Thursday, 18 July 2019 09:12

 

cod-liver-oil.jpg

သိပ္ပံနည်းကျ စမ်းသပ်လေ့လာပြီးနောက် တွေ့ရှိခဲ့တဲ့ နေ့တိုင်း ငါးကြီးဆီ စားခြင်းရဲ့ အကျိုးကျေးဇူးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံး ကျန်းမာရေးကို တိုးတက်စေခြင်း

ငါးကြီးဆီမှာ Omega-3 Fatty Acids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။ နှလုံး ခုန်နှုန်း မမှန်ခြင်း၊ ရုတ်တရပ် နှလုံးရပ်တန့်ခြင်း နဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

(၂) မှတ်ဉာဏ်ကို အားကောင်းစေခြင်း

ငါးကြီးဆီ မှာ Omega-3 Fatty အက်ဆစ် ပါဝင်တာကြောင့် မှတ်ဉာဏ်ကို ပိုအားကောင်းစေပါတယ်။ Omega -3 Fatty အက်ဆစ်က ဆဲလ်တွေရဲ့ နံရံတွေနဲ့ ပုံစံကို တည်ဆောက်ပေးပါတယ်။ အာရုံကြောဆဲလ်တွေကလည်း သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ဒီအက်ဆစ်ဓာတ်တွေ လိုအပ်ပါတယ်။ ငါးကြီးဆီက အသက်အရွယ် ကြီးမြင့်မှုကြောင့် မှတ်ဉာဏ်အားနည်းလာမှုကို ကာကွယ်ပေးပါတယ်။

>>> ကာကွယ်ဆေးမရှိတဲ့ ဆင်တုပ်ကွေးအကြောင်း သိကောင်းစရာ

(၃) ကိုယ်အလေးချိန် လျော့ကျစေခြင်း

ငါးကြီးဆီက လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ငါးကြီးဆီစားတာများရင် ဗိုက်ဆာတာသက်သာစေပြီး ကိုယ်အလေးချိန် ကို သိသိသာသာ လျော့ကျစေပါတယ်။

(၄) စိတ်ခံစားချက်ကို ကောင်းစေခြင်း

Serotonin ဓာတ်က စိတ်ခံစားချက်ကို ကောင်းစေပါတယ်။ ငါးကြီးဆီစားတာများရင် Serotonin ဓာတ်ထုတ်လုပ်မှုကို တိုးမြင့်စေပြီး ဦးနှောက်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့ကျစေပါတယ်။

လေထုညစ်ညမ်းမှု က ခန္ဓာကိုယ် ရဲ့ အင်္ဂါတွေနဲ့ စနစ်တွေကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ငါးကြီးဆီက လေထုညစ်ညမ်းမှုကြောင့် ခန္ဓာကိုယ် ဆိုးကျိုးသက်ရောက်မှုကို ၃၀ ကနေ ၅၀ ရာခိုင်နှုန်းကြား လျော့ချပေးနိုင်ပါတယ်။

(၅) သင့်အမြင်အာရုံကို ကာကွယ်ပေးခြင်း

ငါးကြီးဆီကို နေ့စဉ် စားသုံးရင် မျက်သားခြောက်တာကို လျော့ချပေးနိုင်ပြီး မျက်လုံးမှာ တိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Omega-3 Fatty အက်ဆစ်က မျက်လုံး ရဲ့ အစိုပြန်မှုကို ထိန်းသိမ်းထားနိုင်သလို မျက်ရည်တွေ ထုတ်လုပ်ရာမှာလည်း ထောက်ပံ့ပေးပါတယ်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

(၆) အသားအရေကို လှပစေခြင်း

Omega-3 Fatty အက်ဆစ် က အသားအရေမှာရှိတဲ့ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေပြား ယားယံတာတွေကိုလည်း သက်သာစေပါတယ်။

(၇) စိတ်ဓာတ်ကျမှု လျော့ချနိုင်ခြင်း

Omega-3 Fatty အက်ဆစ်က စိတ်ဓာတ်ကျမှုကို လျော့ချရာမှာလည်း အသုံးဝင်ပါတယ်။ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ Serotonin ဓာတ်ထုတ်လုပ်မှု အားကောင်းအောင်လည်း Omega-3 က လုပ်ဆောင်ပေးနိုင်ပါတယ်။

My Food


Read times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.