Monday, 08 July 2019 05:29

 

young-man-suffering-from-headache-migraine-or-hangover-at-home-picture-id974371480.jpg

လူတွေကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေဟာ နေရာတိုင်းမှာရှိနေပါတယ်။ နေ့တိုင်းသောက်နေတဲ့ရေ၊ စားနေတဲ့အစားအသောက်တွေနဲ့ အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာရှိတဲ့ အဆိပ်အတောက်တွေက ခန္ဓာကိုယ်ထဲကို အချိန်တိုင်းမှာ နည်းမျိုးစုံနဲ့ ၀င်ရောက်နေပြီး အချိန်ကြာလာရင် ခန္ဓာကိုယ်ထဲမှာ စုပုံလာပါတယ်။

အဆိပ်အတောက်ပမာဏနည်းနေရင် သိပ်စိတ်ပူစရာမရှိပေမယ့် ပမာဏအများကြီး စုပုံလာရင်တော့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးနိုင်ပြီး အသက်သေစေနိုင်လောက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒီတော့ လူတိုင်းသတိထားရမယ့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံနေရင် ဖြစ်လာမယ့် လက္ခဏာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ၀မ်းချုပ်မယ်

ဆိုးဆေးအသုံးပြုထားတဲ့ အစားအသောက်တွေ၊ သဘာဝမဟုတ်တဲ့အနံ့၊ အရသာထည့်သွင်းထားတဲ့ အစားအသောက်တွေ စားသုံးတာက ၀မ်းချုပ်စေပါတယ်။ သင့်အနေနဲ့ နေ့စဉ်ရက်ဆက် ၀မ်းချုပ်နေတယ်ဆိုရင် ဆိုးဆေး၊အရောင်နဲ့ သဘာဝမဟုတ်တဲ့ အရသာပါဝင်နေတဲ့ အစားအစာတွေနဲ့ အရက်သောက်တာကို ဆင်ခြင်ပြီး ရေများများသောက်ပေးပါ။

(၂) ချွေးနံ့အရမ်းဆိုးနေမယ်

ရာသီဥတုပူလို့ပဲဖြစ်ဖြစ် ချွေးထွက်တဲ့အခါ ချွေးနံ့ပျောက်ဆေးတောင် မတိုးတော့လောက်အောင် အနံ့အရမ်းဆိုးနေမယ်ဆိုရင်လည်း ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေများနေလို့ ဖြစ်ပါတယ်။

(၃) မှတ်ဉာဏ်မကောင်းဖြစ်လာမယ်

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများလာတဲ့အခါ အချိန်တိုင်းလိုလို ပင်ပန်းနေတတ်တယ်၊ ဒီတိုင်းနေရင်းတောင် စိတ်ရှုပ်ထွေးနေပြီး အကြောင်းအရာတစ်ခုကို လွယ်လွယ်နဲ့ မှတ်လို့မရဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေက ကောင်းမွန်တဲ့ဗီတာမင်နဲ့အာဟာရတွေမစုပ်ယူနိုင်အောင် တားဆီးထားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ အဆိပ်အတောက်တွေကို အရင်ဖယ်ရှားဖို့လိုအပ်ပါတယ်။ အဆိပ်အတောက်တွေကို မဖယ်ရှားဘူးဆိုရင်တော့ အာဟာရပြည့်ဝတာတွေ ဘယ်လောက်ပဲစားပေးပေမယ့် ခန္ဓာကိုယ်က မစုပ်ယူနိုင်ပါဘူး။

>>> ယောဂသင်တန်းများ

(၄) အဆစ်တွေနာလာမယ်

အရင်က ဘာမှမဖြစ်ဘဲ ရုတ်တရက်အဆစ်တွေနာလာတာမျိုး၊ လမ်းနည်းနည်းလျှောက်ရုံနဲ့ ခြေထောက်တွေနာလာတာ၊ ရောင်လာတာတွေဖြစ်လာတယ်ဆိုရင် အသည်းမှာ အဆိပ်အတောက်တွေ များနေလို့ပါ။

(၅) ညဘက်လွယ်လွယ်နဲ့အိပ်မပျော်ဘူး

ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များနေတဲ့အခါ cortisol hormone ထုတ်လုပ်မှု များလာတာကြောင့် ညဘက်တွေမှာ လွယ်လွယ်နဲ့ အိပ်မပျော်တာမျိုး၊ အိပ်နေတုန်း ခဏခဏနိုးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၆) ခံတွင်းအနံ့ဆိုးထွက်နေမယ်

အသည်းမှာ အဆိပ်အတောက်များနေတဲ့အခါ ခံတွင်းအနံ့ဆိုးထွက်စေပါတယ်။ သွားတိုက်တာ၊ ခံတွင်းနံ့ပျောက်ဆေးသုံးတာတောင် အနံ့ဆိုးတွေ မပျောက်ဘူးဆိုရင် အဆိပ်အတောက်တွေ စုပုံနေလို့ပါ။

(၇) အရေပြားမှာ အလာ့ဂျစ်ဖြစ်မယ်

လူတချို့မှာ တစ်ခုခုနဲ့မတည့်လို့ အလာ့ဂျစ်ဖြစ်တတ်တာမျိုးရှိပြီး တချို့ကျတော့လည်း အလာ့ဂျစ်ဖြစ်တယ်ဆိုတာရှားပါတယ်။ အလာ့ဂျစ်မဖြစ်တတ်တဲ့ သူတစ်ယောက်က အလာ့ဂျစ်ဖြစ်လွယ်တာမျိုး၊ အသားအရေယားယံတာမျိုးတွေ ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေများနေလို့ ဖြစ်ပါတယ်။

>>> ကြီးမြတ်လေသော သမိုင်းကြောင်းများနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံမြေ

(၈) ဆံပင်တွေအရမ်းကျွတ်မယ်၊လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်နေမယ်

အဆိပ်အတောက်တွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အာဟာရတွေ မစုပ်ယူနိုင်အောင် ဟန့်တားနေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေမရရှိဘဲ ဆံပင်တွေအရမ်းကျွတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်နေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

အပေါ်မှာ ပြောခဲ့တဲ့အချက်တွေ ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖြေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

(၁) ရေများများသောက်ပါ။ ယောဂလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

(၂) ဆိုးဆေးနဲ့ သဘာဝမဟုတ်တဲ့အရောင်၊ အနံ့ပါတဲ့ အစားအစာတွေရှောင်ပါ။

(၃) ညအိပ်ခါနီးတိုင်း သွားတိုက်ပါ။ သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးလုပ်ပါ။ လျှာဆေးပါ။

Original Uploader


Read 411 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.