်လည်း ကြိုက်ပါလိမ့်မယ်။ အဆွေးဘက် သွားတယ်။ မိုးသီချင်းက ရက်ရက်စက်စက်…

ဧပြီလအတွင်းက “Fat House”ဆိုတဲ့ မီနီအယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် Ar-Tက အခု တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ရှိထားတဲ့ “ချိုချဉ်” စီးရီးထဲက သီချင်းတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အကြိုက်တွေ့နေတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Ar-T ကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။Q - Ar-T ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။A - အခုက ကျွန်တော် တစ်ကိုယ်တော် အခွေအသစ် လုပ်နေတယ်။ လာမယ့် ၁၄ရက်နေ့မှာ MTV တစ်ပုဒ် ရိုက်ဖို့ ရှိတယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ အသစ်တစ်ပုဒ် ထွက်ဖို့ ရှိမယ်။Q…

မြန်မာဝတ်စုံလေးတွေ ၀တ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Facebook မှာ တင်လေ့ရှိသူ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို အနုပညာချစ် ပရိသတ်တွေနဲ့ Facebook သုံးစွဲသူတွေက တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ Facebook သုံးစွဲတဲ့ အမည်ကို အစွဲပြုပြီး မအေးသောင်းလို့လည်း ပရိသတ်က ချစ်စနိုး ခေါ်ဝေါ်ကြပါသေးတယ်။ ငယ်နာမည် ပေါက်စီလို့လည်း ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းနဲ့ အခုတစ်ပတ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။Q - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။A - အခု လတ်တလောတော့ Photo Shootတွေ ရှိတယ် ။ Remax ရဲ့ Brand Ambassador အနေနဲ့လည်း သူတို့နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ ရှိပါတယ် ။ ပြီးတော့…

အဆိုတော် ပိုပိုနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဂီတဖန်တီးမှုအသစ်တွေနဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းထားပါတယ်။ အရင်ဆုံး ကဗျာစာအုပ်မှာ ပိုပိုရေးထားတဲ့  ကဗျာအကြောင်းလေး ပြောပြပါဦး။ " ကောင်းကင်များ " ဆိုတဲ့ ကဗျာစာအုပ်လေးကို ထုတ်ထားပါတယ်။ ကဗျာဆရာတွေ အများကြီး ပါဝင်ပါတယ်။ အနုပညာရှင်တွေလည်း အများကြီးပါတယ်။ ပိုပိုကတော့ အသည်းကွဲတဲ့အကြောင်းကို ရေးထားတာပါ။ နောက်တစ်ခုကတော့ သတ်မှတ်ခြင်းဆိုတဲ့ ကဗျာတစ်ပုဒ် ပါပါတယ်။ သတ်မှတ်ခြင်းက ဘာလဲဆိုတော့ လူတွေပဲဖြစ်ဖြစ်၊ ဘယ်အရာဝတ္ထုပဲ ဖြစ်ဖြစ် သူတို့က စက္ကူလေးတစ်ရွက်ဆိုပြီး အထင်သေးလို့ မရပါဘူး။ သူ့ရဲ့တန်ဖိုးက သူ့နေရာနဲ့သူ တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ရတယ်။ ငါက ကမ္ဘာကြီးကိုတောင် ပြောင်းလဲနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်ဆိုရင်…

သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းက လတ်တလောမှာ "မယ်သီတာ" ဆိုတဲ့ မီနီအယ်လ်ဘမ်လေး ထွက်ရှိထားပြီး လာမယ့်  ဒီဇင်ဘာလအတွင်း One Lady Show ပြုလုပ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး  ဝိုင်းစုခိုင်သိန်းကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။ One Lady Show အကြောင်းလေး ပြောပြပေးပါဦး။One Lady Show က ၁၂လပိုင်း ၂၄ရက်နေ့မှာ လုပ်မှာပါ။ ပထမကတော့ ၁၀လပိုင်း လုပ်မလို့ပဲ။ One Lady Show ကို မွေးနေ့မှာလုပ်ရင် အဆင်ပြေမလားဆိုပြီး ပရိသတ်ကို မေးကြည့်တော့ ပိုပြီး အဆင်ပြေတယ် ပြောတယ်၊ သူတို့လည်း လက်ဆောင်တွေ…

ဒီတစ်ပတ်မှာတော့ ချစ်စဖွယ် သမီးအမြွှာလေးနှစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ထရီဇာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။ အခုလောလောဆယ် သမီးလေးတွေက ငယ်သေးတော့ ကားတွေ မရိုက်ဖြစ်သေးဘူး။ ကြော်ငြာတွေပဲ ရိုက်ဖြစ်တယ်။ စတိတ်ရှိုးတွေ ဆိုဖြစ်တယ်။ ကိုယ့်ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ် လေး စီစဉ်ဖြစ်နေတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့က အဲဒါတွေပဲ လုပ်ဖြစ်နေတယ်။ အဲဒါတွေ လုပ်ရတာနဲ့ သမီး၂ယောက် ထိန်းရတာနဲ့ကို ချာလပတ်ကို ရမ်းနေတာပါပဲ။ တေးစီးရီးကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။ အောက်တိုဘာလလောက် ထွက်မယ်။ ‘တိမ်တွေနေတဲ့အရပ်’ သွားထားတဲ့ Theme လေးလိုပဲ ဖြစ်မှာပါ။ Pop Country လေးတွေ…

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ဒေါင်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ “ကျွန်တော် အခုတလော သွားဖြစ်နေတာကတော့ District Cafe ရယ် The Gallery Cafe' ရယ်ပါ။ သွားဖြစ်တဲ့ ဆိုင်တွေကတော့ အများကြီးပဲ။ အဲ့ဒီဆိုင်တွေကို သဘောကျတာက အေးအေးဆေးဆေးရှိလို့ပါ။ ပြီးတော့ ခံစားချက်လေးတွေ တစ်ခုခု အမြဲရတတ်လို့ပါ။ အဓိကက ကော်ဖီသောက်ရင် အလုပ်ကြောင့် သောက်တာရယ်၊ ခံစားချက်တစ်ခုခုရဖို့၊ အတွေးတစ်ခုခု ခံစားရဖို့ သောက်တာရယ် ကိုယ်တိုင်ရွေးချယ်ပြီး သောက်တာပေါ့။ အဲ့ဒီကမှ ခံစားချက်အသစ် အတွေးသစ်လေးတွေ ရချင်တဲ့ အခိုက်အတံ့မှာ ဒီလို အေးအေးဆေးဆေးရှိမယ့် အနုပညာ အသွင်အပြင်ဆန်မယ့် ကော်ဖီဆိုင်လေးတွေရွေးပြီး ထိုင်ဖြစ်တယ်”…

ဒီတစ်ပတ်မှာတော့ 'သိုက်ကလာတယ် စကားမပြောဘူး' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ ရှေ့ကို တကျော့ပြန်လည် ရောက်ရှိလာတဲ့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အခုဆိုရင် အစ်ကို ရိုက်ထားတဲ့ ‘သိုက်ကလာတယ် စကားမပြောဘူး’ ဆိုတဲ့ ရုပ်ရှင်ကားကြီးက ဖေ့စ်ဘွတ်ခ်မှာ တော်တော်လေးကို ခေတ်စားနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါဦး။အဲဒါက ကျွန်တော့်အတွက် တော်တော်လေးကို အမေးဇင်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ပြည်ထောင်စုသစ္စာနဲ့ လူတွေ သိလာတယ်။ အဲဒီကနေတစ်ဆင့် ပိုပြီးစိတ်ဝင်စားလာတယ်။ နောက် ‘သိုက်က လာတယ်’ ဆိုတဲ့ ကားက ရုံတင်တဲ့အခါ အဲဒီကားသည် ကျွန်တော့်အတွက် လိပ်ပြာမလုံသော ကားပါ။ လိပ်ပြာမလုံဘူးဆိုတာ ဘာကို မလုံတာလဲ။ဒီလိုပါ။ ကျွန်တော်ကလေ ကျွန်တော်လုပ်တဲ့ အိုက်တင်ကို…

‘၀ဲ’ ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းမှာ လူသိများလာပြီး ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော် Mary နဲ့  တွေ့ဆုံမေးမြန်းပေးထားပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။အခုကတော့ Moonsoon Madness Festival  ရှိုးပွဲမှာ ဆိုဖို့ ရှိပါတယ်။ Accident ဆိုတဲ့ Big Bag နဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။ ကိုဟန်ထွန်းလွင်နဲ့ သီချင်းလေးလုပ်ထားတယ်ဆိုတော့ ဘယ်လို သူနဲ့အတူ ချိတ်ဆက်လုပ်ဖြစ်ခဲ့တာလဲ။သီချင်းလေးကတော့ တစ်ပုဒ်တည်းပါပဲ Accident ဆိုတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သူကလည်း အခု သီချင်းသစ်ပုံစံလေးဆိုတော့ Mary ကို Featuring ခေါ်ဆိုတယ်။ Mary လည်း ကိုယ်တကယ်…

ဒီဇိုင်နာလောကမှာ ၉ နှစ်တာ သက်တမ်းတစ်ခု ရလာပြီဖြစ်ပြီး လူသိများတဲ့ ဒီဇိုင်နာတစ်ယောက် အဖြစ် ရပ်တည်နိုင်လာပြီဖြစ်တဲ့  ဒီဇိုင်နာ ဌေးဌေးတင် (SHI MI ZU) နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဖြစ်လာဖို့ အစ်မကို ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အစ်မ ကလေးဘ၀ကတည်းက  အရမ်းကို ဖြစ်ချင်ခဲ့တဲ့ အလုပ်ပဲလေ။ အစ်မအလုပ်ချင်ဆုံး အရာ အစ်မရဲ့စိတ်ကူးပေါ့။ အစ်မရဲ့ပန်းတိုင်လို့လည်း ပြောလို့ရတယ်။ SHI MI ZU ဆိုတဲ့ ဖက်ရှင်ဆိုင်ကိုရော ဘယ်နှခုနှစ်လောက်မှာ ဖွင့်လှစ်ခဲ့တာလဲ။ ဆိုင်ကတော့ အစ်မ ဒီဇိုင်နာလောကထဲ ရောက်ပြီး တစ်နှစ်လောက်မှာ ဖွင့်ခဲ့တာဆိုတော့  ၈ နှစ် လောက်တော့ ရှိပါပြီ။ ဒီဇိုင်နာလောကထဲကို…

မျက်နှာနဲ့ ပတ်သက်ပြီးတော့ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ထားတယ်လို့ အပြင်မှာ သတင်းပြန့်နေတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇေရဲထက်က ငြင်းဆိုလိုက်ပါတယ်။ “ကျွန်တော့်ကို မျက်နှာခွဲစိတ်ထားတယ် ပြောကြတယ်။ ကျွန်တော်သည် လုံးဝကို မခွဲစိတ်ထားပါဘူး။ ဒါ မှန်တဲ့သစ္စာစကားပါ။ ကျွန်တော် အရင်တုန်းက ပါးဖောင်းတယ်။ Botox ထိုးတယ်။ မျက်နှာ Meso Fat ထိုးတယ်။ အဲဒါတော့ ကျွန်တော် လုပ်တယ်။ မျက်နှာပိန်အောင် Meso Fat ထိုးလိုက်တဲ့အတွက် ကျွန်တော့် မေးထွက်လာတယ်။ အဲဒါကို ကောလဟလတွေ လွှင့်ပြီး မျက်နှာချွန်အောင် ခွဲစိတ်ထားတယ်ဆိုပြီး ပြောနေကြတာပါ။ တကယ်တော့ မချွန်ပါဘူး။ ကင်မရာ ကြောင့်ပါ။ မေးရိုးချပြီး ရိုက်ရတာမျိုးတွေရှိတယ်။ မင်းသား စလုပ်ကာစတုန်းကတော့…

အိမ်မက်ဆုံရာ Season 4 ရဲ့ 2nd Runner Up ဆုရှင်ဖြစ်ပြီး  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်း ဖြစ်တဲ့ အဆိုတော် ၀ိုင်းလေးက ဒီလထဲမှာပဲ “လမ်းခွဲရင် ကောင်းမယ်” ဆိုတဲ့ သီချင်းလေးရဲ့ Music ဗီဒီယို ထွက်ဖို့ရှိပြီး သီတင်းကျွတ်ကာလမှာလည်း နယ်တွေမှာ သွားရောက်သီဆိုဖြစ်မှာပါ။  ဂီတအနုပညာ လမ်းကြောင်းပေါ် နေရာတစ်ခု ရလာတဲ့ ၀ိုင်းလေးဟာ သူ့ကို လမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့ အိမ်မက်ဆုံရာ အစီအစဉ်ကြီး ရပ်တန့်လိုက်တဲ့အပေါ် ဆုံးရှုံးမှု တစ်ခုလို ခံစားရတယ်လို့ ဆိုပါတယ်။ “ရင်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ်တွေက ဒီအစီအစဉ်ကနေပဲ တက်လာခဲ့တယ်။…

မြန်မာနိုင်ငံရဲ့ အနုပညာလောက တိုးတက်ဖွံဖြိုးလာဖို့အတွက်က အနုပညာရှင်တွေနဲ့သာ ဆိုင်တယ်လို့ သရုပ်ဆောင် အကယ်ဒမီ နေတိုးက ပြောပါတယ်။ “အနုပညာလောက တိုးတက်ဖို့အတွက် အနုပညာရှင်တွေ အကုန်လုံးနဲ့ ဆိုင်တယ်။ ဥက္ကဋ္ဌ တစ်ယောက်တည်း လုပ်ပေးလို့မရဘူး။ ဥက္ကဋ္ဌကတော့ သူ Control လုပ်လို့ပဲ ရမယ်” လို့ နေတိုးက ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးအတွက် အကယ်ဒမီ ဦးဇင်ဝိုင်းကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ သဘောထားကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျွန်တော့်အနေနဲ့ အားရကျေနပ်မှု ရှိပါတယ်။ ၀မ်းလည်း သာပါတယ်။ ဒီလိုမျိုး…

ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဖာနွယ်ရဲ့ မောင်ဖြစ်တဲ့ စိုးသီဟက ဇာတ်လမ်းအဆုံးကို ကြိုမသိနိုင်တဲ့ ဗီဒီယိုဇာတ်ကားတစ်ခုကို ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ “အခုပြောနေကြတယ် မြန်မာကားတွေက ကြည့်လိုက်တာနဲ့ ဇာတ်လမ်းအဆုံးကို ကြိုသိနေပြီတို့ဘာတို့ အပြောခံနေရတယ်။ ဒါပေမယ့် ကျွန်တော် အခုရိုက်နေတဲ့ကားက ကျွန်တော်ကိုယ်တိုင် သေချာရွေးချယ်ပြီး ရိုက်ကူးထားတာပါ။ ပရိသတ်မသိအောင်ကို လှည့်ကွက်တွေနဲ့ လှို့ဝှက်ချက်လေးတွေနဲ့ ကျွန်တော်ရိုက်ကူးထားပါတယ်” လို့ သရုပ်ဆောင် စိုးသီဟက ပြောပါတယ်။ဗီဒီယိုကားနာမည်က ‘အိပ်မက်လွမ်းဝေ’ ဖြစ်ပြီး ဒါရိုက်တာဇေပါ ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ စိုးသီဟ၊ ယုသန္တာတင်၊ ရဲအောင်နဲ့ ၀ါဝါအောင်တို့က ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။ “ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က တက္ကစီသမားပေါ့။ အမေက ရောဂါသည် အမေ့ကို တက္ကစီမောင်းပြီး ရှာကျွေးတဲ့ ကာရိုက်တာလေးပါ။ ဒီကာရိုက်တာကို…

Page 1 of 3