Tuesday, 30 July 2019 03:51

 

67354218_2490254407875691_395755625436413952_n.jpg

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင်လ ၂၉ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲစစ်ဆေးသူ (၉၉၅) ဦးတွင် ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိလူနာ (၄၁၇) ဦးရှိပြီး သေဆုံးသူဦးရေ (၈၁) ဦးထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာလိုက်သည်။

ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ဖြစ်ပွားသူများအနက် အသက် ၁၅ နှစ်မှ ၆၅ နှစ်အထိ ၅၃ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၁ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ၁၃ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ငါးနှစ်အထိ ၁၇ ရာခိုင်နှုန်းနှင့် အသက်တစ်နှစ်အောက်တွင် ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူ အများဆုံးဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၄၈၂) ဦးအနက် ဖြစ်ပွားသူဦးရေမှာ (၂၁၆) ဦးရှိပြီး သေဆုံးသူဦးရေမှာ (၆၂) ဦးထိ မြင့်တက်နေပြီ ဖြစ်သည်။

ဧရာဝတီတိုင်း - ဖြစ်ပွားသူ (၃၅) ဦးနှင့် သေဆုံးသူ (၅) ဦး

ပဲခူးတိုင်း - ဖြစ်ပွားသူ (၁၈) ဦးနှင့် သေဆုံးသူ (၅) ဦး

မွန်ပြည်နယ် - ဖြစ်ပွားသူ (၈) ဦးနှင့် သေဆုံးသူ (၃) ဦး

စစ်ကိုင်းတိုင်း - ဖြစ်ပွားသူ (၇) ဦးနှင့် သေဆုံးသူ (၂) ဦး

ရခိုင်ပြည်နယ် - ဖြစ်ပွားသူ (၂၈) ဦးနှင့် သေဆုံးသူ (၁) ဦး

ကချင်ပြည်နယ် - ဖြစ်ပွားသူ (၂၄) ဦးနှင့် သေဆုံးသူ (၁) ဦး

မကွေးတိုင်း - ဖြစ်ပွားသူ (၁၆) ဦးနှင့် သေဆုံးသူ (၁) ဦး

ရှမ်းပြည်နယ်(တောင်) - ဖြစ်ပွားသူ (၅) ဦးနှင့် သေဆုံးသူ (၁) ဦး ရှိသည်။

မြန်မာအပါအဝင် နိုင်ငံ (၁၀) နိုင်ငံမှာ ရာသီတုပ်ကွေး ဖြစ်ပွားသူဦးရေ ၁ သိန်းနီးပါး ရှိလာ

ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့) တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူ မရှိသေးပေ။

ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း ကူးစက် ဖြစ်ပွားသူတချို့ ရှိနေသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သေဆုံးသူ မရှိသေးကြောင်း တွေ့ရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အလိုက် ရာသီတုပ်ကွေး ဖြစ်ပွားသူဦးရေနှင့် သေဆုံးသူဦးရေ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

လှိုင်သာယာ - ဖြစ်ပွားသူ (၁၇) ဦးနှင့် သေဆုံးသူ (၆) ဦး

ဒဂုံမြို့သစ် (တောင်) - ဖြစ်ပွားသူ (၂၂) ဦးနှင့် သေဆုံးသူ (၅) ဦး

သင်္ဃန်းကျွန်း - ဖြစ်ပွားသူ (၁၄) ဦးနှင့် သေဆုံးသူ (၄) ဦး

သန်လျင် - ဖြစ်ပွားသူ (၁၃) ဦးနှင့် သေဆုံးသူ (၄) ဦး

ကုသိုလ်ဖြစ်ဆေးခန်းမျာ

မြောက်ဥက္ကလာပ - ဖြစ်ပွားသူ (၁၀) ဦးနှင့် သေဆုံးသူ (၄) ဦး

သာကေတ - ဖြစ်ပွားသူ (၆) ဦးနှင့် သေဆုံးသူ (၄) ဦး

မှော်ဘီ - ဖြစ်ပွားသူ (၇) ဦးနှင့် သေဆုံးသူ (၄) ဦး

မင်္ဂလာဒုံ - ဖြစ်ပွားသူ (၁၀) ဦးနှင့် သေဆုံးသူ (၃) ဦး

ရွှေပြည်သာ - ဖြစ်ပွားသူ (၅) ဦးနှင့် သေဆုံးသူ (၂) ဦး

ပုဂ္ဂလိက ဆေးရုံများ

ရန်ကင်း - ဖြစ်ပွားသူ (၅) ဦးနှင့် သေဆုံးသူ (၂) ဦး

မင်္ဂလာတောင်ညွန့် - ဖြစ်ပွားသူ (၅) ဦးနှင့် သေဆုံးသူ (၂) ဦး

စမ်းချောင်း - ဖြစ်ပွားသူ (၄) ဦးနှင့် သေဆုံးသူ (၂) ဦး

ဒဂုံမြို့သစ် (မြောက်) - ဖြစ်ပွားသူ (၁၀) ဦးနှင့် သေဆုံးသူ (၂) ဦး

သုံးဂွ - ဖြစ်ပွားသူ (၄) ဦးနှင့် သေဆုံးသူ (၂) ဦး

အစိုးရဆေးခန်းများ

ထန်းတပင် - ဖြစ်ပွားသူ (၄) ဦးနှင့် သေဆုံးသူ (၂) ဦး

လှည်းကူး - ဖြစ်ပွားသူ (၉) ဦးနှင့် သေဆုံးသူ (၁) ဦး

ဒဂုံမြို့သစ် (အရှေ့) - ဖြစ်ပွားသူ (၉) ဦးနှင့် သေဆုံးသူ (၁) ဦး

ဒဂုံဆိပ်ကမ်း - ဖြစ်ပွားသူ (၈) ဦးနှင့် သေဆုံးသူ (၁) ဦး

မရမ်းကုန်း - ဖြစ်ပွားသူ (၈) ဦးနှင့် သေဆုံးသူ (၁) ဦး

ပုဂ္ဂလိကဆေးခန်းများ

ကြည့်မြင်တိုင် - ဖြစ်ပွားသူ (၄) ဦးနှင့် သေဆုံးသူ (၁) ဦး

လှိုင် - ဖြစ်ပွားသူ (၃) ဦးနှင့် သေဆုံးသူ (၁) ဦး

တွံ့တေး - ဖြစ်ပွားသူ (၃) ဦးနှင့် သေဆုံးသူ (၁) ဦး

ဒေါပုံ - ဖြစ်ပွားသူ (၂) ဦးနှင့် သေဆုံးသူ (၁) ဦး

ဗိုလ်တထောင် - ဖြစ်ပွားသူ (၂) ဦးနှင့် သေဆုံးသူ (၁) ဦး

ရာသီတုပ်ကွေးကြောင့် နှစ်စဉ် သေဆုံးသူ ၅ သိန်းကျော်ထိ ရှိနေ

တာမွေ - ဖြစ်ပွားသူ (၂) ဦးနှင့် သေဆုံးသူ (၁) ဦး

ကွမ်းခြံကုန်း - ဖြစ်ပွားသူ (၂) ဦးနှင့် သေဆုံးသူ (၁) ဦး

အလုံ - ဖြစ်ပွားသူ (၁) ဦးနှင့် သေဆုံးသူ (၁) ဦး

ကော့မှူး - ဖြစ်ပွားသူ (၁) ဦးနှင့် သေဆုံးသူ (၁) ဦး

ဆိပ်ကြီးခနောင်တို - ဖြစ်ပွားသူ (၁) ဦးနှင့် သေဆုံးသူ (၁) ဦး

ထောက်ကြန့် - ဖြစ်ပွားသူ (၁) ဦးနှင့် သေဆုံးသူ (၁) ဦး ရှိသည်။

H1N1 မှ ကာကွယ်နိုင်ရန် စားပေးသင့်သည့် အစားအစာ (၁၅) မျိုး

တောင်ဥက္ကလာပ၊ အင်းစိန်၊ ဒလ၊ ကမာရွတ်၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊ လသာ၊ ကျောက်တံတား၊ တိုက်ကြီး၊ ခရမ်းနှင့် ကျောက်တန်းမြို့နယ်များတွင်မူ ရာသီတုပ်ကွေး ဖြစ်ပွားသူများ ရှိနေသော်လည်း သေဆုံးသူ မရှိသေးကြောင်း သိရသည်။

MOHS


Read times
Rate :
(0 votes)

1 comment

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.