Thursday, 29 August 2019 11:46

 

Acanthosis-Nigricans.jpg

သင်ဟာ အပြစ်အနာအဆာကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပေမဲ့လဲ လည်တိုင်က မဲနေမယ်ဆိုရင် မျက်နှာရဲ့ဝင်းလက်တောက်ပမှုကို အဟန့်အတားဖြစ်စေပါတယ်။

လည်တိုင် ဘာကြောင့် မဲလဲဆိုတာကို သိချင်ကြတယ်မလား။ လည်တိုင်မဲရတဲ့အကြောင်းအရင်းက တစ်ကိုယ်ရေးသန့်ရှင်းမှု အားနည်းတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

အခြား အကြောင်းပြချက် တစ်ချို့ကတော့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ လေထုညစ်ညမ်းမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် လည်တိုင်မဲခြင်းကို ဖြူဝင်းသွားစေဖို့အတွက် လွယ်လွယ်ကူကူနဲ့ လုပ်လို့ရမယ့် အိမ်တွင်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်က အလွယ်တကူရရှိနိုင်ပြီး လည်တိုင်မဲခြင်းကိုလဲ မှေးမိန်သွားစေပါတယ်။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ သတ္ထုဓာတ်၊ ဗီတာမင်ဓာတ်တွေက အသားအရေမှာ ဖြစ်တတ်တဲ့ အမဲကွက်တွေကို လျော့နည်းစေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လ်ကို ယူပြီး လည်ပင်းမှာ လိမ်း၊ မိနစ်အနည်းငယ်လောက် scrub လုပ်ပေးပြီး၊ နာရီဝက်လောက်ထားပြီးရင် ရေနဲ့ ဆေးလိုက်ရမှာ ဖြစ်ပါတယ်။

၂။ ပန်းသီးအရက်ဗီနီဂါ

ပန်းသီးအရက်ဗီနီဂါက အသားအရေရဲ့ PH ကို ညီမျှအောင် ညှိပေးတာကို သိပြီးသားဖြစ်မှာပါ။ ဒါအပြင့် အသားရေမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးအရက်ဗီနီဂါ စားပွဲတင် ဇွန်း၂ဇွန်းကို ရေအနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် ဝါဂွမ်းနဲ့ယူပြီး မဲနေတဲ့နေရာတွေကို အသုံးပြုလိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီးတဲ့အခါ ရေနဲ့ သန့်စင်လိုက်ရမှာ ဖြစ်ပါတယ်။

>>> သင်သွားတိုက်တဲ့အခါ သတိပြုရမယ့် အချက်(၅) ချက်

၃။ အယ်မွန်ဆီ

အယ်မွန်ဆီက ဗီတာမင်အီးနဲ့ ဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ အယ်မွန်ဆီအစက် အနည်းငယ်ကိုယူပြီး လည်ပင်းပေါ်ကို မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပြီး ခန္ဓာကိုယ်က အဆီတွေ စုပ်ယူစေလိုက်ပါ။

၎။ ဒိန်ချဉ်

ဒိန်ချဉ်က အသားရေကို ဖြူဝင်းစေတဲ့ သဘာဝအင်ဇိုင်းဓာတ် ပါဝင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း၂ဇွန်းကို ယူပြီး လည်ပင်းပေါ် လိမ်းလိုက်ပါ။ ၁၅မိနစ်လောက် ထားပြီး ရေနဲ့ သန့်စင်လိုက်ရမှာ ဖြစ်ပါတယ်။

>>> ခွဲစိတ်အလှပြင်ဆေးခန်းများ

၅။ အာလူး

အာလူးက အသားအရေကို ဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ အာလူးတစ်လုံးကို အခွံခွာပြီး အရည်ညစ်လိုက်ပါ။ လည်ပင်းပေါ်မှာ အာလူးအရည်ကို လိမ်းပြီး ၁၅မိနစ်လောက် ထားလိုက်ပါ။ ပြီးနောက် ရေနဲ့ သန့်စင်လိုက်ပါ။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.