Monday, 29 July 2019 07:01

 

eating-instant-noodles.jpg

ဈေးနှုန်းချိုသာတဲ့အသင့်စား စားသောက်ကုန်တွေဟာ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ စားရတာ လွယ်ကူအဆင်ပြေတာမို့ မစားသုံးဖို့ကျတော့လည်း အဆင်မပြေပြန်ပါဘူးနော်။

အသင့်စား အစားအစာတွေကို တာရှည်ခံအောင် အခြောက်လှန်းခြင်း၊ ခဲအောင်အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း သို့မဟုတ် အပူပေးခြင်း စတဲ့ နည်းတစ်မျိုးမျိုးကို အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

ဆိုဒါ၊ ကွတ်ကီးထုပ်၊ ခေါက်ဆွဲခြောက်ထုပ် စတာတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တဲ့ အသင့်စားအစားအစာတွေ ဖြစ်သလို မနက်စာအဖြစ် စားသုံးနေတဲ့ ဂျုံမှုန့်တွေ၊ အာဟာရချောင်းတွေနဲ့ ဒိန်ချဉ်အချို့ဟာလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

>>> သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်း (၆) ချက်

ဒါကြောင့် ဒီအစားအသောက်တွေကို ဘာကြောင့် မစားသုံးသင့်လဲဆိုတဲ့ အချက်သုံးချက်ကို ဖော်ပြပေးချင်ပါတယ်။

ပထမအချက်အနေနဲ့ အမျိုးသားကျန်းမာရေးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနအရ အသင့်စား အစားအစာကို စားသုံးပါက တစ်ရက်ကို ပျမ်းမျှကယ်လိုရီ ၅ဝဝ လောက် ပိုလျံပြီး အဝလွန်ရောဂါကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

ဒုတိယအချက်အနေနဲ့ ပြင်သစ်သုတေသီတွေ ပြုလုပ်ထားတဲ့ လေ့လာချက်အရ အသင့်စား အစားအသောက်ကို ပိုမိုစားသုံးပါက နှလုံးရောဂါကို ပိုမိုဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

နောက်ဆုံးအချက်ကတော့ စပိန်လေ့လာချက်တစ်ခုမှာ အဆင့်ဆင့်မွမ်းမံ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေဟာ သေဆုံးမှုနှုန်းကို ပိုမိုမြင့်မားစေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

အဲ့ဒီ အစားအသောက်တွေဟာ အရသာကောင်းမွန်ရုံသာမက ဈေးနှုန်းချိုသာသလို လွယ်ကူစွာ စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်အစားအစာတွေနဲ့ နှိုင်းယှဉ်ရင် အသင့်စား အစားအစာတွေဟာ အဆီနဲ့ အငန်ဓာတ်တွေ ပိုမိုပါဝင်ကြောင်း တွေ့ရှိရပါတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အချိန်နဲ့ပိုက်ဆံ ကုန်ကျမခံနိုင်သူအဖို့ အစားအသောက်ပုံစံပြောင်းပါဆိုတဲ့ အကြံပေးချက်ကို လိုက်နာနိုင်ဖို့ ခက်ပါတယ်။

Kumudra


Read times Last modified on Monday, 29 July 2019 07:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.