Tuesday, 08 October 2019 09:06

72112664 2457058377663273 1632200053378514944 n

Zawgyi Version

လက္ရွိရန္ကုန္ၿမိဳ႕တြင္ ေရာင္းခ်ေနေသာ ေဆးဆိုင္မ်ားအနက္ ၃၀ ရာခိုင္ႏႈန္းေသာ ေဆးဆိုင္မ်ားမွာ ျမန္မာႏိုင္ငံေဆးဝါး မွတ္ပုံတင္ဌာနတြင္ မွတ္ပုံမတင္ထားေသာ၊ ေထာက္ခံခ်က္မရွိေသာ ေဆးဝါးမ်ားကို ေရာင္းခ်ေနၾကေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (ရန္ကုန္ FDA) မွ ၫႊန္ၾကားေရးမႉး ေဒါက္တာမင္းဝဏ္က ေျပာၾကားသည္။

လက္ရွိတြင္ မိမိတို႔အေနျဖင့္ ေဈးကြက္အတြင္းရွိ ေဆးဆိုင္မ်ားကို အပတ္စဥ္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိၿပီး ဝင္ေရာက္စစ္ေဆးသည့္ အခါတိုင္းတြင္လည္း ေဈးတစ္ခုလၽွင္ အနည္းဆုံး တစ္ဆိုင္ခန္႔ကိုေတြ႕ရွိရေၾကာင္းနွင့္ မိမိတို႔အေနျဖင့္ အေရးယူမႈမ်ားကိုလည္း ဆက္တိုက္လုပ္ေဆာင္ေနေၾကာင္း ယင္းကဆိုသည္။

စားသုံးရန္မသင့္ေၾကာင္း FDA မွ ထုတ္ျပန္လိုက္သည့္ အစားအေသာက္ အမွတ္တံဆိပ္ ( ၂၃ ) မ်ိဳး

" ကၽြန္ေတာ္တို႔အေနနဲ႔ ပထမတစ္ႀကိမ္ေတြ႕ရင္ အဲ့ဒီေတြ႕တဲ့ဆိုင္ကို သတိေပးတဲ့အေနနဲ႔ ေရာင္းခ်ခြင့္ သုံးလပိတ္ သိမ္းပါတယ္။ ဒုတိယတစ္ႀကိမ္ဆိုရင္ ေျခာက္လ ေရာင္းခ်ခြင့္ပိတ္ပါတယ္။ တတိယတစ္ႀကိမ္ဆိုရင္ေတာ့ တရားစြဲဆိုတာေတြလုပ္သြားမွာပါ။ သတိေပးတဲ့အခါမွာလည္း ေထာက္ခံခ်က္မရွိတဲ့ ေဆးဝါးေတြကို တစ္ခါတည္းသိမ္းပါတယ္။ " ဟု ေဒါက္တာမင္းဝဏ္က ရွင္းျပသည္။

လက္ရွိတြင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ရန္ကုန္ဌာနခြဲအေနျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေဈးမ်ားကို ေဈးကြက္ေထာက္လွန္းစစ္ေဆးေရး (PMS) စနစ္ျဖင့္ လစဥ္ေရွာင္တခင္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းႏွင့္ ေဈးကြက္အတြင္း ေထာက္ခံခ်က္ မပါရွိေသာေဆးဝါးမ်ား၊ အစားေသာက္မ်ား အလွကုန္ပစၥည္းမ်ား၊ ပေပ်ာက္ေရးအတြက္လည္း အထူးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“ေ႐ႊေဆး” အမွတ္တံဆိပ္ပါ အကိုက္အခဲေပ်ာက္ေဆးသည္ ေသြးေၾကာေပါက္သည္အထိ ေဘးထြက္ဆိုးက်ိဳး ျဖစ္ေစနိုင္

Pyimyanmar

===========

Unicode Version 

FDA ထောက်ခံချက် မပါရှိသောဆေးဝါးများကို ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့တွင် ရောင်းချနေ

လက်ရှိရန်ကုန်မြို့တွင် ရောင်းချနေသော ဆေးဆိုင်များအနက် ၃၀ ရာခိုင်နှုန်းသော ဆေးဆိုင်များမှာ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်ဌာနတွင် မှတ်ပုံမတင်ထားသော၊ ထောက်ခံချက်မရှိသော ဆေးဝါးများကို ရောင်းချနေကြကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန် FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝဏ်က ပြောကြားသည်။

လက်ရှိတွင် မိမိတို့အနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဆိုင်များကို အပတ်စဉ် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများကို လုပ်ဆောင်လျက်ရှိပြီး ဝင်ရောက်စစ်ဆေးသည့် အခါတိုင်းတွင်လည်း ဈေးတစ်ခုလျှင် အနည်းဆုံး တစ်ဆိုင်ခန့်ကိုတွေ့ရှိရကြောင်းနှင့် မိမိတို့အနေဖြင့် အရေးယူမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ယင်းကဆိုသည်။

" ကျွန်တော်တို့အနေနဲ့ ပထမတစ်ကြိမ်တွေ့ရင် အဲ့ဒီတွေ့တဲ့ဆိုင်ကို သတိပေးတဲ့အနေနဲ့ ရောင်းချခွင့် သုံးလပိတ် သိမ်းပါတယ်။ ဒုတိယတစ်ကြိမ်ဆိုရင် ခြောက်လ ရောင်းချခွင့်ပိတ်ပါတယ်။ တတိယတစ်ကြိမ်ဆိုရင်တော့ တရားစွဲဆိုတာတွေလုပ်သွားမှာပါ။ သတိပေးတဲ့အခါမှာလည်း ထောက်ခံချက်မရှိတဲ့ ဆေးဝါးတွေကို တစ်ခါတည်းသိမ်းပါတယ်။ " ဟု ဒေါက်တာမင်းဝဏ်က ရှင်းပြသည်။

လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရန်ကုန်ဌာနခွဲအနေဖြင့် ရန်ကုန်မြို့ရှိ ဈေးများကို ဈေးကွက်ထောက်လှန်းစစ်ဆေးရေး (PMS) စနစ်ဖြင့် လစဉ်ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းနှင့် ဈေးကွက်အတွင်း ထောက်ခံချက် မပါရှိသောဆေးဝါးများ၊ အစားသောက်များ အလှကုန်ပစ္စည်းများ၊ ပပျောက်ရေးအတွက်လည်း အထူးဆောင်ရွက်နေကြောင်း သိရသည်။

Pyimyanmar


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.