Tuesday, 22 October 2019 09:14

Peas-Snow-Organic.jpg

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ဆီးချိုရောဂါ စတင်ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေ များပြားလှပါတယ်။

ရွေးချယ်စားသုံးဖို့ အစားအစာအမျိုးအစား နည်းပါးလှပေမယ့် ရွှေပဲသီးက ဆီးချိုဝေဒနာရှင်တွေအတွက်သင့်တော်ပြီး ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေပေးနိုင်မလည်းဆိုတာ ကြည့်လိုက်ကြရအောင်...

(၁) ကယ်လိုရီပါဝင်မှု နည်းပါးတယ်

ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

>>>လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်တဲ့ မုန်လာဥရဲ့ အကျိုးကျေးဇူး (၉) ချက်

(၂) ပရိုတင်းဓာတ် ကြွယ်ဝတယ်

အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တစ်ခုအပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

(၃) ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

>>>ဗီတာမင် C ကြွယ်ဝတဲ့ ဆီးဖြူသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

(၄) ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တယ်

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Ref-Irrawaddy


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.