Thursday, 17 October 2019 11:05

Chewing-Gum-1.jpg

ပီကေကို ကမ္ဘာတစ်ဝှမ်း လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ ဝါးလေ့ရှိကြပါတယ်။ ပီကေကို spruce or Manilkara chicle စတဲ့အပင်တွေကနေရသော အရည်ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ Synthetic rubber (လူလုပ်ရာဘာ) ခေါ် ရေနံကနေ ချက်လုပ်လို့ ထွက်လာတဲ့ Polymers ပစ္စည်းတွေကနေ အနံ့အရသာအမျိုးမျိုးပေါင်းထည့်ပြီး ပုံစံအမျိုးမျိုးအနေနဲ့ ထုတ်လုပ်ပါတယ်။ ပီကေဝါးခြင်းကနေ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတဲ့ အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

၁။ ကိုယ်အလေးချိန်ကျစေရန် အထောက်အကူပြုခြင်း

ကိုယ်အလေးချိန် လျှော့နေတဲ့သူတွေအနေနဲ့ ပီကေဝါးခြင်းဟာ ကိုယ်အလေးချိန်ကျဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပါတယ်။ ပီကေဝါးခြင်းဟာ ဗိုက်ဆာလောင်မှုကို လျော့ကျစေပြီး သွားရည်စာစားမိနိုင်ခြေကိုလည်း ၁၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ကြောင်း သိရပါတယ်။

>>>တစ်နေ့တာအတွက် လုံလောက်တဲ့ မနက်စာဖြစ်ဖို့ ဘယ်လိုစားသုံးသင့်လဲ

၂။ သွားတွေကို ကြံ့ခိုင်စေကာ ခံတွင်းနံ့ကောင်းစေခြင်း

ပီကေမှာပါတဲ့ သကြားဓါတ်က သွားတွေအတွက် ဆိုးကျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သကြားဓါတ်မပါတဲ့ပီကေ (Sugar free gum) ကို အစာစားပြီးအချိန်တိုင်း ဝါးပေးခြင်းက သွားကြားတွေထဲမှာ ကပ်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်မလာနိုင်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ခံတွင်းအနံ့အသက်ကို ကောင်းစေကာ သွားတွေကို သွားပိုးစားခြင်းဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ စိတ်ငြိမ်စေခြင်း

စိတ်ဖိစီးစရာများလို့ပဲဖြစ်ဖြစ် စိတ်ပူပန်စရာများလို့ပဲဖြစ်ဖြစ် စိတ်တွေဂဏှာမငြိမ်ဖြစ်ကာ လှုပ်ရှားနေတယ်ဆိုရင် ပီကေဝါးလိုက်ခြင်းဖြင့် စိတ်လှုပ်ရှားမှုကို သက်သာစေနိုင်ပါတယ်။

>>>ဆေးဖက်ဝင် ဝဥ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်

၎။ မှတ်ဉာဏ်ကို ကောင်းစေခြင်း

ပီကေဝါးတဲ့အခါမှာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေကို လျော့ပါးသက်သာစေပြီး ဦးနှောက်ဆီကိုလည်း သွေးစီးဆင်းမှု များလာစေတဲ့အတွက် လူကို နိုးကြားတက်ကြွစေကာ ဦးနှောက်မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်နိုင်စွမ်းကိုလည်း ကောင်းလာစေနိုင်ပါတယ်။

၅။ ခေါင်းမူးသက်သာစေခြင်း

ကားစီး၊ သင်္ဘောစီး၊ လေယာဉ်စီးတဲ့အခါ မူးမောခြင်းဖြစ်တတ်တဲ့သူတွေအတွက် ပီကေဝါးပေးခြင်းဖြင့် မူးမောခြင်း၊ ပျို့အန်ချင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၆။ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်ခြင်း

ဆေးလိပ်ဖြတ်ရာမှာ ဆေးလိပ်သောက်ချင်တဲ့ အာသီသပေါ်လာတဲ့အခါ ထိုအာသီသကို ပီကေဝါးပေးခြင်းဖြင့် ဖြေဖျောက်နိုင်ပါတယ်။

>>>သင့်ရဲ့ ကော်ဖီအလွန်အမင်း စွဲလန်းစိတ်ကို လျော့ချပေးနိုင်မယ့် အချက်များ

၇။ အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ပြီးနောက် အူလှုပ်ရှားမှုကို အချိန်တိုအတွင်း ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ခြင်း

အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ပြီးတဲ့အခါမှာ အူကပုံမှန်အတိုင်း မလှုပ်ရှားနိုင်သေးတဲ့အတွက် ဝမ်းချုပ်တာ၊ အစာမကြေတာမျိုးတွေကို ရက်အနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက် ပီကေဝါးပေးခြင်းနဲ့ အူကို အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Source On Doctor


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.