Friday, 08 November 2019 03:55

layering-skin-care-lede-1.jpg

နေရောင်ကာခရင်မ် (Sunscreen) ကို အများအားဖြင့် နေပူထဲသွားတဲ့ အခါမျိုးနဲ့ နွေရာသီလို နေအပူရှိန် ပြင်းတဲ့အချိန်မျိုးတွေမှာသာ အသုံးပြုရမယ်လို့ သိထားကြပေမယ့်

အရေပြား သုတေသန ပညာရှင်တွေရဲ့ အခု နောက်ဆုံး ပြုလုပ်တဲ့ လေ့လာချက်တွေအရ ဖုန်းနဲ့ ကွန်ပျူတာ နေ့စဉ် အသုံးပြုနေသူတွေဟာ Sunscreen မဖြစ်မနေ လိမ်းသင့်တယ်လို့ အကြံပြု ပြောဆိုထားပါတယ်။

လေ့လာသူတွေရဲ့ အဆိုအရ တနေ့တာအသုံးပြုနေတဲ့ ဖုန်းနဲ့ကွန်ပျူတာတို့ကနေထွက်တဲ့ ရောင်ခြည်တွေဟာ နေပူထဲမှာ အမိုးအကာမပါဘဲ နေရောင်ကာခရင်မ်မလိမ်းဘဲ မိနစ် ၂၀ ခန့်နေတဲ့အခါ အသားအရေပျက်စီးခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

>>> ခြောက်သွေ့နေတဲ့ အသားအရည်နှင့် ဆံကေသာကို အုန်းရည်ဖြင့် ကုသပေးနိုင်

နေပူထဲ သွားလာလုပ်ကိုင်ရတဲ့ အလုပ်မျိုးမဟုတ်ဘဲ ရုံးမှာ နေ့စဉ်ကွန်ပျူတာ၊ ဖုန်း အသုံးပြုနေသူတွေဟာ ဘာကြောင့် အသားအရေ အိုမင်းပျက်စီးပြီး အရေးအကြောင်းတွေ အလွယ်တကူ ပေါ်ပေါက်နေရတာလဲဆိုတဲ့ အဖြေကို အရေပြားပါရဂူတွေဟာ ရှာဖွေနိုင်ခဲ့ပါတယ်။

နေ့စဉ် ကွန်ပျူတာနဲ့ ဖုန်းအသုံးပြုနေရသူတွေကို Pigmentation Test (အရောင်ချယ် စမ်းသပ်ခြင်း) ပြုလုပ်ကြည့်တဲ့အခါ အသားအရေရဲ့ အတွင်းပိုင်းထိကို ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ထုတ်လွှတ်တဲ့ Blue Ray တွေထိထားတာကြောင့် အသားအရေဟာ နေလောင်ထားသလိုမျိုး အိုမင်းပျက်စီးလာတာကို တွေ့ရှိခဲ့ရပါတယ်။

>>>သုံးစွဲရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့် အလှကုန်အမှတ်တံဆိပ် ( ၁၁ ) မျိုး

ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ထွက်ရှိတဲ့ ဒီ Blue Ray တွေဟာ ခရမ်းလွန်ရောင်ခြည်တွေလိုပဲ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပြီး ခရမ်းလွန်ရောင်ခြည်တွေနဲ့ မတူညီတာ တခုက ဖုန်းနဲ့ကွန်ပျူတာတို့ကနေ ထွက်တဲ့ Blue Ray တွေဟာ အရေပြားကင်ဆာကို မဖြစ်စေနိုင်ဘူး။

အရေပြားကင်ဆာ မဖြစ်စေနိုင်ဘူးဆိုပေမယ့် ဒါဟာ ပေါ့လျော့သင့်တဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ ဖုန်းနဲ့ ကွန်ပျူတာတို့က ထွက်တဲ့ Blue Ray တွေဟာ နေရောင်ခြည် UV Ray တွေထက် အသားအရေရဲ့ အတွင်းပိုင်းထိကို ထိုးဖောက်နိုင်ပါတယ်။

>>>သံပုရာသီးနဲ့ အိမ်တွင်း Skin Care လုပ်ကြမယ်

ဒါကြောင့်မို့လို့ နေ့စဉ် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုနေသူတွေဟာ ရေရှည်မှာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် SPF 30 ခန့်ပါတဲ့ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။


Read times Last modified on Friday, 08 November 2019 04:27
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.