Thursday, 29 August 2019 07:30

 

ice-food.jpg

သင့်ရဲ့ သွေးလွတ်ကြောတွေကို ကျန်းမာစေချင်တယ်ဆိုရင် ဒီလိုအစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ သွေးလွတ်ကြောတွေ ကျန်းမာဖို့အတွက် အစားအသောက်ဟာ အရေးကြီးတဲ့ အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

သင့်တင့်တဲ့ အစားအသောက်တွေကို စားသုံးခြင်း မရှိဘူးဆိုရင် သွေးလွတ်ကြောတွေမှာ အနည်ထိုင်ခြင်း၊ သွေးလွတ်ကြောနံရံတွေမှာ အဆီများခြင်း၊ သွေးလွတ်ကြောကျဉ်းခြင်းနဲ့ နှလုံးသွေးမလျောက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီလို လက္ခဏာတွေ ဖြစ်လာပြီဆိုရင် သင့်ရဲ့ နှလုံးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို အစားသောက်တွေကို အတိုင်းအတာတစ်ခုအထိ စားသုံးသင့်ပြီး ကြိုက်နှစ်သက်တယ်ဆိုရင်လည်း သတိပြု စားသုံးဖို့အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီရောင် အသားများ

အနီရောင်အသားတွေ စားသုံးမှုများခြင်း၊ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ အနီရောင်အသားတွေကို ချက်ပြုတ်စားသုံးခြင်း ပြုလုပ်တဲ့အခါ မနူးခြင်း၊ အသားမကျက်ခြင်း၊ မကျက်တကျက် စားသုံးခြင်းတွေက နှလုံးကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်အရ အနီရောင်အသားတွေကို အလွန်အကျွံ စားသုံးမယ်ဆိုရင် Trimethylamine N-oxide ကို မြင့်မားစေပါတယ်။ ၎င်းအပြင် Trimethylamine N-oxide မြင့်မားခြင်းက နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ အခြားလေ့လာတွေ့ရှိချက်အရ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ဟာဆိုရင် အနီရောင်အသား စားသုံးခြင်းနဲ့ စပ်ဆက်နေတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၂။ အေးခဲနေသော အစားအစာ

TV လေးကြည့်ရင်း အလွယ်စားသုံးလေ့ရှိတဲ့ အစားအသောက်တွေဟာဆိုရင် သင့်အတွက် အဆင်ပြေလွယ်ကူတယ်ဆိုမယ့် များသောအားဖြင့် အေးခဲနေတဲ့ အစားသောက်တွေမှာ ကယ်လိုရီတွေကို လျော့ကျစေပြီး ဆိုဒီယမ် (Sodium - အငံဓာတ်)ပါဝင်မှုနှုန်း မြင့်မားစေပါတယ်။ ဒါ့အပြင် လူတစ်ယောက်အနေဖြင့် တစ်နေ့ကို ဆိုဒီယမ် ၂,၀၀၀၀ mg လောက်သာ စားသုံးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့ ဟင်းတစ်မယ်မှာ ဆိုဒီယမ် ပါဝင်မှုနှုန်း တစ်ဝက်နီးပါးကို ရရှိပြီးသား ဖြစ်တဲ့အတွက် အေးခဲတဲ့အစားအစာတွေ အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ဖို့ လိုပါတယ်။

>>> အစာအိမ်ထဲမှာ အစာမရှိသေးတဲ့အချိန် ရှောင်ကြဉ်သင့်တဲ့ အရာများ

၃။ ကော်ဖီ ခရမ်မာ

ဟိုတယ် နဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေမှာ အသုံးများတဲ့ ကော်ဖီ ခရမ်မာမှာဆိုရင် ဟိုက်ဒရိုဂျင်ကို ထုတ်ပေးတဲ့အဆီဓာတ် အနည်းငယ်ပါဝင်လို့ ကိုလက်စထရောကို မြင့်မားစေနိုင်ပါတယ်။ သင့်အနေနဲ့ black coffee ကို မကြိုက်ဘူးဆိုရင် ခရမ်မာကို သုံးမယ့်အစား သဘာဝ နို့ကိုသာ သုံးသင့်ပါတယ်။

၎။ ဖုတ်ထားတဲ့ မုန့်ပဲသရေစာ

ဖုတ်ထားတဲ့ မုန့်ပဲသရေစာတွေမှာ အဆီဓာတ်ပါလေ့ရှိပါတယ်။ ဖော်ပြချက်တစ်ခုမှာ အဆိုပါမုန့်တွေက နှလုံးရောဂါ ဖြစ်ပွားမှုအတွက် အားပေးသလို fatty acid တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

၎င်းအပြင် ဖုတ်ထားတဲ့မုန့်တော်တော်များများက သကြား အသုံးပြု လုပ်ထားတာ ဖြစ်ပါတယ်။ သကြားကို လိုတာထက် ပိုစားမယ်ဆိုရင်တော့ နှလုံးရဲ့လုပ်ဆောင်မှုကို ၀န်ပိကျဆင်းစေနိုင်ပါတယ်။ သကြားပါတဲ့ မုန့်တော်တော်များများက glucose 6-phosphate ပါဝင်လေ့ရှိပြီး ယင်းဓာတ်က နှလုံးရဲ့လုပ်ဆောင်မှုတွေကို ကျဆင်းစေနိုင်ပါတယ်။

>>> စားသောက်ဆိုင်များ

၎။ ရေခဲမုန့်

ကိုလက်စထရော အများဆုံးပါဝင်တဲ့ သရေစာတစ်ခုပါ။ ဗနီလာရေခဲမုန့်တစ်ခွက်မှာဆိုရင် saturated fats ၄ ဂရမ်ထက်ပိုပြီး ပါဝင်ပါတယ်။ ဒါကအရွယ်ရောက်ပြီးသူတစ်ယောက် စားသင့်တဲ့ တစ်နေ့တာပမာဏရဲ့ လေးပုံတစ်ပုံလောက် ရှိပါတယ်။ တကယ်လို့များ အပေါ်က အရသာမှုန့်တွေ ဖြူးထားမယ်ဆိုရင်တော့ ဒီထက်ပမာဏပိုများမှာဖြစ်ပါတယ်။

Myanmar Food Directory


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.