Friday, 04 October 2019 10:00

aa_ashtray_0.jpg

Zawgyi Version

အမ်ိဳးသားျဖစ္သူ ေဆးလိပ္ေသာက္တာေၾကာင့္ တစ္အိမ္လုံးမွာရွိတဲ့ ပစၥည္းေတြ ေဆးလိပ္နံ႔ နံေနတာမ်ိဳးက စိတ္ညစ္စရာေကာင္းပါတယ္။

ကားေပၚမွာလည္း ေဆးလိပ္အနံ႕ေတြခ်ည္း ျဖစ္ေနတာေတြကိုေပ်ာက္ေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းေတြရွိပါတယ္။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြက ေဆးလိပ္အနံ႕တင္မကဘဲ ထမင္း၊ ဟင္း ခ်က္တဲ့အခါ နံေနတဲ့ ဟင္းနံ႕ေတြကိုပါ ေပ်ာက္ေစပါတယ္။

၁။ ပန္းသီး

ပန္းသီးဟာ အနံ႔စုပ္တဲ့ေနရာမွာ ဆရာတစ္ဆူလို႔ ဆိုနိုင္ပါတယ္။ ပန္းသီးကို အစိတ္ေလးေတြ ျဖစ္ေအာင္လွီးၿပီး နံတယ္လို႔ယူဆရတဲ့ ေနရာေတြမွာ ထားလိုက္ပါ။ ေနာက္တစ္ေန႔မနက္မွာ အနံ႕ေတြ ေပ်ာက္ကင္းေနတာကို ေတြ႕ရပါလိမ့္မယ္။

၂။ ရွာလကာရည္

ရွာလကာရည္ကလည္း ေဆးလိပ္နံ႔ကို ေပ်ာက္ကင္းေစပါတယ္။ ရွာလကာရည္ကို ေရအနည္းငယ္ေရာၿပီး အိုးထဲမွာ ဆူပြက္တဲ့ အထိထားပါ။ ထြက္လာတဲ့ အေငြ႕ေတြဟာ အနံ႔ဆိုးေတြကို ေပ်ာက္ကင္းေစပါလိမ့္မယ္။ ေနာက္တစ္နည္းကေတာ့ ရွာလကာရည္ကို ေရေႏြးနဲ႕ေရာၿပီး ၾကမ္းျပင္နဲ႔နံေနတဲ့ ေနရာေတြကို လိုက္သုတ္႐ုံပါပဲ။ တကယ္လို႔ သင့္ရဲ႕ အက်ႌေတြက ေဆးလိပ္နံ႔ နံေနမယ္ဆိုရင္ေတာ့ အဝတ္ေလွ်ာ္တဲ့အခါ ရွာလကာရည္အနည္းငယ္ကိုထည့္ၿပီး ေလွ်ာ္လိုက္ပါ။

Read More>>>ေဆးလိပ္မေသာက္ေသာ္လည္း အဆုတ္ကင္ဆာျဖစ္ေစသည္႔အခ်က္ (၄) ခ်က္

၃။ မုန္႔ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါကိုေတာ့ ဆိုဖာေတြနဲ႕ကားထဲကနံေနတဲ့ အနံ႕ေတြကို ေပ်ာက္ကင္းေအာင္ ျပဳလုပ္နိုင္ပါတယ္။ မုန႔္ဖုတ္ဆိုဒါေတြကို နံေနတဲ့ ေနရာေတြမွာ ျဖန္းၿပီး ၁၂ နာရီကေန ၂၄ နာရီအထိ ထားပါ။ ကေလးေတြနဲ႕ အိမ္ေမြးတိရစာၦန္ေတြကို သတိထားၾကည့္ရႈဖို႔ေတာ့ လိုအပ္ပါတယ္။

၄။ ေကာ္ဖီ

ေကာ္ဖီဟာလည္းအနံ႔ဆိုးေတြကို ေပ်ာက္ကင္းေစနိုင္ပါတယ္။ တကယ္လို႔သင္ဟာ ေန႔တိုင္းေကာ္ဖီေဖ်ာ္ေသာက္ေနက်ဆိုရင္ေတာ့ သင့္မီးဖိုေခ်ာင္ထဲက ဟင္းနံ႕ေတြကိုရွင္းၿပီး ျဖစ္ေနမွာပါ။ ႏွပ္ေကာ္ဖီေသာက္ၿပီး က်န္တဲ့အဖက္ေတြကို ပန္းကန္တခုထဲထည့္ထားၿပီး ေဆးလိပ္နံ႕နံတဲ့ ေနရာေတြမွာ ထားေပးျခင္းျဖင့္လည္း ေဆးလိပ္နံ႕နံတာကို ေပ်ာက္ကင္းေစပါလိမ့္မယ္။

>>>စားသုံးရန္မသင့္ေၾကာင္း FDA မွ ထုတ္ျပန္လိုက္သည့္ အစားအေသာက္ အမွတ္တံဆိပ္ ( ၂၃ ) မ်ိဳး

Source : irrawaddy

============

Unicode Version

ဆေးလိပ်သောက်ခြင်းကြောင့် စွဲကျန်နေတဲ့ အနံ့ဆိုးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ( ၄ ) ခု

အမျိုးသားဖြစ်သူ ဆေးလိပ်သောက်တာကြောင့် တစ်အိမ်လုံးမှာရှိတဲ့ ပစ္စည်းတွေ ဆေးလိပ်နံ့ နံနေတာမျိုးက စိတ်ညစ်စရာကောင်းပါတယ်။

ကားပေါ်မှာလည်း ဆေးလိပ်အနံ့တွေချည်း ဖြစ်နေတာတွေကိုပျောက်အောင် လုပ်လို့ရမယ့် နည်းလမ်းတွေရှိပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက ဆေးလိပ်အနံ့တင်မကဘဲ ထမင်း၊ ဟင်း ချက်တဲ့အခါ နံနေတဲ့ ဟင်းနံ့တွေကိုပါ ပျောက်စေပါတယ်။

၁။ ပန်းသီး

ပန်းသီးဟာ အနံ့စုပ်တဲ့နေရာမှာ ဆရာတစ်ဆူလို့ ဆိုနိုင်ပါတယ်။ ပန်းသီးကို အစိတ်လေးတွေ ဖြစ်အောင်လှီးပြီး နံတယ်လို့ယူဆရတဲ့ နေရာတွေမှာ ထားလိုက်ပါ။ နောက်တစ်နေ့မနက်မှာ အနံ့တွေ ပျောက်ကင်းနေတာကို တွေ့ရပါလိမ့်မယ်။

၂။ ရှာလကာရည်

ရှာလကာရည်ကလည်း ဆေးလိပ်နံ့ကို ပျောက်ကင်းစေပါတယ်။ ရှာလကာရည်ကို ရေအနည်းငယ်ရောပြီး အိုးထဲမှာ ဆူပွက်တဲ့ အထိထားပါ။ ထွက်လာတဲ့ အငွေ့တွေဟာ အနံ့ဆိုးတွေကို ပျောက်ကင်းစေပါလိမ့်မယ်။ နောက်တစ်နည်းကတော့ ရှာလကာရည်ကို ရေနွေးနဲ့ရောပြီး ကြမ်းပြင်နဲ့နံနေတဲ့ နေရာတွေကို လိုက်သုတ်ရုံပါပဲ။ တကယ်လို့ သင့်ရဲ့ အင်္ကျီတွေက ဆေးလိပ်နံ့ နံနေမယ်ဆိုရင်တော့ အဝတ်လျှော်တဲ့အခါ ရှာလကာရည်အနည်းငယ်ကိုထည့်ပြီး လျှော်လိုက်ပါ။

၃။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကိုတော့ ဆိုဖာတွေနဲ့ကားထဲကနံနေတဲ့ အနံ့တွေကို ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါတွေကို နံနေတဲ့ နေရာတွေမှာ ဖြန်းပြီး ၁၂ နာရီကနေ ၂၄ နာရီအထိ ထားပါ။ ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတိထားကြည့်ရှုဖို့တော့ လိုအပ်ပါတယ်။

၄။ ကော်ဖီ

ကော်ဖီဟာလည်းအနံ့ဆိုးတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ တကယ်လို့သင်ဟာ နေ့တိုင်းကော်ဖီဖျော်သောက်နေကျဆိုရင်တော့ သင့်မီးဖိုချောင်ထဲက ဟင်းနံ့တွေကိုရှင်းပြီး ဖြစ်နေမှာပါ။ နှပ်ကော်ဖီသောက်ပြီး ကျန်တဲ့အဖက်တွေကို ပန်းကန်တခုထဲထည့်ထားပြီး ဆေးလိပ်နံ့နံတဲ့ နေရာတွေမှာ ထားပေးခြင်းဖြင့်လည်း ဆေးလိပ်နံ့နံတာကို ပျောက်ကင်းစေပါလိမ့်မယ်။

Source : irrawaddy


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.