Wednesday, 08 June 2016 06:42

yoga

တစ်နေ့လုံးအလုပ်ပိပြီး ရုံးကကွန်ပြူတာရှေ့မှာတစ်ကုပ်ကုပ်နဲ့ ထိုင်အလုပ်လုပ်လာလိုက်တာ ရုံဆင်းချိန်ရောက်တော့မှ ခေါင်းတွေအုံ၊ သွေးလည်ပတ်မှုမမှန်ချင်သလိုလိုနဲ့ ကျောတွေညောင်းညာ ကိုက်ခဲနေတာကိုသတိထားမိလိုက်တော့တယ်။ ဒီတစ်ပတ်ရုံးပိတ်ရက်မှာ စိတ်ဖိစီးတာတွေနဲ့ ကိုယ်လက်နာကျင်တာတွေ လျှော့ကျဖို့ ယောဂသင်တန်းတက်အုံးမှပါလို့ ရုံးပိတ်ရက်အတွက် အစီအစဉ်ဆွဲ နေမိပါတော့တယ်။ ဒါကြောင့်၊ ယောဂသင်တန်းမတက်ခင် ယောဂအကြောင်းလေးကိုသိဖို့ နီးစပ်ရာရာကနေ လေ့လာကြည့်လိုက်မိပါတယ်။

ယောဂလို့ဆိုလိုက်တာနဲ့ မိန်းမလှတစ်ဦး ခန္ဓာကိုယ်ကိုဆန့်တန်း (သို့) ကွေးကောက်ပြနေတာကိုချက်ချင်းပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ယောဂကျင့်စဉ်က ဒီလိုခန္ဓာကိုယ်လှုပ်ရှားမှုတွေထက် ပိုပြီးလေးနက်သလိုကျန်းမာရေးနဲ့ လူနေမှုဘဝပုံစံနဲ့ ဆက်နွယ်ပါတယ်။ လူတွေဟာနေ့စဉ် ကျင့်ကြံ၊ ပြုမူ၊ ပြောဆိုရာမှာရည်ရွယ်ချက်ရှိရှိနေထိုင်ဖို့ထက် အမှတ်တမဲ့ဖြတ်သန်းသွားလာ အသက်ရှင်တတ်ကြတယ်။ ယောဂက ခန္ဓာနဲ့ စိတ်ကိုချိတ်ဆက်ပေးပြီး မိမိရဲ့စကားတစ်ခွန်း၊ ကိစ္စတစ်ခုခုကိုပြောဆိုလုပ်ဆောင်ရာမှာ စိတ်ကြည်လင်စွာနဲ့ မှန်မှန်ကန်ကန်၊ ရည်ရွယ်ချက်ရှိရှိ ပြောဆိုလုပ်ကိုင်လာနိုင်မှာဖြစ်တယ်လို့ ယောဂဆရာတစ်ပါးကဆိုဖူးပါတယ်။
ယောဂကျင့်စဉ်ကို ဝိညာဏအကျိုးကျေးဇူးအတွက်ပဲဖြစ်ဖြစ်၊ စိတ်ပိုင်းနှင့် ဇီဝကမ္မအကျိုးကျေးဇူးအတွက်ပဲ ဖြစ်ဖြစ် ကျင့်မယ်ဆိုရင်ကောင်းမွန်သင့်လျော်ပြီး ယောဂကိုကျင့်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေနဲ့ ခန္ဓာကိုယ်နာကျင်မှုတွေကိုဖြေလျှော့စေနိုင်တယ်ဆိုတာကတော့ အမှန်ပါပဲ။

မူလကတော့ ယောဂကိုဘာသာရေးကျင့်စဉ်အနေနဲ့သာကျင့်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ခန့်က အိန္ဒိယနိုင်ငံမှာရှေးဟောင်း ဝေဒဘာသာကနေကျင့်သုံးလာခဲ့ပြီး နောက်ပိုင်းမှာလူအများကတွင်တွင်ကျယ်ကျယ် ယောဂကိုကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။

ရှေးခေတ်ကာလအိန္ဒိယက အစပြုတဲ့ စိတ်ရော၊ ကိုယ်ခန္ဓာပါ ကြံ့ခိုင်စေတဲ့ ယောဂကျင့်စဉ်တွေဟာ ယနေ့ခေတ်မှာတော့ ဟောလီးဝုဒ်က မင်းသမီးတွေနဲ့ အခြားကျော်ကြားသူတွေကြားရေပန်းစားသလို မြန်မာနိုင်ငံမှာလည်း မင်းသမီးတွေနဲ့၊ မော်ဒယ်အချို့က ဦးစီးပြီး ဟိုတယ်တွေရဲ့ အားစားခန်းမတွေမှာသင်တန်းတွေဖွင့်ကြတာ နှစ်တော်တော်တောင်ကြာပါပြီ။ ဒါပေမယ့် အခြားကျာ်ကြားတဲ့သူတွေလုပ်လို့ လိုက်လုပ်တာမျိုးထက် ကိုယ်၊ စိတ် နှစ်ပါးကျန်းမာဖို့ စာဖတ်သူတွေကို ယောဂလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ တီဗွီ၊ ရုပ်ရှင် မင်းသမီးတွေလို အချိန်ပေးပြီးကိုယ်ခန္ဓာလှဖို့မလုပ်နိုင်သော်ငြားမိမိရဲ့စိတ်ရော၊ ခန္ဓာကိုယ်ပါ ကြံခိုင်ရေးအတွက် ဂရုစိုက်စေချင်ပါတယ်။
ယနေ့ခေတ်မှာ ကျန်းကျန်းမာမာနေနိုင်ဖို့ စိတ်ခန္ဓာကျင့်စဉ်တွေကိုအခြားဆေးဝါးတွေထက် လူတွေအဆမတန် စိတ်ဝင်စားမှုမြင့်တက်လာနေပြီး ယောဂကိုလည်း ခန္ဓာကိုယ်လှုပ်ရှားမှုလေ့ကျင့်ခန်း သက်သက်အနေနဲ့ မဟုတ်တော့ပဲအနာရောဂါအလုံးစုံငြိမ်းစေနိုင်ဖို့ လက်နက်တစ်ခုလိုအသုံးပြုကျင့်ကြံ လာကြပါတယ်။ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်ရတဲ့ လေ့ကျင့်ခန်းလည်းဖြစ် ငွေကြေးအကုန်အကျနည်းတဲ့ ကုထုံးလည်းဖြစ်တာကြောင့် ယောဂကျင့်စဉ်ဟာပိုမိုကျယ်ပြန်လာမယ့် ကျန်းမာရေးလိုက်စားမှုနဲ့ ကျန်းမာရေး ကုထုံးတမျိုး ဖြစ်လာနိုင်ပါတယ်။

ယောဂသင်တန်းများ
-------------------------------------------
ယခင်ကရန်ကုန်မှာယောဂသင်တန်းတွေ သိပ်မရှိခဲ့ပေမယ့် ယနေ့ခေတ်မှာ ကျန်းမာရေး အတွက်သော်လည်းကောင်း၊ အလုပ်ဖိစီးမှုကြောင့် စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ ယောဂသင်တန်းကျောင်းတွေ ဖွင့်လှစ်လာကြတာကိုတွေ့ရပါတယ်။

Yangon Yoga House

yoga2

၂၀၁၄ ခုနှစ်မှာစဖွင့်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်စာ၊ စကားနဲ့သင်ပြပေးတဲ့ ယောဂသင်တန်းလို့ပြောရမှာပါ။ ဖွင့်လှစ်တဲ့သင်တန်းဆရာကတော့ Jo Jo Yang ဖြစ်ပြီး အဆင့်အားလုံးကိုအထောာက်အကူပေးနိုင်မယ့် ယောဂလေ့ကျင့်ခန်းတွေကို သင်ကြားပေးတာပါ။ Vinyasa, Hatha, Ashtangaနဲ့ Restorative Yoga အဆင့်အားလုံးသင်ကြားပေးပါတယ်။ ဆပ်ကပ်သင်တန်းတွေ၊ Pilates နဲ့ Cardio Barreစတဲ့ ဘဲလေးအကသင်တန်းတွေကိုလည်း စတူဒီယိုကနေ ဖွင့်လှစ်ပေးထားပါတယ်။ မန္တရာ ရွတ်ဆိုခြင်းနဲ့ soulsongs Kirtan ရှေးဟောင်းဂါထာရွတ်ဆိုသင်တန်းတွေလည်းပို့ချပေးနေပြီး 5 Class Pass အတွက် 55 USD နဲ့ 10 Class Pass အတွက် အတွက် 100 USDကုန်ကျနိုင်ပါတယ်။ အပတ်စဉ် အချိန်ဇယားနဲ့ ဈေးနှုန်းအတိအကျသိလိုတာတွေကို Yangon Yoga House ရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ www. yangonyogahouse.com မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး သင်တန်းတက်ရောက်ချင်သူတွေအနေနဲ့ [email protected]သို့ အီးမေးလ်ပေးပိုအကြောင်းကြားနိုင်ပါတယ်။
ရန်ကင်းလမ်းသွယ် (၁)၊ အခန်း (၄)၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံတောင်ဖက်၊ ရန်ကင်း

Jenny Yoga Myanmar

မြန်မာလူမျိုးယောဂဆရာတွေ သင်ကြားပေးပြီး နိုင်ငံခြားသားတွေလည်း တက်ရောက်ကြတာကိုတွေ့ရပါတယ်။ Iyengar yoga ကိုMiss Jenny က တရုတ်နိုင်ငံဘေဂျင်းကနေသုံးနှစ်သင်ယူလာခဲ့ ပြီးနောက် မြန်မာနိုင်ငံမှာ မြန်မာယောဂဆရာတွေနဲ့ ချိတ်ဆက်ဖွင့်လှစ်ခဲ့တာပါ။ ခန္ဓာကိုယ်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေအပြင်၊ ယောဂရဲ့အကျိုးကျေးဇူးများနှင့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဗဟုသုတအဖြစ်သင်ကြားပေးပါတယ်။ အပတ်စဉ် သင်တန်းချိန်သုံးချိန်ဖွင့်လှစ်ပြီး တက်ရောက်သူတွေအနေနဲ့ တစ်လသင်တန်း၊ သုံးလသင်တန်း၊ ခြောက်လသင်တန်း (သို့) တစ်နှစ်သင်တန်းဆိုပြီး ရွေးချယ်တက်ရောက်လို့ရပါတယ်။
အမှတ် (၂၃၇)၊ 3-A၊ အနော်ရထာလမ်း၊ လမ်းမတော်
၀၉၉၇၂၈၀၅၁၇၅၊ [email protected]

Kuuzchi Yangon

နိုင်ငံခြားသားတစ်ဦး ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Vinyasa Yoga သင်တန်းတွေကိုအပတ်စဉ် တနင်္ဂလာ၊ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ သင်ကြားပေးပါတယ်။ ကိုယ်ဝန်သည်အမျိုးသမီးတွေ အတွက်လည်း အထူးသီးသန့်သင်တန်းတွေရှိပြီး ကျောရိုးနဲ့ ကြွက်သားသင်ခန်းစာတွေ၊ သွေးလည်ပတ်မှုကောင်းမွန်ဖို့ ယောဂသင်ခန်းစာတွေ ကိုသင်ယူနိုင်မှာဖြစ်လို့ ကိုယ်ဝန်ဆောင်တွေနဲ့ ရုံးဝန်ထမ်းတွေအတွက် အထူးသင့်တော်ပါတယ်။
10C၊ သံလွင်လမ်း၊ ရန်ကုန်
၀၉ ၂၅၄၁၇၇၅၁၁

Relaxing Yoga Weekends at Chatrium Hotels and Residences

သူငယ်ချင်းမိတ်ဆွေများနှင့်အတူ စနေ တနင်္ဂနွေအားလပ်ရက် တိုင်း ယောဂကစားချင်သူများအတွက် ရန်ကုန်မြို့ကနေ Chatrium ဟိုတယ်ရေကူးကန်နံဘေးမှာ အပတ်စဉ် စနေ တနင်္ဂနွေနေ့များတွင် လာရောက်သင်ယူကစားနိုင်တဲ့ Relaxing Yoga Weekends အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါသည်။
တနင်္ဂနွေနေ့မနက်တိုင်း (၇.၃၀ မှ ၈.၃၀ အထိ) Chatrium ဟိုတယ်ရေကူးကန်နံဘေးတွင် ဂျပန်လူမျိုးသင်တန်းဆရာမ Ms. Chie Yamaji က အခြေခံမှ စကာသင်ကြားပြသပေးမည်ဖြစ်သဖြင့် Chatrium Health Club သို့ ဆက်သွယ်စာရင်းပေးသွင်းကာ သူငယ်ချင်းမိတ်ဆွေများနှင့် အတူ စိတ်လက်ပေါ့ပါးစွာ ကစားနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အဖွဲ့ဝင်အသင်းသားတစ်ဦးလျင် USD 130 (၁၀ ကြိမ်ကစားခွင့်) နှင့်တစ်ကြိမ် ကစားခွင့်လျှင် USD 15 နှုန်းဖြစ်ပါသည်။

Chatrium Health Club
၅၄၄၅ဝဝ (၆၃၅၁)
[email protected]

13403790 668584933295724 4328237860864215894 o

Read More Articles Here


Read 405 times Last modified on Wednesday, 08 June 2016 07:38
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.