Wednesday, 07 August 2019 09:04

 

uatak-750x375.png

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ လူတိုင်း အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် ကြုံဖူးကြပါတယ်။

အဲ့ဒါတွေကတော့ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ အစာအဆိပ်သင့် တာတို့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အူအတက်နဲ့ ပတ်သက်တာကတော့ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပြီး အူအတက်ပေါက် လာရင်လည်း ခွဲထုတ်လိုက်ရပါတယ်။ လူတိုင်း အူအတက်ပေါက် တာနဲ့ ကြုံရတာမျိုး မရှိပါဘူး။

ဒါပေမယ့် တကယ်ကြုံရတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်တယ်ဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာအိမ်က ပြင်းပြင်းထန်ထန် နာကျင်ပါတယ်။ ဒီလိုနာကျင်မှုမျိုး တစ်ခါမှ မကြုံဖူးဘဲ ဝမ်းဗိုက်ကြွက်သားအောက်ဘက် ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွား အောင့်ပါတယ်။

(၂) မူးမော်ပြီး ပျို့အန်တယ်။ အစားစားချင်စိတ် လုံးဝမရှိဘူး။

>>> မျက်စိပါဝါ ကျချင်သူများအတွက် ရှောင်ကြဉ်သင့်တဲ့ အချက် (၇) ချက် နဲ့ ပြုလုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများ

(၃) အချို့လူတွေမှာ အူအတက်ဟာ တင်ပဆုံရိုးရဲ့အောက်ပိုင်းမှာ ရှိနေတတ်ပါတယ်။ ဆီးအိတ်နဲ့ နီးကပ်နေတာပါ။ အူအတက်က ရောင်ရမ်းပြီး ပေါက်ထွက်တော့မယ်ဆို ဆီးအိတ်ကိုပါ
       ထိနေလို့ မကြာခဏ အပေါ့သွားပါတယ်။

(၄) ခိုက်ခိုက်တုန်အောင် အဖျားတက်ပါတယ်။ ခန္ဓာကိုယ်က ပူလိုက်အေးလိုက်နဲ့ ဖြစ်နေပြီး ဖျားနေတာပါ။ အူအတက်ရောင်နေပြီဆို နာကျင်တဲ့နေရာကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ကနေ
      ဓာတုပစ္စည်းပေါင်းများစွာ အလိုလို ထုတ်လွှတ်ပေးတာကြောင့် လူကဖျားနာလာပါတယ်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

(၅) စိတ်တွေက ရှုပ်ထွေးပြီး ပုံမှန်မဟုတ်တော့ဘူး။ ဦးနှောက်ကို အောက်ဆီဂျင်က ပုံမှန်အတိုင်း မရောက်တော့တဲ့အခါ ကိုယ်ဘာဖြစ်နေမှန်းတောင် ကိုယ်တိုင်မသိတဲ့ အနေအထားမျိုး ရှိပါတယ်။

Duwun by Felicity


Read times Last modified on Wednesday, 07 August 2019 10:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.