Tuesday, 13 August 2019 05:27

 

DjZFdzBX0AA3__Q.jpg

မိမိရဲ့ ရင်သွေးငယ်လေးများ ကောင်းမွန် ကျန်းမာစွာ ကြီးပျင်းလာစေဖို့အတွက် ကာကွယ်ဆေးများ ထိုးနှံပေးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဘယ်လိုကာကွယ်ဆေးတွေ ထိုးပေးဖို့ လိုအပ်လဲဆိုတာ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးမွေးကင်းစမှာ
ဘီစီဂျီ ကာကွယ်ဆေးကို ဘယ်လက်မောင်းတွင် ထိုးနှံပေးခြင်းဖြင့် ပြင်းထန်တီဘီရောဂါနဲ့
အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို ဘယ်ဘက်ပေါင်တွင် ထိုးနှံပေးခြင်းဖြင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကလေးအသက် (၂) လမှာ
ဘီစီဂျီ ကာကွယ်ဆေးကို ဘယ်လက်မောင်းတွင် ထိုးနှံပေးခြင်းဖြင့် ပြင်းထန်တီဘီရောဂါ၊
ပိုလီယို ကာကွယ်ဆေးကို ပါးစပ်မှ ဆေး(၂)စက်ချ တိုက်ကျွးခြင်းဖြင့် ပိုလီယို အကြောသေရောဂါ၊
ပီစီဗီ ကာကွယ်ဆေးကို ညာဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ပြင်းထန် အဆုတ်ရောင်ရောဂါနဲ့
ငါးမျိုးစပ် ကာကွယ်ဆေးကို ဘယ်ဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

>>> ဘယ်လိုအခြေအနေတွေမှာ အူအတက်ပေါက်နိုင်သလဲ

(၃) ကလေးအသက် (၄) လမှာ
ပိုလီယို ကာကွယ်ဆေးကို ပါးစပ်မှ ဆေး(၂)စက်ချ တိုက်ကျွေးခြင်းဖြင့် ပိုလီယို အကြောသေရောဂါ၊
ပီစီဗီ ကာကွယ်ဆေးကို ညာဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ပြင်းထန် အဆုတ်ရောင်ရောဂါ၊
ပိုလီယို ထိုးဆေးကို ညာဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ပိုလီယို အကြောသေရောဂါနဲ့
ငါးမျိုးစပ် ကာကွယ်ဆေးကို ဘယ်ဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၄) ကလေးအသက် (၆) လမှာ
ပိုလီယို ကာကွယ်ဆေးကို ပါးစပ်မှ ဆေး(၂)စက်ချ တိုက်ကျွေးခြင်းဖြင့် ပိုလီယို အကြောသေရောဂါ၊
ပီစီဗီ ကာကွယ်ဆေးကို ညာဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ပြင်းထန် အဆုတ်ရောင်ရောဂါနဲ့
ငါးမျိုးစပ် ကာကွယ်ဆေးကို ဘယ်ဘက်ပေါင်မှာ ထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

>>> အစိုးရဆေးရုံများ

(၅) ကလေးအသက် (၉) လမှာ
ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ဘယ်လက်မောင်းမှာ ထိုးနှံပေးခြင်းဖြင့် ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါများနဲ့
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ညာလက်မောင်းမှာ ထိုးနှံပေးခြင်းဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၆) ကလေးအသက် (၁) နှစ်ခွဲမှာ
ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ဘယ်လက်မောင်းမှာ ထိုးနှံပေးခြင်းဖြင့် ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.