Saturday, 05 October 2019 05:20

Screenshot from 2019 10 05 13 30 30

Zawgyi Version

ဆီးျဖဴသီးဆိုတာ ျမန္မာေတြအတြက္ ဟင္းအရန္အျဖစ္ စားႏုိင္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။

ဆီးျဖဴသီးကို ေထာင္းစားရင္ေတာ့ ထမင္းၿမိန္ေစမယ့္ ဟင္းတစ္ခြက္ပါပဲ။ ဆီးျဖဴသီးကို သုပ္စားၾကပါတယ္။ ဆီးျဖဴသီးသနပ္အျဖစ္ လုပ္စားၾကပါတယ္။ အသားနဲ႔ေရာၿပီး ခ်က္စားၾကသလို ငပိခ်က္အျဖစ္လည္း ခ်က္စားၾကပါတယ္။ ဆီးျဖဴရဲ႕ အရသာဟာ ဖန္၊ ခါး အရသာ ရွိပါတယ္။

ဆီးျဖဴသီးဟာ ဗီတာမင္ C အလြန္ႂကြယ္ဝတဲ့ သဘာဝ အသီးအႏွံ ျဖစ္ပါတယ္။

ဆီးျဖဴသီးစားျခင္းျဖင့္ ရရွိလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အသဲနဲ႔ဆိုင္ေသာ ေရာဂါေဝဒနာသည္တုိ႔ အဓိက အားထားရာ သဘာဝ ေဆးစြမ္းထက္တဲ့အသီး ျဖစ္ပါတယ္။

၂။ ဆီးျဖဴသီးဟာ ေသြးသားသန္႔စင္မႈအတြက္ ေသြးအတြင္း အဆိပ္အေတာက္ေတြနဲ႔၊ ဗိုင္းရပ္ပိုး၊ ဗက္တီးရီးယားနဲ႔ အဏုဇီဝပိုးမႊားေတြကိုလည္း ဖယ္ရွားေပးပါတယ္။

၃။ ဆီးျဖဴသီးသည္ အသက္ကုိ ရွည္ေစၿပီး ေခ်ာင္းဆုိး၊ ပန္းနား၊ ေလနာတုိ႔ကို ေပ်ာက္ကင္းေစပါတယ္။

ဒူးရင္းသီးနဲ႔ တြဲဖက္စားပါက ေသေစနိုင္တဲ့အထိ ျဖစ္ေစေသာ အစားအစာ(၆)မ်ိဳး

၄။ ေသြး၀မ္းသြားလွ်င္ ဆီးျဖဴသီး အစိမ္းကုိ ေထာင္း၍ အရည္ညွစ္ယူၿပီး သံပရာရည္ႏွင့္ ေသာက္လွ်င္ ခ်က္ခ်င္းသက္သာ ေပ်ာက္ကင္းေစပါတယ္။

၅။ ဆီးျဖဴသီး အေျခာက္ (သို႔) အစုိကုိ ေသြး၍ သံပရာရည္ အနည္းငယ္ထည့္ၿပီး အေရျပားေပၚတြင္ ျဖစ္တက္ေသာ ယားနာ၊ ေပြး၊ ညွင္း၊ တင္းတိပ္မ်ားကုိ လိမ္းေပးႏုိင္၏။ ကိုယ္ခႏၶာ၏ ခုခံအားကုိ ျမင့္တက္ေၾကာင္း သိရပါတယ္။

၆။ ဆီးျဖဴသီး အေျခာက္မႈန္႔ကို ထန္းလ်က္၊ ပ်ားရည္၊ သကာရည္တုိ႔ႏွင့္ နယ္စားပါက ဆီးပုပ္ေရာဂါ ေပ်ာက္ကင္းေစပါတယ္။

၇။ ဆီးျဖဴသီး အေျခာက္ကို ငရွဥ့္သားႏွင့္ ခ်က္စားပါက ဒူလာ၊ ေသြး၀မ္းက်ေရာဂါ ေပ်ာက္ေစပါတယ္။

၈။ ဆီးျဖဴသီးကုိ အညက္ႀကိတ္၍ ထိပ္အုံေပးပါက ႏွာေခါင္းေသြးလွ်ံျခင္း ေပ်ာက္ကင္းေစပါတယ္။

>>>ကယ္လိုရီ ၂၀၀ အထိ တက္ေစႏိုင္တဲ့ ရာသီစာ သစ္သီးမ်ား

၉။ အရြက္ကုိ ေရႏွင့္ သုံးခြက္ တစ္ခြက္တင္ က်ိဳ၍ ရရွိေသာ အရည္ကုိ ပလုတ္က်င္းေပးခဲ့ေသာ္ လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ အပူေပါက္ျခင္းႏွင့္ ေရစီးကမ္းၿပိဳျခင္းမ်ား တခဏခ်င္း ေပ်ာက္ကင္းေၾကာင္း သိရပါတယ္။

၁၀။ ဆီးျဖဴသီး ရြက္ႏုမ်ားကုိ ပုံးရည္ျဖင့္ ေကၽြးခဲ့ေသာ္ အစာမေၾကျခင္း၊ ၀မ္းသက္ျခင္းမ်ား ေပ်ာက္ကင္းၿပီး ဆီးျဖဴရြက္ကုိ ကၽြမ္းေအာင္ေလွာ္ၿပီး အုန္းဆီႏွင့္ ေရာ၍ ကေလးမ်ား၌ ျဖစ္တက္ေသာ က်ဗဟုံးနာမ်ားကုိ လိမ္းေပးက ေပ်ာက္ကင္းပါတယ္။

၁၁။ မီးေလာင္၊ ေရေႏြးပူေလာင္ေသာ အနာမ်ားတြင္ ဆီးျဖဴရြက္ကုိ အကၽြမ္းေလွာ္၍ အမႈန္႔ျပဳလုပ္ၿပီး ျဖဴးေပးႏိုင္ေၾကာင္း သိရပါတယ္။

Source: Mgmandalay

=============

Unicode Version

ဗီတာမင် C ကြွယ်ဝတဲ့ ဆီးဖြူသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆီးဖြူသီးဆိုတာ မြန်မာတွေအတွက် ဟင်းအရန်အဖြစ် စားနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ဆီးဖြူသီးကို ထောင်းစားရင်တော့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါပဲ။ ဆီးဖြူသီးကို သုပ်စားကြပါတယ်။ ဆီးဖြူသီးသနပ်အဖြစ် လုပ်စားကြပါတယ်။ အသားနဲ့ရောပြီး ချက်စားကြသလို ငပိချက်အဖြစ်လည်း ချက်စားကြပါတယ်။ ဆီးဖြူရဲ့ အရသာဟာ ဖန်၊ ခါး အရသာ ရှိပါတယ်။

ဆီးဖြူသီးဟာ ဗီတာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။

ဆီးဖြူသီးစားခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့အသီး ဖြစ်ပါတယ်။

၂။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုအတွက် သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၃။ ဆီးဖြူသီးသည် အသက်ကို ရှည်စေပြီး ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ကို ပျောက်ကင်းစေပါတယ်။

၄။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည်ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါတယ်။

၅။ ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက်ကြောင်း သိရပါတယ်။

၆။ ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါက ဆီးပုပ်ရောဂါ ပျောက်ကင်းစေပါတယ်။

၇။ ဆီးဖြူသီး အခြောက်ကို ငရှဉ့်သားနှင့် ချက်စားပါက ဒူလာ၊ သွေးဝမ်းကျရောဂါ ပျောက်စေပါတယ်။

၈။ ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်အုံပေးပါက နှာခေါင်းသွေးလျှံခြင်း ပျောက်ကင်းစေပါတယ်။

၉။ အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ အပူပေါက်ခြင်းနှင့် ရေစီးကမ်းပြိုခြင်းများ တခဏချင်း ပျောက်ကင်းကြောင်း သိရပါတယ်။

၁၀။ ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများ ပျောက်ကင်းပြီး ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်ကင်းပါတယ်။

၁၁။ မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုလုပ်ပြီး ဖြူးပေးနိုင်ကြောင်း သိရပါတယ်။

Source: Mgmandalay


Read times Last modified on Saturday, 05 October 2019 07:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.