Tuesday, 06 August 2019 07:31

 

C-ZWEmZXcAASeRN.jpg

ရင်သားကင်ဆာရောဂါသည် အမျိုးသမီးများတွင် အဖြစ်အများဆုံး ဖြစ်သော်လည်း စောစီးစွာ သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

ရင်သားကင်ဆာရောဂါသည် မိမိကိုယ်တိုင် ပုံမှန် စမ်းသပ်စစ်ဆေးရန် လိုအပ်သောကြောင့် စမ်းသပ်နိုင်မည့် နည်းလမ်းများကို အောက်တွင် ဖော်ပြလိုက်ပါသည်။

ကြည့်ရှုစစ်ဆေးခြင်း

မှန်ရှေ့တွင် ခန္ဓာကိုယ် အနေအထား (၃)ခုဖြင့် စစ်ဆေးရမည်။
(၁) လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတွင် ချပါ။
(၂) လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်၍ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းထားပါ။
(၃) ခါးထောက်ပါ။

ခန္ဓာကိုယ်အနေအထား (၃) ခုစလုံးတွင် သေချာစွာ ကြည့်ရှုပါ။
(၁) ရင်သားနှစ်ဖက်စလုံး အရွယ်အစား ပြောင်းလဲခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
(၂) အရေပြားပေါ်တွင် အနီကွက်များ ချိုင့်ဝင်နေခြင်း၊ လိမ္မော်ခွံကဲ့သို့ အရေပြားများ ဖြစ်နေခြင်း၊ သွေးကြောများ ပုံမှန်ထက်ပို၍ သိသာထင်ရှားစွာ မြင်နေရခြင်း ရှိ၊မရှိ စစ်ဆေးပါ။
(၃) နို့သီးခေါင်းများ နီရဲခြင်း၊ ချိုင့်ဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။

>>> သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်း (၆) ချက်

လက်ဖြင့် စမ်းသပ်စစ်ဆေးခြင်း

(၁) ညာဘက်ချိုင်းမှ စ၍ ဘယ်ဘက်လက်ဖြင့် ရင်သား အပေါ်မှ အောက်ဘက်သို့ ဆွဲချပြီး နို့သီးခေါင်းရောက်သည်အထိ စမ်းပါ။
(၂) နို့သီးခေါင်းဝန်းကျင်တွင် စက်ဝိုင်းပုံ စမ်းသပ်ပါ။
(၃) ရင်သားညာဘက် အတွင်းခြမ်းကိုလည်း အထက်ပါအတိုင်း စမ်းသပ်စစ်ဆေးပေးပါ။
(၄) စမ်းသပ်စစ်ဆေးချိန်တွင် ပုံမှန်မဟုတ်သော အရေပြား၊ နို့သီးခေါင်းပြောင်းလဲမှုများနှင့် အလုံး၊ အကျိတ်များ စမ်းမိပါက ကျန်းမာရေး ဌာနများသို့ သွားရောက်ပြသပါ။

>>> အထူးကုဆေးခန်းများ

>>> ပုဂ္ဂလိက ဆေးခန်းများ

ပုံမှန်ရာသီလာသူများအတွက် လစဉ်ရာသီလာပြီးသည့်အချိန်နှင့် ရာသီမလာသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သွေးဆုံးပြီးသူများ အနေဖြင့် (၁) လလျှင် (၁) ရက်သတ်မှတ်၍ အထက်ပါ စစ်ဆေးမှုများအတိုင်း ပုံမှန် စမ်းသပ် စစ်ဆေးသင့်ပါသည်။

MOH


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.