Tuesday, 11 February 2020 05:21

4-types-of-stress-Do-you-know-what-is-causing-yours-1050x700.jpg

တစ္ေန႔တစ္ေန႔ အလုပ္ေတြနဲ႔လုံးပန္းရင္း မေခၚဘဲေရာက္လာတဲ့ ဧည့္သည္ကိုလည္း ေမာင္းထုတ္ရခက္ေနတတ္တယ္ေနာ္။ ဒါကေတာ့ ကိုယ္ကမေတာင့္တေတာင္ ကိုယ့္ဆီေရာက္လာတတ္တဲ့ စိတ္ဖိစီးမႈဘဲ ျဖစ္ပါတယ္။

စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈဆိုတာက ခႏၶာကိုယ္မွာေျပာင္းလဲမႈေတြျဖစ္လာတဲ့အခါ ျဖစ္ေပၚတတ္တဲ့ သာမန္တုံ႔ျပန္မႈတစ္ခုေပါ့။ ဒီေျပာင္းလဲမႈကို ခႏၶာကိုယ္က ႐ုပ္ပိုင္းဆိုင္ရာအရေသာ္လည္းေကာင္း၊ စိတ္ပိုင္းဆိုင္ရာအရေသာ္လည္းေကာင္း တုံ႔ျပန္တတ္ပါတယ္။ စိတ္ဖိစီးမႈက စိတ္ပိုင္းဆိုင္ရာတုံ႔ျပန္မႈနဲ႔ ႐ုပ္ပိုင္းဆိုင္ရာတုံ႔ျပန္မႈကို အေျပာင္းအလဲေတြျဖစ္ေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈဆိုတာမ်ိဳးက ေန႔စဥ္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုလိုေတာင္ ျဖစ္ေနတတ္ပါေသးတယ္။ ေန႔စဥ္ထိေတြ႕ဆက္ဆံေနတဲ့ ပတ္ဝန္းက်င္ေၾကာင့္၊ ကိုယ္ရဲ႕အေတြးေတြနဲ႔ ကိုယ့္ရဲ႕အျပဳအမူေတြေၾကာင့္ စိတ္ဖိစီးမႈဝင္ႏိုင္ပါတယ္။

စိတ္ဖိစီးမႈေၾကာင့္ ခံစားရႏိုင္တဲ့ေရာဂါမ်ား

လူေတြရဲ႕ခႏၶာကိုယ္က စိတ္ဖိစီးမႈကို ခံစားတုံ႔ျပန္ႏိုင္စြမ္းရွိၾကပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ၾကာၾကာ သိမ္းထားမလဲဆိုတာကေတာ့ ကိုယ့္ရဲ႕စိတ္ဆုံးျဖတ္ခ်က္ေပၚမွာ မူတည္ေနမွာပါ။ လူတစ္ေယာက္ဟာ ေန႔စဥ္နဲ႔အမွ် စိတ္ဖိစီးမႈကို ခံစားလာရမယ္ဆိုရင္ေတာ့ အျပဳသေဘာ မေဆာင္ႏိုင္ေတာ့ဘဲ အပ်က္သေဘာေဆာင္လာၿပီး ခႏၶာကိုယ္မွာေရာဂါေတြဝင္လာနိုင္ပါတယ္။ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ ဒီေရာဂါေတြခံစားလာရႏိုင္ပါတယ္။

အစာအဆိပ္သင့္မႈမျဖစ္ပြားေစရန္ အစားအစာခ်က္ျပဳတ္သူမ်ားမွ လိုက္နာသင့္သည့္ အခ်က္မ်ား

၁။ ႏွလုံးေရာဂါ
ကာလရွည္ၾကာစိတ္ဖိစီးတာေၾကာင့္ ေသြးေပါင္ခ်ိန္ျမင့္ရာကေနေနာက္ပိုင္းမွာ ႏွလုံးေရာဂါခံစားရႏိုင္ပါတယ္။ စိတ္ဖိစီးမႈက ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးစီးဆင္းမႈကိုတိုးေစႏိုင္ၿပီး ေသြးတြင္းကိုလက္စထေရာမ်ားလာေစတာေၾကာင့္ ႏွလုံးက်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

၂။ ပန္းနာရင္က်ပ္
ေလ့လာမႈေတြအရ စိတ္ဖိစီးမႈက ပန္းနာရင္က်ပ္ေရာဂါကို ပိုဆိုးေစႏိုင္ပါတယ္။ ကာလရွည္ၾကာစိတ္ဖိစီးမႈက ပန္းနာရင္က်ပ္ေရာဂါ ခံစားရႏိုင္ေျခကို တိုးေစႏိုင္ပါတယ္။

၃။ အဝလြန္
စိတ္ဖိစီးမႈမ်ားတာက ကိုယ္တြင္းမွာ ေကာ္တီေစာေဟာ္မုန္းပမာဏကို တိုးေစၿပီး ဝမ္းဗိုက္၊ တင္ပါးနဲ႔ေျခေထာက္ေတြမွာ အဆီေတြစုေစရာကေနတဆင့္ေနာက္ဆုံးမွာ အဝလြန္တာအထိျဖစ္ေစႏိုင္ပါတယ္။

၄။ ဆီးခ်ိဳ
အခ်ိဳစားမ်ားမွ ဆီးခ်ိဳျဖစ္တာမဟုတ္ပါဘူး။ စိတ္ဖိစီးမႈေၾကာင့္ ဆီးခ်ိဳျဖစ္ႏိုင္သလို ဆီးခ်ိဳရွိသူေတြမွာလည္း ပိုဆိုးေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ က်န္းမာေရးနဲ႔မညီတဲ့ စားေသာက္မႈပုံစံေတြျဖစ္လာေစၿပီး ေသြးတြင္းအခ်ိဳဓါတ္ကိုျမင့္တက္ေစမႈကေနတဆင့္ ဆီးခ်ိဳေရာဂါကို ခံစားရေစပါတယ္။

၅။ ေခါင္းကိုက္
စိတ္ဖိစီးမႈမ်ားလာတဲ့အခါ အရင္ဆုံးခံစားရမွာက ေခါင္းကိုက္တာပါ။ စိတ္ဖိစီးမႈမ်ားတာက ေခါင္းကိုက္ေစတဲ့အျပင္ေခါင္းတစ္ျခမ္းကိုက္ေရာဂါကိုပါ ခံစားရေစႏိုင္ပါတယ္။

၆။ စိတ္ဓါတ္က်
ကာလရွည္ၾကာစိတ္ဖိစီးမႈက စိတ္ဓါတ္က်တာကိုျဖစ္ေစႏိုင္တယ္ဆိုတာက အဆန္းႀကီးေတာ့မဟုတ္ပါဘူး။ ေန႔စဥ္ထိေတြ႕ေနရတဲ့ ပတ္ဝန္းက်င္ကေန စိတ္ဖိစီးမႈကို ခံစားေနရသူေတြက အျခားသူေတြထက္ စိတ္ဓါတ္က်မႈကို ခံစားရႏိုင္ေျခ ၈၀ ရာခိုင္ႏႈန္းပိုမ်ားေနႏိုင္ပါတယ္။

၇။ အစာအိမ္အူလမ္းေၾကာင္းျပႆနာ
အစာမေၾကတာ၊ ရင္ပူတာေတြက စားလိုက္တဲ့ အစားအစာေတြေၾကာင့္ျဖစ္ႏိုင္သလို ကာလရွည္ၾကာ ပိုက္ထားခဲ့ရတဲ့ စိတ္ဖိစီးမႈေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ စားလိုက္တိုင္းအာဟာရျဖစ္ၿပီး အစာေျခစနစ္က်န္းမာေနေစဖို႔ စိတ္ဖိစီးမႈကို ျမန္ျမန္အေဝးလႊင့္ပစ္ပါေနာ္။

မိန္းကေလးတိုင္းရဲ႕ လက္စြဲေတာ္ Dolfenal ရဲ႕ ေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕

၈။ အယ္လ္ဇိုင္းမားေရာဂါ (စိတ္ခ်ိဳ႕ယြင္းမႈေရာဂါတစ္မ်ိဳး)
ေလ့လာမႈအရ စိတ္ဖိစီးမႈေၾကာင့္ အယ္လ္ဇိုင္းမားေရာဂါ ခံစားရႏိုင္ေျခပိုမ်ားေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈကေရာဂါရွိသူေတြမွာလည္း ပိုဆိုးေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ႏိုင္ေလေလ ေရာဂါခံစားရႏိုင္ေျခနည္းေလေလပါ။

၉။ အိပ္စက္မႈထိခိုက္ႏိုင္တယ္
စိတ္ဖိစီးရင္ ဘယ္ေလာက္အိပ္အိပ္ အိပ္မေပ်ာ္ပါဘူး။ ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္တာၾကာလာတဲ့အခါ စိတ္ခံစားမႈေတြမေကာင္းသလို မွတ္ဉာဏ္ေတြပါ ထိခိုက္လာပါေတာ့တယ္။ ဒီလိုမ်ိဳး အိပ္ေရးပ်က္ညေတြမ်ားလာတာက ခႏၶာကိုယ္က စိတ္ဖိစီးမႈကို ႏွင္ထုတ္ရာမွာ အခက္ေတြ႕သထက္ေတြ႕ေစေတာ့ပါတယ္။

၁၀။ အနာက်က္ေႏွးမယ္
စိတ္ဖိစီးမႈမ်ားတဲ့အခါ ခႏၶါကိုယ္မွာေကာတီေစာ ပမာဏေတြမ်ားလာၿပီး အနာက်က္မႈျဖစ္စဥ္ကို အဟန႔္အတားျဖစ္ေစပါတယ္။ ကိုယ္ခံအား အားနည္းလာၿပီး အနာက်က္မႈျဖစ္စဥ္ကို ေနွးေကြးေစပါတယ္။

၁၁။ အိုမင္းရင့္ေရာ္ေစႏိုင္တယ္
စိတ္ဖိစီးမႈက လူရဲ႕႐ုပ္သြင္ျပင္ကို ထိခိုက္ေစႏိုင္ပါတယ္။ ေန႔စဥ္နဲ႔အမွ် စိတ္ဖိစီးမႈကို ေရွာင္လႊဲခြင့္မရဘဲ ရင္ဆိုင္ေနရသူေတြမွာ ရွိရင္းစြဲအသက္ထက္ ၉ ႏွစ္ ကေန ၁၇ ႏွစ္အထိ အိုမင္းရင့္ေရာ္ႏိုင္တယ္လို႔ ေလ့လာမႈရလဒ္ေတြအရသိရပါတယ္။

၁၂။ အ႐ြယ္မတိုင္ခင္ေသဆုံးမယ္
စိတ္ဖိစီးမႈက ကိုယ္ေရာစိတ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္ေနာ္။ ေန႔စဥ္နဲ႔အမွ် စိတ္ဖိစီးမႈကို ရင္ဆိုင္ရသူေတြဟာ အျခားသူေတြထက္ အ႐ြယ္မတိုင္ခင္ေသဆုံးႏိုင္ေျခ ၆၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္ေနပါတယ္။

စိတ္ဖိစီးမႈကို ဒီလိုေျဖေလွ်ာ့ပါ

အျပဳသေဘာေဆာင္တဲ့ သေဘာထားရွိပါေစ၊ ကိုယ္မလုပ္ေဆာင္ႏိုင္တဲ့ အေျခအေနကို လက္သင့္ခံတတ္ပါေစ၊ တရားထိုင္တာ၊ ေယာဂကစားတာလိုမ်ိဳး စိတ္အပန္းေျပေစတဲ့ အားကစားလုပ္ျဖစ္ေအာင္ဂ႐ုစိုက္ပါ၊ ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္လုပ္ျဖစ္ေအာင္ဂ႐ုစိုက္ပါ၊ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္စားသုံးတတ္ပါေစ၊ အခ်ိန္ေတြကို အက်ိဳးရွိရွိအသုံးခ်တတ္ပါေစ၊ လုံေလာက္တဲ့ အိပ္စက္အနားယူမႈရွိပါေစ၊ အရက္နဲ႔ေဆးလိပ္လိုမ်ိဳးအရာေတြကို စိတ္ေျဖစရာအျဖစ္ အသုံးမျပဳပါနဲ႔၊ ခ်စ္ခင္ရသူေတြနဲ႔ အခ်ိန္ေပးေတြ႕ဆုံေပးပါ။

ဒီနည္းေလးေတြသုံးလို႔ စိတ္ဖိစီးမႈကို ဘိုင့္ဘိုင္လို႔ ႏႈတ္ဆက္ၿပီး ေရာဂါကင္းကင္းနဲ႔ က်န္းမာေပ်ာ္႐ႊင္တဲ့ေန႔စဥ္ဘဝေလးကို ပိုင္ဆိုင္လိုက္ပါ။

Credit; Hello Sayarwon

unicode

စိတ်ဖိစီးမှုများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါ (၁၂) မျိုး

တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်း မောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်ကမတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုဘဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာက ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း တုံ့ပြန်တတ်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာမျိုးက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေတတ်ပါသေးတယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ရောဂါများ

လူတွေရဲ့ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ သိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘော မဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ဒီရောဂါတွေခံစားလာရနိုင်ပါတယ်။

၁။ နှလုံးရောဂါ
ကာလရှည်ကြာစိတ်ဖိစီးတာကြောင့် သွေးပေါင်ချိန်မြင့်ရာကနေနောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်းနဲ့ သွေးစီးဆင်းမှုကိုတိုးစေနိုင်ပြီး သွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ပန်းနာရင်ကျပ်
လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

၃။ အဝလွန်
စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာ ကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့်နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။

၄။ ဆီးချို
အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်သလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီး သွေးတွင်းအချိုဓါတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။

၅။ ခေါင်းကိုက်
စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာက ခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာက ခေါင်းကိုက်စေတဲ့အပြင်ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါ ခံစားရစေနိုင်ပါတယ်။

၆။ စိတ်ဓါတ်ကျ
ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓါတ်ကျတာကိုဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓါတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။

၇။ အစာအိမ်အူလမ်းကြောင်းပြဿနာ
အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်းအာဟာရဖြစ်ပြီး အစာခြေစနစ်ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကို မြန်မြန်အဝေးလွှင့်ပစ်ပါနော်။

၈။ အယ်လ်ဇိုင်းမားရောဂါ (စိတ်ချို့ယွင်းမှုရောဂါတစ်မျိုး)
လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါ ခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေ ရောဂါခံစားရနိုင်ခြေနည်းလေလေပါ။

၉။ အိပ်စက်မှုထိခိုက်နိုင်တယ်
စိတ်ဖိစီးရင် ဘယ်လောက်အိပ်အိပ် အိပ်မပျော်ပါဘူး။ ညဘက်ကောင်းကောင်း အိပ်မပျော်တာကြာလာတဲ့အခါ စိတ်ခံစားမှုတွေမကောင်းသလို မှတ်ဉာဏ်တွေပါ ထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး အိပ်ရေးပျက်ညတွေများလာတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို နှင်ထုတ်ရာမှာ အခက်တွေ့သထက်တွေ့စေတော့ပါတယ်။

၁၀။ အနာကျက်နှေးမယ်
စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓါကိုယ်မှာကောတီစော ပမာဏတွေများလာပြီး အနာကျက်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအား အားနည်းလာပြီး အနာကျက်မှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

၁၁။ အိုမင်းရင့်ရော်စေနိုင်တယ်
စိတ်ဖိစီးမှုက လူရဲ့ရုပ်သွင်ပြင်ကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရှောင်လွှဲခွင့်မရဘဲ ရင်ဆိုင်နေရသူတွေမှာ ရှိရင်းစွဲအသက်ထက် ၉ နှစ် ကနေ ၁၇ နှစ်အထိ အိုမင်းရင့်ရော်နိုင်တယ်လို့ လေ့လာမှုရလဒ်တွေအရသိရပါတယ်။

၁၂။ အရွယ်မတိုင်ခင်သေဆုံးမယ်
စိတ်ဖိစီးမှုက ကိုယ်ရောစိတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်နော်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရင်ဆိုင်ရသူတွေဟာ အခြားသူတွေထက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။

စိတ်ဖိစီးမှုကို ဒီလိုဖြေလျှော့ပါ

အပြုသဘောဆောင်တဲ့ သဘောထားရှိပါစေ၊ ကိုယ်မလုပ်ဆောင်နိုင်တဲ့ အခြေအနေကို လက်သင့်ခံတတ်ပါစေ၊ တရားထိုင်တာ၊ ယောဂကစားတာလိုမျိုး စိတ်အပန်းပြေစေတဲ့ အားကစားလုပ်ဖြစ်အောင်ဂရုစိုက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်အောင်ဂရုစိုက်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ပါစေ၊ အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်ပါစေ၊ လုံလောက်တဲ့ အိပ်စက်အနားယူမှုရှိပါစေ၊ အရက်နဲ့ဆေးလိပ်လိုမျိုးအရာတွေကို စိတ်ဖြေစရာအဖြစ် အသုံးမပြုပါနဲ့၊ ချစ်ခင်ရသူတွေနဲ့ အချိန်ပေးတွေ့ဆုံပေးပါ။

ဒီနည်းလေးတွေသုံးလို့ စိတ်ဖိစီးမှုကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်ပြီး ရောဂါကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့နေ့စဉ်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.