Tuesday, 13 August 2019 11:09

 

12800077w.jpg

သွေးလှူဒါန်းခြင်းဟာ မွန်မြတ်တဲ့ အလှူဒါနတစ်ခု ဖြစ်ပါတယ်။ သွေးတစ်ခါ လှူဒါန်းမယ်ဆိုရင် အချိန်မိနစ်(၃၀) ခန့် ကြာမြင့်ပါတယ်။

သွေးလှူဒါန်းမှုကို online ကနေ ကြိုတင်စာရင်းပေးသွင်းမှု ပြုလုပ်ခြင်းဖြင့် အချိန်ကို သက်သာစေနိုင်သလို စောင့်ဆိုင်းစရာလည်း မလိုဘဲ လွယ်ကူအဆင်ပြေစေပါတယ်။

သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် အခြေခံလိုအပ်ချက်များ

(၁) အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။
(၂) အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရပါမယ်။
(၃) အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင် (၁၀၀) အထက် ရှိရပါမယ်။
(၄) အိပ်ရေးဝစွာ အိပ်စက်ထားသူ ဖြစ်ရပါမယ်။

>>> ယာဉ်မောင်းလိုင်စင်ဖြေဆိုရန်အတွက် Online Booking ဘယ်လိုလုပ်မလဲ

(၅) အရက်သေစာ သောက်စားထားခြင်းမရှိသူ ဖြစ်ရပါမယ်။
(၆) လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမယ်။
(၇) လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမယ်။

>>> သွေးလှူဘဏ်နှင့် သွေးလှူအဖွဲ့အစည်းများ

(၈) ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူ ဖြစ်ရပါမယ်။

[email protected] ကို အီးမေးလ်ပို့ပြီးပဲ ဖြစ်ဖြစ်၊ ဖုန်း- ၀၁-၃၇၂၇၅၃ ကို ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် စာရင်းပေးသွင်းမှု ပြုလုပ်နိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.