Thursday, 14 November 2019 11:32

download_7.jpeg

အိပ်စက်မှု ပြဿနာများကြောင့် နှလုံးနှင့် ဦးနှောက် ရောဂါ များ၊ လေဖြတ်ခြင်းတို့ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြပါသည်။

လေ့လာမှုတွင် တရုတ်နိုင်ငံရှိပျမ်းမျှအသက် (၅၁) နှစ်အရွယ်လူ ၄၈၇,၂၀၀ ပါဝင်ပြီး ၎င်းတို့သည်လေဖြတ်ခြင်း (သို့မဟုတ်) နှလုံးရောဂါမဖြစ်ဖူးသူများ ပါဝင်ပါသည်။

၎င်းတို့ကို (၁၀) နှစ်ကြာစောင့်ကြည့်လေ့လာရာ လူ ၁၃၀,၀၀၀ ကျော်သည် လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းနှင့် အလားတူရောဂါများဖြစ်ပွားကြောင်းတွေ့ရှိသည်။

>>>လုပ်ငန်းခွင်မှာ အိပ်မငိုက်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

အိပ်ရေးပျက်ခြင်းလက္ခဏာမရှိသူများနှင့် နှိုင်းယှဉ်ပါက အိပ်ပျော်ရန်ခက်ခဲခြင်း၊ ကောင်းစွာအိပ်မပျော်ခြင်းနှင့် စောစောနိုးခြင်းကဲ့သို့ အိပ်စက်မှုဆိုင်ရာ ပြဿနာရှိသူများသည် နှလုံးနှင့် ဦးနှောက် ရောဂါဖြစ်ပွား နိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုများကြောင်းတွေ့ရှိသည်။

အိပ်ရေးပျက်မှုလက္ခဏာများနှင့် ယင်းရောဂါများဖြစ်ပွားမှု ကြားဆက်နွှယ်မှုသည်လူလတ်ပိုင်းနှင့် လေ့လာမှုစတင်ချိန်က သွေးတိုးမရှိသူများတွင် ပို၍အားကောင်းကြောင်း ဘေဂျင်းမြို့ရှိ ပီကင်း တက္ကသိုလ်မှ တင်ပြထားပါသည်။

အိပ်ပျော်ရန်ခက်ခဲသူများ (သို့မဟုတ်) ကောင်းစွာအိပ်ပျော်ရန် ခက်ခဲသူများသည် လေဖြတ်ခြင်း (သို့မဟုတ်) နှလုံးပြဿနာ ကြုံတွေ့နိုင်ခြေ ၃၂ ရာခိုင်နှုန်းရှိသည်။

>>>ဝန်ထမ်းတစ်ယောက်ရဲ့ ရုံးပြန်ချိန်ကို အကျိုးရှိအောင်ကုန်ဆုံးသင့်တဲ့ နည်းလမ်း (၄) ချက်

စောလွန်းစွာအိပ်ရာကနိုးပြီး ပြန်အိပ်မရသောပြဿနာရှိ သူများသည် ယင်းရောဂါများဖြစ်ပွားနိုင်ခြေ ၇ ရာခိုင်နှုန်းပိုမြင့်မားသည်။ လေ့လာမှုမှာ အိပ်ရေးပျက်မှုလက္ခဏာက နှလုံးထိခိုက်ခြင်းနှင့် လေဖြတ်ခြင်းဖြစ်စေကြောင်း သတ်သေပြခြင်းမဟုတ်ဘဲ ယင်းအခြေအနေများကြား ဆက်စပ်မှုကိုသာဖော်ပြခြင်းဖြစ်သည်။

အိပ်စက်မှုဆိုင်ရာ ပြဿနာရှိသူများကို ပစ်မှတ်ထားပြီး အပြုအမူဆိုင်ရာ ကုထုံးများဖြင့် ကြိုတင်ကြားဝင်ဖြေရှင်းပါက လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းနှင့်အခြားရောဂါများတွင် ဖြစ်မလာ အောင်ကာကွယ်နိုင်ကြောင်း သုတေသီများကပြောကြားသည်။

Source 7 Daily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.