Published in My Yangon

      ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် မေ ၅ ရက်ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မေ ၆ ရက်တွင် အကယ်ဒမီဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Tea Art ကြော်ငြာရိုက်ကူးခဲ့ကြောင်း သိရသည်။ မေ ၇ ရက်ညနေပိုင်းတွင် မြန်မာပလာဇာပရိုမိုးရှင်းဧရိယာ၌ ပရိသတ်များနှင့် ရင်းနှီးစွာတွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

Published in Yangon Trends

      ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ စက်မှုလက်မှုသိပ္ပံကျောင်းကို ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောဆိုသည်။

Published in Yangon Trends

ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်ရွေးချယ်မှုကို သင်္ကြန်မတိုင်မီ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း ကပြောထားပါတယ်။

Published in Yangon Trends

    သင်္ကြန်ပွဲတော်နေရပ်ပြန်မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်ရမည့် ရက်နှစ်ရက်သာလိုတော့၍ အလုံးအရင်းဖြင့်ပြန်လည်ဝင်ရောက်နေသူများအဆင်ပြေစေရန် ထိုင်းအာဏာပိုင်များက ဂိတ်ပေါက် ၂၀ ကျော်အထိ တိုးချဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Published in Yangon Trends

  ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် မေလ ၃ ရက်ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Repid Transit-YUMRT) အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut-off Date)ကို ထုတ်ပြန်ကြေညာခဲ့သည်။

Published in Yangon Trends

    ခွေးလေခွေးလွင့် မျိုးပွားမှုထိန်းချုပ်ရေး ရှေ့ပြေးစီမံချက်ကို လှိုင်မြို့နယ်တွင် မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်မည်ဖြစ်သည်။ ထိုစီမံချက်ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့နှင့် ထိုင်းနိုင်ငံမှ Mission Rabies, WVS (Worldwide Veterinary Service) အဖွဲ့တို့ ပူးပေါင်း၍ မေလ ၁၀ ရက်မှ ၁၈ ရက်အထိ လှိုင်မြို့နယ်ရှိ ခွေးအကောင်ရေ ၅၀၀ ကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်းနှင့် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ဆောင်ရွက်မည် ဖြစ် သည်။

Published in Yangon Trends

        ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တောက်မှုများနေခြင်းကြောင့် ဆန်စက်များမလည်နိုင်သဖြင့် ကုန်သည်များအကြား ငွေကျပ်တည်းမှု အခြေအနေကြုံတွေ့နေရတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက ပြောပါတယ်။

Published in Yangon Trends

ရန်ကုန်မှာ လည်စရာနေရာတွေကုန်ပြီး ကားတွေကကြပ်တာကြောင့် တစ်နေရာနဲ့ တစ်နေရာသွားရတာအဆင်မပြေဖြစ်နေရင် ညနေစောင်းလေးမှာ ရန်ကုန်မြစ်ကြီးထဲ Yangon Water Bus စီးရင်း နေ၀င်ချိန်လည်းကြည့် လေညှင်းလေးခံပြီး၊ တွေးချင်ရာတွေး ၊ ငေးချင်ရာငေးရင်း weekend လေးကို အချိန်ကုန်လို့ ရသေးတယ်နော်။

Published in Yangon Trends

  ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး တောင်းဆိုရန်အတွက် လူထုဆန္ဒလက်မှတ်ကောက်ယူမှုတစ်ရပ်ကို မေ ၅ ရက်က တောင်ဒဂုံမြို့နယ်တွင် Peace Bike Tour အဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

Published in Yangon Trends

    အပူချိန်ပိုမိုမြင့်တက်ခဲ့သော ယခုနှစ်နွေရာသီကာလတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေစဉ်အတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် မိုးမရွာသွန်းမှီ အချိန်ကာလအထိ ၀န်အားလျော့ထိန်းညှိခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည့် အခြေအနေကို အများပြည်သူထံသို့ YESC က အသိပေးကြေညာထားခဲ့ပြီးဖြစ်သည်။

Page 1 of 4