Friday, 21 June 2019 10:36

 

dishes.jpg

လူတွေအားလုံးက ကိုယ်နေ့စဉ်ပြုလုပ်နေကျ အရာတွေတော်တော်များများကို မှန်တယ်လို့ ထင်နေတတ်ကြပါတယ်။

လက်အလွန်အကျွံ ဆေးတာ၊ အလုပ်ကိုရောက်တာနဲ့ ကော်ဖီသောက်တာ၊ ဖျော်ရည် နဲ့ အရက်တွေကို မကြာခဏသောက်ကြတာ စသဖြင့် အစုံပါပဲ။ ဒါတွေအားလုံးက မသိမသာ ကျန်းမာရေးကို ထိခိုက်အောင်လုပ်မိနေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

ဒါ့ကြောင့် မိမိ နေ့စဉ်လုပ်နေကျ အရာတွေထဲက ဘယ်အရာတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ပန်းကန်ချက်ချင်း မဆေးခြင်း

အစားစားပြီးရင် အလုပ်မအားတာကြောင့် ပန်းကန်တွေကို ပန်းကန်ဆေးစင်မှာ ပုံထားမိတာမျိုးကို အားလုံးလုပ်မိကြမှာပါ။ သင်သိထားရမှာက ပန်းကန်ဆေးစင်ဟာ ဘက်တီးရီးယား အများဆုံးနေရာတွေထဲက တခုဖြစ်ပါတယ်။ ပန်းကန်ကို မဆေးဘဲထားမိပြီး တခါတရံမှာ ပန်းကန်ဆေးတဲ့ တန်ဆာဖက်(ဒံဇာဘက်)ကို ပန်းကန်တွေထဲ မြုပ်ထားတာက ပိုဆိုးပါတယ်။ စားပြီးသား ပန်းကန်တွေထဲမှာ ရှိနေတဲ့ အကြွင်းအကျန်တွေကြောင့် ရောဂါကူးဖို့ အရမ်းလွယ်ကူတာကို သတိထားသင့်ပါတယ်။

(၂) ရေနွေးဖြင့် လက်ဆေးခြင်း

ရေနွေးနဲ့ လက်ဆေးတာအပြင် နောက်ထပ်တခုကတော့ လက်ကိုမကြာခဏဆေးတာပဲ ဖြစ်ပါတယ်။ လက်ကို မကြာခဏဆေးခြင်းကြောင့် လက်မှာရှိတဲ့ အဆီတွေ ခြောက်ပြီး အရေပြားခြောက်သွေ့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ လက်ကို ဆယ်စက္ကန့်ခန့် ဆေးတာက သန့်ရှင်းစေပေမယ့် တစ်မိနစ်လောက် လက်ဆေးခြင်းက လက်မှာ ရှိဖို့ လိုအပ်တဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

>>> ကိုယ်ကာယအလှ လေ့ကျင့်ရေးခန်းမများ

(၃) အလှပြင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း

အချိန်မရတာကြောင့် ရုံးကပြန်တာနဲ့ Gym ကို ချက်ချင်းသွားရသူတွေရှိမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးတဲ့အခါ မိတ်ကပ်တွေ အားလုံးရေနဲ့ အတူပါသွားမှာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်မှာ မျက်နှာက ချွေးတွေထွက်သွားဖို့ လိုပါတယ်။ မိတ်ကပ်တွေကြောင့် ချွေးပေါက်ကို ပိတ်စေပြီး ကြာလာရင် အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်လို့ လေ့ကျင့်ခန်းလုပ်ခါနီးမှာ မိတ်ကပ်၊ သနပ်ခါး စတာတွေကို ဖျက်ထားဖို့ လိုအပ်ပါတယ်။

>>> ကမ္ဘာတစ်ဝန်း အောင်မြင်မှုများစွာရရှိခဲ့တဲ့ Escape Plan

(၄) စဉ်းတီတုံး

အသားနဲ့ အသီးအနှံတွေကို စဉ်းတီတုံးတခုတည်း အသုံးပြုပြီး မလှီးသင့်ပါဘူး။ အဏုဇီဝပညာရှင်တဦးဖြစ်တဲ့ Dr. Charles Gerba ရဲ့ ပြောကြားချက်အရ စဉ်းတီတုံးတခုမှာ ဘတ်တီးရီးယားပေါင်း ၂၀၀ကျော် တွယ်ကပ်နေနိုင်ပြီး အဲဒီပမာဏဟာ အိမ်သာမှာရှိတဲ့ ဘတ်တီးရီယားအမျိုးအစားထက် ပိုပြီး များတယ်လို့ ဆိုပါတယ်။ အသားစိမ်းကို လှီးပြီးသွားတဲ့ စဉ်းတီတုံးကို သေချာ သန့်ရှင်းရေးပြုလုပ်ပြီးမှ အသီးအရွက်ကို ထပ်မံလှီးဖို့လည်း သူက အကြံပေးထားပါသေးတယ်။ သန့်ရှင်းရေးမလုပ်ဘဲ အသီးအနှံကို ထပ်မံလှီးခြင်းဟာ အစာအဆိပ်သင့်မှုတွေ ဖြစ်စေနိုင်တယ်လို့ သူကဆိုပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.