Eat

beef dish 3
ဧပြီလနဲ့ မေလတွေအတွက် Babett Bar ရဲ့ အသားပွဲတော်ကို စတင်နေပြီ ဖြစ်ပါတယ်။ ဧပြီနဲ့ မေလနှစ်လအတွင်း ကျင်းပပြုလုပ်မယ့် အသားပွဲတော်အတွက် Babett စာဖိုမှုး Christophe Buzare က အမဲသား।သိုးသားနဲ့ ဝက်သားတို့ကို ချက်ပြုတ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ အစားကောင်း ကြိုက်သူတွေ အနေနဲ့ Babett က ပြင်ဆင်ပေးမယ့် အသားကို မိမိတို့ ကြိုက်နှစ်သက်ရာ ဝိုင်ကို သောက်သုံးရင်း အရသာတွေ့စေနိုင်မှာ ဖြစ်ပါတယ်။
ယင်း အသားပွဲတော်မှာဆိုရင် သြစတြေးလျရဲ့ စိမ်းစိုတဲ့ စားကျက်မြေမှာ ထိန်းသိမ်းထားရှိတဲ့ စကော့တလန် တောင်ပေါ်ဒေသဖွား နွားမည်းသားကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အသားဟင်း တစ်ပွဲကို လူနှစ်ယောက် သုံးဆောင်နိုင်ပြီး အသားကြိုက်သူတွေ အတွက် အကင်ရနံ့ သင်းနေတဲ့ BlackAngus ရင်ပုံသားကင်ကို ကျပ်(၆၀,၀၀၀) နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ (၇)ပတ်သာ သက်တမ်းရှိတဲ့ မီးသွေးနဲ့ ကင်ထားတဲ့ စားမြိန်ဖွယ် BlackAngus နံရိုးသားကိုတော့ (၈၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Charcoal grill
Wagyu အမဲသားဟာ ဂျပန်မှာရှိတဲ့ Kobe အမဲသားနဲ့ အမျိုးဖောက်ထားတဲ့ ကမ္ဘာ့ထူးကဲတဲ့ အသားဖြစ်ပါတယ်။ အရိုးစွဲဖွယ် သင်းပျံ့နေသော အဆီပိုမပါပဲ သုံးဆောင်လိုက်ပါက မေ့မရဖွယ် အရသာရှိတဲ့ Wagyu အသားဖြစ်ပါတယ်။ နူးညံ့သော Wagyu-Kobe နံရိုးအသားကိုလည်း Babett ရဲ့ အသားပွဲတော်မှာ (၄၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဝက်သား အနေနဲ့ မြေထဲပင်လယ်ဒေသက ဝက်မည်းဖြစ်တဲ့ Iberico ဝက်ကို ဟင်းခတ် အမွေးအကြိုင်တွေနဲ့ ချက်ပြုတ်ပြီး မှို।ဝက်သစ်ချသီးတို့နဲ့ တည်ခင်း ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ စားသုံးသူတွေ အနေနဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူတို့နဲ့ ပြင်ဆင်ထားတဲ့ ဝိုင်ဖြူ। အနံ့အရသာ ပြည့်နှက်နေတဲ့ လိမ္မော်ခွံနဲ့ ကြက်ဥတို့ပါဝင်တဲ့ Babett ရဲ့ ခံတွင်းတွေ့ဖွယ် “Marengo” style ဝက်အသားကို (၃၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဝက်ဂုတ်သားကို အနံ့အရသာနဲ့ ပြည့်စုံအောင် ချက်ပြုတ်ထားတဲ့ အသားကိုလည်း (၃၉,၀၀၀)ကျပ်နဲ့ ရရှိမှာ ဖြစ်ပါတယ်။ စီချွမ် ငရုတ်ကောင်းနဲ့ ပြင်ဆင်ထားတဲ့ လက်ဆတ်တဲ့ ဝက်ပေါင်ရင်းသားကို (၄၃,၀၀၀)ကျပ်နဲ့ ရရှိနိုင်မှာပါ။

La Cote de Boeuf on Mibrasa Grill
ဒါ့အပြင် နယူးဇီလန်နိုင်ငံရဲ့ မြက်ခင်း ကုန်းမြင့်တွေက သိုးသားကလည်း ကြက်သွန်ဖြူ। ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ပြင်ဆင်လျက် ဥရောပတောင်ပိုင်း ချုံနွယ်ကြား သယ်ဆောင်သွား သွားသလို ခံစားရစေမှာပါ။ Babett ရဲ့ အနုအလှ အပြင်အဆင်တွေကြောင့် သိုးသားကို ပန်းရောင်သန်းတဲ့ အသားသာမက အသင့်အတင့် ကျက်တဲ့အထိ အကောင်းဆုံး အရသာခံနိုင်မှာ ဖြစ်ပါတယ်။ ဟင်းခတ် အမွေးအကြိုင်နဲ့ ချက်ပြုတ်ထားတဲ့ အဆိုပါ သိုးသားကိုတော့ (၂၅,၀၀၀) ကျပ်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အနံ့ပြည့်စုံ ကောင်းမွန်တဲ့ စပျစ်ဝိုင်နဲ့လည်း သိုးသားကို တွဲဖက်စားသုံးရင်း ခံတွင်းတွေ့စေမှာပါ။
စားသုံးသူတွေအနေနဲ့ အမဲသားနဲ့အတူ Babett က ဧပြီနဲ့မေလအတွင်း ၀ိုင်ပရိုမိုးရှင်းရှိပြီး ‘Cabernet Sauvignon’ မှ စပျစ်အရသာ ဝိုင်တစ်ပုလင်းကို ငွေကျပ် (၃၀,၀၀၀)နဲ့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

Read more about article Here

 

 

b4787a4a5d6711adf08fa27fc1cba139 XL
ပီဇာစားသောက်ဆိုင် တစ်ခုဖြစ်တဲ့ Pizza Hut Myanmar က Cheesy Bites Pizzaကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
စားသုံးသူများအတွက် ထူးခြားကောင်းမွန်တဲ့ CHEESY BITES Shal မီနူးသစ်ကို ရန်ကုန်မြို့ ၆ မိုင်ခွဲ ပြည်လမ်း Marketplace by City Mart ရှိ Pizza Hut ဆိုင်ခွဲမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Cheesy Bites Pizza ဟာ Pizza Hutရဲ့ ကမ္ဘာတစ်ဝန်းမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ မီနူး တစ်ခုဖြစ်ပြီး ပီဇာရဲ့ ပတ်ပတ်လည်မှာ Cheese နဲ့ ပြုလုပ်ထားတဲ့ တစ်ကိုက်စာ အလုံးလေးများကို ထူခြားပြီး အရသာရှိတဲ့ Cheesy Cheddar Bites, Crispy Sesame Bites ၊ Sweet Honey Bites အစရှိတဲ့ အရသာ ၃ မျိုး ထည့်သွင်းဖန်တီးထားတာကြောင့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အတူတကွ ပျော်ရွှင်ကြည်နူးစွာ မျှဝေစားသုံးနိုင်ပါတယ်။

29511682 2058355014180174 1064334832009478144 n
Cheesy Bites Pizza တစ်ချပ်ရဲ့ ဈေးနှုန်းတွေကတော့ ကျပ် ၁၇၀၀၀ ဖြစ်ပြီး Set အလိုက် မှာယူစားသုံးလိုအပါက Set 1 အဖြစ် Cheese Bites Pizza + Garlic Bread (၄) ခု + Pepsi (၂) ခွက်တို့ကို ကျပ် ၁၈၀၀၀ နှုန်းဖြင့် လည်းကောင်း၊ Set 2 အဖြစ် Cheese Bites Pizza + Garlic Bread (၆) ခု + Pepsi (၄) ခွက်+ Black Pepper Chicken Spaghtee (၁) တို့ကို ကျပ် ၂၂၀၀၀ နှုန်းဖြင့်လည်းကောင်း မှာယူသုံးဆောင်နိုင်ပါတယ်။
အထူးပရိုမိုးရှင်းအနေနဲ့ CHEESY BITES Shal စားသုံးပြီးနောက် ထပ်မံမှာယူလိုသူများအနေနဲ့ Cheese Bites ပီဇာ တစ်ခုလျှင် ကျပ် ၁၂၀၀၀ နှုန်း၊ အခြားပုံမှန် ပီဇာတစ်ခုလျှင် ကျပ် ၁၀၀၀၀ နှုန်း၊ နှစ်သက်ရာ အရသာ ကြက်တောင်ပံ (၈) ခုကို ကျပ် ၅၀၀၀ နှုန်း၊ ကြက်သားနှင့် မှိုစွပ်ပြုတ်ကို ကျပ် ၂၀၀၀ နှုန်းနဲ့ မည်သည့် အအေးကိုမဆို ကျပ် ၁၃၀၀ နှုန်း စတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
CHEESY BITES Shal စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် စားသုံးသူများအတွက် အပိုလက်ဆောင် ကူပွန်များ ပေးအပ်သွားမှာ ဖြစ်ပြီး ကူပွန် (၁) ဆိုလျှင် Cheese Bites A La Carte (တစ်ခုစီ) အတွက် ၁၀% အထူးလျှော့ဈေး၊ ကူပွန် (၂) ဆိုလျှင် ကြက်တောင်ပံ (၆) ခု၊ ကူပွန် (၃) ဆိုလျှင် ကြက်သားနှင့် မှိုစွပ်ပြုတ်နဲ့ Garlic Bread (4) ခု တို့ ရရှိမှာဖြစ်ပါတယ်။
CHEESY BITES Shal မီနူးသစ် စတင်ထွက်ရှိတဲ့ မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးရှိ Pizza Hut ဆိုင်ခွဲများအားလုံးတွင် ပထမဆုံး လာရောက်ဝယ်ယူစားသုံးသူ အယောက် (၃၀) ကို Cheese Bites Pizza တစ်ချပ်လျှင် ကျပ် ၃၀၀၀ နှုန်း အထူးဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Read more about article Here

 

 

20180211 133609


    á€›á€”ယကုနယမြို့ရဲ့ နာမည်ကြီး ဘားနဲ့ စားသောက်ဆိုင် တစ်ခုအဖြစ် နာမည်ရလာတဲ့ Babett က ချစ်သူများနေ့မှာ အစားအသောက်ကို ချစ်မြတ်နိုးတဲ့ မိမိချစ်ခင် နှစ်သက်ရသူနဲ့ အရသာရှိတဲ့ အစားသောက်တွေကို အတူတကွ မြိန်ယှက်စွာ စားသောက်နိုင်မယ့် ပြီးပြည့်စုံတဲ့ အထူးညစာ မီးနူးကို ဖန်တီးပြင်ဆင် ပေးထားပါတယ်။
 á€Ąá€†á€Żá€­á€•á€Ť ညစာကို Babett ရဲ့ စာဖိုးမှူး ခေါင်းဆောင် “Chef Christophe Buzare” ကိုယ်တိုင် ပြင်ဆင် ချက်ပြုတ် ပေးသွားမှာဖြစ်ပြီး ပြီးပြည့်စုံတဲ့ “A la Carte” မီနူးကို ချစ်သူများနေ့မှာ ညနေ ၆ နာရီကနေ ညမိုးချုပ်တဲ့အထိ ရရှိမှာဖြစ်ပါတယ်။

20180211 140015
မီးရောင်မှိန်မှိန် ထွန်းထားပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံ ပျံ့လွင့်နေမယ့် ရင်ခုန် ကြည်နူးဖွယ်ရာ အပြင်အဆင် အောက်မှာ မိမိချစ်သူနဲ့အတူ ညစာ သုံးဆောင်နိုင်ဖို့ ပြင်ဆင်ပေးသွားမှာ ဖြစ်သလို ညစာမီနူးထဲမှာ ပါဝင်တဲ့ အစာပြေနဲ့ အဓိက ဟင်းပွဲတွေထဲက အသား၊ ငါး နဲ့ ဟင်းသီးဟင်းရွက် ဟင်းလျာတွေကိုလဲ စိတ်ကြိုက်ရွေးချယ် စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အစာပြေအတွက် တစ်ခုချင်းစီ အလှည့်ကျ စိတ်ကြိုက် စားသုံးနိုင်မှာဖြစ်သလို ပေါ့ပေါ့ပါးပါး စားသုံးလိုသူတွေ အတွက်လည်း ထောပတ်သီး၊ ကြက်သွန်ဖြူ ၊ ငရုပ်ပွတို့နဲ့ ရောချက်ထားတဲ့ အနှစ်နဲ့တွဲဖက်ပြီး စားသုံးရတဲ့ ပုစွန် ကြွပ်ကြော်ကိုပါ ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

20180211 142940
ဒါ့အပြင် ကညွှတ်မီးကင်ကို ကြက်ဥ အကြွပ်ကျော်နဲ့ မုန်ညှင်းအနှစ်တို့နဲ့ တွဲဖက်ထားတဲ့ ဟင်းလျာကိုလည်း ရရှိမှာဖြစ်ပြီး ချစ်သူများနေ့ညမှာ ဗိုက်ပြည့်ကားအောင် စုံစုံလင်လင် စားချင်ကြတဲ့ အစားအသောက် ခုံမင်တဲ့ စုံတွဲတွေအတွက်လည်း ချစ်သူနှစ်ဦးဝေမျှကာ အပြည့်အဝစားနိုင်မယ့် ၇၅၀ ဂရမ်ရှိတဲ့ အမဲနံရိုးကပ်သားဟင်း၊ ပင်လယ်ငါးဟင်း၊ သစ်အယ်သီးနဲ့ မှိုဆန်ပြုတ်တို့ပါဝင်တဲ့ ဟင်းပွဲကိုလည်း သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးအစားစုံလင် ပြည့်စုံလွန်းလှပြီး အရသာထူးကဲလှတဲ့ ဟင်းလျာတွေအပြင် ချစ်သူများနေ့ဆိုတဲ့ အဓိပ္ပာယ်ကို ပြီးပြည့်စုံသွားစေမယ့် ချစ်သင်္ကေတကို ဖော်ညွှန်းတဲ့ ချောကလက်နနဲ့ စတော်ဘယ်ရီတို့နဲ့ ရင်ခုန်ကြည်နူးဖွယ် ဖန်တီးထားတဲ့ Babett ရဲ့အချိုပွဲတွေ ဖြစ်တဲ့ Marshmallow Chocolate Fondue အမည်ရတဲ့ ချောကလပ်အနှစ်နဲ့ တို့စားရတဲ့ ပန်းရောင်မုန့်အချို ၊ Chocolate Volcano လို့ ခေါ်တဲ့ ရေခဲမုန့် သို့မဟုတ် စတော်ဘယ်ရီနဲ့ ပန်းသီးတို့ကို ပူပူနွေးနွေး ချောကလပ် ကိတ်မုန့်နဲ့ တွဲစားရတဲ့ အချိုပွဲတို့ကိုလည်း ရရှိသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

27629247 145556956123301 3490788129676388077 o
 Babett မှာ ပြင်သစ်နဲ့ မြေထဲပင်လယ် ဒေသမှ အရသာထူးကဲလှတဲ့ ဟင်းလျာတွေကို ချစ်သူနှစ်ဦး ကြည်နူး ပျော်ရွှင်စွာ သုံးဆောင်နေမယ့် အချိန်မှာ ချစ်သူနှစ်ဦးရဲ့ စားပွဲပေါ်မှာ နှင်းဆီပန်း လက်ဆောင်ကို Babett မှ လက်ဆောင်အဖြစ် ပေးသွားဦးမှာ ဖြစ်ပါတယ်။ Valentine Day ချစ်သူများနေ့အတွက် ကြိုတင် နေရာမှာယူချင်တယ် ဆိုရင်တော့ ၀၁ ၂၄၃၆၃၈ နဲ့ အီးမေးလ် လိပ်စာ [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

Read more about aritcle Here

 

 

Myanmar Food Festival at DCuisine 1 Credit to Sedona Hotel Yangon
  

 á€œá€°á‚€á€€á€­á€łá€€á€šá€™á€şá€Źá€¸ ထင်ရှားတဲ့ မြန်မာ့ရိုးရာ အစားအစာ အမျိုးအစားပေါင်း ၄၀ ကျော်တို့ကို ဘူဖေးပုံစံနဲ့ သုံးဆောင်နိုင်မယ့် Myanmar Food Festival ပွဲတော်ကို Sedona Hotel ရဲ့ နာမည်ကျော် D’Cuisine စားသောက်ဆိုင်မှာ ပထမဦးဆုံး အကြိမ်အနေနဲပ ကျင်းပပြုလုပ် လျက်ရှိပါတယ်။
Myanmar Food Festival ပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ၊ နေ့စဉ် နေ့လယ်စာနဲ့ ညစာ ရရှိနိုင်မှာဖြစ်ပြီး အဆိုပါ ပွဲတော်မှာ တည်ခင်းမယ့် ဟင်းလျာတွေကို Sedona Hotel ရဲ့ Executive Chef ဖြစ်သူ Mr Edmund Ng နဲ့ အရည်အချင်း ပြည့်ဝတဲ့ မြန်မာ စားဖိုမှူးတွေ ပါဝင်တဲ့ အချက်အပြုတ် အဖွဲ့က အထူးစီစစ် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ အစားအသောက် ချစ်သူတွေအနေနဲ့ ဒေသထွက် ကုန်ပစ္စည်းတွေကို အသုံးပြုပြီး အရသာ ပြီးပြည့်စုံအောင် ချက်ပြုတ်ထားတဲ့ ဟင်းလျာမျိုးစုံကို သွားရောက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 3 Credit to Sedona Hotel Yangon
Myanmar Food Festival ပွဲတော်မှာရှိတဲ့ အသုပ်စုံစားပွဲမှာ များပြားလှတဲ့ ပါဝင် ပစ္စည်းတွေထဲက မိမိနှစ်သက်ရာ ရွေးချယ်ပြီး ကိုယ်ပိုင် မြန်မာအသုပ်စုံကို ဖန်တီး စားသုံးနိုင်ပါတယ်။ အကြော်စားပွဲမှာလည်း မြန်မာလူမျိုးတွေအကြိုက် တန်ပူရာစတိုင် ဗူးသီးကြော်၊ ရှမ်းရိုးရာ တိုဟူးကြော်နဲ့ ပုဇွန်ခွက်ကြော်တို့ ပါဝင်ပြီး ဟင်းချိုစားပွဲမှာ မြန်မာ့ရိုးရာ မျှစ်ပုဇွန် ချဉ်ပေါင်ဟင်းရည်၊ ပဲကြာဆံ ဟင်းချိုတို့နဲ့ တည်ခင်းထားပါတယ်။ အဓိက ဟင်းလျာတွေအဖြစ် မြန်မာ့ရိုးရာ ဆီပြန်ဟင်းတွေ၊ မြန်မာစတိုင် ဆာတေးနဲ့ အသီးအရွက် ကြော်တွေကိုလည်း အရသာရှိစွာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Food Festival ပွဲတော် ဘူဖေးအစီအစဉ်မှာ Sedona Hotel မှာ ပုံမှန်တည်ခင်းထားတဲ့ အနောက်တိုင်း အစားအစာတွေနဲ့ အချိုပွဲ ဘူဖေးတေါကိုပါ အတူတကွ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 4 Credit to Sedona Hotel Yangon
ဘူဖေး စတင်ရရှိနိုင်တဲ့ အချိန်တွေကတော့ နေ့လယ်စာအနေနဲ့ တနလာင်္နေ့ ကနေ သောကြာနေ့ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၂း၃၀ နာရီ အထိ) ကို တစ်ဦးလျှင် ၂၅ ဒေါ်လာနဲ့ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နဲ့ အစိုးရ ရုံးပိတ်ရက်တွေ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၃း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၃ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာ စားပွဲ၊ အသားကင်နဲ့ ဝိုင် အခမဲ့ သောက်သုံးခွင့် ပါဝင်) ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 6 Credit to Sedona Hotel Yangon
    á€Šá€…ဏဉ်နနဲ့ တနလာင်္နေ့ ကနေ ကြာသပတေးနေ့ (ညနေ ၇း၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၃ ဒေါ်လာ နဲ့ သောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေ (ညနေ ၇း၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၆ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာ စားပွဲ၊ အသားကင်နဲ့ ဝိုင် အခမဲ့ သောက်သုံးခွင့် ပါဝင်) ကျသင့်မှာ ဖြစ်ပါတယ်။ D’Cuisine မှာ ကြိုတင်စာရင်း ပေးထားချင်တယ် ဆိုရင်တော့ ၀၁ ၈၆၀ ၅၃၇၇ သို့ ဆက်သွယ်နိုင်ပါတယ်။

Read more about Here