Saturday, 24 August 2019 03:51

 

stressed-us-study.jpg

မိုးအေးအေးမှာ ကော်ဖီသောက်ရတာက တော်တော်လေးအရသာရှိပါတယ်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံး တက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။

မနက်ခင်း ကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေရင်တော့ သင်ဟာ ကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

ကော်ဖီက စွဲလမ်းစေတတ်လား

ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလို နေ့ခင်းနေ့လည် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက် ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေက ကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။

ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖြေရှင်းမလဲ

ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ လျော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းနိုင်မှာပါ။

>>> ခရမ်းချဉ်သီး စားသုံးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

တစ်နေ့ကို ၂၅ ရာခိုင်နှုန်း လျော့ချပေးပါ

ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်း လျော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင် လျော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျော့ချမှုက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းမှုပါ။

ရေသောက်ပါ

ကော်ဖီသောက်ချင်လာတဲ့ အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာ ဖြစ်ဖြစ် တစ်နေ့တာမှာ ရေပမာဏကို လုံလောက်အောင် သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

ပရိုတင်းစားပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာတစ်ခုခုကို စားပေးပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်။

ရေနွေးကြမ်းသောက်ပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေးသောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကဖင်း စွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

ပီကေဝါးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာ လျော့ပါးစေမှာပါ။

>>> အဆီများသော်လည်း မိမိကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် အစားအစာများ

အိပ်လိုက်ပါ

ကော်ဖီသောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက နေ့ခင်း ကော်ဖီသောက်ချင်လာတဲ့ အချိန်မှာ တစ်ရေးလောက် အိပ်လိုက်တာပါ။

စိတ်ရှည်ပါ

ကော်ဖီစွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ကလည်း တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲ သွားပေးပါ။

hellosayarwon


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.