Tuesday, 18 June 2019 03:40

 

car_muu.jpg

ခရီးသွားတာက ဘဝအမောတွေကို ပြေစေပြီး စိတ်ကို လန်းဆန်း တက်ကြွစေမယ့်အပြင် အတွေ့အကြုံသစ်တွေကိုလည်း ရရှိစေပါတယ်။ ဒီလိုမျိုး အတွေ့အကြုံတွေကို ခရီးသွားတိုင်း ကားမူးတတ်တဲ့သူတွေ ရဖို့က ခက်ခဲနေပါလိမ့်မယ်။

ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်က ကောင်းကောင်းမချိတ်ဆက်မိတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ အကြားအာရုံက ရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေ ရရှိနေတဲ့ အချက်အလက်တွေက ဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေ စလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊ အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်က ရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနားက ခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ကားမူးတဲ့ အခြေအနေကို စခံစားရတော့ပါပဲ။

ကားမူးတဲ့အခါ ခေါင်းမူးမယ်၊ သန်းမယ်၊ ညီးစီစီဖြစ်မယ်၊ ချွေးထွက်မယ်၊ မအီမသာဖြစ်မယ်၊ ခေါင်းထဲမှာ မူးဝေနေမယ်၊ အော့အန်မယ်၊ ဖြူဖပ်ဖြူရော်ဖြစ်မယ်၊ ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်၊ အသက်ရှုရတာ ပြတ်တောင်းတောင်းဖြစ်လာမယ်၊ ခြေကုန်လက်ပမ်းကျမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒီတော့ ခရီးသွားတဲ့အခါ ကားမူးတတ်တဲ့ အခြေအနေကနေ ကာကွယ်နိုင်ဖို့ အတွက် အောက်ပါ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်ရေးဝအောင်အိပ်ပါ

ခရီးမသွားခင်မှာ အိပ်ရေးဝအောင် အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေး ဝဝအိပ်ပေးပါ။

(၂) အများကြီးမစားပါနဲ့

ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊ အပူအစပ်တွေ စားတာမျိုး မလုပ်သင့်ပါဘူး။

အဝေးပြေးကားလိုင်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ် (၄၁၇) ခု >>> http://bit.ly/2MvTqCX

(၃) ရေသောက်ပါ

ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို ဆိုးပြီး ရေမသောက်ဘဲ နေတာမျိုး မလုပ်ပါနဲ့။ ရေကို လိုအပ်သလောက်တော့ သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ ရေဗူးလေး အဆင်သင့် ယူသွားပါ။ ကားမူးလာပြီဆိုရင် ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

(၄) ချင်း (ဂျင်း) စားပါ

ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း) ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက် ကားမူးတာကို သက်သာစေမှာပါ။

(၅) လေရှုပါ

ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင် ပြတင်းပေါက်ကို ဖွင့်ပြီး လေရှူတာမျိုးလုပ်ပေးပါ။

(၆) ပီကေဝါးပါ

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေ ဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင် ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

Read More >>> မိုးရာသီမှာ ကလေးရော လူကြီးပါ အဖြစ်များတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

(၇) တရားမှတ်ပါ

ဝင်လေထွက်လေ မှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်း တရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းတစ်ခုပါ။

(၈) သီချင်းနားထောင်ပါ

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက်ကောင်းသလို ကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းနဲ့ နားကြပ် ပါအောင်ယူပြီး သီချင်းနားထောင်ပါ။

ကားမူးတတ်တဲ့ အခြေအနေကနေ ကင်းဝေးအောင် ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေသုံးပြီး ပျော်ရွှင်စရာ ကောင်းတဲ့ ခရီးတွေကို အခုပဲ ဖန်တီးလိုက်ပါ။


Read times Last modified on Tuesday, 18 June 2019 08:22
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.