Published in Beyond Yangon

အရင်းနှီးဆုံး သူနဲ့ နှစ်ကိုယ်တည်း ခရီးတစ်ခု အတူထွက်တာဟာ ရိုမန်တစ်ဆန်လှသလို ထူးခြားတဲ့စိတ်ကူးလေးတစ်ခုပါပဲ။ နေရာသစ်တွေကို အတူတူလေ့လာပြီး ရောက်တဲ့နေရာမှာ ဒေသခံတွေရဲ့လူနေမှုဘဝတွေ၊ အစားအသောက်တွေကို အတူတူမြည်းစမ်းရင်း အတူရယ်မောပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခုပေါ့။ ဒါပေမယ့် ဒီလို နှစ်ဦးအတူသွားတဲ့ ခရီးစဉ်တိုင်းက ရောင်စုံသက်တန့်အလှနဲ့ ပန်းခင်းလမ်းဖြစ်တယ်လို့ဆိုရင် မှားမှာပါ။ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတိုင်း တစ်ဦးစိတ် တစ်ဦး နားအလည်ဆုံးလို့ ထင်ရသူတွေတောင် ခရီးစဉ်တစ်ခုအတွင်းမှာ အခန့်မသင့်ရင် အခြေအတင်ဖြစ်စရာ ကိစ္စလေးတွေနဲ့ စိတ်မောရနိုင်တဲ့အတွက်ပါ။ ဒါ့အပြင် အခိုင်မြဲဆုံးဆက်ဆံရေးတွေတောင်မှ လမ်းခရီးအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဝမ်းကွဲစရာ ကိစ္စလေးတွေကြောင့် ယိုင်နဲ့သွားတတ်ပါတယ်။ ဒါကြောင့်  ဒီအကြံပြုချက်လေးတွေကို အတတ်နိုင်ဆုံးလုပ်ဆောင်သွားရင် ခရီးစဉ်အတွင်းက အခက်အခဲလေးတွေက နှစ်ဦးကြားဆက်ဆံရေးအတွက် အတားအဆီးဖြစ်မယ့်အစား ပိုမိုအထောက်အကူပြုတဲ့ အမှတ်တရလေးတွေအဖြစ် ပြောင်းလဲသွားစေမှာ အမှန်ပါပဲ။…

Published in Beyond Yangon

 á€œá€źá€”ယခဲအတဲအ တစ်ပတ်လောက် က ပိုလန်နိုင်ငံကနေ ချက်ပြည်သူ့သမ္မတ နိုင်ငံကို ကိုယ်တွေအဖွဲ ညအိပ်ရထားနဲ့စီးပြီးလာခဲ့တာ။ မနက် ၆ နာရီခွဲ ဘူတာရောက်တော့ အိတ်တွေ သယ်ပြီးထွက်လာတာပေါ့။ ဥရောပ ၁၀ နိုင်ငံကို ရထားနဲ့ ပတ်နေကြတော့ တော်တော်လေးလဲပြိုင်းနေကြပီပေါ့။ Prague ဘူတာကိုရောက်တော့ မနက်မိုးလင်းနေပြီး ဘူတာထဲမှာ ငှားထားတဲ့ကား လာမကြိုသေးတော့ စောင့်နေကြရင်း ဘာသွားတွေ့လဲ ဆိုတော့ သုံးတန်း လေးတန်းလောက်ပဲရှိမယ့် ကလေးလေးတွေအယောက် ၃၀လောက် ကျောပိုးအိတ်တွေရော။ ခင်းအိပ်မယ့် အိပ်ယာလိပ်တွေရော ကျောပိုးထားပြီး တခြားနိုင်ငံသွားမယ့်ရထားကို စောင့်နေကြတယ်. သူတို့ကို ကြည့်ရတာ သယ်ထားတဲ့ ကျောပိုးအိတ်က တော်တော်လေးပုံပဲ။ ကိုယ်တွေ backpack သွားတဲ့ ကျောပိုးအိတ်လိုမျိုး ကလေးဆိုက်ဒ် အကြီးစားတွေ…

Published in Beyond Yangon

ပြည်တွင်းခရီးသွားတွေ အပန်းလည်းဖြေရင်း၊ ဈေးဝယ်လည်းထွက်ရင်း၊ အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ ကိုယ်ကြိုက်ရာ လည်ပတ်နိုင်တဲ့ ခရီးစဉ်ဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး လည်ပတ်လို့ရတဲ့ မြဝတီ- မဲဆောက်ခရီးလို့ပဲ ပြောရပါလိမ့်မယ်။ တစ်ဘက်ထိုင်းနိုင်ငံထဲ လည်ပတ်ဖို့ဆိုတာ အရင်ဆယ်စုနှစ်ကျော် ကာလတုန်းကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရှိခဲ့တာ၊ နယ်စပ်ဖြတ်ကျော်ဖို့ စာရွက်စာတမ်းတွေနဲ့ ဆိုတော့ တော်ရုံလည်ပတ်ဖို့ သွားသူတွေထက် စီးပွားရေးကိစ္စ၊ တခြားတရားမဝင် နယ်စပ်ဖြတ်ကျော် သွားဖို့လောက်သာ ဒီလမ်းခရီးက ရှိနေခဲ့တာလေ။အခုနောက်ပိုင်းမှာ မွန်ပြည်နယ် တစ်လျှောက်ရော ကရင်ပြည်နယ်ထဲမှာရော၊ အဝေးပြေးလမ်းမကြီးတွေက အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်းထဲ ပါဝင်နေတာကြောင့် ခရီးသွားတွေ မြန်မြန်ဆန်ဆန် သွား လာနိုင်ပါပြီ။ မြဝတီမြို့အထိ ၇နာရီကျော်ကျော် ၈နာရီနီးပါးခန့် အေးအေးဆေးဆေး ကားမောင်းရင် ရောက်နိုင်ပြီဆိုတော့ ခရီးသွားတွေလည်း…

Published in Beyond Yangon

အာရှ လေကြောင်းလမ်းတစ်ခုဖြစ်တဲ့ Vietjet လေကြောင်းလိုင်းဟာ မြန်မာလူမျိုး ခရီးသွားတွေအတွက် ခရီးစဉ်တစ်ကြောင်းကို (အခွန်အခများမပါ) မြန်မာငွေ ၁၂ဝ၀ဝ ကျပ်နဲ့  ဟနွိုင်းမြို့ဆီ သွားရောက်လည်ပတ်နိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်။ အဲဒီဈေးနှုန်းသင့်ခရီးစဉ်ကို ဩဂုတ်လ ၃၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လက်မှတ်တွေကိုတော့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ မှ နေ့လည် ၁နာရီ မိနစ် ၃၀ အတွင်း အခုအချိန်ကတည်းက ဝယ်ယူနိုင်ပြီလို့ ဆိုပါတယ်။ တန်ဖိုးနည်း promotion လက်မှတ်တွေကို www.vietjetair.com (smartphones များအတွက် http://m.vietjetair.com) က တဆင့်သော်လည်းကောင်း၊ www.facebook.com^vietjetmyanmar  (“Booking” ခလုတ်နှိပ်ပြီး ဝယ်ယူနိုင်သည်) က…

Published in Beyond Yangon

ရိုးရိုးရှင်းရှင်း ဖြစ်ပါစေခရီးထွက်တော့မယ်ဆိုကတည်းက ရိုးရိုးလေးပဲ စဉ်းစားပါ။ တခြားသူတွေလို စွန့်စားမယ်၊ မလုပ်ဖူးတာတွေ လုပ်မယ်ဆိုတာတွေက တစ်ပိုင်းသတ်သတ်ပါ။ ကိုယ့်မှာရှိတဲ့ငွေနဲ့ ကိုယ်ရတဲ့အချိန်မှာ ဘယ်လိုနေရာသွားမယ်၊ ကိုယ်အပန်းပြေ စိတ်ကြည်အောင် ဘာလုပ်မယ်ဆိုတာတွေကို ရိုးရိုးလေးချိန်ဆပြီးမှ ခရီးထွက်တာ အကောင်းဆုံးပါ။ စွန့်စားဆန်းပြားတာတွေ အသာချိတ်ပြီး ကိုယ်အပန်းပြေဖို့ ခရီးထွက်တာ အကောင်းဆုံးပါ။သွားမယ့် ခရီးကို အာရုံစိုက်ထားပါခရီးသာ သွားလိုက်တယ်၊ ကိုယ့်အတွက် စိတ်ဝင်စားစရာ ဘာမှလည်းမရှိဘူး၊ ဘာမှလည်း မထူးခြားဘူးဆိုရင်တော့ သွားရတာအလကားပါပဲ။ တစ်ခါတစ်လေ အားလပ်ရက်မှာ မိသားစုဆီပြန်တာမျိုး ဖြစ်ပါတယ်။ အိမ်ကိုပြန်ရောက်မှတော့ မိသားစုတွေနဲ့ ပျော်ပျော်နေမယ်၊ ငယ်ဘဝတွေ ပြန်ပြောကြမယ်၊ ငယ်ငယ်တုန်းက နေရာတွေ လိုက်ကြည့်မယ်၊ ဒါတွေဟာလည်း ကိုယ်ထွက်တဲ့ခရီးပေါ်မှာ အာရုံစိုက်ပြီး လုပ်ဖြစ်ရင် ကျေနပ်စရာပါပဲ။သွားစရာရှိတာ သွားလိုက်ပါခရီးတစ်ခု…

Published in Beyond Yangon

ထိုင်းနိုင်ငံ - အံ့ဩစရာများနဲ့ ပြည့်နှက်နေမယ့် ထိုင်းနိုင်ငံအိတ်တစ်လုံးလွယ်ပြီး ခရီးထွက်မယ်ဆို ထိပ်ဆုံးက ပြေးမြင်မိမှာက ထိုင်းနိုင်ငံဖြစ်ပါတယ်။ အနားယူစရာ ကမ်းခြေတွေရှိသလို ရိုးရာဓလေ့တွေနဲ့လည်း ပြည့်စုံနေပါတယ်။ ဒါ့အပြင် ဒေသထွက် အစားအစာများ၊ ပျော်ပွဲရွှင်ပွဲများကို ဈေးနှုန်း သက်သက်သာသာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ပြည်သူတွေနဲ့ ပြည့်နေတယ်ဆိုပေမယ့် စာဖတ်သူအနေနဲ့ ကောင်းမွန်တဲ့ အစားအစာ၊ လက်မှုပစ္စည်းတွေကိုမှ လိုချင်တယ်ဆိုရင် Si Tammarat ကိုသွားဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် စိမ်းစိုနေတဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်တောင်တန်းတွေကိုလည်း ဆိုင်ကယ်တစ်စီးနဲ့ သွားရောက် လည်ပတ်နိုင်ပါသေးတယ်။တောင်အာဖရိက - နယ်မြေသစ်ရှာဖွေခြင်းနယ်မြေကြီးတာရယ်၊ သဘာဝအလှတရားတွေရယ်၊ မြင်နေကျ မဟုတ်တဲ့ မြင်ကွင်းသစ်တွေရှိတာကြောင့် တောင်အာဖရိကဟာ စွန့်စားခန်းထွက်ချင်သူတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ တောင်အာဖရိကမှာ…

Published in Beyond Yangon

ပုဂံကို အခေါက်ပေါင်းများစွာ ရောက်ဖူးပေမယ့် ရာသီအားလုံးထဲမှာ လည်ပတ်လို့ အကောင်းဆုံးကာလကို ပြောပါဆိုရင် မိုးတွင်းသွားရတာကိုပဲ ပြောရမှာပါ။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ အဆိုအတိုင်း ပုဂံဟာ မြန်မာလူမျိုးတိုင်းရဲ့ အသည်းနှလုံးထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမယ့် နှစ်တိုင်းတော့ ရောက်အောင် သွားနိုင်ဖို့က မလွယ်လှပါဘူး။ ပုဂံဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ခြောက်သွေ့တဲ့ဒေသမှာ တည်ရှိနေတာကြောင့် ရာသီဥတုဟာ မိုးတွင်းကာလမဟုတ်ရင် ခြောက်သွေ့ပူပြင်းပါတယ်။ ဒါပေမယ့်လည်း ခရီးသွားအများစုဟာ မိုးအကုန်ဆောင်းအကူးနဲ့ နွေဦးပေါက်တွေမှာသာ ပုဂံကို လည်ပတ်လေ့ရှိတာကို တွေ့ရပါတယ်။ မိုးကာလဟာ စိုစွတ်ပြီး သွားလာရခက်ခဲတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာနည်းတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ဒီကာလဟာ ပုဂံမှာ သွားလာလည်ပတ်လို့…

Published in Beyond Yangon

ပြည်တွင်းခရီးဖြစ်စေ၊ ပြည်ပခရီးဖြစ်စေ သွားကြတဲ့အခါမှာ ကိုယ်နဲ့အတူ မဖြစ်မနေ ယူသွားတတ်ကြတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဘယ်လို ပစ္စည်းလေးတွေကို ယူသွားတတ်ကြသလဲဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး MY YANGON က  အခုလို မေးမြန်းထားပါတယ်။မေလဲ့သီရိTravel Lover1. SKII facial treatment clear lotion (Travel size)2. UV spray (Face+Body)3. Lip care4. Sai cosmetics cream (My Bae^Be Mine)5.Wet tissues (အရေးအကြီးဆုံး )6. Sunglasses  7. hair bands (ခေါင်းစည်းကြိုး)8.…

Published in Beyond Yangon

ခရီးတစ်ခုထွက်တဲ့အခါ ပစ္စည်းတွေ ထုပ်ပိုးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အရေးကြီးတဲ့ ပစ္စည်းတစ်ခုခုများ မေ့ကျန်မိရင် ခရီးရောက်မဆိုက် စိတ်ညစ်ရ၊ လိုအပ်တဲ့ ပစ္စည်းအတွက် စတိုးဆိုင် ထွက်ရှာရနဲ့  စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရပြီပေါ့။ မလိုအပ်ဘဲ ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီး သယ်သွား မိပြန်ရင်လည်း လေးလံလှတဲ့ဝန်တွေနဲ့ ခရီးဖင့်နှေးတတ်သလို လေဆိပ်နဲ့ ဂိတ်တွေမှာ အထုပ်အပိုးတွေအတွက် ငွေအဆမတန် ကုန်ကျတတ်ပြန်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေ ဘယ်လိုထုပ်ပိုးရမယ်ဆိုတဲ့ အခြေခံ ကျကျအကြံပြုချက်လေးတွေကို ပြန်ဝေမျှပေးချင်ပါတယ်။ပစ္စည်းတွေကို မခေါက်ဘဲ လိပ်ပြီး ထုပ်ပိုးပါခရီးသွားကျွမ်းကျင်သူတွေ၊ အချိန် ရက်လရှည်ကြာ ခရီးသွားဖူးသူတွေရဲ့ အကြံပြုချက်အရ ပစ္စည်းတွေကို မခေါက်ဘဲ လိပ်ပြီး ထုပ်ပိုးတာက ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ကောင်းကောင်းလိပ်ပြီး ထုပ်ပိုးထားတဲ့ အဝတ်အစားတွေက ခေါက်ပြီးသိမ်းတဲ့…

Published in Beyond Yangon

အီဂျစ် - အားလုံးရဲ့ အစ အီဂျစ်ဟာ ဖာရိုးဘုရင်တွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ အုတ်ဂူတွေ တည်ရှိတဲ့နေရာဖြစ်ပြီး ခရီးသွားတွေအတွက်လည်း အံ့ဩဘနန်း ဖြစ်စေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာတွေက ကွဲထွက်ပြီး ကန္တာရကို လေ့လာနိုင်သလို ရေငုပ်နိုင်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးအစား အစာတွေကို ဈေးနှုန်းနည်းနည်းလေးနဲ့ ခံစားနိုင်ပါတယ်။ကျူးဘား - နာမည်ကြီးတဲ့ ညအလှ နာမည်ကြီးသလောက် ဈေးနှုန်းသက်သာတာက ကျူးဘားဖြစ်ပါတယ်။ စပိန်စကား နည်းနည်းပြောတတ်ပြီး ခရီးသွားရင် ဘယ်လိုသုံးရမလဲဆိုတာသိရင် ကျူးဘားကို အေးအေးဆေးဆေး သွားနိုင်ပါပြီ။ Havana ရဲ့ ညအလှကို အေးအေးလူလူ ခံစားနိုင်သလို ရိုးရာဓလေ့ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ကောင်းကောင်းကြီး တွေ့ကြုံရနိုင်ပါတယ်။ဂရိ - မှန်ကန်တဲ့ အတွေ့အကြုံ နိုင်ငံရဲ့စီးပွားရေးမကောင်းမှုကိုက…

Published in Beyond Yangon

ဘူလ်ဂေးရီးယား - ရှာဖွေဖော်ထုတ်ပါ                    ဈေးနှုန်းနည်းနည်းနဲ့ ဥရောပကမ်းခြေ အလှတွေ၊ သမိုင်းဝင် တောင်တန်းတွေကို ခံစားချင်တဲ့ ခရီးသွားတွေအတွက် ဘူလ်ဂေးရီးယားက အကောင်းဆုံးပါပဲ။ စက်ဘီးငှားတာကအစ ဈေးသက်သာတာ ဖြစ်လို့ အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်။အိန္ဒိယ - အံ့မခန်း အိန္ဒိယ မတူကွဲပြားမှုတွေနဲ့ ပြည့်နှက်နေတာ အိန္ဒိယဖြစ်ပါတယ်။ ငွေကြေးအနည်းငယ်သာရှိပြီး မတူညီတဲ့ ယဉ်ကျေးမှုတစ်ခုကို စူးစမ်းလေ့လာမယ်ဆိုရင် အိန္ဒိယဟာ အကောင်းဆုံးပါပဲ။ အိန္ဒိယနိုင်ငံမှာ နာမည်ကျော် ဘုရားရှိခိုးကျောင်းတွေ၊ သဲကန္တာရတွေ၊ ကမ်းခြေတွေ၊ ဈေးတွေရှိပြီး ဈေးနှုန်းသက်သာတဲ့ လက်မှုပစ္စည်းတွေကိုလည်း ရရှိနိုင်ပါတယ်။ အိန္ဒိယမှာ နာမည်အကြီးဆုံးက ရိုးရာအစားအသောက်တွေပဲ ဖြစ်ပါတယ်။ပေါ်တူဂီ - ဥရောပမြောက်ပိုင်း တစ်ယောက်တည်း အေးအေးချမ်းချမ်း နေချင်ပြီး ဈေးနှုန်းသက်သာတဲ့ ခရီးသွားချင်ရင်…

Published in Beyond Yangon

ခရီးသွားကြတယ်ဆိုရာမှာ ပုံစံ အမျိုးမျိုးရှိပါတယ်။ တစ်ကိုယ်တော် သွားရတဲ့ ခရီး၊ မိသားစုနဲ့ သွားရတဲ့ ခရီး၊ သူငယ်ချင်းနဲ့ သွားရတဲ့ ခရီး၊ ချစ်သူရည်းစားနဲ့ သွားရတဲ့ ခရီး စသည်ဖြင့်ပေါ့။ ဘယ်လိုခရီးမျိုးကို နှစ်ခြိုက်သလဲဆိုတာမျိုးကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာမို့ ကိုယ့်စိတ်ခံစားမှုအလိုက် ရွေးချယ်ရမှာပါ။အခုတစ်ပတ်မှာတော့ တစ်ကိုယ်တော် ခရီးသွားတဲ့အခါ လိုအပ်မယ့် ပြင်ဆင်စရာလေးတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။တစ်ကိုယ်တော် သွားပြီဆိုရင်တော့ သူများအတွက် စဉ်းစားပေးနေစရာ မလိုတာမို့ ကိုယ့်ခံစားချက်၊ ကိုယ့်စိတ်အာရုံအတိုင်း သွားချင်ရာသွား၊ စားချင်ရာစားပြီး သိပ်ပျော်ဖို့ ကောင်းပါတယ်။ နေချင်တဲ့ နေရာမှာ နေနိုင်သလို အသိမိတ်ဆွေအသစ်တွေလည်း အများကြီးရတယ်။ တချို့ နေရာတွေကတော့ မိန်းကလေး တစ်ယောက်တည်းဆို မလုံခြုံဘူး။ Transporation…

Published in Beyond Yangon

ခု လောလောဆယ်မှာ ကိုယ်တိုင်လည်း ခရီးသွားနေတာမို့ ကြုံတွေ့ရတဲ့ အခက်အခဲရယ်၊ အတွေ့အကြုံတချို့ရယ်ကို အခြေခံပြီး ဒီစာကို ရေးထားပါတယ်။ ဖတ်မိတဲ့သူတိုင်းအတွက် အနည်းနဲ့အများတော့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ Visaလျှောက်ဖို့မလိုတဲ့ တိုင်းပြည်တွေအတွက်တော့ ပြသနာမရှိပေမယ့် Visa ကင်းလွတ်ခွင့် ရက်သတ်မှတ်ချက်နဲ့ ကိုယ်နေမယ့်ရက် အံဝင်ရဲ့လား ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ Visa လျှောက်ဖို့လိုအပ်ရင်တော့ သက်ဆိုင်ရာ သံရုံး၊ Online Service တို့ရဲ့ Official Website ကို ကြည့်ပြီး စုံစမ်းမေးမြန်းစေချင်ပါတယ်။ များသောအားဖြင့် အဲဒီလို နေရာတွေက ဖုန်းဆက်စုံစမ်းဖို့ ခက်ခဲပေမယ့် website မှာတော့ လိုအပ်တဲ့ information ကို အတိအကျ တင်ထားတာများပါတယ်။ တကယ် လျှောက်တော့မယ်ဆို…

Published in Beyond Yangon

ခု လောလောဆယ်မှာ ကိုယ်တိုင်လည်း ခရီးသွားနေတာမို့ ကြုံတွေ့ရတဲ့ အခက်အခဲရယ်၊ အတွေ့အကြုံ တချို့ရယ်ကို အခြေခံပြီး ဒီစာကို ရေးထားပါတယ်။ ဖတ်မိတဲ့သူတိုင်းအတွက် အနည်းနဲ့ အများတော့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ Money Exchangeတချို့သော တိုင်းပြည်တွေက အမေရိကန်ဒေါ်လာကို လက်ခံပေမယ့် နိုင်ငံအများစုမှာ Local Currency ကိုပဲ အသုံးပြုကြတာ များပါတယ်။ လေဆိပ်တော်တော်များများမှာ ငွေလဲဖို့ လွယ်ကူပေမယ့် ဖြစ်နိုင်ရင်တော့ ကို ယ်ခရီးမသွားခင် ငွေပမာဏအနည်းငယ် (Taxi ခအတွက်ဖြစ်ဖြစ်၊ Train အတွက်ပဲဖြစ်ဖြစ်) လဲသွားနိုင်ရင် ပိုအဆင်ပြေပါတယ်။ Passportကျွန်မ ခရီးသွားတဲ့အခါ Passport Copy ကို ၁ စုံ Luggage ထဲ အမြဲ…

Published in Beyond Yangon

Guatemala - ကမ္ဘာမြေရဲ့ ဝိဥာဉ် ရှေးဟောင်းကမ္ဘာနဲ့ ယနေ့ခေတ် ယဉ်ကျေးမှုတွေကို တစ်ပေါင်းတစ်စည်းတည်း တွေ့ချင်တယ်ဆိုရင် Guatemala ကို သွားနိုင်ပါတယ်။ လှပတဲ့ သဘာဝအလှတွေ၊ ကိုလိုနီခေတ် အဆောက်အဦတွေက အဓိကဆွဲဆောင်မှု ဖြစ်ပါတယ်။ စပိန်စကားအနည်းငယ် တတ်တယ်ဆိုရင် Guatemala က သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ဒါ့အပြင် ဈေးနှုန်းသက်သက်သာသာနဲ့ Guatemala ရဲ့ နာမည်ကြီး chicken bus တွေကို စီးပြီး Maya ဘုရားကျောင်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ဘိုလီဗီယား - စောင့်ကြိုနေမယ့် ဘိုလီဗီယား တောင်အမေရိကမှာဆိုရင်တော့ ဘိုလီဗီယားက ဈေးနှုန်းအသက်သာဆုံး သွားရောက်နိုင်မယ့် နေရာပါပဲ။ ပြီးတော့ ကိုယ်သုံးရတဲ့ ငွေကြေးနဲ့လည်းတန်တဲ့ အလှအပတွေ၊ ရှုခင်းတွေ၊…

Published in Beyond Yangon

အရမ်း သာယာပြီး မြို့ပြရဲ့မွန်းကျပ်မှုတွေက ခဏတာ လွတ်မြောက်နိုင်တဲ့ နေရာလေးပါ။ သွားဖို့က အရမ်းလွယ်ပါတယ်။ ကားရှိတဲ့သူတွေကတော့ ကိုယ်တိုင်မောင်းသွားပေါ့။ ကိုယ်ကတော့ သူငယ်ချင်းတွေနဲ့ အတူတူသွားတာဆိုတော့ ကားငှားသွားပါတယ်။ High Ace ၁၀ ခုံ ပါတဲ့ကားပါ။ အပြီးအစီး ၁၄၀၀၀၀ ကျပ် ပဲ ပေးရတယ်။ ၁၀ ယောက်သွားရင် တစ်ယောက်ကို အသွားအပြန် ၁၄၀၀၀ ပဲ ကျတာပေါ့။ ပုလဲတို့ကတော့ ၆ယောက်ပဲ သွားတာဆိုတော့ ချောင်ချောင်ချိချိ သွားရတာပေါ့နော်။ ကားဆရာကြီးကလည်း အရမ်းသဘောကောင်းတယ်။ ကားငှားချင်ရင် Yangon Car Rental Service - ၀၉၄၄၄၇၈၆၉၂၂ ကို ဆက်သွယ်လို့ ရတယ်။သွားတဲ့လမ်းကြောင်းကတော့ ကျိုက်ထီးရိုးသွားတဲ့လမ်းအတိုင်း သွားရုံပဲ။…

Published in Beyond Yangon

ချောတို့ ဒီတစ်ခေါက် ရန်ကုန်ရဲ့ ကားကျပ်ကျပ် လူရှုပ်ရှုပ်တွေနဲ့ ဝေးတဲ့ အေးအေးဆေးဆေး နေရာလေးတစ်ခုကို Daycation လုပ်ခဲ့ပါတယ်။ Daycation ဆိုတာ တစ်နေ့လုံး အနားသွားယူပြီး ညမအိပ်ဘဲ နေ့ချင်းပြန်လာတဲ့ ခရီးတိုလေးကိုပြောတာပါ။ ရန်ကုန်ကလူတွေအတွက်က နီးနီးနားနားမှာ ဒီလိုလေးနေရဖို့ဆိုတာ ရှားတယ်လေနော်။ အေးအေးဆေးဆေး စာဖတ်ချင်တဲ့သူတွေ၊ စာရေးချင်တဲ့သူတွေ၊ ခရီးဝေး မသွားအားတဲ့သူတွေ၊ သူငယ်ချင်းတွေစုပြီး နီးနီးနားနား Roadtrip လေးထွက်ချင်တဲ့သူတွေ ၊ Digital Detox လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေဆုံး နေရာလေးဆိုလည်း မမှားပါဘူး။ ဘယ်နေရာလဲ? ဘယ်လိုသွားမလဲ?ရန်ကုန် - ပဲခူးလမ်းမကြီးဘေး ရန်ကုန်ဘက်က လာမယ်ဆိုရင် ဘယ်ဘက်ခြမ်းမှာရှိပြီး ရွှေပြည်အကျော်လေးမှာပဲ ရှိပါတယ်။ ပဲခူး မရောက်ပါဘူးး။ လမ်းမကြီးဘေးမှာပဲ Hanthar…

Published in Beyond Yangon

ခရီးသွားရာသီ ရောက်လို့ လာပြန်ပါပြီနော်။ ကဲ .. ခရီးသွားတဲ့အခါ  လိုအပ်တဲ့ အကြံပြုချက်တချို့ကို တင်ပြပေးပါရစေ။ စာရင်းပြုစုပါ ယူသွားမယ့် အ၀တ်အစားကအစ  အိမ်သာသုံးပစ္စည်းအထိ စာရင်းလုပ်ပါ။ ပြီးရင် အဲဒါတွေကို တစ်ခုချင်း အိပ်ရာပေါ် ခင်းချထားပါ။ ဒါမှ တစ်ခုမှ မကျန်ခဲ့မှာလေ။ နောက် ကိုယ့်ခရီးဆောာင်အိတ် ပျောက်တာပဲ ဖြစ်ဖြစ် အခိုးခံရတာပဲဖြစ်ဖြစ် ကြုံဖြစ်ရင် အိတ်ထဲ ဘာပါသလဲဆိုတာ စာရင်းနဲ့တကွ ရှိနေမှာဆိုတော့ စာရင်းပြုစုထားတာ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူးနော့်။ အရောင်ကို တစ်မျိုးတည်း ရွေးပါ  အ၀တ်အစားအားလုံးကို ကာလံဒေသံ ညီအောင်အပြင် အရောင်လေးတွေလည်း တစ်ပြေးတည်းဖြစ်အောင် ရွေးနော်။ အညိုပဲဖြစ်ဖြစ် အနက်ပဲ ဖြစ်ဖြစ် ရွေးပြီးမှ  မျက်မှန်၊ …

Published in Features

မိုးမကျခင် အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်တစ်ခုသွားဖို့အတွက် ပြင်ဆင်တဲ့အခါမှာ ဒါတွေပါပြီလား...? ခရီးသွားအေဂျင်စီလား၊ မိမိဘာသာ သွားမှာလား တစ်ခါတစ်လေ ခရီးသွားချင်ပေမဲ့ ကားလက်မှတ်တွေ ဖြတ်ရတာတစ်မျိုး၊ ဟိုတယ်ဘွတ်ကင် လုပ်ရတာတစ်မျိုးနဲ့ အလုပ်မရှုပ်ချင်ရင်တော့ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်တ်ဆက်ပြီးသွားတာ ကောင်းပါတယ်။

Published in Daily Life

မိုးတွင်းက ခရီးသွားလို့ ကောင်းလှတဲ့ ရာသီတော့ မဟုတ်ဘူးဆိုပေမယ့် ဒီရာသီရဲ့ အားသာချက်ကလည်း ဒီမိုးအေးအေး စိုစိမ့်စိမ့် စေးထန်းထန်းပဲ မဟုတ်လား။ မဖြစ်မနေ ခရီးပြုရတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ ကြိုက်လို့ကို ခရီးထွက်ချင်တာပဲဖြစ်ြဖစ် မပါမဖြစ် ဆောင်သွားရမယ့် အရာလေးတွေ ရှိပါတယ်။ သဘောချင်း ညီမညီတော့ ကြည့်လိုက်ပေါ့နော့။ Bug Stick အဲဒါကတော့ Bug Stick ဆိုပြီး ဈေးကွက်ထဲ ဝယ်လို့ရပါတယ်။ ဒါလေး ဆောင်ထားလို့ မှားနိုင်တဲ့ပစ္စည်းမှ မဟုတ်ဘဲ။ ဒါလေး လိမ်းထားပြီး  ညဘက် အပြင်ထွက်ရမယ်၊ မြစ်ကမ်းနား ထိုင်ရမယ်၊  ဘား တစ်ခုခုမှာ ထိုင်ရမယ်၊ ခြင်ကိုက်  ပိုးကောင်ကိုက် အမျိုးမျိုး ဖြစ်လာနိုင်တဲ့ ရန်က ကာကွယ်နိုင်မယ်လေ။…

Published in Daily Life

မလေးရှား Tourism က ကြီးမှူးကျင်းပတဲ့ ASEAN Media Bloggers Tourism Hunt 2017 ပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ဇူလိုင် ၁၀ ရက်၊ တနင်္လာနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ASEAN ၁၀ နိုင်ငံရဲ့ Media blogger တွေက ကားမောင်းပြီး ဓာတ်ပုံနဲ့ မြေပုံတွေ ရှာဖွေရင်း Puzzle တွေလည်း ဖြေဆိုရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလက ငါးရက်ဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ အဲဒီ ငါးရက်တာအတွင်း ကွာလာလမ်ပူ မြို့တွင်းရော၊ ဟိုင်းဝေးမှာပါ ကားမောင်းပြီး ယှဉ်ပြိုင်ကြရမှာပါ။ပြိုင်ပွဲအတွင်း ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို instragram မှာ တင်ရမှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို မလေးရှား…

Published in Travel

     (၃၃) ကြိမ်မြောက် ကိုရီးယား ကမ္ဘာ့ခရီးသွားပြပွဲ -၂၀၁၈ မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းမှ The Best Booth Operation Award ဆုရရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ပြပွဲကို ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနရဲ့ ဦးဆောင်မှု Korea Tourism Organization (KTO) ၊ KOTFA Co., Ltd ရဲ့ စီစဉ်ဆောင်ရွက်မှု နိုင်ငံတကာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်အဖွဲ့ အစည်းတွေဖြစ်တဲ့ UNWTO ၊ PATA ၊ JATA တို့ရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ ကိုရီးယားနိုင်ငံ၊…

Published in Travel

Yoma Strategic Holdings, First Myanmar Investment (FMI) နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့က ပြိုင်ပွဲကျင်းပမယ့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်မြို့အတွင်းက လမ်းမကြီးနဲ့ လမ်းသွယ်အချို့ကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မယ်လို့ သိရပါတယ်။ áżá€•á€­á€łá€„ယပဟဲကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကျင်းပနိုင်ရေးအတွက် လမ်းအချို့ကို လမ်းအပြည့် ဒါမှမဟုတ် လမ်းတစ်ဝက်ပိတ်ထားမှာ ဖြစ်တယ်လို့  သိရပါတယ်။  ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန် လမ်းဆုံကနေ သံသုမာလမ်းဆုံ အထိကို (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲ အထိ)၊ ရာဇဓိရာဇ်လမ်းကနေ  ကမ်းနားလမ်းဟောင်း…

Published in Travel

Temasek International College က Industrial Seminar on Travel & Tour Operation in Myanmar ခေါင်းစဉ်နဲ့ ဟောပြောပွဲကို မတ်လ၂၈ ရက်နေ့ နေ့လည်နှစ်နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ဒီ ဟောပြောပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး နယ်ပယ်ကို တိုးတက်ဖွံဖြိုးစေဖို့အတွက် အတွေ့အကြုံ ဗဟုသုတ များတဲ့ အတတ်ပညာရှင်များက ဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသော တတ်သစ်စလူငယ်များ Travel & Tour Operations တွင်လက်ရှိလုပ်ကိုင်နေသော ပညာရှင်များ တက်ရောက်နိုင်ပါတယ်။Mr.Amos Rao (SVP of Shenton Education Group & GM of Temasek…

Published in Travel

အခုဆိုရင် ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေကို အမိုးဖွင့်ကား Mingalar Bus နဲ့ လျှောက်လည်လို့ ရနေပြီနော်။ အမိုးဖွင့် ဘတ်စ်ကားကို မနက် ၇ နာရီခွဲ တစ်ချိန်နဲ့ ညနေပိုင်း ငါးနာရီခွဲ တစ်ချိန်ကို ပြေးဆွဲပေးသွားမှာပါ။ မနက်ပိုင်း ခရီးစဉ်မှာတော့ မြို့တော်ခန်းမရှေ့ ဆူးလေဘုရားအနီးကနေ စတင်ထွက်ခွာပြီး ကိုလိုနီ အဆောက်အဦးတွေကို သွားရောက် ကြည့်ရှု့ရမှာပါ။ အဲ့ဒီကနေမှ တစ်ဆင့် ကမ်းနားလမ်း တစ်လျှောက် ဆက်လက် သွားရောက်မှာ ဖြစ်ပြီး ကြည့်မြင်တိုင် လမ်းတစ်လျှောက်မှာရှိတဲ့ ပန်းတဉ်းလုပ်ငန်းကို လေ့လာခွင့် ရမှာပါ။ အဲ့ဒီနောက်မှာတော့ စမ်းချောင်းဘက်ကို ဆက်လက် သွားရောက်မှာဖြစ်ပြီး စမ်းချောင်း စစ်သချိုင်း၊ ဘာဝနာတရားစခန်းနဲ့ ဒေါ်ညာဏစာရီ မယ်သီလရှင်…

Page 1 of 3