Published in Best of Yangon...

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘီယာသောက် ပြိုင်ပွဲကြီးကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ကနေ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ ဘီယာသောက်ပြိုင်ပွဲမှာ စစချင်း ပြိုင်ပွဲဝင် အယောက် ၅၀ လက်ခံပြီး ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲက ၃ ဆင့်ရှိပြီး ပထမအဆင့်မှာ ပြိုင်ပွဲဝင်အယောက် ၅၀ ထဲက ၁၂ ယောက်ကို ရွေးချယ်သွားမှာပါ။ ရွေးချယ်သွားမယ့် ပုံစံကတော့ ဘီယာ ၂ လီတာကို အမြန်ဆုံး သောက်နိုင်တဲ့ ၂၅ ယောက်ကို ပထမတစ်ကြိမ် ရွေးပါမယ်။ ရွေးချယ်ခံရတဲ့ ၂၅ ယောက်က ဘီယာခွက်သေး ၃ ခွက်ကို ပိုက်နဲ့ စုပ်သောက်ရပါမယ်။ အဲ့ထဲကနေ အမြန်ဆုံး သောက်နိုင်တဲ့…

Published in Restaurants

Night Life ကို Musicလေးနဲ့ အေးအေးဆေးဆေး chill လုပ်ချင်တဲ့သူတွေအတွက် The Beat Bar အကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။ The Beat Barက ဗိုလ်အောင်ကျော်Towerမှာ ရှိပြီး music နှစ်သက်သူတွေအတွက်တော့ barကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် အလုပ်ကနေ ပင်ပန်းလာသမျှကို ဖြေဖျောက်ဖို့အတွက်တော့ သင့်တော်တဲ့ barလေးတစ်ခုပါ။ ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း music ချစ်သူတွေအကြိုက် နံရံမှာ musical instrument လေးတွေနဲ့ အလှဆင်ထားပါတယ်။The Beat Bar မှာ သောကြာနဲ့ စနေညတွေမှာဆိုရင် live band ဖျော်ဖြေမှုတွေလည်း ရှိပါတယ်။ Drinks…

Published in Restaurants

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာ မော်ဒယ် ခိုင်သဇင်ငုဝါက သူ့အကြိုက် လတ်တလောသွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။Eclipse BarEclipse bar က မြန်မာပလာဇာ ၄လွှာမှာ ရှိတာဖြစ်ပြီး အခုတလော လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ bar လေးတစ်ခုပါ။ ခိုင်သဇင်ငုဝါကတော့ "ဒီ bar မှာတော့ beef salad ကို အရမ်းကြိုက်တယ်။ night out မယ်ဆိုလည်း fuse က တစ်နေရာတည်းမှာ ရှိတာဆိုတော့ အဆင်ပြေတယ်လေ။ နောက်ပိုင်းတော့ Eclipse bar ကို သွားဖြစ်ပါတယ်" လို့ ပြောပါတယ်။ Eclipse bar က လူငယ်တွေအကြိုက် လွတ်လွတ်လပ်လပ်…

Published in Restaurants

ဒီတစ်ပတ်မှာတော့ ဗဟိုလမ်းနဲ့ ရှင်စောပုလမ်းထောင့်မှာ ရှိတဲ့ Cocoon Cafe' & Bar လေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက ကိုးလွှာမှာရှိပြီး ဆိုင်ရဲ့ အပြင်ဘက်မှာလည်း Roof Top ပုံစံလေး လုပ်ထားတာမို့ ညဘက် အပြင်မှာ ထွက်ထိုင်ပြီး ရွှေတိဂုံဘုရားနဲ့ ရန်ကုန်မြို့ရဲ့ ညရှုခင်းကိုလည်း ခံစားနိုင်ပါတယ်။ ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်လေးကို classic ဆန်ဆန် ပြင်ထားပြီး ပုသိမ်ထီးတွေနဲ့ မြန်မာဆန်ဆန် ပြင်ထားတာကလည်း တစ်မျိုးလေး ဆန်းသစ်စေပါတယ်။ Private Party တွေ၊ Group တွေအတွက်လည်း သင့်တော်ပါတယ်။ ဒီဆိုင်လေးက ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် Chill လို့ ကောင်းသလို တစ်ယောက်တည်းသွားတဲ့သူတွေ အတွက်လည်း…

Published in Restaurants

အေးအေးဆေးဆေး ဆိုင်ထိုင်ပြီး စကားပြောချင်သူတွေ၊ ဝိုင်ကောင်းကောင်း ကြိုက်တတ်သူတွေအတွက် တက္ကသိုလ်ရိပ်သာ လမ်းသစ်မှာရှိတဲ့ Avenue Wine Bar & Bistro အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က ရိုးရှင်းပြီး နံရံမှာ ဝိုင်ပုလင်းလေးတွေ စီစီရီရီတင်ပြီး အလှဆင်ထားပုံက တစ်မျိုးလေး ကြည့်လို့ကောင်းပါတယ်။ ဒီဆိုင်က ဝိုင်ကောင်းကောင်း ကြိုက်တတ်တဲ့ သူတွေအတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပြီး ဝိုင်အမျိုးအစားပေါင်း ၁၀ဝကျော်ရှိပါတယ်။  ဆိုင်ရဲ့ ထူးခြားချက်က Bottle ဝယ်ပြီး မကုန်လို့ ကျန်နေခဲ့ရင်လည်း ဖုန်းနံပါတ်ပေးခဲ့ရင် ဝိုင်မပျက်ခင်အထိ ဆိုင်မှာ ထိန်းသိမ်းပေးထားပါတယ်တဲ့။ ဈေးနှုန်းအနေနဲ့လည်း ဝိုင်အမျိုးအစား အပေါ်မူတည်ပြီး ကျပ် ၂၀ဝ၀ဝ ကျော်ကနေ ၃ သိန်းကျော်အထိ ရှိပါတယ်။…

Published in Restaurants

ဆန်းသစ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ The Beer Factory X The Attic ဒီတစ်ပတ်တော့ ရန်ကုန်မှာ အသစ်ပြင်ဆင်ဖွင့်လှစ်ထားတဲ့ The Beer Factory အကြောင်း ပြောပြပေးချင်ပါတယ်။ The Beer Factory ရဲ့ ဆိုင်အပြင်အဆင်လေးက ပုံမှန်သွားနေကျ Bar တွေလို မဟုတ်ဘဲ စက်ရုံပုံစံ Accessories တွေနဲ့ Decorate လုပ်ထားတော့ တစ်မျိုးလေး ဆန်းသစ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ The Beer Factory ရဲ့ ၀က်သားဘာဂါ ၊Pizza Roll ၊ Ikan Bilis Wonder စတဲ့ အစားအစာတွေအပြင် အနောက်တိုင်းအစားအစာမျိုးစုံတို့ကို မြည်းစမ်းကြည့်နိုင်ပါတယ်။…

Published in Restaurants

စက်ရုံအကြမ်းထည်ဒီဇိုင်းနဲ့ ထူးခြားဆန်းပြားစွာ ပြင်ဆင်ထားတဲ့ The Beer Factory ဆိုင်သစ်ကို အမှတ် ၁၀-A၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်မှာ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။The Beer Factory မှာ နာမည်ကြီး ဘီယာ၊ ကော့တေးတွေအပြင် အရှေ့တိုင်း အစားအစာ၊ အနောက်တိုင်း အစားအစာတွေ၊ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် နှုတ်မြိန်စာတွေ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ညစာကို အရသာရှိရှိ သုံးဆောင်လိုသူတွေအတွက်ပဲဖြစ်ဖြစ်၊ လျှာရင်းမြက်မယ့် သွားရည်စာတွေကို ဘီယာအေးအေးလေးနဲ့အတူ သုံးဆောင်လိုသူတွေအတွက်ပဲဖြစ်ဖြစ် The Beer Factory က အဆင်ပြေစေမှာပါ။“စက်ရုံဒီဇိုင်း ပြင်ဆင်ထားတဲ့အတွက် လာရောက်တဲ့သူတွေလည်း ပေါ့ပေါ့ပါးပါးနဲ့ လာလို့ရမယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ Enjoy လုပ်နိုင်အောင်လည်း…

Published in Restaurants

မာလာဟင်းချစ်သူတွေအတွက် Savory Ma La Xiang Guo & Thai Food အခုနောက်ပိုင်းမှာ မာလာရှမ်းကောကို ကိုယ်လိုချင်သလောက် အရွက်တွေ ၊ အသားတွေကို ဂရမ်နဲ့ချိန်ပြီး အရသာကိုလည်း ကိုယ်ပြောသလိုလုပ်ပေးတဲ့ မာလာရှမ်းကောဆိုင်လေးတွေ များလာပါတယ်။ အဲဒီလို ဆိုင်လေးတွေ ရှိလာတာက အစားအသောက် ကြေးများတဲ့သူတွေအတွက်တော့ တော်တော်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် မာလာရှမ်းကောကို အရမ်းကြိုက်တဲ့သူတွေအတွက်တော့ budget ထိခိုက်တာပေါ့နော်။ အခု မာလာရှမ်းကောကို Buffet စားလို့ရမယ့် Savory Ma La Xiang Guo & Thai Food ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘူဖေးမှာ အသီးအရွက်၊ခေါက်ဆွဲ၊ အာလူး၊ ကြာစွယ်…

Published in Restaurants

ဒီတစ်ပတ်ရဲ့ CELEBRITY'S CHOICE ကဏ္ဍမှာတော့ မော်ဒယ် ခင်ရူပက သူလတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ပြောပြထားလိုက်ပါတယ်။ Harry's Bar" Harry's Bar ကတော့ သူငယ်ချင်းတွေစုံရင် သွားဖြစ်တယ်။ Nightout အတွက် Fuse ဆက်သွားချင်တဲ့ အခါမျိုးမှာ Harry's Bar ကို ရွေးချယ်ဖြစ်တယ်" လို့ မော်ဒယ်လ် ခင်ရူပက ပြောပါတယ်။ Harry's Bar က စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး Bar တစ်ခုဖြစ်ပြီး ရန်ကုန်မှာတော့ မြန်မာပလာဇာမှာ ပထမဆုံး ဖွင့်လှစ်ထားတာပါ။ Harry's Bar ရဲ့ အဓိက နာမည်ကြီး တာကတော့ HPL (Harry's…

Published in Restaurants

အခုက TGIF ခေတ် မဟုတ်တော့ဘူးဆိုတာ Babett က သက်သေပြလိုက်ပါတယ်။  ဘာလို့လည်း ဆိုတော့ ကျွန်မ ရောက်ခဲ့တဲ့ တနင်္လာညမှာ  စားပွဲဝိုင်း အကုန် ပြည့်သလောက်နီးနီး ဖြစ်နေလို့ပါ။  သောကြာညတွေမှာသာ အချင်းချင်း လက်တို့၊ ဘယ်သွားကြမလဲ ခေါင်းချင်းတိုက်၊  ဖေ့စ်ဘွတ်ခ်ပေါ် ဘယ်ဆိုင် ဘာပရိုမိုးရှင်းရှိမလဲ တိုင်ပင်နေကြတာ မဟုတ်တော့ပြန်ဘူး။  အိမ်ကို စောမပြန်ချင်လို့၊ ခေါင်းဆေးချင်လို့၊ စိတ်ညစ်နေလို့၊ တိုင်ပင်စရာရှိလို့၊  သူငယ်ချင်းတွေနဲ့ ချစ်သူနဲ့ မိသားစုနဲ့ Quality Time ဖန်တီးချင်လို့ စတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့  လူစုဖြစ်ကြတာ ညနေတိုင်းလိုလို ဖြစ်နေကြပြီလေ။  Babett ကို ရောက်တော့  သူ့ မီနူးတွေက စိတ်ဝင်စားစရာ အဆန်းတွေအများစုပါ။ …

Page 1 of 2