Tuesday, 04 February 2020 10:34

hong-kong-masks.jpg

သာမန္ျပည္သူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) ကိုဘယ္လိုအခ်ိန္ေတြမွာ အသုံးျပဳရမလဲဆိုတာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ အခ်က္မ်ားကို ေအာက္မွာေဖာ္ျပေပးထားပါသည္။

(Mask) ကို ဘယ္လိုလူေတြ အသံုးျပဳသင့္တာလဲ

ဖ်ားျခင္း၊ ႏွာေခ်၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈရခက္ခဲျခင္း စသည့္အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာရွိသူမ်ားသည္ ခြဲစိတ္ခန္းသုံး ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Surgical Mask) ကိုအသုံးျပဳရပါမည္။

အထက္ပါေရာဂါလကၡဏာရွိသူကို အနီးကပ္ ျပဳစုေစာင့္ေရွာက္ေနသူမ်ားသည္လည္း ခြဲစိတ္ခန္းသုံး ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Surgical Mask) ကိုအသုံးျပဳရပါမည္။

အထက္ပါေရာဂါလကၡဏာရွိသူကို ျပဳစုကုသေနေသာ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္မူ အေျခအေနအေပၚမူတည္၍ ခြဲစိတ္ခန္းသုံး ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Surgical Mask) သို႔မဟုတ္ N95 Mask ကိုအသုံးျပဳရပါမည္။

အထက္ပါအေျခအေနမ်ားမွလြဲ၍ သာမန္ျပည္သူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) ကိုအသုံးျပဳရန္ မလိုအပ္ပါေၾကာင္း ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီးက အႀကံျပဳထားပါသည္။

လူေျပာမ်ားေနတဲ့ ဝူဟန္ဗိုင္းရပ္စ္ကူးစက္မႈႏွင့္ ပက္သက္ေသာ သတင္းေတြက မွန္လား/မွားလား?

2019 Novel Coronavirus အဆုတ္ေရာင္ေရာဂါ ကာကြယ္ႏိုင္ရန္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) ကို အသုံးျပဳရာတြင္ လိုက္နာရမည့္အခ်က္မ်ား

(၁) Surgical Mask ကိုအသုံးျပဳရာတြင္ အေရာင္ပိုရင့္သည့္ မ်က္ႏွာျပင္ကို အျပင္ဘက္တြင္ ထားရွိပါ။
(၂) ပါးစပ္ႏွင့္ ႏွာေခါင္း ႏွစ္ခုစလုံးကို လုံၿခဳံေအာင္ ဖုံးအုပ္ပါ။
(၃) Mask ၏ ေဘးအနားစြန္းမ်ားႏွင့္ မိမိ၏ မ်က္ႏွာၾကားတြင္ လစ္ဟာမႈ (Gap) မရွိေစရပါ။
(၄) Mask အသုံးျပဳေနစဥ္ Mask ကို လက္ျဖင့္ ထိေတြ႕ကိုင္တြယ္ျခင္း မျပဳရပါ။
(၅) Mask ကို ဖယ္ရွားမည္ဆိုပါက Mask အေနာက္ဘက္ရွိ ႀကိဳးကိုသာ ကိုင္တြယ္ဖယ္ရွားပါ။
(၆) Mask ကို ဖယ္ရွားၿပီးပါက မိမိ၏ လက္ကို စနစ္တက် ျပန္လည္ေဆးေၾကာပါ။
(၇) မိမိအသုံးျပဳေနေသာ Mask သည္ စိုစြတ္လာပါက Mask အသစ္တစ္ခုႏွင့္ လဲလွယ္အသုံးျပဳပါ။
(၈) အသုံးျပဳၿပီးသား Mask မ်ားကို ျပန္လည္၍ အသုံးမျပဳရပါ။
(၉) ခ်ည္ထည္၊ ပိတ္စအဝတ္တို႔ျဖင့္ ျပဳလုပ္ထားသည့္ Mask မ်ားကို အသုံးမျပဳရပါ။

ဝူဟန္ၿမိဳ႕မွ ျပန္လည္ေခၚယူလာသည့္ ေက်ာင္းသား/သူ ၅၉ ဦး၏ က်န္းမာေရးကို ၁၄ ရက္တိတိ ေစာင့္ၾကည့္မည္

83758241_196739454751921_7721081734724321280_n.jpg

Ref; Ministry of Health and Sports, Myanmar,WHO

unicode

သာမန်ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုဘယ်လိုအချိန်တွေမှာ အသုံးပြုရမလဲဆိုတာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များကို အောက်မှာဖော်ပြပေးထားပါသည်။

(Mask) ကို ဘယ်လိုလူတွေ အသုံးပြုသင့်တာလဲ

ဖျားခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူများသည် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ကိုအသုံးပြုရပါမည်။

အထက်ပါရောဂါလက္ခဏာရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေသူများသည်လည်း ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ကိုအသုံးပြုရပါမည်။

အထက်ပါရောဂါလက္ခဏာရှိသူကို ပြုစုကုသနေသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့်မူ အခြေအနေအပေါ်မူတည်၍ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) သို့မဟုတ် N95 Mask ကိုအသုံးပြုရပါမည်။

အထက်ပါအခြေအနေများမှလွဲ၍ သာမန်ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုအသုံးပြုရန် မလိုအပ်ပါကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါသည်။

2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

(၁) Surgical Mask ကိုအသုံးပြုရာတွင် အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိပါ။
(၂) ပါးစပ်နှင့် နှာခေါင်း နှစ်ခုစလုံးကို လုံခြုံအောင် ဖုံးအုပ်ပါ။
(၃) Mask ၏ ဘေးအနားစွန်းများနှင့် မိမိ၏ မျက်နှာကြားတွင် လစ်ဟာမှု (Gap) မရှိစေရပါ။
(၄) Mask အသုံးပြုနေစဉ် Mask ကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။
(၅) Mask ကို ဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားပါ။
(၆) Mask ကို ဖယ်ရှားပြီးပါက မိမိ၏ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။
(၇) မိမိအသုံးပြုနေသော Mask သည် စိုစွတ်လာပါက Mask အသစ်တစ်ခုနှင့် လဲလှယ်အသုံးပြုပါ။
(၈) အသုံးပြုပြီးသား Mask များကို ပြန်လည်၍ အသုံးမပြုရပါ။
(၉) ချည်ထည်၊ ပိတ်စအဝတ်တို့ဖြင့် ပြုလုပ်ထားသည့် Mask များကို အသုံးမပြုရပါ။


Read times Last modified on Tuesday, 04 February 2020 11:09
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.