Wednesday, 13 July 2016 09:57

mosquito

မိုးဦးဝဿန် လေမိုးမှန်ပြီဆိုမှဖြင့်  ခြောက်သွေ့ နွမ်းရော်နေတဲ့  သစ်ပင်ပန်းမန်တွေကလည်း ဖူးကြပွင့် ကြ၊ နွေတစ်လျှောက်မှာ သေမလောက်အပူကို ရင်ဆိုင်ခဲ့ ရတဲ့  လူတွေကလည်း အေးမြတဲ့  မိုးစက်တွေကို စွဲမက်ကြိုဆိုကြ ရွှင်မြူးစရာပေါ့ ။ ဒါပေမဲ့  သဘာဝတရားက ရက်စက်လွန်းပါတယ်။ ပျော်ရွှင်ချိန်မကြာလှတဲ့  မိုးဦးအစမှာ အားလုံးကို ခြောက်လှန့် လာတဲ့  “ သွေးလွန်တုပ်ကွေး “ က ခြိမ်းခြောက်လာတော့  တာပါပဲ။

သွေးလွန်တုပ်ကွေး ဆိုတာ
-----------------------------------------

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး Dengue ကြောင့် ဖြစ်ရတာပါ။ အဲဒီပိုး လူကိုယ်ထဲရောက်ပြီး ရောဂါဖြစ်ဖို့ ကလည်း Aedes ဆိုတဲ့  ခြင်ကျား က ရောဂါရှိသူကိုကိုက် ၊ ပိုးကိုသယ်ဆောင် ၊ နောက်ထပ်လူကောင်းကို ကိုက်ချိန်မှာ အဲဒီပိုးတွေ နောက်လူထဲ ထည့် ပေးခဲ့ တာကနေ ကူးစက်ခံစားကြရတာပေါ့ ။ ခြင်ကျားက နေ့ ဖက်မှာ အကိုက်များတဲ့ ခြင်ဖြစ်ပေမဲ့  တစ်နေ့  လုံးကိုက်နိုင်ပါတယ်။ ခြင်ကျားနဲ့ ပတ်သက်ပြီး နောက်ထပ်တိုးလာတဲ့  စိုးရိမ်စရာတစ်ခုက အမည်ဆိုးနဲ့ ခေတ်စားလာတဲ့  ဇီကာ Zika ဗိုင်းရပ်စ်ပိုးကိုလည်း သူကပဲသယ်ဆောင်တာမို့ ပါ။ ဇီကာ ပိုးကကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ခေါင်းသေး၊ ဦးနှောက်သေး ဥာဏ်ရည်မမီတဲ့  Microcephaly ကလေးတွေမွေးစေပါတယ် ။
သွေးလွန်တုပ်ကွေး ရောဂါက အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေးဖြစ်နိုင်သလို မြန်မာနိုင်ငံမှာတော့  ၅ နှစ်က ၉ နှစ် ကလေးတွေမှာ အဖြစ်များတာလို့ ဆိုပါတယ်။
တကယ်တော့  တစ်နှစ်ပတ်လုံး အများဆုံးဖြစ်တာကတော့  မိုးရာသီမှာပါ။ ကြောက်စရာကောင်းပေမဲ့  စနစ်ကျကာကွယ် ကုသတာတွေကနေ ရောဂါ လက္ခဏာသက်သာအောင်၊ အသေအပျောက်နည်းအောင် လုပ်လို့ ရပါတယ်။ အထူးသတိပြုရမှာကတော့  ကပ်ရောဂါအသွင်နဲ့  ကူးစက်ပြီး ဧရိယာတစ်ခုအတွင်းမှာ တပြိုင်နက် အများကြီး ဖြစ်လာရင် အတော်လေး ထိန်းချုပ်ရခက်ပြီး လူနာတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ သွေးပျက်ကြရတယ်ဆိုတာပါပဲ။

ရောဂါလက္ခဏာ
---------------------------
အဖျားက အဓိက လက္ခဏာပါ။ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားမယ်၊ အဖျားက ပြင်းပါတယ်။ အပူချိန် ၁၀၂ံ ဖာရင်ဟိုက် အထက်လောက်မှာ တသမတ်ရှိနေတတ်တာပါ။ ပျို့ အန်တာ၊ ကိုယ်ပေါ်မှာ အနီစက်တွေထွက်တာ စတဲ့ လက္ခဏာတွေဖြစ်လာပါမယ်။ ရောဂါရဲ့  သဘောအရ ကိုယ်တွင်းမှာ သွေးယိုစိမ့်  မှုတွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့်  ၃ ရက် ကနေ ၅ ရက်အတွင်း သွေးလန့်  လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အသက်အန္တရာယ်ပေးတာကလည်း အဲဒီအခြေအနေပါဘဲ။သွေးယိုစိမ့်  တာလွန်ကဲတဲ့  တုပ်ကွေးရောဂါပေါ့ ။
သွေးလန့် အကြို လက္ခဏာတွေကတော့  ရုတ်တရက်အဖျားကျသွားပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာတာ၊ အဖျားကျပေမဲ့  မှိန်းနေတာ ဒါမမဟုတ် ဂဏှာမငြိမ်ဖြစ်လာတာ၊ ဗိုက်နာတာ၊ နှာခေါင်းသွေးယို၊ အန်တဲ့ အခါ အညိုရောင် (ကော်ဖီ မှုန့်ရောင် အမဲစက်လေးတွေ ) တွေပါတာ၊ ဝမ်းမည်းမည်းတွေသွားတာတွေပေါ့ ။ အဲဒီအချိန်မှာတော့  ဆေးရုံဆေးခန်းကို အရေးပေါ်သွားရမယ်ဆိုတာ သတိပြုပါ။
ရောဂါကိုသိနိုင်ဖို့ 
-----------------------------
ဒီလိုရာသီမှာ အထက်က လက္ခဏာမျိုးတွေနဲ့ ဖျားပြီဆိုရင် ဆရာဝန်နဲ့  ပြသစမ်းသပ်မှုခံယူပါ။ ဆရာဝန်က Hess Test ခေါ်တဲ့  လက်မှာ အနီစက်လေးတွေပေါ်ပေါက်မှုကို အကြမ်းအားဖြင့် စမ်းသပ်ပေးပြီး အခု ဆိုရင် အမြန်စစ်ဆေးလို့ ရတဲ့  Rapid Test Kit လေးတွေနဲ့  စမ်းသပ်ပြီး သွေးလွန်တုပ်ကွေး သံသယလူနာကို သတိမူမိအောင် ဆောင်ရွက် ပေးပါလိမ့် မယ်။

MosquitoCartoon2

ရောဂါ ရှိတယ်လို့  သံသယဖြစ်တဲ့ အခါ
--------------------------------------------------
ရောဂါ လက္ခဏာလိုက်ပြီး အဆင့် တွေခွဲထားသလို အဆင့် လိုက်ပြီး ကုသနည်းတွေလည်းကွဲပြားပါတယ်။ ရောဂါရှိနေတယ် လို့  သံသယဖြစ်စ အဆင့် ဆိုရင် အိမ်မှာပဲ ကုသလို့  ရတာတွေရှိပါတယ်။ သာမန်အဖျား အဆင့် ပေါ့ ။ ကိုယ်ပူရင်ရေပတ်တိုက်၊ အရည်တွေဆုံးရှုံးတာဖြည့် စွက်ဖို့  ဓာတ်ဆားလို အရည်များများတိုက် ( အညိုရောင် အရည်တွေတော့ ရှောင်ပါ၊ အန်တဲ့ အခါ တိုက်တဲ့ အရည်နဲ့  သွေးယိုစိမ့် မှုခွဲမရဖြစ်တတ်လို့ ပါ)၊ ပါရာစီတမော အပူကျဆေးကိုသာ အညွှန်းနဲ့ လိုက်ပြီး အသက် ဒါမှမဟုတ် ကိုယ်အလေးချိန်ပေါ်မူတည် တိုက်ကျွေးလို့ ရပါတယ်။ တခြား အပူကျ၊ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့  အက်စ်ပရင်၊ အင်နာဂျက်ဆင် ဗော်ထရင် နဲ့ အချို့တိုင်းရင်းဆေး တွေက သွေးယိုစိမ့် မှုဖြစ်စေလို့  လုံးဝရှောင်ကျဉ်ရမှာပါ။

အဲဒီအဆင့် ထက်ပိုလို့  သွေးယိုတဲ့ လက္ခဏာ တွေဖြစ်လာရင် ( နှာခေါင်းသွေးယိုတာ၊ ကော်ဖီရောင်အန်တာ၊ ဝမ်းမည်း သွားတာ စတာတွေနဲ့  သွေးလန့် လက္ခဏာတွေရှိလာရင်) ၊ တိုက်သမျှ ကျွေးသမျှ ဘာမှ လက်မခံ ပြန်ပြီးအန်နေရင်၊ ဆေးရုံဆေးခန်းမှာ တင်ပြီး အနီးကပ် ကြည့်ရှုကုသရမယ်ဆိုတာတော့  သတိပြုပါ။ သာမန် ဓာတ်ဆားရည်တွေသွင်းတာမျိုးကနေ သွေးသွင်းရတဲ့  အထိ အဆင့် ဆင့် ကုသသွားရပါတယ်။ သွေးလွန်တုပ်ကွေးက အန္တရာယ်များတယ်၊ ကြောက်စရာကောင်းတယ်ဆိုတာကို လက်ခံ့ရမှာ ဖြစ်သလို ကုသပျောက်ကင်းစရာဆေးဝါးမရှိတာလည်း သတိထားရပါမယ်။ ဒါပေမဲ့  တကယ်တမ်းလိုအပ်တဲ့  ကာကွယ်ရေးဖြစ်တဲ့  ခြင်ကျား နှိမ်နင်းရေးလုပ်ငန်းတွေ၊ ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာကလည်း ထိရောက်တဲ့  ကာကွယ်နည်းဆိုတာ လက်ခံပြီး တစ်ဦးချင်း၊ တစ်အိမ်ချင်း က အိမ်တွင်း နဲ့ ပတ်ဝန်းကျင် သန့် ရှင်းရေးကို သတိမူဆောင်ရွက်ကြရင် သောကတွေ လျော့ နည်းစေမှာ အသေအချာဘဲလို့  ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်။ ။

36090 Box Mosquito Net Double 2

ကာကွယ်ရေး
---------------------------------------
ဒီရောဂါ အဓိကဖြစ်တာက ခြင်ကိုက်လို့  ဆိုတာ သိထားရင် ခြင်အန္တရာယ်ကာကွယ်တာက ရောဂါကာကွယ်ပြီးသားဆိုတာ အလွယ်လေးမှတ်ရုံပါပဲ။့  လုပ်စရာက များများစားစား မဟုတ်ပါဘူး။ ခြင်ပေါက်ပွားမှုလျော့ ပါးဖို့ ၊ ခြင်မခိုလှုံနိုင်ဖို့  နဲ့  ခြင်ကိုက်မခံရဖို့  အဓိက ထားလုပ်ဆောင်ဖို့ သာလိုတာပါ။

(၁) အိမ်တွင်း၊ အိမ်ပြင် မှာရှိတဲ့ ရေထည့် ထားတဲ့  ရေစည်၊ရေအိုးတွေ၊ ရေတင်ကျန်နိုင်တဲ့  ကားတာယာဟောင်းလိုမျိုးတွေကို ခြင် မဝင်အောင် ဖုံးအုပ်ထားရပါမယ်။ သောက်ရေ၊ သုံးရေခွက်တွေ၊ ရေစည်ရေအိုး ၊ ဘုရာပန်း၊နတ်ပန်း အိုးတွေ အတွင်းပိုင်းကို သေသေချာချာ ပွတ်တိုက်ဆေးကြာပြီး သွန်ပစ်တာ၊ ရေရှားပါးတဲ့  နေရာတွေဆိုရင် ပိုးလောက်လန်းတွေ့ တဲ့ ရေတွေကို နောက်ထည့့် စရာတစ်ခုအထဲ ပြောင်းပြီး လဲလှယ်ပေးတာမျိုး တစ်ပတ်မှာ ၂ ကြိမ်လောက်လုပ်ပေးရပါမယ်။

(၂)အိမ်ပြင်ပ ဝန်းကျင်မှာရှိတဲ့  ဗူးခွံ၊ ပုလင်းခွံတွေ စွန့် ပစ်ပစ္စည်းတွေ မြေမြှုပ်ပစ်သင့် တာပါ။ အသုံးမပြုတဲ့  အိုး၊ခွက်တွေ မှောက်ထားဖို့ လည်းလိုပါတယ်။

(၃) ခြင်ကိုက်တာ ကာကွယ်ဖို့  အင်္ကျီ၊ဘောင်းဘီ အရှည်တွေဝတ်ဆင်တာမျိုး လုပ်သင့် သလို နေ့ ၊ည မရွေ်း ခြင်ထောင်နဲ့  အိပ်ရပါလိမ့် မယ်။

(၄) ရေလဲလှည်ဖို့ ခက်တဲ့  အုတ်ကန်၊ ရေစည်၊ရေကန်တွေမှာတော့  ပိုးလောက်လန်း စားတဲ့  ငါးမျိုးတွေထည့်  တာ ဒါမှမဟုတ် ပိုးလောက်လန်း သေစေတဲ့  Abate ခေါ်တဲ့  ဆေးခတ်တာမျိုး လုပ်ရပါတယ်။

ခြင်ဆေးမှုတ်ခြင်း
--------------------------
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာ သေချာတဲ့  လူနာရှိရာ အိမ်၊ ကျောင်း စတာတွေရဲ့  ကိုက် ၁၀၀ ဝန်းကျင်က အိမ်တွေကို ခြင်ဆေးမှုတ်ရင် လောလောဆယ်ရှိနေတဲ့  ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေကိုသေစေပါတယ်။ ဒါပေမဲ့  အဲဒီဆေးမှုတ်တဲ့  အာနိသင်က နာရီပိုင်းသာ ခံတတ်တာမို့  ဆေးမှုတ်ပြီး ပိုးလောက်လန်းနှိမ်နင်းရေး မလုပ်လို့ မရဘူးဆိုတာတော့  သတိပေးပါရစေ။

pest

 

Read More About Health Articles Here


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.